
နေပြည်တော် မတ် ၂၈
မိဘပြည်သူများခင်ဗျာ။
မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲ ဒီနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ အချိုဒေသတွေမှာ ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ မန္တလေးမြိုရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာမှာ ဗဟိုပြုပြီးတော့ မြေအောက် ၁၀ ကီလိုမီတာအနက်မှာ လှုပ်တယ်လို ကျွန်တော်တိုသိရပါတယ်။ လှုပ်တဲ့အဆင့်ကတော့ ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိကြောင်းနဲ့ အဲ့ဒီငလျင်က အလွန်ပြင်းထန်တဲ့ငလျင်တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါတယ်။ နောက်ဆက်တွဲငလျင်များလည်း ဆက်လက်လှုပ်ရှားခဲ့တာရှိပါတယ်။
ဒီလှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကတော့ မန္တလေးမြို၊ စစ်ကိုင်းမြို၊ နေပြည်တော်တို့မှာ ပျက်စီးမှုများပြားပါတယ်။ ယခုအချိန်အထိသတင်းပိုချက်အရတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြိုမှာ ၁၈ ယောက်၊ ကျောက်ဆည်မြိုမှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံးကြောင်းနဲ့ ဒဏ်ရာရတာကတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၄၃၂ ယောက်၊ စစ်ကိုင်းမြိုမှာ ၃၀၀ ယောက်နဲ့ ကျောက်ဆည်မြိုမှာ စိစစ်ဆဲဖြစ်ပြီး အားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာရရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။
သေဆုံးမှုနဲ့ဒဏ်ရာရရှိမှုကတော့ ဒီထက်တိုးလာစရာရှိပါတယ်။ အချိုနေရာတွေမှာလည်း တိုက်တွေ ပြိုကျတဲ့အတွက်ကြောင့် ဒီတိုက်တွေကိုလည်း ပြန်ပြီးတော့မှ ဆယ်တင်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့လုပ်နေဆဲဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးကြောင့်ဖြစ်လာတဲ့ ဒီငလျင်ဒဏ်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျယ်ပြန့်စွာလုပ်ဖိုရှိတဲ့အတွက်ကြောင့် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို မေတ္တာရပ်ခံလိုပါတယ်။
ကျွန်တော့်အနေနဲ့လည်း ဖြစ်ပွားတဲ့ဒေသအားလုံးကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ ပြည်ပအကူအညီများ ပေးနိုင်ဖိုလည်း အကုန်လမ်းဖွင့်ပေးထားပြီးဖြစ်ပါတယ်။
မကြာသေးမီကပဲ AHA စင်တာကနေပြီးတော့ မနက်ဖြန်မှာ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့နဲ့ အိန္ဒိယနိုင်ငံကလည်း မနက်ဖြန်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့ ကမ်းလှမ်းလာတာရှိတဲ့အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း ကျွန်တော်ပြောလိုပါတယ်။
မည်သည့်နိုင်ငံ၊ မမည်သည့်အဖွဲအစည်းမဆို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမျှမဆို လာရောက်ကူညီနိုင်ဖို ကျွန်တော် ဖိတ်ကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။