Skip to main content

ပန်ဒိုရာသေတ္တာပွင့်ခြင်းနှင့် နောက်ဆက်တွဲအကျိုးဆက်

မဲမသမာမှုကနေ စတင်ခဲ့သည့် နိုင်ငံနှင့် နိုင်ငံသားတွေအပေါ် မရိုးဖြောင့်မှု၏ နောက်ဆက်တွဲအဖြစ် ယနေ့တိုင် အများပြည်သူများသည် အကြမ်းဖက်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခံရခြင်း၊ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးခြင်းနှင့် လူငယ်များ အတွေးအခေါ် အယူအဆအမှားများဖြင့် လမ်းမှားသို့ ရောက်မှန်း မသိရောက်ရှိခြင်း စသည့်အနာဂတ်ထိခိုက်စရာများအထိ ဖြစ်ပေါ်လျက်ရှိပါသည်။

နိုင်ငံတွင် ပြည်သူသန်း ၅၀ ကျော်ရှိရာ ယင်းကဲ့သို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ အစိုးရ၏အုပ်ချုပ်မှုယန္တရားများပျက်ယွင်းအောင် နည်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်လုပ်ရပ်များကို လက်သင့်မခံဘဲ အစိုးရနှင့်ပူးပေါင်း၍ အမြန်အဆုံးသတ်စေဖို့ ကြိုးပမ်းရမည့်အချိန်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ဖြင့် စည်းနှောင် ထိန်းချုပ်ထားသည်။ နိုင်ငံအုပ်ချုပ်သူများ၏ ဆောင်ရွက်မှုတိုင်းသည် ဥပဒေနှင့် ညီညွတ်ရမည် ဖြစ်ပါသည်။ ထို့ကြောင့်ပင်မတရားမှု၊ မသမာမှုများ အတွက် အမှန်ကို တည့်မတ်ပေးရန်၊ တရားမျှတ သည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ထွန်းလာခဲ့ ရခြင်းဖြစ်ပါသည်။ တာဝန်ယူပြီးချိန်မှ ငါးလတာ အတွင်း ပြီးခဲ့သည့်ရွေးကောက်ပွဲ၏ မတရားမှုများ ဖော်ထုတ်ခြင်းကို အချိန်မဆိုင်း ဆောင်ရွက် သကဲ့သို့ ဆက်စပ်၍ဖော်ထုတ်ခဲ့ရသည့် မတရားမှု၊ ဥပဒေမဲ့မှုဖြစ်စဉ်များအပေါ်လည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

တစ်ဖက်တွင် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေ ရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သောဆန္ဒပြမှု၊ ဆူပူသောင်းကျန်းမှု၊ လက်နက်ကိုင်အကြမ်းဖက်မှု စသည့်ဖြစ်စဉ်များကိုလည်း နိုင်ငံတကာ အကြမ်း ဖက်မှုဖြိုခွင်းရသည့် နည်းစဉ်များအတိုင်း အဆင့် လိုက် ဆောင်ရွက်ထိန်းချုပ်ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ အန္တရာယ်အတွက် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ခြင်းများ မပြတ်တမ်း ဆောင်ရွက်ရ သကဲ့သို့ တိုင်းပြည်စီးပွားရေး၊ လူမှုဘဝမြင့်မား ရေး၊ ပညာရေး စသည့်ကဏ္ဍတိုင်း စဉ်ဆက်မပြတ် တိုးတက်အောင် ကြံဆောင်ပေးနေရသည်ကို အေးချမ်းစွာနေလိုသည့် နိုင်ငံသားတိုင်း ခံစား သိမြင်နိုင်မည်ဖြစ်ပါသည်။

ပြည်တွင်းစစ်ဖြစ်စေဖို့ ယင်းသို့ဆောင်ရွက်ပေးနေမှုကို လျစ်လျူရှု ကာ တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးမည့် အကြမ်း ဖက်အဖွဲ့ အစည်းများဖြစ်သော PDF CRPH နှင့် NUG အဖွဲ့ များသည် ငါးလတာအတွင်း ကြိုတင် ကြံစည်မှုများအပြည့်ဖြင့် ပေါ်ထွက်လာခဲ့ပါသည်။ တပ်မတော်က အာဏာထိန်းသိမ်းမှုဖြစ်စဉ် ပေါ်ပေါက်လာပြီးနောက် NLD ဗဟိုကော်မတီဝင် အချို့က CRPH ကဲ့သို့ NUG စသည်တို့ကို ဦးဆောင် တည်ထောင်ပြီး လေလှိုင်းပေါ်မှတစ်ဆင့် ဆန္ဒပြမှု များကို နိုင်ငံတကာအထောက်အပံ့၊ NLD အမာခံ များ၏ အထောက်အပံ့ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါ သည်။ မြို့ပေါ်ဆန္ဒပြပွဲများ အရှိန်ကျလာသောအခါ စစ်ပညာသင်ကြားရန်အတွက် ဆန္ဒပြပွဲများတွင် တက်တက်ကြွကြွဦးဆောင်ခဲ့ကြသည့် လူငယ်များ ကိုစည်းရုံးကာ NDF ဆီ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့ကြောင့်ပင် NLD၊ CRPH NUG အစရှိသူတို့၏ မူလရည်ရွယ်ချက် ရုပ်လုံးပေါ်လာခဲ့ပြီး သူတို့ ရည်ရွယ်ချက်များ အကြမ်းဖက်လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ကာ ပြည်တွင်းစစ်ဖြစ်စေဖို့ ပြင်ဆင်နေခဲ့ခြင်းပင်ဖြစ်ပါသည်။

ဆန္ဒပြပွဲများတွင် သွေးဆူလွယ်သည့် လူငယ် များသည်မြှောက်ပင့်သွေးဆောင်ရာသို့လိုက်ပါမှန်း မသိ ပါဝင်သွားကြပြီး NDF အပြင် KIA၊ KNU စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များနှင့် ဆက်သွယ်ပေးခြင်း၊ စစ်ပညာများသင်ကြား စေခြင်းတို့ကို ပြုလုပ်လာကြသည်။ မြို့ပြ ပြောက်ကျားသင်တန်းများပေးပြီး မြို့ပေါ်ပြန်ဝင် လာကြသည့်လူငယ်များကို မြို့ကြီးများပေါ်တွင် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာရန် သွေးထိုးခြယ်လှယ်ခဲ့ကြသည်။ အပြစ်မဲ့ပြည်သူများ အား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်း များအပါအဝင် အစိုးရပိုင် အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသကဲ့သို့ လုံခြုံရေး တာဝန်ရှိသူများကလည်း ဖော်ထုတ်ဖမ်းဆီးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

NUG ၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အုပ်ချုပ် မှုယန္တရားပျက်ပြားအောင်၊ ပြည်သူများ အတိဒုက္ခ ရောက်စေမည့် ပြည်တွင်းစစ်ဖြစ်ပွားအောင် ရည်ရွယ် ထားခြင်းဖြစ်ပြီး အကြမ်းဖက်သင်တန်းဆင်းအဖွဲ့များ နေရပ်သို့ ပြန်လည်ရောက်ရှိပါက စက်ရုံ အလုပ်ရုံ များအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများအပြင်  အုပ်ချုပ်ရေးမှူးများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ဒေသအလိုက် PDF အဖွဲ့များသည် EAOs အဖွဲ့များနှင့်ပူးပေါင်း၍ တပ်ဌာနချုပ်များအား စီးနင်းတိုက်ခိုက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများထံ မှ ငွေကြေးနှင့် လက်နက်များလက်ခံရယူ၍ အင်အား ပိုမိုကြီးမားအောင် လုပ်ဆောင်ကြရန် ရည်ရွယ်ကြ ခြင်းဖြစ်ပါသည်။

ဆက်တိုက်ကြားသိရ

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုဖြင့် မတ် လ ၅ ရက်မှ ဇွန်လအတွင်း ဖောက်ခွဲဖျက်ဆီးရေး၊ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန် နောက် ကွယ်ကကြိုးကိုင်သူများ၊ အကြမ်းဖက်သင်တန်းဆင်း များ၊ အများပြည်သူတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီး ရန် မြို့ပြပြောက်ကျားတိုက်ပွဲဆင်နွှဲလိုသူ လူငယ်များ အား ဖမ်းဆီးရမိခဲ့သည့် သတင်းများကို ဆက်တိုက် ကြားသိရသည်။ ထိုဖြစ်စဉ်များတွင် ခင်ကျော်(UNRA) နှင့် ကိုကိုနိုင်(ခ)ဒေါန အပါအဝင်အကြမ်းဖက်လုပ်ရပ် များတွင် ပါဝင်ပတ်သက်သူ တရားခံ ၁၇၃ ဦးအား လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ်သေနတ် ၃၇ ၊ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁ | လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ကျည်အိမ်၂၆၉ ခု၊ ကျည်မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

တရားခံခင်ကျော်နှင့် ကိုကိုနိုင်(ခ)ဒေါနတို့ကို ဖော်ထုတ်ချက်များအရ စစ်သင်တန်းနှင့် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းဖွင့်လှစ်ခြင်း၊ လက်နက်၊ ခဲယမ်း ဝယ်ယူခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တရားမဝင် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် CRPH နှင့် NUG အဖွဲ့ဝင် ရည်မွန်၏ စေခိုင်းမှုများကြောင့် ဂျပန်နိုင်ငံတွင်နေထိုင်သူ ထွန်းအောင်ကျော် (ABSDFဥက္ကဋ္ဌဟောင်း)၊ အမေရိကန်နိုင်ငံတွင်နေထိုင် သူ အေးမင်းတို့က နိုင်ငံတကာနှင့် ပြည်တွင်းရှိ NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံသူများထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍ အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်လာခြင်းဖြစ်သည်ကိုလည်း သိရှိခဲ့ရပါ သည်။ ဖမ်းဆီးရမိတရားခံများ၏ဖော်ထုတ်ချက်များ အရ အကြမ်းဖက်လုပ်ငန်းများအား CRPH နှင့် NUG အဖွဲ့ဝင် ရည်မွန်က ဦးဆောင်၍ ပြည်တွင်းရှိ NLD ပါတီဝင်ကိုးဦးက ဦးဆောင်လှုပ်ရှားခဲ့ခြင်းကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

အကြမ်းဖက်လုပ်ရပ်များကြောင့်

တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သည့် NUG အဖွဲ့ ဝင် ရည်မွန်၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် ယနေ့အထိ နိုင်ငံအတွင်း အပြစ်မဲ့ ပြည်သူ၁၈၉ ဦးသေဆုံးကာ မီးလောင်၊ မီးရှို့ ခံရသော စာသင်ကျောင်း ၆၀၊ အုပ်ချုပ်ရေးမှူးရုံး ၇၄ ရုံး၊ ရဲကင်းရဲစခန်း ၃၅ ခုတို့ရှိပြီး စာသင်ကျောင်းများ တွင် ဗုံးပေါက်ကွဲမှု ၂၃၂ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများ တွင် ဗုံးပေါက်ကွဲမှု ၁၈၂ ကြိမ်၊ ရဲကင်းရဲစခန်းများတွင် ဗုံးပေါက်ကွဲမှု ၆၆ ကြိမ် စုစုပေါင်း ဗုံးပေါက်ကွဲမှု အကြိမ် ၄၈၀ ရှိခဲ့ရပြီဖြစ်ပါသည်။

တရားခံခင်ကျော်သည် ၁၉၈၈ ခုနှစ်တွင် ABSDF သို့ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ABSDF မှ ခွဲထွက် ၍ အဖွဲ့ဝင် ခုနစ်ဦးဖြင့် UNRA အား ဖာပွန်မြို့နယ် လဲဝါကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လ မှစတင်၍ ဖောက်ခွဲရေးသင်တန်းများအား ဖွင့်လှစ်ခဲ့ ပြီး တရားမဝင်အဖွဲ့အစည်းဖြစ်သည့် NUG မှ ခေါင်းဆောင်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ သူဖြစ်ပြီး NDF အဖွဲ့ ၏ နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ ကိုကိုနိုင်(ခ)ဒေါနသည် PDF သင်တန်း အတွက်လိုအပ်သော စစ်အသုံးအဆောင်ပစ္စည်းများ နှင့် ငွေကြေးများ ထောက်ပံ့နိုင်ရေးအတွက် NUG မှ ရည်မွန်၊ ဂျပန်နိုင်ငံမှ ထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း)၊ ပြည်ပရောက် NLD ပါတီဝင်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပေးသူဖြစ် ကာ ထွန်းအောင်ကျော်(ABSDF ဥက္ကဋ္ဌဟောင်း) WAS NDF (National Defence Force)38): ဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ပရောက် NLD အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများထံမှ အကူအညီများရရှိရေးနှင့် NUG အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေရန် စီစဉ်ဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရသည်။

လူငယ်များကို သွေးဆောင်မြှောက်ပင့်ကာ အကြမ်းဖက်သင်တန်းများ တက်ရောက်စေခြင်းကြောင့် တောတွင်း အတိဒုက္ခရောက်ကြသည့် လူငယ်များ၊ အချင်းချင်းပြန်လည်သတ်ဖြတ်ခြင်းခံရ သည့် လူငယ်များ၏ သတင်းဆိုးများကို ကြားသိရ သည့်အခါ အပြစ်မဲ့သည့် နိုင်ငံ့အနာဂတ်လူရွယ်များ ထိခိုက်ဆုံးရှုံးမှုအတွက် မြှောက်ပင့်သွေးဆောင် သူများအား ရွံရှာစက်ဆုပ်မိပါသည်။

ထို့အတူ အကြမ်းဖက်အဖွဲ့အစည်းများဖြစ် သည့် PDF CRPH နှင့် NUG အဖွဲ့တို့ နှင့် တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဆက်သွယ်အားပေး ထောက်ခံခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းများ သည် ရာဇသတ်ကြီးပုဒ်မ ၁၂၃ နှင့်ငြိစွန်း၍ ပြစ်မှု မြောက်သဖြင့် ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ် ကျခံရနိုင်သည်ကိုလည်း လူငယ်လူရွယ်များ သိရှိ စေလိုလှပါသည်။

မတွေးဝံ့စရာ

ပြီးခဲ့သည့်ဇွန်လအတွင်းက လူမှုကွန်ရက်များ တွင် ပျံ့နှံ့ခဲ့သည့် ဇွန်လ ၃၀ ရက် ၊ ဇူလိုင်လ ၁ ရက်နေ့ D Day ဟူသော စကားသံများကို ပြန်လည် ကြားယောင်မိပါသည်။ အကယ်၍များ အကြမ်းဖက်သမားများနှင့် ဆက်စပ်တရားခံများကို နိုင်ငံတော် လုံခြုံရေးတာဝန်ရှိသူများက အားသွန်ကြိုးပမ်း၍  မဖမ်းဆီးနိုင်ခဲ့လျှင် တိုင်းပြည်မည်မျှထိခိုက်သွားမလဲ  မတွေးဝံ့စရာပင်ဖြစ်ပါသည်။ ယခုမူ အဓိကတရားခံ အချို့ကို ဖမ်းဆီးရမိခဲ့၍သာအေးအေးချမ်းချမ်းဖြင့် မိမိတို့ပြည်သူများ နေထိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ဆက်စပ်တရားခံများကို အမြန် ဆုံးရမိစေရေးအတွက် ပြည်သူတို့က ထူးခြားမှု တစ်စုံတစ်ရာ ကြုံလာသည်နှင့် သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်းပေးတိုင်ကြားခြင်းဖြင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပူးပေါင်း ပါဝင်ကြဖို့ လိုအပ်နေပြီဖြစ်ပါသည်။

ဂရိဒဏ္ဍာရီတွင် ပန်ဒိုရာအမည်ရှိ အမျိုးသမီး အတွက် နတ်ဘုရားများက သေတ္တာတစ်လုံးကို ပေးအပ်ခဲ့ဖူးသည်။ ထိုသေတ္တာကို မဖွင့်ရန်လည်း အထပ်ထပ်တားမြစ်ခဲ့ဖူးသည်။ သို့သော် ပန်ဒိုရာ သည် နတ်ဘုရားများပေးအပ်ခဲ့သည့် သေတ္တာအား ဖွင့်ခဲ့ရာ မကောင်းမှုဒုစရိုက်များသည်ကမ္ဘာမြေပေါ် သို့ ပြန့်ကျဲထွက်ကျလာခဲ့သည်။ သေတ္တာအဖုံးကို အလျင်အမြန် ပြန်ပိတ်လိုက်နိုင်သော်လည်း  မကောင်းမှုတို့ကိုကား မတားဆီးနိုင်တော့။ သေတ္တာ အတွင်း မျှော်လင့်ခြင်းဟူသည့် အရာတစ်ခုသာ ကျန်ရစ်ခဲ့သည်ဟု ဆိုကြသည်။

မိမိတို့နိုင်ငံတွင်လည်း ပန်ဒိုရာသေတ္တာကို မဖွင့်ရန် အကြိမ်ကြိမ်တားမြစ်နေသည့်ကြားမှ ဖွင့်သူက ဖွင့်ခဲ့ပြီ။ မကောင်းမှုတို့သည်လည်း ပြန့်ကျဲထွက်ပေါ်လာလျက်ရှိသည်။ မကောင်းမှု အကုသိုလ် ဒုစရိုက်များကို ဖယ်ရှားရန်အတွက် မိမိတို့နိုင်ငံသားများအားလုံး နိုင်ငံအပွန်းအပဲ့ အထိ ခိုက်မခံလိုသည့် နိုင်ငံချစ်စိတ်၊ တည်ငြိမ်အေးချမ်း လိုစိတ်ဖြင့် တွန်းလှန်ဖယ်ရှားကြပါစို့ဟုတိုက်တွန်း လိုက်ရပါတော့သည်။

သော်တာပပလင်း