Skip to main content

ကမ္ဘာတစ်လွှားဝင့်ကာကြွား တို့မြန်မာအမျိုးသမီးများ

 

ဝတ်ရည်ခင် (ပဲခူး)

 

ဝသန်စောင်းကြိုး၏တီးခတ်နှိုးသံသည် မိုးပွင့်မိုးစက် များ၊ မိုးရနံ့လေပြည်လေညှင်းနှင့် သံသာယာစွာ တညင်းညင်း၊ တသင်းသင်း လူ့ပျံ့လာပါသည်။ မြေ သင်းနံ့ သင်းပျံ့ပျံ့သည် လေအဝှေ့တွင် ဆွတ်ပျံ့ဖွယ် တိုးဝင်လာသည်။ ခြောက်သွေ့၍ ပျင်းရိငြီးငွေ့ဖွယ် နွေကာလမှ စိမ်းလန်းသာယာတက်ကြွအေးမြသည့် မိုးတွင်းခါဝသန်သို့ ချင်းနင်းဝင်ရောက်လာပါသည်။

 

ကျေးလက်တောရွာများ၏ စိမ်းလဲ့လဲ့ပျိုးခင်းများ တွင် နုပျိုသည့်ကောက်စိုက်ပျိုမေများသည်လည်း အားမာန်ဝင့်ကာ လုပ်ငန်းခွင်သို့ ပျော်ပျော်ပါးပါး ဝင်ရောက်ကြချိန်ဖြစ်သည်။ သို့မှလည်း မြန်ပြည် တစ်ဝန်း ရွှေရောင်စပါးခင်းများ ပေါ်ထွန်းလာပေမည်။ ဤသည်မှာ ရှေးခေတ်မှသည် ယနေ့ခေတ်တိုင် တည်တံ့နေသည့် အစဉ်အလာပင်ဖြစ်ပါသည်။ ထို့အတူမြန်မာ့သမိုင်းမျက်နှာစာတွင်သာမကကမ္ဘာ သမိုင်းမျက်နှာစာတွင်ပါ ဂုဏ်ယူဝင့်ကြွားခဲ့ရသော၊ ဂုဏ်ယူဝင့်ကြွားနေဆဲဖြစ်သော၊ ဂုဏ်ယူဝင့်ကြွားဦး မည်ဖြစ်သော မြန်မာအမျိုး သမီးထုတစ်ရပ်လုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုး တက်မှုရှိစေရန် ရည်သန် ဖွဲ့စည်းထားသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ဖွဲ့စည်းခဲ့သည့်နေ့ ဇူလိုင်လ (၃) ရက် နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ် ကျင်းပသည်။

လှုပ်ရှားဆောင်ရွက်နေ

 

ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း ရင်းနှီး စွာ အပြန်အလှန်လေးစားလျက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကြိုးပမ်း ဆောင်ရွက်မည်ဟူသည့် တိုင်းရင်းသားရေးဆိုင်ရာ အခြေခံမူ၊ ရပ်ရွာအေးချမ်းသာယာရေး၊ စားဝတ်နေ ရေး၊ သက်သာချောင်ချိရေးနှင့် ပညာရေး၊ ကျန်းမာ ရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည်ဟူသည့် လူမှုရေးဆိုင်ရာ အခြေခံမူ၊ အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ် စောင့်ရှောက်မည်ဟူသည့် အမျိုးသမီးများ၏ အခြေခံမူများကို အခြေခံလျက် လုပ်ငန်းအဖွဲ့များ၊ ဌာနကြီးများနှင့် တိုင်းနှင့် ပြည်နယ် အမျိုးသမီး ကော်မတီအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အမျိုးသမီး ကော်မတီ၊ ရပ်ကွက်/ ကျေးရွာအမျိုးသမီးအဖွဲ့များ အထိ အဆင့်ဆင့်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးအတိုင်း အတာအဖြစ် လှုပ်ရှားဆောင်ရွက်နေပါသည်။

 

ခေတ်အဆက်ဆက် နိုင်ငံတော်နှင့် လူမျိုး အကျိုးသယ်ပိုးဆောင်ရွက်ရာတွင်ဇွဲ၊ သတ္တိ၊ အားမာန်၊ စွမ်းရည်၊ ခွန်အားအရာတို့၌ အမျိုးသမီးများနှင့် တန်းတူမလျှော့တမ်းကြိုးပမ်းဆောင်ရွက်ခဲ့သော မြန်မာအမျိုးသမီးများ၏ မကြုံစဖူး ထူးထူးကဲကဲ စည်းလုံးညီညွတ်မှုပြယုဂ်ဖြစ်သော ကော်မတီအဖွဲ့၊ မြန်မာအမျိုးသမီးများ၏ မျိုးချစ်စိတ်ဓာတ်ပြည့်ဝ မှုကြီးပင်ဖြစ်သည်။ ညီညာမှ ပြည်သာမည်ဖြစ်ပါ သည်။ အမျိုးသမီးများ၏ အခွင့်အရေးများကို ရှေးရှုရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းကြီး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများနှင့်မတူ တစ်မူထူးခြား သည်မှာ မြန်မာအမျိုးသမီးများ၏ လူမှုရေးဆိုင်ရာ အခွင့်အရေးများမှာ ရှေးသက်ဦးဆံပိုင် မြန်မာမင်းများ လက်ထက်မှစ၍ခေတ်အဆက်ဆက်လိုက်နာကျင့် သုံးခဲ့သော မြန်မာ့ဓလေ့ထုံးစံများနှင့် ဥပဒေများ၊ ဓမ္မသတ်များတွင် ပြဋ္ဌာန်းထားပြီးဖြစ်၍ မြန်မာ အမျိုးသမီးများသည် မွေးရာပါအခွင့်အရေးများကို ရရှိပြီးဖြစ်ပါသည်။

 

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးတွင်မှ မရှိသည့် ဟီရိဩတ္တပ္ပဆိုသည့် အရှက် တရားထိန်းသိမ်းလေ့ရှိသည့် မြန်မာ့ဟန်၊ မြန်မာ့ ယဉ်ကျေးမှုနှင့်အညီနေထိုင်ခြင်းမျိုးနှင့် ဆံကေသာ ဒူးဆစ်အထိရှိသည့် မြန်မာအမျိုးသမီးတို့၏ ဘုန်းကျက်သရေသည် အခြားနိုင်ငံရှိ အမျိုးသမီး များတွင် မတွေ့ရှိနိုင်ခြင်းဖြစ်ပါသည်။

 

အနောက်တိုင်းသားများ၏ သဘောတူ အတူနေ (Living together)တို့သည် ချစ်သူ လူငယ်စုံတွဲလေးတွေကြားမှာ နှစ်ဦးနှစ်ဝစိတ်ချင်းတူ ညီညွတ်သမျှအတူနေခြင်း၊ အယူအဆကွဲလွဲရင် အတူမနေ လမ်းခွဲခြင်းသဘောဖြင့် နေကြထိုင်ကြ ခြင်းမျိုးကို မြန်မာ့လူမှုရေးနယ်ပယ်တွင် ရှင်သန်ခွင့် မပေးခြင်းသည်ကပင် မြန်မာအမျိုးသမီးများ၏ အမျိုးဂုဏ်သိက္ခာတို့သည် ကမ္ဘာတစ်လွှားဝင့်ကာ ကြွားနိုင်စေခြင်းပင်ဖြစ်သည်။

 

မွန်မြတ်သည့် ဂုဏ်ဒြပ်များ

 

“သားကိုသခင်၊ လင်ကိုဘုရား” စိတ်ထားမျိုး ထားသည့် တော်ဝင်စံထားသည့် အမရာဒေဝီ၊ မဒီ ဒေဝီတို့သည်လည်း ကမ္ဘာကပင် မြန်မာ့သမိုင်း ရာဇဝင်ကို အသိအမှတ်ပြုထားကြသည်။ “မိန်းမတို့ ဣန္ဒြေရွှေပေး၍မရ”ဆိုသည့် မြန်မာ့ဆိုရိုးစကားလေး ကပင် မြန်မာအမျိုးသမီးများ၏ ဣန္ဒြေကို ကမ္ဘာမှာ ဝင့်ကြွားစေနိုင်ခဲ့သည်။ ယနေ့ခေတ်မြန်မာအမျိုးသမီး ငယ်လေးများကလည်း စံပြနေထိုင်ကြရန် လိုအပ်ပါ သည်။ အတုယူမမှားစေရန် နေထိုင်ကြရမည်ဖြစ်သည်။ ဂုဏ်ပြုစံထားထိုက်သည့် မြန်မာအမျိုးသမီးလေးများ ဖြစ်စေချင်ပါသည်။ “ပုခက်လွှဲသော လက်များသည် ကမ္ဘာကိုစိုးမိုးနိုင်သည်” ဆိုသည့်အတိုင်း မြန်မာ အမျိုးသမီးများသည် စွမ်းရည်ထက်မြက်ကြသူများ ဖြစ်ပြီး နောက်လိုက်များမဟုတ်ကြတော့သည်ကို ရည်ညွှန်းလျက်ရှိပါသည်။ “ကမ္ဘာတစ်လွှားဝင့်ကာ ကြွား တို့မြန်မာအမျိုးသမီးများ”၏ မွန်မြတ်သည့် ဂုဏ်ဒြပ်များပင်ဖြစ်သည်။

 

မြန်မာအမျိုးသမီးများသည် လောကကို တာဝန် ယူသူများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကိုလှပ အောင် ဖန်တီးသူများဖြစ်ကြပါသည်။ တစ်နည်းအား ဖြင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်း အမြစ်များကို ပုံသွန်းထုလုပ်ပေးကြသည့် ဗိသုကာ ပညာရှင်များဖြစ်ကြပါသည်။ ဗုဒ္ဓသာသနာထွန်းကား သည့် အမိမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏အဆုံးအမဩဝါဒ များနှင့် သားသမီးများကို ဆိုဆုံးမနိုင်ခဲ့သည့် အမျိုးသမီးများဖြစ် သည့်အပြင်မြန်မာ့လူ့အဖွဲ့ အစည်း ၏ လူမှုကျင့်ဝတ်များသည်လည်း ဗုဒ္ဓ၏လမ်းညွှန် သွန်သင်မှုများပင်ဖြစ်သည်။ မြန်မာအမျိုးသမီးတို့ စွဲစွဲမြဲမြဲလိုက်နာကျင့်သုံးသော မိဘကျင့်ဝတ်ငါးပါး၊ သားသမီးကျင့်ဝတ်ငါးပါး၊ ဆရာကျင့်ဝတ်ငါးပါး၊ တပည့်ကျင့်ဝတ်ငါးပါး၊ ဇနီးကျင့်ဝတ်ငါးပါးတို့ဖြစ် သည့် သိင်္ဂါလောဝါဒသုတ္တန်လာ ဗုဒ္ဓရှင်တော် ဘုရား ဟောကြားသည့် တရားတော်တို့နှင့်အညီ နေထိုင်၊ ကျင့်ကြံနိုင်ခြင်းသည်ကပင် မြန်မာအမျိုး သမီးများ၏ ကမ္ဘာတစ်လွှားဝင့်ကာကြွားနိုင်သည့် ကောင်းခြင်း သွင်ပြင်စရိုက်လက္ခဏာတို့ပင်ဖြစ်ပါသည်။

 

ခေတ်အဆက်ဆက်မှသည် ယနေ့ခေတ်အချိန် အခါအထိ မြန်မာအမျိုးသမီးများသည် ကမ္ဘာတွင် ဘုန်းတန်ခိုးနှင့် ပြည့်စုံကြသည့် အမျိုးသမီးများ ဖြစ်သည်ကိုဆရာမကြီးစောမုံညင်းကဤသို့မေတ္တာဝေ စာခွေထားသည်ကို တွေ့ရှိရပါသည်။

 

“တန်ခိုးကြီးစေ ဤကမ္ဘာတစ်လွှားမှာဖြင့် အမျိုးသမီးတွေ ကြည်သဒ္ဓါမနွမ်းရအောင်၊ မဒီကညာအခန်းကိုတော့ ဖော်ပြမနှေးတာရှည်၊ အိုရှင် စီကာ ကမ်းလိုက်ပါရဲ့ ပြည်သာဖို့လမ်းပါပဲ” ဟု ဖွဲ့ဆိုထား သည်ကို တွေးကြည့်ခြင်းအားဖြင့် မြန်မာအမျိုးသမီး များသည် ဘုန်းတန်ခိုးကြီး၍ ကမ္ဘာတစ်လွှားမှာ ဂုဏ်ယူဝင့်ကြွားရသည့်သူများဖြစ်သည်ကို သိကြရ ပေသည်။

ဤဘဒ္ဒကမ္ဘာသတ္တလောကဘုံကြီး၌ မိန်းမတို့ သည် ရှေးဦးစွာပေါ်ထွန်းလာရကား လောက၏အရှင် မိခင်အစစ်ဖြစ်ပေသည်။ မိခင်ဖြစ်ကြသူ မိန်းမများ အနက် မဟာမာယာဒေဝီမှအစ ယသော်ဓရာ၊ ခေမာ မိဖုရား၊ ဥပ္ပလဝဏ်၊ ဧတဒဂ်ရရဟန္တာမိန်းမမြတ်တို့ အပြင် ဝိသာခါ ခုဇ္ဈတ္တရာ၊ နန္ဒမာလာစသည့် လူမိန်းမ တို့နှင့် ရာဇဝင်ထင်ရှားသည့် မိဖုရားကြီးဖွားစော၊ ဘုရင်မရှင်စောပု စသည့် မိန်းမမြတ်များကို စံနမူနာ ဦးထိပ်ထားလျက်ခေတ်အဆက်ဆက်ကမ္ဘာတစ်လွှား ဝင့်ကာကြွားနိုင်သည့် မြန်မာအမျိုးသမီးများလည်း လြာ များပြားစွာရှိပါသည်။ တိုင်းပြည်အတွက် ကြိုးပမ်းမှု သမိုင်းတွင်စာတင်လောက်သည့် အမျိုးသမီးပုဂ္ဂိုလ် ကြီးများ၊ အမျိုးသမီးအာဇာနည်မများသည် သမိုင်း ရာဇဝင်တွင် ထင်ရှားဝင့်ကြွားနိုင်ခဲ့ကြသည်။ နိုင်ငံ ရေးလောက၊ ဥပဒေလောက၊ တပ်မတော်လောက၊ လူမှုရေးလောက၊ ပညာရေးလောက၊ စာပေလောက၊ ဂီတလောက၊ ဇာတ်သဘင်လောက၊ ရုပ်ရှင်လောက၊ ဂီတလောက၊ အဆိုတော်လောကနှင့်တကွ သာသနာ့ ဝန်ဆောင်လောက၊ အားလုံးသောလောကမှ အမျိုးသမီးတို့၏ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းရည် ထက်မြက်မှုတို့သည် မြန်မာ့ဂုဏ်ကို ဖော်ဆောင် ပေးနိုင်ခဲ့ကြသည်။

 

အမျိုးသမီးဆေးပညာရှင်များ

 

ဒေါက်တာ ဒေါ်စောဆ၊ ဒေါက်တာ ဒေါ်မေစု၊ ဒေါက်တာဒေါ်ရင်မေ ဒေါက်တာ ဒေါ်ခင်စီ၊ ဒေါက်တာ ဒေါ်ခင်အုန်းမြတို့သည် ဆေးပညာလောကတွင်လည်း ကမ္ဘာတွင် ဝင့်ကြွားနိုင်စေမည့် အမျိုးသမီး ဆေးပညာရှင်များဖြစ်ကြသည်။ ပညာရေးလောက၊ တပ်မတော်ပြန်တမ်းဝင် အမျိုးသမီးကြီးများ၊ အမျိုးသမီးစာပေပညာရှင်များ၊ ဂီတပညာရှင်များ၊ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်ပညာရှင်ကြီးများအပြင် သာသနာ့ ဝန်ထမ်းအမျိုးသမီး အကျော်အမော်များဖြစ်သည့် သီလရှင်ဆရာကင်းနှင့် မယ်နတ်ပေး၊ ဒေါ်ဓမ္မစာရီ (မင်းကွန်း)နှင့် ဒေါ်သုမာလာ (ဒေါ်ဦးဇွန်း)တို့သည် ကမ္ဘာတစ်လွှားဝင့်ကြွားနိုင်သည့် အမျိုးသမီးများ ဖြစ်ကြပါသည်။ ယခုခေတ်အခါတွင်မူ အတိတ်က စွမ်းဆောင်ချက်များနှင့် မတူ၊ တစ်မူထူးခြား ထင်ရှားသည့်အချက်မှာ မြန်မာအမျိုးသမီးများသည် တစ်ခုတည်းသော မြန်မာနိုင်ငံအမျိုးသမီးကော်မတီ ၏ ဦးဆောင်မှုအောက်တွင် ခိုင်မာစွာစုစည်းထားသော ထင်းစည်းပမာ မကွဲမကွာ၊ တစ်စိတ်တည်း၊ တစ်ဝမ်း တည်း တက်ညီလက်ညီစွမ်းဆောင်နိုင်ကြခြင်းပင်ဖြစ် သည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည့် ခိုင်ခံ့သည့်ကြိုးဖြင့် သီကုံးထားသော ပြည်ထောင်စုဟူသည့် ပုတီးကုံး သည် ခိုင်လည်းခိုင်မာ၊ ညီလည်းညီညာသည့် အင်အားစုရှိခြင်း၊ စုစည်းခြင်းအသွင်ဆောင်သည့်ပုတီးကုံးပင်ဖြစ်ပါသည်။

 

ယနေ့မြန်မာအမျိုးသမီးတို့၏ နေရာမှန်သည် မီးဖိုချောင်ထဲတွင်သာမဟုတ်တော့ဘဲ လူမှုရေး နယ်ပယ်များသည် လည်း အမျိုးသမီးများအတွက် ဖြစ်သည်ဟူ၍ ခံယူချက်နှင့်အညီ လူမှုရေးနယ်ပယ် အသီးသီး၌ တစ်နေ့တခြားတိုးတက်ပါဝင်လှုပ်ရှား လာကြပြီဖြစ်သည်။ အမျိုးသမီးစီးပွားရေးပညာ ရှင်များ၊ ဥပဒေရေးရာ ပညာရှင်များနှင့် စာပေပညာ ရှင်များ၊ စစ်ဘက်တွင်လည်း ဗိုလ်မှူးကြီးများအထိ မြန်မာအမျိုးသမီးဦးရေ များပြားလာနေပြီဖြစ်သည်။ အထူးသဖြင့် ပညာရေးလောကတွင် ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဆေးပညာလောကတွင်လည်း သူနာပြုမှ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများအထိ အမျိုးသမီးဦးရေများစွာ တိုးတက်နေပါသည်။ မြစ်ကူးတံတားကြီးများကို တည်ဆောက်နေသည့် မြန်မာ့အမျိုးသမီး အင်ဂျင်နီယာများသည်ပင် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။

 

မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြန့်ပွားအောင် စံနမူနာပြ ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည့် မြန်မာအမျိုးသမီး များသည် အမျိုးသားများနည်းတူ အလွှာအသီးသီး မှပါဝင်ကာ အနာဂတ်နိုင်ငံတော်ကြီးအတွက် အခြေခံ မူများချမှတ်နေသည်မှာ ကမ္ဘာကပင် ချီးကျူးရမည့် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ဗိသုကာ အမျိုးသမီးများ၏ ဂုဏ်ရည်များပင်ဖြစ်ပါသည်။

 

ထို့ကြောင့်ကမ္ဘာတွင်မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်များ ဝင့်ကြွားပေါ်လွင်စေသည်သာမက မြန်မာအမျိုး သမီးထု တစ်ရပ်လုံးသည်ကောင်းမြတ် သည့် အစဉ်အလာကောင်းနှင့် စွမ်းရည်မြင့်မားမှု ကို အမျိုးသားရေး စွမ်းအားစုကြီးအဖြစ် စုစည်းကာ ပိုမိုအောင်မြင်အောင် စွမ်းဆောင်နေကြပါသည်။ တိုင်းပြည်နှင့် လူမျိုးအပေါ် ပျက်စီးရာပျက်စီးကြောင်း လုပ်ကြံဖန်တီးနေသည့်ပြည်တွင်းပြည်ပအဖျက်သမား များကို စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြင့် ပြတ်ပြတ် သားသားဆန့်ကျင်ကြရမည်။ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ် တွင် တိမ်ညိုကင်းသည့်ရွှေလမင်းပမာအေးချမ်းသာယာ ပြီး စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ယခုအခါသမယ တွင် အတိတ်ကစွမ်းဆောင်ချက်များ နှင့်မတူတစ်မူ ထူးခြားထင်ရှားသည့်အချက်မှာ တစ်ခုတည်းသော အမျိုးသမီးကော်မတီဖြစ်သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၏ဦးဆောင်မှုအောက် တွင် ခိုင်မာစွာစုစည်းထားသော ထင်းစည်းပမာ တက်ညီလက်ညီ စွမ်းဆောင်နေကြပါသည်။ ရေမြင့် မှ ကြာတင့်မည်ဆိုသည့်အတိုင်း နိုင်ငံတော်ကြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး နှင့်အတူ “ကမ္ဘာတစ် လွှားဝင့်ကာကြွား တို့မြန်မာ အမျိုးသမီးများ” ၏ ဂုဏ်ကိုဖော်ဆောင်လျက် အောက်ဖော်ပြပါ ဗျာလေးဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

 

ကိုယ့်နိုင်ငံ ကိုယ့်မျိုးတွက်

သယ်ပိုးရွက် တာဝန်ကျေ

တက်ကြွတဲ့ ... မေ။

ဆင်းရနံ့ သင်းပျံ့ဝေ ရှင်းသန့်ပေ

စိတ်ဓာတ်များ ကမ္ဘာမြေတစ်ခွင်မှာလ

မြန်မာရွှေစင် အမျိုးသမီးလှရယ်က တ

ောက်ပွင့်ကြွား ..။ ။