Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်

၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေး၍ ဆုများပေးအပ်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် “စာဆိုတော်နေ့” ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးအပ်

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့တွင် အသက် ၄ လ ပြည့်မြောက်သည့် “ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာအာဟာရများကျွေးမွေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန်နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွေးဖွားခဲ့သည့် “ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေးသည် ယနေ့တွင် အသက် ၄ လတင်းတင်း ပြည့်မြောက်ခဲ့သည်။

၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး

၂ဝ၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြု ဘောလုံးအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Mr. Vinay Mohan Kwatra အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Vinay Mohan Kwatra အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် လွန်စွာထူးခြား လေးနက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါသည်။ ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်အပြည့်အဝ ဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြန်မာတို့၏ သမိုင်းဝင်အမျိုးသား အောင်ပွဲနေ့အခါသမယတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်၊ ယှဉ်ပြိုင်ရသည့်အားကစားကဏ္ဍအလိုက် အောင်မြင်မှုများရရှိအောင်ကြိုးစားပြီး တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရမည်

ယနေ့ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲသည် နိုင်ငံတော် ကချမှတ်ထားသည့် “တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်ကို တပ်မတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပိုင်းရှိ တာဝန်ရှိသူများက လိုအပ်သည့်ဖြည့်ဆည်းမှုများကို စီမံဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ တပ်မတော်သား အားကစားသမားများအနေဖြင့်လည်း နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကစားသမားကောင်းစိတ်ဓာတ်အပြင် အဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်တတ်ခြင်း စိတ်ဓာတ်များကို မွေးမြူသွားရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
Subscribe to Commander in Chief