Skip to main content

အောင်မြင်သော ခရီးစဉ်တစ်ခု

ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီထူထောင်ခြင်း နှစ် (၁၀၀) ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ် (၁၀၀) ကာလအတွင်း တရုတ်နိုင်ငံ သည် နက်ရှိုင်းလှသော နိုင်ငံရေး၊ အတွေးအခေါ်၊ ဒဿန၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ပါသည်။

စက်မှုအခြေတည်ဆောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အချိန်ကာလသုံးခုမှာ အထူးဂရုပြုဖွယ်ကောင်းလှပါ သည်။ ပထမကာလမှာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်ထူထောင်ချိန်တွင် စတင်သည်။ ထင်ရှားသောဆောင်ရွက်မှုမှာ တရုတ်နိုင်ငံ၏ စက်မှုအခြေခံတည်ဆောက်ခြင်းဖြစ်သည်။ အဓိက မှာ ကျောက်မီးသွေးတူးဖော်ခြင်း၊ သံမဏိနှင့် ကုန်ကြမ်းဖန်တီးခြင်း၊ အဆောက်အအုံတည်ဆောက် ရေး၊ အကြီးစားစီမံကိန်း၊ ဓာတုဗေဒ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများ ဖြစ်သည်။

ဒုတိယကာလမှာ ၁၉၃၀ ပြည့်နှစ်နှောင်းပိုင်းမှ စတင်သော တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး ဖြစ် သည်။ နိုင်ငံတော်သည် အထူးစီးပွားရေးဇုန်များ တည်ဆောက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ကာ ပြည်ပကုန်သွယ်ရေးဖော်ဆောင်၍ အလုပ်အကိုင်အခွင့်အလမ်း အများအပြားဖန်တီး နိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတော်သည် ခေတ် ကာလသစ်တစ်ခုကို ဖော်ဆောင်လာခဲ့ပြီး တရုတ် ခေတ်သစ်စီမံအုပ်ချုပ်မှုပုံစံကို အခြေခံ၍ စနစ် တကျဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ သည်။ ဤအချက်သည် အလွန်ပေါ်လွင်ထင်ရှားပါ သည်။ ဤပုံစံကို အကြောင်းအရာ၊ ရည်ရွယ်ချက် နှင့် လုပ်ဆောင်ချက်ဖြင့် ဖွဲ့စည်းထားသည်။ ၎င်း၏ အခြေခံလိုအပ်ချက်မှာ “တရုတ်ပြည်သူများအား

ပျော်ရွှင်ချမ်းမြေ့စေရေး နှင့် “တရုတ်အမျိုးသားထု ပြန်လည်နိုးထလာရေး ဖြစ်ပါသည်။ တစ် နည်း ဆိုရလျှင် ၎င်းသည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်၍ လူမှုရေးမညီမျှမှုများကို လျှော့ချပြီးတရုတ်ပြည်သူ အားလုံးအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘာ အခြေအနေကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

ထိုကဲ့သို့ပုံစံမျိုးကိုတရာဆင်မသိရသော်လည်း ၎င်း၏ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များ ရှေ့နောက်ညီညွတ်မှုနှင့် ထိရောက်မှုများကို အတည်ပြုနိုင်ခဲ့ပါသည်။

လက်ရှိ တရုတ်နိုင်ငံ စီမံအုပ်ချုပ်ရေး၏ မဏ္ဍိုင်မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၊ ပြုပြင်ပြောင်းလဲရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ စီးပွားရေး နှင့် သဘာဝပတ်ဝန်းကျင်၊ နိုင်ငံခြားရေးမူဝါဒ၊ စနစ်စံနှုန်းနှင့် စောင့်ကြည့်လေ့လာရေးတို့ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်

ပြုပြင်ပြောင်းလဲရေးသည် အရေးကြီးသော စီမံအုပ်ချုပ်မှုအရေးကိစ္စ ဖြစ်ပါသည်။ ၎င်းတို့ကိုဘုယျအားဖြင့် အကောင်အထည်ဖော်ရန် မလွယ် ကူပါ။ အကြောင်းမှာ ပြုပြင်ပြောင်းလဲခြင်းသည် လူတချို့၏အကျိုးစီးပွားကို ထိခိုက်နိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ပြုပြင်ပြောင်းလဲရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည်။ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် အခွန်၊ လုံခြုံရေးနှင့် တရားစီရင်ရေးစနစ်၊ လူမှုဖူလုံရေး၊ အိုးအိမ်၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဉာသစ္စည်းမူပိုင်ခွင့်နှင့် စွမ်းအင် ဖွဲ့စည်းမှုပုံစံ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဒေသစီမံကိန်း စသည့်နယ်ပယ်များ၌ ပြုပြင်ပြောင်းလဲမှုများကို နက်နက်ရှိုင်းရှိုင်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ပညာရေးအဖွဲ့ အစည်းမှ လူမှုကဏ္ဍပြောင်းလဲ ခြင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော လူတော်လူချွန်များ သေချာပေါက် မွေးထုတ် ပေးရမည်။ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော  အကြောင်းအရာဖြစ်သည်။ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို မက်ခရိုစီးပွား ရေးမူဝါဒ၊ အခြေခံအဆောက်အအုံတည်ဆောက် ရေး၊ ဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှု၊ တီထွင်ဖန်တီးမှုနှင့် နည်းပညာ စသည်တို့က အဆုံးအဖြတ်ပေးနေပါ သည်။ ။

ပြည်ပဆက်ဆံရေးနှင့်စပ်လျဉ်း၍ အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီသည် ဘက်ပေါင်းစုံဆက်ဆံ မရေးတည်ဆောက်ရန် ကြိုးပမ်းသည်။ “Belt and Road” အဆိုပြုချက် စသည့် ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများကို အားပေးသည်။ ။

အချုပ်အားဖြင့်ဆိုသော် ယင်းသည် တရုတ် -ကွန်မြူနစ်ပါတီမှ နိုင်ငံတော်ကို ယနေ့အခြေအနေ ဖြစ်လာအောင် အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပုံဖြစ်သည်။

ကံမကောင်းစွာဖြင့် ကမ္ဘာကြီးသည်ကိုဗစ်-၁၉ -ကပ်ရောဂါဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည်။

သို့သော် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဦးဆောင်မှု အောက်တွင်တရုတ်နိုင်ငံသည်တစ်ပြေးညီလမ်းညွှန်မှု နှင့်လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ စည်းလုံးညီညွတ် မှုဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ် နိုင်ပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ကာ စီးပွားရေးပြန်လည်ရှင်သန်အောင် ဆောင်ရွက်နိုင် သည်ကို ကမ္ဘာကြီးထံသို့ ပြသခဲ့ပါသည်။

ယင်းအောင်မြင်မှုသည်တရုတ်ကွန်မြူနစ်ပါတီ ၏အရေးပါမှုကိုသက်သေထူနိုင်ခဲ့သည်။ အကြောင်း မှာ၎င်၏ဦးဆောင်ဦးရွက်ပြုသူသည်တစ်နိုင်ငံလုံးကို စည်းလုံးညီညွတ်စေခဲ့ပြီး သင့်လျော်သောအစီအမံများ ဖော်ဆောင်၍ ဤပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြေက်မှုတစ်ခုကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

အတုယူ၍ ပြင်ဆင်ဆောင်ရွက်

ပါတီနှစ်(၁၀၀)တည်ရှိခဲ့သော အတွေ့အကြုံ နှင့် ဗဟုသုတများသည် တရုတ်ဉာဏ်ပညာအဖိုး တန်မှု၏ အရင်းအမြစ် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များသည် ယင်းကိုအတုယူ၍ မိမိနိုင်ငံ၏ ထူးခြား ချက်များနှင့်အညီအောင်မြင်မှုအတွေ့အကြုံများကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ပါသည်။

ဥပမာအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ လုံးဆိုင်ရာ စီမံကိန်းများရေးဆွဲရာတွင် ရှေ့နောက် ညီညွတ်ရန် လိုအပ်ပါမည်။ ထိုစီမံကိန်းများသည် နိုင်ငံရေး၊ အယူဝါဒ၊ လူမျိုးစု ဘာသာရေးနှင့် အခြားထူးခြားချက်လက္ခဏာများနှင့် သက်ဆိုင်မှု မရှိရပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများ ကြုံတွေ့ရသောအဓိက ပြဿနာများမှာ တူညီတတ်ကြပါသည်။ သို့သော် နိုင်ငံတိုင်း၏ထူးခြားချက်နှင့်အညီရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို အတည်ပြုဆောင်ရွက်ရပါမည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍသည် ကုန်သွယ်ရေးနှင့် လူပုဂ္ဂိုလ်သွားလာ စီးဆင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် စနစ်တကျဖွဲ့စည်းမှုပုံစံ လိုအပ်လျက်ရှိသည်။ ပိုမိုကောင်းမွန်သောရလဒ်များ ရရှိနိုင်အောင် အသင့် လျော်ဆုံးသော ထောက်ပံ့ပို့ဆောင်ရေးပုံစံဖြင့် ဒေသအသီးသီးနှင့် မည်သို့ချိတ်ဆက်ရမည်ကို နားလည်ရန် တရုတ်နိုင်ငံ၏အတွေ့အကြုံများက အရေးပါနေပါသည်။

တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အတွေ့အကြုံသည်လည်း အလွန်အရေးပါလှ သည်။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲနွမ်းပါးမှု  ပပျောက်ရေးသဘောတရားသည် လူတစ်ဦးချင်း ဝင်ငွေကို တိုးမြှင့်ရုံမျှသာမဟုတ်ဘဲ ဆေးကုသရေး၊ ကျန်းမာရေး၊ အိုးအိမ်၊ ပညာရေးနှင့် ဝင်ငွေရအလုပ် စသည့်လိုအပ်ချက်များကို ကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လူနေမှု ဘဝအခြေအနေကို ဖန်တီးခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် ဤမူဝါဒများကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန် အလွန်လိုအပ်ပါသည်။   ။

စာရေးသူ - RONNIE LINS

Source – China Daily