Skip to main content

လောင်စာဆီသုံးစွဲမှုကို ရာနှုန်းပြည့် လျှော့ချနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့၊ နိုင်ငံအနေနဲ့ပါ စရိတ်ကုန်ကျမှု အမှန်တကယ် လျှော့ချလာနိုင်မှာဖြစ်တယ်

ကိုမိုးသန့်

EV Charging Station များကို Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ Pilot Project အနေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ EV Charging Station များကို မတ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး EV ကားများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်အချို့၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

ဦးမောင်မြင့်(ယာဉ်မောင်းသူ)

ရန်ကုန်မြို့

EV ကားတွေရဲ့ အားသာချက်က အဓိကကတော့ ကုန်ကျစရိတ်ပေါ့။ EV နဲ့ Taxi ဆွဲရတာ ဆီဖိုး လုံးဝမကုန်တော့ အခုလို ဆီဈေးတွေတက်နေတဲ့ အချိန် နေ့စဉ် ကုန်ကျစရိတ်က ပုံမှန်ထက် ၈၀ ရာခိုင်နှုန်းလောက်ကို သက်သာသွားတော့ ကျွန်တော်တို့ Taxi သမားတွေအတွက် ပိုကိုက်တာပေါ့။ အရင်ကဆို EV ကားဆိုတာကို လုံးဝစိတ်မဝင်စားဘူး။ တချို့ပြောနေကြသလို မီးပျက်လို့ အားသွင်းလို့မရမှာ၊ အလွယ်တကူ အားသွင်းလို့ မရနိုင်မှာတွေကို စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အခုက ကျွန်တော်တို့နိုင်ငံမှာလည်း Charging Station တွေက ထင်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် ပြီးစီးသွားတယ်။ အားသွင်းဖို့ကလည်း DC Fast Charging တွေဆိုတော့ လွယ်ကူမြန်ဆန်တယ်။ တကယ့်ကို အားရပါတယ်။

ပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ကားနဲ့ ကွာခြားမှုက ပြုပြင်ထိန်းသိမ်းစရိတ်။ အခု EV ကားတွေမှာက ဆီကားတွေလို အင်ဂျင်ဝိုင်လဲလှယ်စရာမလိုဘူး။ filter တွေ လဲရတာမျိုးလည်း မရှိတော့ဘူး။ ယာဉ်မောင်းသူအတွက် ကုန်ကျစရိတ်က ဘာမှကိုသိပ်မရှိတာပါ။ ပြီးတော့ Engine မပါတဲ့အတွက် ကားမောင်းရတာ စက်သံမကြားဘဲ အသံကလုံပြီး တိတ်ဆိတ်တယ်။ အဲဒီတစ်ချက်ကလည်း ဆီကားနဲ့ လုံးဝကို သိသိသာသာကွာခြားတယ်။ ကျွန်တော်က တော့ အဲဒီအချက်ကို တော်တော်ကြိုက်တယ်။ ကျွန်တော် ပြောခဲ့သလိုပဲ နေ့စဉ်ကုန်ကျစရိတ်က ဆီကားတွေထက် ၈၀ ရာခိုင်နှုန်းလောက် သက်သာသွားတော့ ကျွန်တော်တို့အတွက် ဝင်ငွေပိုရတယ်။ မိသားစုအတွက် ပိုကောင်းတာပေါ့ဗျာ။

ဝေယံ(ယာဉ်မောင်းသူ)

ရန်ကုန်မြို့

ကျွန်တော်ကတော့ စမ်းသပ်ပြီး EV ကားနဲ့ အလုပ်လုပ်ကြည့်ပြီးပါပြီ။ ကုန်ကျစရိတ် နည်းသွား တော့ ကျွန်တော့်အတွက်လည်း စီးပွားရေးအရ ကိုက်ပါတယ်။ ကျွန်တော်က အရင်က ဆီကား Taxi မောင်းတယ်။ အခု EV ကား မောင်းတယ်။ ဘာပဲပြောပြော EV ကားတွေက အသစ်တွေဆိုတော့ ယာဉ်မောင်းအတွက်လည်း ကုန်ကျစရိတ်နည်းတယ်။ ကားငှားစီးတဲ့ သူအတွက်လည်း ဆီကားနဲ့စာရင် ဈေးနှုန်းသက်သာတယ်။ EV ကားမောင်းဖို့ ဘယ်လို လုပ်ရသလဲဆိုတော့ EV ကား Company တွေနဲ့ ချိတ်ဆက်တယ်။ အခု NPK Motors နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေပေးပြီး မောင်းနှင်တာပါ။ အခုလို ကျွန်တော်တို့လို Taxi သမားတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့ အတွက်လည်း NPK Motors Co.,Ltd ကို ကျေးဇူးတင်ပါတယ်။

ကျွန်တော့်အမြင်ပြောရရင်တော့ ကျွန်တော်က Taxi မောင်းနှင်သူတစ်ယောက်အနေနဲ့ ကုန်ကျ စရိတ် လုံးဝကိုသက်သာလို့ သဘောကျတယ်။ အခု NPK Motors Co.,Ltd ကနေ မြန်မာပြည်ရဲ့ ပထမဆုံး MG EV Charging Station ကို တာဝန်ယူ ဆောက်လုပ်ပေးတာ တွေ့ရတယ်။ နောင်လည်း မြန်မာပြည်နေရာအနှံ့မှာ နောက်ထပ် Charging Station တွေ အမြန်ဆုံး ဆောက်လုပ်ပြီးစီးသွားဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ မြန်မာပြည်ကို EV ကားတွေဝင်လာတာကို ကြိုဆိုပါတယ်။

ကိုမိုးသန့်(ရန်ကုန်)

EV ကားဝယ်ယူသူ

အခုဆို မြန်မာနိုင်ငံမှာ EV ကားတွေအကြောင်း တော်တော်များများ သိလာကြတယ်။ လျှပ်စစ်သုံးယာဉ်တွေမှာ အဓိကမောင်းနှင်ဖို့ အသုံးပြုတဲ့ မော်တာက ဆီကားတွေရဲ့ အင်ဂျင်နဲ့ နှိုင်းယှဉ်လို့ရှိရင် စွမ်းဆောင်ရည်ပိုမိုမြင့်မားပြီးတော့ စွမ်းအင်သုံးစွဲမှုလည်း လျော့နည်း‌တယ်။ EV အသုံးပြုခြင်းအားဖြင့် ကာဗွန်ထုတ်လုပ်မှုကိုလည်း အများကြီးလျှော့ချပေးနိုင်တယ်။ လောင်စာဆီ သုံးစွဲမှုကို ရာနှုန်းပြည့်လျှော့ချနိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့၊ နိုင်ငံအနေနဲ့ပါ စရိတ်ကုန်ကျမှု အမှန်တကယ်လျှော့ချလာနိုင်မှာ ဖြစ်တယ်။

အဓိကတော့ ဆီကားထက် အားသာမှုရှိတယ်။ တင်သွင်းတဲ့ကုမ္ပဏီတွေကလည်း များပါတယ်။ ကျွန်တော်လည်း EV ကား သဘောကျလို့ ဝယ်ဖြစ်တာပါ။ အဲဒီထဲကမှ ကျွန်တော်က MG ကို ရွေးဖြစ်တယ်။ ကျွန်တော်တို့လို ဝယ်ယူသူ စဉ်းစားတာက ကိုယ်သုံးလိုက်ရတဲ့ ပိုက်ဆံတွေကို အလကားမဖြစ်ချင်ဘူး။ ကားဝယ်ပြီး စိတ်ပူနေရတာမျိုး မဖြစ်ချင်ကြဘူး။ ရေရှည် အသုံးခံချင်တယ်။ ဒါကြောင့် လေ့လာကြည့်တယ်။ အင်တာနက်ကနေလည်း တခြားနိုင်ငံ မှာ အသုံးပြုတာတွေ လေ့လာကြည့်တယ်။ လေ့လာပြီးတော့မှ MG Brand သဘောကျလို့ ရွေးချယ် ဝယ်ယူထားပါတယ်။ EV နည်းပညာတွေနဲ့ ပတ်သက်ပြီးလည်း MG က ပြည်တွင်းရော ပြည်ပ မှာပါ သေချာထရိန်နင်တွေလုပ်နေကြ၊ ပြင်ဆင်နေကြတာတွေ့တော့ ကားတွေထိန်းသိမ်းစောင့် ရှောက်မှုအပိုင်းမှာ စိတ်ချရမယ်လို့ထင်တယ်။

ကျွန်တော်တို့လို အသုံးပြုသူတွေ အဆင်ပြေဖို့ တစ်ဖက်က EV ကားတွေအတွက် အခြေခံလိုအပ် ချက်ဖြစ်တဲ့ Charging Station တွေကို အရင်ဆုံး မြန်မြန်ဆန်ဆန် ဆောက်လုပ်နေတဲ့အတွက် ပိုဝမ်းသာရတာပေါ့ဗျာ။ EV ကားစီးရမှာ လူတွေကြောက်ကြတဲ့ အဓိကအချက်က အားသွင်းလို့မရမှာ၊ အခုက Charging Station အမြန်ဆုံးပေါ်လာမှာ ဖြစ်တဲ့အတွက် စိတ်ပူစရာမလိုတော့ဘူး။

မယမုံဦး

Marketing Manager

NPK Motors, MG Myanmar

ကျွန်မတို့ MG Myanmar အနေနဲ့က အရင်ကတည်းကလည်း Brand New အင်ဂျင်ကားတွေကို ခိုင်ခိုင်မာမာနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ Official Authorize Dealer အနေနဲ့ တင်သွင်းရောင်းချလာခဲ့တာမှာ မြန်မာပြည်သူ ပြည်သားတွေကြားမှာ လည်း တော်တော်လေး လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင်လည်း EV လျှပ်စစ်ကားတွေဆိုတာ တစ်ကမ္ဘာလုံးက အရှိန်အဟုန်နဲ့ပြောင်းလဲလာကြတဲ့ပေါ် မြန်မာနိုင်ငံအနေနဲ့လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ မူဝါဒတွေအတိုင်း စနစ် တကျလိုက်နာပြီး မြန်မာနိုင်ငံနဲ့ အထူးသင့်တော်မယ့် MG EV ကားတွေကို တင်သွင်းရောင်းချဖို့ ရှိလာခဲ့တယ်။ ကျွန်မတို့ MG Myanmar ကတော့ ခိုင်မာသေချာတဲ့ Brand တစ်ခုဖြစ်တာနဲ့အညီ ကားရောင်းတယ်ဆိုတဲ့အပိုင်းမှာ ကားရောင်းတာတင်မကဘူး၊ ဝယ်သူတွေကို Service ပါ ရောင်းတာပါ။ ဒါကြောင့် စိတ်ကြိုက်လာရောက်လေ့လာကြည့်ပါ။

EV ကို သုံးစွဲကြမယ့်သူတွေကို စိတ်ပူစရာမလို အဆင်ပြေအောင် ကောင်းမွန်ပြည့်စုံတဲ့ ဝယ်ယူနိုင်မှု ပုံစံတွေ၊ Aftersales Service တွေ၊ Warranty တွေ၊ EV Fast Charging Station တွေကိုလည်း စနစ်တကျ အကုန်အကျခံ ရင်းနှီးတည်ဆောက်ပြီး ဝယ်ယူသူတွေ လက်ထဲကို စိတ်ချမ်းချမ်းသာသာနဲ့ ဝယ်ယူနိုင်အောင် တင်သွင်းရောင်းချပေးမှာပဲ ဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ လက်ရှိမှာ EV သုံးစွဲကြမယ့်သူတွေ အဆင်ပြေစေဖို့ မြို့ကြီးတွေမှာ DC Fast Charging Station ကြီးတွေ ဆောက်လုပ်ပေးနေတယ်။ တင်သွင်းရောင်းချမယ့် EV Brand New ကားတွေကိုလည်း ပစ္စည်းကွာလတီကောင်းကောင်း၊ သင့်တော်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးမယ့်အပြင် ဝယ်ယူပြီးနောက်ပိုင်း သုံးစွဲသူတွေ စိတ်ပူစရာ မရှိရစေမယ့် ခိုင်မာတာဝန်ယူမှုရှိတဲ့ Warranty တွေ၊ Aftersales Service တွေကိုလည်း စနစ်တကျ ခိုင်ခိုင်မာမာရှိနေဖို့ စီစဉ်ဆောင်ရွက်ထားရှိပါတယ်။

ဦးသက်အောင်နိုင်(ယာဉ်မောင်းသူ)

နေပြည်တော်

ကျွန်တော်က နေပြည်တော်မှာ EV Taxi မောင်းနှင်တဲ့သူတစ်ဦးပါ။ ပထမဆုံး EV Taxi မောင်းရတဲ့ အတွေ့အကြုံကတော့ ဆီကားနဲ့စာရင် အားသာချက်များတယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆီဈေးနှုန်းကမြင့်နေရင် ဆီကားမောင်းတဲ့ သူအတွက်၊ စီးရတဲ့သူအတွက်က ဈေးနှုန်းက သိသာ ပါတယ်။ ဒီဟာတွေကို ကျော်လွှားဖို့က EV ကားတွေ က အဖြေပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ဖက်ကအထောက်အကူပြုတော့ စိတ်ဝင်စားမှုများတယ်။

အခုက နေပြည်တော်မှာ NPK Motors ကုမ္ပဏီပိုင်ကနေ အငှားမောင်းတာပါ။ DC Fast Charging Station ကြီးတွေ အလျင်အမြန် လုပ်ပေးနေတော့ သူများနိုင်ငံတွေလို ကျွန်တော်တို့ဆီမှာလည်း EV ကားတွေ တွင်ကျယ်လာမှာပါ။ တစ်ဖက်ကလည်း ကားတစ်ခုခုချို့ယွင်းမှုရှိခဲ့ရင် Service ပေးနိုင်မယ့် လျှပ်စစ်ကားပြုပြင်ထိန်းသိမ်းရေး နေရာတွေလည်း တစ်ပြိုင်တည်းပေါ်လာရင် သုံးစွဲသူတွေအတွက် အကောင်းဆုံး ဖြစ်လာမှာပါ။ နယ်မြို့တွေအထိပါ တွင်တွင်ကျယ်ကျယ်လုပ်ပေးရင် သုံးကြမယ့်သူ အများကြီးပါ။