အာရှအတက် မြန်မာ့အချက်
ဇော်ဇော်အောင် (မန္တလေး)
(၂၁) ရာစုဟာ အနောက်ကမ္ဘာ အကျ။ အရှေ့ကမ္ဘာအတက် ရာစုနှစ်ဖြစ် အကြောင်း စီးပွားရေး၊ နိုင်ငံရေး ပညာရှင် များက ခပ်စိတ်စိတ်ဟောကိန်းထုတ်လာ ကြတဲ့အတိုင်းပဲ အခုနှစ်များမှာ အနောက်ကမ္ဘာရဲ့ နိုင်ငံရေးသြဇာ ကစဉ့်ကလျား ဖြစ်လာခြင်းနဲ့ ကိုဗစ် ကပ်ဘေးကို အကြောင်းပြုတဲ့ စီးပွားရေး ဆိုင်ရာ အကျပ်အတည်းများ ပေါ်ပေါက် ခြင်းကို ကြုံတွေ့နေရပြီဖြစ်ကြောင်း -မျက်ဝါးထင်ထင် မြင်တွေ့လာနေရ ပါတယ်။ ကိုဗစ်ဂယက်ကြောင့် ထိခိုက်ကြရတာ တစ်ကမ္ဘာလုံး ဖြစ်သော်ငြားလည်း နဂိုမူလ ချမ်းသာကြွယ်ဝပြီးသား အနောက်တိုင်း အင်အားကြီးနိုင်ငံများက ပိုထိခိုက်မှု ပြင်းထန်ကြရပါတယ်။ ပညာရှင်များတွက်ချက်ထားတဲ့အထဲမှာ ကိုဗစ်ကပ် ရောဂါကြောင့် ဖြစ်ပေါ်လာရ တဲ့ ပြဿနာတွေ မပါဝင်ပါဘူး။ ကိုဗစ်ကြောင့် အနောက်ကမ္ဘာရဲ့ ပါဝါ ဆုတ်ကပ်ကို ပိုမိုဆိုးရွားစေခဲ့ရပါတယ်။
နန်းစွန့်ရမယ့်အရေး
အခုဆိုရင် အနောက်နိုင်ငံများ အနေနဲ့ အရှေ့ကမ္ဘာဘက်ခြမ်းဆီ ပါဝါချိန်ခွင်လျှာ ပြန်လည်တိမ်းညွတ် ပြောင်းလဲတော့မယ့် အနေအထားကို လို့မရတော့တဲ့ အနေအထားကို တဖြည်းဖြည်း ရောက်လာတာကြောင့် ကမ္ဘာ့သြဇာရှင်ဘဝကနေ နန်းစွန့်ရ မယ့်အရေးကို အသည်းအသန် ကာကွယ် ဖို့ ကြိုးစားနေရပြီ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်နိုင်ငံရဲ့ ကမ္ဘာတစ်ပတ် စီးပွားရေး အစီအမံ မဟာဗျူဟာဖြစ်တဲ့ BR (Belt and Road Initiative) အစီအစဉ်ကို လက်တုံ့ပြန်မယ့် အစီအစဉ်များ စတင် ရေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ဖော် ကြေညာလိုက်တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ စီးပွားရေးကြမ္မာကို ချုပ်ကိုင်ခြယ်လှယ်တာမျိုး လက်မခံ နိုင်ကြောင်းနဲ့ တရုတ်ရဲ့ စီးပွားရေး မဟာဗျူဟာ အစီအမံနဲ့ အပြိုင်ကြဲ တော့မှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ် နဲ့ အိန္ဒိယ) ကို ဗဟိုပြုပြီး ကြီးထွားလာတော့မယ့်အာရှရဲ့ အင်အား ကို စိုးရိမ်ထိတ်လန့်ကြောင်းနဲ့ အနောက် ကမ္ဘာက ရာစုနှစ်နဲ့ချီပြီး ကမ္ဘာ့သြဇာကို လွှမ်းမိုးထားခဲ့တဲ့ အနေအထားကနေ စွန့်လွှတ်ရတော့မှာကို နားလည်နေပြီ ဖြစ်ကြောင်း သိသာစေတဲ့လက္ခဏာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံရဲ့ စီးပွားရေးမဟာဗျူဟာကို ပြိုင်ဆိုင်ဖို့ အခုလို ထုတ်ဖော်ပြောဆို လိုက်တဲ့ အချိန်မှာပဲ အမေရိကန်တို့ရဲ့ အဓိကမဟာမိတ်အုပ်စုဖြစ်တဲ့ ဥရောပ သမဂ္ဂ(EU)ကလည်း ၎င်းတို့ရဲ့ ထိပ်သီး အစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်မြင့်မားတဲ့ BRI (Belt and Road Initiative) အစီအစဉ်ကို ယှဉ်ပြိုင် လုပ်ကိုင်ဖို့ စတင်ဆွေးနွေးကြပါတယ်။ B3W (Build Back Better World) အစီအစဉ်နဲ့ ကမ္ဘာအနှံ့ကို ဖြန့်ကြက်ပြီး ပြန်လည်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် G7 (Canada, France, Germany, Italy, Japan, the United Kingdom and the United States) ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံများ အနေနဲ့ သူတို့ရဲ့ အခြေခံအဆောက်အအုံ များအတွက် တရုတ်နိုင်ငံရဲ့ အကူအညီကို ရယူဖို့ မလိုအပ်ဘဲ ဥရောပသမဂ္ဂရဲ့ အကူအညီအထောက်အပံ့များကို ရယူ လုပ်ကိုင်ကြရေး စတင်စဉ်းစားကြပြီးတော့ တရုတ်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာ လွှမ်းမိုးနိုင်မှုပမာဏကို ကန့်သတ်ဖို့ အားထုတ်လာကြခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ဒီကိစ္စကို လုံးဝ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ချစ်ကြည်ရင်းနှီးမှုရှိရေးနဲ့ အနာဂတ်ကမ္ဘာ့အင် အားများ အနောက်နဲ့ပါ ကောင်းမွန် အခိုင်အမာတည်ဆောက်နိုင် မူဝါဒများကို ချမှတ်ကျင့်သုံး အာရှဒေသ ကြွယ်ဝချမ်းသာ အထူးအခွင့်အရေးကြီးတစ် လက်ခံခြင်းမပြုဘဲ ချက်ချင်းတုံ့ပြန်ပါ တယ်။ အုပ်စုဖွဲ့ထားတဲ့ နိုင်ငံများအစုအဖွဲ့ တစ်ခုခုကနေပြီး ကမ္ဘာ့ကံကြမ္မာကိုခြယ် လှယ်ချုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ကမ္ဘာ့အရေးများကို တစ်ကမ္ဘာလုံးက တန်းတူညီမျှရပ်တည်ပြီး ညှိနှိုင်းဖြေရှင်း ကြရမယ့်အချိန်ကို ရောက်ရှိလာပြီဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။
အများကြီးနောက်ကျ
အမေရိကန်နဲ့ ဥရောပအုပ်စု (အနောက်အင်အားကြီးနိုင်ငံများ) အနေနဲ့ တရုတ်နိုင်ငံရဲ့ ပါဝါကြီးထွားလာမှုကို ဟန့်တားဖို့ အားထုတ်ကြတဲ့ ကိစ္စဟာ အများကြီးနောက်ကျနေတာ တွေ့ရပါ တယ်။ တရုတ်နိုင်ငံအနေနဲ့ အာရှသာမက အာဖရိကနိုင်ငံများ တော်တော်များများ အပြင် ဥရောပနိုင်ငံတချို့နဲ့ပါ ကောင်းစွာ ချိတ်ဆက်လုပ်ကိုင်နေတာဟာ တော်တော် ကြီး ခရီးတွင်နေပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ အဂ္ဂ မဟာနိုင်ငံရေးစီးပွားရေးစီမံကိန်း (Grand political-economic project) ကို ထုတ်ဖော်ကြေညာပြီး စတင်ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၁ ခုနှစ်မှာဆိုရင် နိုင်ငံပေါင်း ၁၇၁ နိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် သဘောတူစာချုပ်များ ချုပ်ဆို ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံနဲ့ နားလည်မှုရယူ ဆောင်ရွက်နေပြီး ဖြစ်သလို အီရန်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှုများကို ၂၀၁၁ ခုနှစ် ကတည်းက တည်ထောင်ထားပြီး ဖြစ်ပါ တယ်။
စီးပွားရေးကွန်ရက်အဖြစ်
တရုတ်-ဗြိတိန် စီးပွားရေးလမ်း elmod: (China-Britain route) ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့ပြီးလည်း ဖြစ်သလို ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံရှိ မြို့ကြီး ၄၈ မြို့နဲ့ ဥရောပ ၄၂ နိုင်ငံကို စီးပွားရေးကွန်ရက်အဖြစ် စတင်ချိတ် ဆက်ထားပြီးလည်း ဖြစ်ပါတယ်။ အလယ် အာရှမှာရှိတဲ့ ကာဇက်စတန်၊ ကာဂျစ် စတန်၊ တာဂျစ်ကစ္စတန်၊ တာကမေ နစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံများနဲ့လည်း BRI ( Belt and Road Initiative) အစီအစဉ်အရ အခိုင်အမာချိတ်ဆက် ထားပြီး ဖြစ်ပါတယ်။ ဒါတင်မကသေးပါ ဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ( အနီးဆုံးဒေသဖြစ်တဲ့ တောင်အမေရိက တိုက်ကိုလည်း တရုတ်နိုင်ငံရဲ့ BR ( Belt and Road Initiative ) နဲ့ ထားပြီးပါပြီ။ ပထမဆုံး သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ တောင်အမေရိကနိုင်ငံ ကတော့ ပနားမားနိုင်ငံဖြစ်ပြီး ဘိုလီဗီး ယား၊ ကျူးဘား၊ ဒိုမီနီကန် သမ္မတနိုင်ငံ အပြင် တောင်အမေရိကနိုင်ငံ တော်တော် syp:/:0» BRI ( Belt and Road Initiative)နဲ့ ချိတ်ဆက်ပြီးပါပြီ။ အာရှမှာတော့ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိ လင်္ကာ၊ ပါကစ္စတန် နဲ့ တခြားနိုင်ငံ တော်တော်များများဟာ နားလည်မှုရ ယူထားပြီးဖြစ်နေကြပါပြီ။
ခြေကုပ်ရယူထား
ဒါကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ကျကျနနအစီအစဉ်များ ရေးဆွဲချမှတ် ဆောင်ရွက်ခဲ့တဲ့တရုတ်နိုင်ငံရဲ့ စီးပွားရေး အစီအစဉ်ကြီးဟာ အခုဆိုရင် ကမ္ဘာအနှံ့ မှာ ကောင်းစွာ ခြေကုပ်ရယူထားပြီး ဖြစ်သလို ဒီစီမံကိန်းရဲ့ မူဝါဒများကလည်း ယေဘုယျအားဖြင့် တစ်ကမ္ဘာလုံးအတူ တကွ ကြွယ်ဝချမ်းသာရေးနဲ့ ငြိမ်းချမ်း သာယာဝပြောရေးကို အခြေခံထားပြီး တော့ အနောက်ကမ္ဘာက ပြီးခဲ့တဲ့ရာစု နှစ်အတွင်း ကြံစည်ဆောင်ရွက် ခဲ့သလို တစ်ကမ္ဘာလုံးကို ခေတ်သစ်ကိုလိုနီစနစ်နဲ့ လွှမ်းမိုးချုပ်ကိုင်ရေး အစီအစဉ်မျိုး မဟုတ်တာကြောင့် တရုတ်တို့က နှာတစ် ဖျား အသာစီးရနေပါတယ်။ ကိုဗစ်ကပ် ရောဂါကမ္ဘာအနှံ့ ပျံ့နှံ့လို့ တစ်ကမ္ဘာလုံး အကျပ်အတည်း ကြုံတွေ့နေကြတဲ့ကာလ မှာပင်လျှင် တရုတ်တို့ဟာ သူတို့ရဲ့ မဟာ ဗျူဟာမြောက် အနာဂတ်ဦးတည်ချက် (Strategic Vision) do BRI ( Belt and Road Initiative)ကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော် နေကြောင်း အထင်အရှားမြင်တွေ့ရပါတယ်။
တခြားသော အာရှတစ်လွှားက ပါဝါ များကို လေ့လာသုံးသပ်ကြည့်လိုက်ရင်လည်း သိပ်ပြီးတော့ အင်အားနည်းလာ တာမျိုး သိပ်မတွေ့ရပါဘူး။ အင်မတန် အင်အားကြီးမားပြီးတော့ အမေရိကန် ပြည်ထောင်စုကို အထူးသဖြင့် ပခုံးချင်း ယှဉ်ရင်ဆိုင်ဖို့ အမြဲကြိုးစားနေတဲ့ ရုရှား နိုင်ငံဆိုရင် (၂၁) ရာစုထဲရောက်လာတဲ့ အချိန်မှာ အမေရိကန်တို့ကိုအရင်ကထက် ပိုမိုခြိမ်းခြောက်လာနိုင်တာ တွေ့ရသလို စီးပွားရေးအရလည်း တည်တည်ငြိမ်ငြိမ် ရှိနေတာ တွေ့ရပါတယ်။ နောက်တစ်ခါ များမကြာမီမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ခန့်မှန်းထား ကြတဲ့ အိန္ဒိယနိုင်ငံဟာဆိုရင်လည်း တရုတ်နဲ့အပြိုင် စီးပွားရေးအရ တိုးတက် နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ နည်းပညာအရာမှာ တော်တော်လေး အဆင့်မြင့်တဲ့အနေအထားရှိနေပြီးတော့ နည်းပညာရာစုနှစ်ဖြစ်တဲ့ (၂၁) ရာစုမှာ တရုတ်ပြည်နဲ့ မတိမ်းမယိမ်းဖွံ့ဖြိုးလာဖို့ သေချာသလောက်ရှိနေပြီး အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအင်အားကို နှစ်နိုင်ငံစလုံးက များမကြာမီ သေချာ ပေါက် ကျော်လွှားမြင့်တက်သွားကြ တော့မှာလည်းဖြစ်ပါတယ်။
အာရှတိုက်မှာ နဂိုက တိုးတက် ဖွံ့ဖြိုးပြီးသားဖြစ်တဲ့ အာရှကျား နိုင်ငံ များ၊ တစ်ချိန်က ကမ္ဘာ့ဒုတိယအင်အား အကြီးမားဆုံးဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံအပြင် များမကြာမီဆယ်စုနှစ်များမှာ ဒေသ တွင်း အင်အားကြီးနိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်တော့မယ့် အင်ဒိုနီးရှား နိုင်ငံလည်း ရှိနေပါသေးတယ်။ မြန်မာ နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်နေတာဖြစ်ပြီး အာရှကျားနိုင်ငံ အများအပြားပါဝင်နေတဲ့ အာဆီယံအဖွဲ့ ကြီးရဲ့ စီးပွားရေးအင်အားနဲ့ ရှေ့အလား အလာကလည်း အလွန်ကောင်းမွန်တဲ့ အနေအထားမှာ အခိုင်အမာရပ် တည် နေတာဖြစ်ပါတယ်။ အထူးခြားဆုံး အချက်ကတော့ (၂၁) ရာစုမှာ အင်အား အကြီးမားဆုံးဖြစ်လာတော့မယ့်တရုတ် နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိနေတဲ့ အိမ်နီးချင်းနိုင်ငံ များဖြစ်ရုံမက မြန်မာနိုင်ငံနဲ့ အဲဒီ နှစ်နိုင်ငံစလုံးကြားမှာလည်း ကောင်း မွန်တဲ့ဆက်ဆံရေးကို အခိုင်အမာတည် ဆောက်ထားပြီးသား ဖြစ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ တရုတ် နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ အာဆီယံနိုင်ငံ များအားလုံးနဲ့ တစုတစည်းတည်း ရှိနေပြီး အဲဒီနိုင်ငံများအားလုံးမှာရှိတဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေတစ်ဝက် နီးပါးရှိပြီးတော့ မြန်မာ့စီးပွားရေးကို အားကောင်းမောင်းသန် ဖြစ်အောင် တွန်းတင်နိုင်ဖို့အတွက် ပထဝီနိုင်ငံ ရေးကပေးထားတဲ့ အဆမတန်ကြီးမား တဲ့ ဈေးကွက်ကြီးအဖြစ်လည်း အနီးကပ် ဆုံးမှာ ဝိုင်းရံတည်ရှိနေတာဖြစ်နေပြန် ပါတယ်။
ကြိုးစားကြစေလို
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ကလည်း နဂိုကတည်းက နိုင်ငံများ အားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုရှိရေးနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို အခြေခံ ထားတာဖြစ်တာနဲ့အညီ အန၁ဂတ် ကမ္ဘာ့အင်အားများ စုစည်းတည်ရှိနေတဲ့ နိုင်ငံတစ်ခုအဖြစ် အရှေ့နဲ့ရော အနောက်နဲ့ပါ ကောင်းမွန်စွာ ကူးလူး ဆက်ဆံနိုင်မယ်ဆိုရင်၊ နိုင်ငံတည်ငြိမ် ရေးကို အခိုင်အမာတည်ဆောက်နိုင်ပြီး တော့ ထိရောက်တဲ့စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများကို ချမှတ်ကျင့်သုံးနိုင်မယ်ဆိုရင် ကိုဗစ်ကပ် ရောဂါ ပြဿနာအလွန်ကာလ အာရှ ဒေသ ကြွယ်ဝချမ်းသာလာတော့မယ့် အခြေအနေသစ်ဟာ မြန်မာနိုင်ငံ အတွက် အထူးအခွင့်အရေးကြီးတစ်ရပ် အဖြစ် သေချာပေါက် ဖြစ်တည်လာနိုင် ပြီးတော့ မြန်မာနိုင်ငံသည်လည်း ဒေသ တွင်းမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံအဖြစ် သေချာပေါက်ရောက်ရှိနိုင်မှာမို့ နိုင်ငံ သားများအားလုံးက စည်းလုံးညီညွတ် စွာနဲ့ အထူးနိုးကြားစွာကြိုးစားကြစေ လိုပါကြောင်းတိုက်တွန်းနှိုးဆော်လိုရင်း ဖြစ်ပါတယ်။