
နေပြည်တော် ဧပြီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဒုတိယဝန်ကြီးများလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မတ် ၂၈ ရက်၌ ထိုင်းနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုဖြစ်ပွားစဉ်အတွင်း အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး Phyathai Phaholyothin Hospital ၌ ဆေးကုသမှုခံယူလျက်ရှိသည့် မြန်မာနိုင်ငံသားများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
ထိုသို့ သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည့် မြန်မာနိုင်ငံသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ဆေးကုသမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်