Skip to main content

ပြည်ထောင်စုဂုဏ်ဆောင် နိုင်ငံတော်၏ရတနာ သားကောင်းသမီးမွန်များ နာဂစ်မုန်တိုင်းကြားမှ စေတနာဖခင် ကရုဏာရှင် သူနာပြု ဦးစနိုင်နိုင်ထွန်း

မြန်မာနိုင်ငံနှင့် နာဂစ်မုန်တိုင်း ဧရိယာအကျယ်အဝန်း ၂၆၁၂၂၈ စတုရန်းမိုင် (၆၇၆၅၇၈ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကုန်းမြေ ဧရိယာ ဒုတိယအကြီးမားဆုံးဖြစ်ပြီး မြေပြင် တစ်ဆက်တည်းအကျယ်အဝန်းအရ အကြီးမားဆုံး နိုင်ငံဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အမှတ်စဉ် (၄၀)မြောက် အကြီးဆုံးနိုင်ငံလည်းဖြစ်၍ ကုန်းမြေ ဧရိယာကြီးမားကျယ်ပြန့်သကဲ့သို့ နိုင်ငံပတ်ပတ် လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသော ပင်လယ်ကမ်းရိုးတန်းအလျားမှာ ရခိုင် ပြည်နယ် နတ်မြစ်ဝမှတနင်္သာရီတိုင်းဒေသကြီးကော့သောင်း အထိ ၁၁၉၉ မိုင် (၁၉၃၀ ကီလို မီတာ) (ရေမိုင် နယ်နိမိတ် ၁၃၈၅ မိုင်) ရှည်လျားပါသည်။ ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြား တည်ရှိပြီး အာရှတိုက်၏ မုတ်သုံရပ်ဝန်းအတွင်း ကျရောက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ရာသီဥတု မှာ အပူပိုင်းမုတ်သုံရာသီဥတု ဖြစ်သည်။ နိုင်ငံ၏ အနောက်တောင်ဘက်နှင့် တောင်ဘက်ရှိ ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်တို့မှ တိုက်ခတ် သော လေကြောင်းနှင့် လေဖိအားအခြေအနေများ ကြောင့် မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသည့်အပြင် အချို့ နှစ်များတွင် မုန်တိုင်းများ ပြင်းထန်စွာ ကျရောက်လေ့ရှိရာ ကမ်းရိုးတန်းဒေသများသည် မုန်တိုင်းဒဏ်ကို အများဆုံး ကြုံတွေ့ရလေ့ ရှိသည်။ ဤကဲ့သို့ကျရောက်သော မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် သမိုင်းတစ်လျှောက် မြန်မာ နိုင်ငံတွင် ပေါ်ပေါက် ကြုံတွေ့ခဲ့ရသော သဘာဝ ဘေးအန္တရာယ်များအနက် အဆိုးရွားဆုံး၊ အကြမ်း တမ်းဆုံးဖြစ်ခဲ့ ပါသည်။ မုန်တိုင်းစတင်မှုနှင့် အဆင့်ဆင့် တိုးတက်မြင့်မားလာမှု ၂၀၀၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့၌ ဘင်္ဂလား ပင်လယ်အော်တွင် စတင်ဖြစ်ပေါ်ခဲ့သော နာဂစ် ဟု အမည်သတ်မှတ်ထားသည့် မုန်တိုင်းတစ်ခုသည် ဧပြီလ ၂၈ ရက်နေ့ ကမ္ဘာ့လေထုထဲ၌ ယင်း၏ လေဖိအားကြီးရာရပ်ဝန်း အနောက်မြောက်နှင့် အရှေ့တောင်အကြား ရှိနေစဉ်အတွင်း ငြိမ်သက် လု နီးပါးရှိနေခဲ့သည်။ ထိုနေ့တွင် JTWC (Joint Typhoon Warning Center) Soodu? အဆိုပါ မုန်တိုင်းကို လေပြင်းမုန်တိုင်းအဆင့်မှ ဆိုင်ကလုန်း အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး IMD (India Meteorological Department) လည်း လေပွေလေပြင်းမုန်တိုင်းအကြီးစားတစ်ခု အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်ခဲ့စဉ် မုန်တိုင်းအဆင့်သည် ဆာဖာ - ဆင်မ်ဆန် ဟာရီ 8&cocos (Saffir-Simpson hurricane scaleSSHS) အရ အသေးငယ်ဆုံး ဟာရီကိန်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ဧပြီလ ၂၉ ရက်နေ့ အစောပိုင်း၌ JTWC က နာဂစ်မုန်တိုင်း၏ လေတိုက်ခတ်နှုန်းမှာ တစ် နာရီလျှင် ကီလိုမီတာ ၁၆ဝ (၁နာရီလျှင် မိုင် ၁၀၀) နှုန်းရှိမည်ဟုခန့်မှန်းခဲ့ပြီး တစ်ချိန်တည်းတွင် IMD ကလည်း အလွန်ပြင်းအားကြီးမည့် လေပွေမုန်တိုင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့ပါသည်။ မုန်တိုင်းစတင် ဖြစ်ပေါ်ချိန်တွင် ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယ နိုင်ငံ အရှေ့တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ် မည်ဟု ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ခြောက်သွေ့လေထုနှင့် ကျွံဝင်မှုကြောင့် မူလလမ်း ကြောင်းမှ ပြန့်ကျဲလာခြင်း၊ အကျိုးဆက်အားဖြင့် မုန်တိုင်းဗဟိုတစ်ဝိုက် နက်ရှိုင်းသော အပူစီးကူးမှု သိသာစွာလျော့ကျသွားခြင်းတို့ ဖြစ်ပေါ်စေခဲ့ပါသည်။ ဒီဗိုရက်ခ်နည်းပညာ (Dvorak technique) သုံး ဂြိုဟ်တုဖြင့် ပြင်းအားတိုင်းတာမှုအရ လေပွေ မုန်တိုင်းသည် အပူပိုင်းဒေသမုန်တိုင်းအဆင့်သို့ လျော့ကျသွားကြောင်း ဖော်ပြခဲ့သော်လည်း ဧပြီလ ၂၉ ရက်နေ့ နောက်ပိုင်းတွင် အပူစီးကူးခြင်းများ ပြန်လည်ဖြစ်ပေါ်လာသကဲ့သို့ ကမ္ဘာ့လေထုထဲ၌ မုန်တိုင်း၏ လေဖိအားကြီးရာ ရပ်ဝန်းတစ်လျှောက် အဖျားပိုင်းသည် အရှေ့မြောက်ဘက်မှ အရှေ့တောင် ဘက် (မြန်မာနိုင်ငံ) ဆီသို့ ရွေ့လျားမှု စတင်ဖြစ်ပေါ် ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့တွင် မုန်တိုင်းသည် ( အရှေ့ဘက်တည့်တည့်သို့ ဆက်လက် ရွေ့လျားခဲ့ပြီးနောက်ပိုင်း လေဖိအားနည်းရပ်ဝန်းအမြင့်ပိုင်းသို့ နီးကပ်လာသည်နှင့်အမျှ မုန်တိုင်း ရွေ့ လျားမှုနှင့် ပြင်းအားသည် လျင်မြန်စွာ တိုးတက်မြင့်မားလာခဲ့ သည်။ အချင်း ၁၉ မီတာ (၁၂ မိုင်)ရှိသော မုန်တိုင်း၏ မျက်စိနံရံမှာ ထင်ရှားမြင်သာလာသည်နှင့်အမျှ ပိုမို အင်အားကြီးမား လာခဲ့သည်။ မုန်တိုင်းဦးတည်ရာလမ်းကြောင်းတွင်ကျရောက် လျက်ရှိသည့် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသရှိ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် အလျား ကီလို မီတာ ၂၉ဝ နှင့် အနံ မီတာ ၂၄၀ကျယ်ဝန်းပြီး လူဦးရေ သုံးသန်းကျော်ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၆ ခုနှစ် တွင် မာလာ(Mala) မုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် ဆီဒါ (Sidr)နှင့် ဂိုနု (Gonu) စသည့် အပူပိုင်းမုန်တိုင်းများကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေမြဲဖြစ်သည့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် ရာဝတီမြစ်ဝကျွန်းပေါ်ဒေသ များ သည် အဆိုပါအပူပိုင်းမုန်တိုင်းများထက် ပြင်းအားများစွာကြီးမားပြီး သမိုင်းတွင် အကြီးမား ဆုံးပြင်းအားအဆင့် (၄) သဘာဝဘေးအန္တရာယ် မုန်တိုင်းကြီးနှင့် ကြုံတွေ့ရမည့်အခြေအနေ အပေါ်မျှော်မှန်းပြင်ဆင်နိုင်မှု၊ မုန်တိုင်းသတိပေးချက် များအပေါ် အလေးထားမှုများ အားနည်း ခဲ့ရ ပါသည်။ မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်မှု မေလ ၂ ရက်နေ့ အစောပိုင်း၌ JTWC က မြန်မာနိုင်ငံကမ်းရိုးတန်းသို့ နီးကပ်လာသည်နှင့် အမျှ နာဂစ်မုန်တိုင်း၏ လေတိုက်ခတ်နှုန်းမှာ တစ်နာရီလျှင် ၂၁၅ ကီလိုမီတာ (တစ်နာရီလျှင် ၁၃၅မိုင်) နှုန်းအထိ ရောက်ရှိနိုင်ကြောင်းနှင့် ပြင်းအား အဆင့် (၄) မုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပြီး တစ်ချိန် တည်းတွင် IMD ကလည်း အမြင့်ဆုံးလေတိုက်ခတ်မှု နှုန်း တစ်နာရီလျှင် ၁၆ ကီလိုမီတာ (တစ်နာရီလျှင် ၁၀၅ မိုင်)နှုန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ မေလ ၂ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၁၂ နာရီ ခန့်တွင် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ကုန်းတွင်းပိုင်းသို့ အမြင့် ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၆၅ ကီလိုမီတာ(3 minute sustained) opp oc$80 (1 minute sustained) (တစ်နာရီ ၁၀၅ မိုင်မှ မိုင် ၁၃၀)နှုန်းထား၊ အနိမ့်ဆုံးလေဖိအား ၉၆၂ mbar (hPa) ၂၈ ဒသမ ၄၁ (inHg) ဖြင့် ပြင်းထန်စွာ ဝင်ရောက်လာခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ နာဂစ်မုန်တိုင်း ကြီး ဝင်ရောက်လာချိန်တွင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းတိုက်နယ်ရှိ ၁၆ ခုတင်ဆံ့ဆေးရုံတွင် အထက်တန်းသူနာပြု ဦးစနိုင်နိုင်ထွန်း တာဝန် ထမ်းဆောင်လျက်ရှိနေခဲ့ပါသည်။ ။ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဖလော်ရင့် နိုက်တင်ဂေးဆုရှင်ဖြစ်လာမည့် ဗုဒ္ဓဘာသာဝင် ပိုးကရင်တိုင်းရင်းသား ဦးစနိုင်နိုင်ထွန်းကို ဧရာ ဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော် မြို့နယ် ပေပင်တောင်ကျေးရွာ ရွာမ (၁) တွင် အဘ ဦးထွန်းမြင့်၊ အမိဒေါ်ဘုမတို့၏ မွေးချင်းသားသမီး ရှစ်ဦးအနက် ငါးဦးမြောက်သားအဖြစ် ၂၂-၃-၁၉၇၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီးနောက် အဝေးသင်တက္ကသိုလ် ပုသိမ်ဌာနခွဲတွင် သတ္တဗေဒ အဓိကဖြင့် တက်ရောက်ခဲ့စဉ် ဝါသနာပါသော ကျောင်းဆရာအလုပ်နှင့် သူနာပြုအလုပ်တစ်ခုခုကို ရွေးချယ်ရန် ရည်ရွယ်ထားခဲ့ရာမှ သူနာပြုသင်တန်း ဝင်ခွင့်ဖြေဆိုအောင်မြင်ပြီး ပုသိမ်မြို့ရှိသူနာပြုနှင့် သားဖွားသင်တန်းကျောင်း တွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ သုံးနှစ်သင်တန်း တက်ရောက် အောင်မြင်ခဲ့သည်။ သင်တန်းပြီးဆုံး အောင်မြင်ပြီးနောက် လုပ်ငန်းခွင်မဝင်မီကာလ၌ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနနှင့် ခွဲစိတ်ဌာနတို့တွင် သူနာပြုစုခြင်းလုပ်ငန်း လက်တွေ့ သင်ယူရင်း တစ်ဖက်၌ ရန်ကုန်အဝေး သင်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာအဓိကဖြင့် တက်ရောက်နေခဲ့သည်။ ၂၀၀၄ ခုနှစ် ဩဂုတ်လ တွင် မအူပင်အထွေထွေရောဂါ ကုဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်ရန် အမိန့်စာရရှိခဲ့ပြီး ၅-၈၂၀၀၄ ရက်နေ့မှစတင်၍ လုပ်ငန်း ခွင်ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံသို့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ရုံးအမိန့်ဖြင့် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းတိုက်နယ်ရှိ ၁၆ ခုတင်ဆံ့ဆေးရုံတွင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန်နှင့် အထက်တန်းသူနာပြုရာထူး သို့ တိုးမြှင့်ခန့်ထားသည့် အမိန့်စာကိုလက်ခံ ရရှိခဲ့ သည်။ ဆရာစနိုင်နိုင်ထွန်းသည် ရာထူးတိုး အမိန့်ကြောင့် ဝမ်းသာရသလို ၂၀၀၄ ခုနှစ်မှ စတင် ၍ သစ်လွင်သူနာပြုဆရာ အဖြစ် တာဝန်ထမ်းဆောင် ခဲ့သော မိခင်ဆေးရုံကြီးဖြစ်သည့်မ အူပင်အထွေထွေ ရောဂါကု ဆေးရုံကြီး နှင့် လုပ်ဖော်ကိုင်ဖက်များကို ခွဲခွာရမည်ဖြစ်၍လည်း ဝမ်းနည်းရပြန်သည်။ ရာထူးတိုးပြောင်းရွှေ့ အမိန့် ရရချင်း ပန်းတနော်ပေပင်တောင်ရွာရှိ အပါးနှင့် အမိုးထံ ဖုန်းဆက် အကြောင်းကြား သည်။ မိသားစုဝင်များက ရာထူး တိုးသည်ကို ဝမ်းသာပေမယ့် ဟိုင်းကြီးကျွန်းကို ပြောင်းရမည်ဆို သည်ကိုတော့ မပြောင်း ရန် တားမြစ် ခဲ့သည်။ မသွားရန်တားမြစ်သည့် လုပ်ဖော်ကိုင်ဖက် အချို့ ရှိသလို လူကြီးများနှင့် အချို့ သူငယ်ချင်းများက တော့သွားရောက် တာဝန် ထမ်းဆောင်ရန် အားပေး ကြသည်။ ဟိုင်းကြီးကျွန်းဆိုသည်က ပင်လယ်ဝ တွင် တည်ရှိပြီး မုန်တိုင်းရန်များ အမြဲကြုံတွေ့နေရ သည့်နေရာကိုး။ သူကိုယ်တိုင် ဧရာဝတီတိုင်းသားတစ်ယောက်ဖြစ် ပေမယ့် ဟိုင်းကြီးကျွန်းကိုတော့ တစ်ခါတစ်ခေါက် မှ မရောက်ဖူးခဲ့သည့်အတွက် နေရာဒေသ အသစ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ချီတုံချတုံဖြစ်ခဲ့မိသည်။ နောက်ဆုံးတော့ ဝန်ထမ်းဆိုတာ ကျရာ တာဝန်ကို ဒေသမရွေး သွားရောက်တာဝန်ထမ်း ဆောင်ရမှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားပေး ဆုံးဖြတ်ရင်း မအူပင်မှ ပုသိမ်-ငပုတော အဆင့်ဆင့် ထွက်ခွာလာခဲ့ပြီး ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံ သို့ ၂-၁-၂၀၀၈ ရက်နေ့တွင် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဟိုင်းကြီးကျွန်းဆေးရုံ သို့ ရောက်ရှိပြီး နောက်ထပ်ငါးလအကြာတွင် သူ့ ဘဝတစ်သက်တာလုံး ဘယ်တော့မှ မေ့ပျောက်လို့ ရမည်မဟုတ်တော့သည့် ပြင်းအားအဆင့်(၄) ရှိပြီး သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်သည့် နာဂစ်မုန်တိုင်းကြီးတိုက်ခတ်မှုနှင့် ကိုယ်တိုင်ရင်ဆိုင် ကြုံတွေ့ရတော့မည်ကို အဲဒီတုန်းကတော့ ဘယ်လို လုပ် မှန်းဆနိုင်ခဲ့ပါ့မလဲ။ သူကိုယ်တိုင်သာမက ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူ များအားလုံးကပါ မိမိတို့ကိုယ်စီ နေထိုင်ဖြတ်သန်း နေရသည့် လူ့ဘဝတာမှာ ကြီးမားပြင်းထန်သည့် သဘာဝဘေးရန်ကြီးတစ်ခု ရောက်ရှိလာမည်ကို ကြိုတင်မသိမြင်နိုင်ခဲ့ကြပါ။ ၂၀၀၈ ခုနှစ် မေလ၂ ရက်နေ့မတိုင်မီ၌ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်အစီအစဉ်က ထုတ်လွှင့်လျက်ရှိသည့် မြန်မာ့ပင်လယ်ပြင်တွင် လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေကြောင်း၊ မေလ ၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်း ငယ်အဖြစ် ပြောင်းလဲပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာမည် ဖြစ်ကြောင်းနှင့် ထိုမုန်တိုင်းသည် မြန်မာ့ ပင်လယ်ပြင်အတွင်းရှိ သမီးလှကျွန်းအနီး မိုင် ၂၀၀ တွင် ပင်လယ်ပြင်ကို ဗဟိုပြု၍ အရှေ့တောင်ဘက် သို့ ရွေ့ လျားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ကို ကြားသိခဲ့သည် စင်စစ် မုန်တိုင်းဗဟိုပြုနေကြောင်း သတင်း ထုတ်ပြန်ထားသည့် သမီးလှကျွန်း (လိပ်ကျွန်း) သည် ဆရာ စနိုင်နိုင်ထွန်း ရောက်ရှိနေရာ ဟိုင်းကြီး ကျွန်းနှင့် ရေမိုင် ကိုးမိုင်သာ ဝေးကွာသည့်အတွက် အထူးစိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ သို့ရာ တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေမှုနှင့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲဝင်ရောက်လာမည် ဟူသော သတိပေးသတင်းမှာ ဒေသခံပြည်သူများ အနေဖြင့် တစ်သက်တာလုံး ကြားလာခဲ့သော သာမန်မိုးလေဝသသတင်းတစ်ပုဒ်အဖြစ် သဘော ထားခဲ့ကြရာ မယုံနိုင်ဖွယ်ကြုံတွေ့ရမည့် ကြေကွဲ ဖွယ်ရာ မုန်တိုင်းနေ့အတွက် လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများ အားနည်း စေခဲ့သည်။ ၂-၅-၂၀၀၈ ရက်နေ့ ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံ ၊ မေလ ၂ ရက်(သောကြာနေ့) နံနက်ပိုင်း သည် ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံအတွက် ပုံမှန်နေ့ တစ်နေ့ဖြစ်သည်။ ထိုနေ့နံနက်ပိုင်း၌ ဆေးရုံတွင် တာဝန်ကျဝင်ရောက်လာသော အထက်တန်း သူနာပြု ဆရာ စနိုင်နိုင်ထွန်းသည် မွေးလူနာ နှစ်ဦး ကို အောင်မြင်စွာမွေးဖွားပေးခဲ့ပြီး မိခင်ရော ကလေးငယ်များပါ ကျန်းမာလျက် ရှိနေကြသည်။ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံဖြစ်သော်လည်း ဆေးရုံအတွင်း၌ မွေးလူနာ၊ ဖျားနာလူနာ၊ ခွဲစိတ် လူနာများနှင့် ငါးနှစ်အောက်ကလေးငယ်များ အပါ အဝင် လူနာ ၂၆ ဦး ဆေးကုသမှု ခံယူလျက်ရှိသည်။ ခွဲစိတ်လူနာများမှာ အစာအိမ်ရောင် လူနာ၊ အူ အတက်ရောင်လူနာနှင့် အဆုတ်ပြည်တည်နာ ဖောက်ထားသည့် လူနာများပါဝင်ပြီး အဆုတ်ပြည် တည်နာ ဖောက်ထားသည့်လူနာ အမျိုးသမီးကြီးမှာ ချို့တဲ့နွမ်းပါးသည့် လူနာအမေကြီးတစ်ဦး ဖြစ်သည်။ နံနက်ပိုင်းတာဝန်ချိန်စတင်ချိန်တွင် တာဝန် လွှဲပြောင်းလက်ခံပြီးနောက်လူနာအဆောင်အတွင်း သန့်ရှင်းရေးဆောင်ရွက်ထားမှုများကို လိုက်လံ စစ်ဆေးခဲ့ပြီး လူနာများ သွေးပေါင်ချိန်ချိန်၍ မှတ်တမ်းတင်ခြင်း၊ ဖျားနာလူနာကို အပူသက်သာ စေရန် ရေပတ်တိုက်ပေးခြင်း၊ အဝတ်လဲပေးခြင်းများ ဆောင်ရွက်ပေးနေစဉ် နံနက် ၉ နာရီတွင် ကောင်းကင် တစ်ခုလုံးမည်းမှောင်ပြီး လေပြင်းများ စတင်တိုက်ခတ် လာခဲ့သည်။ ဟိုင်းကြီးကျွန်းအနီးမှ မုန်တိုင်းဖြတ်ကျော်မည် ဖြစ်ကြောင်း မိုးလေဝသကြိုတင်သတိပေး သတင်း ကြားသိထားခဲ့သည့်အတွက် ဆရာစနိုင်နိုင်ထွန်း သည် မြို့နယ်ခွဲဆရာဝန်ကြီးဆရာ ဦးဇော်အောင်ထံသို့ သတင်းပို့တင်ပြခဲ့ပြီး ဆေးရုံအတွင်းရှိ အဖိုးတန် စက်ကိရိယာများဖြစ်သော ဓာတ်မှန်ရိုက်စက်၊ သွေးလွန်တုပ်ကွေးရောဂါတိုင်းစက်၊ အောက်ဆီဂျင် ပေးစက်နှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများကို စုစည်း၍ အမြင့်သို့တင်ခြင်း၊ မိုးကာစများ ဖုံးအုပ်ခြင်း တို့ကို သူနာပြုညီငယ် ကိုသန်းထွန်းနှင့်အတူဆောင်ရွက်ခဲ့သည်။ (သို့ရာတွင် ပြင်းထန်သော မုန်တိုင်းကြောင့် အဆိုပါဆေးရုံသုံးစက်ပစ္စည်း ကိရိယာများမှာ မုန်တိုင်းကာလအတွင်း ပျက်စီးဆုံးရှုံး ခဲ့ရပါသည်။) ထို့နောက် အမျိုးသား လူနာဆောင်၊ အမျိုးသမီးလူနာဆောင်နှင့် သားဖွားဆောင်ရှိ လူနာများ၊ လူနာစောင့်များသို့ မုန်တိုင်းသတိပေးချက်များ လိုက်လံအသိပေးပြီး အဖိုးတန်ပစ္စည်းများ သိမ်းဆည်းထားကြရန်၊ မကြောက်ကြရန် အားပေး စကားပြောကြားခဲ့သည်။ ထိုသို့ လိုက်လံပြောကြားနေစဉ်မှာပင် မုန်တိုင်း မှာ တဖြည်းဖြည်းအားကောင်းလာပြီး ဆေးရုံ ဝန်ထမ်း မိသားစုများပါ အထုပ်အပိုးများဖြင့် ဆေးရုံအတွင်းအပြေးအလွှား ဝင်ရောက်ခိုလှုံ လာခဲ့ကြသည်။ ဆေးရုံ ဝန်းကျင်ရှိသစ်ပင်များ၊ အုန်းပင်များလဲကျပြီး ဆေးရုံ သွပ်မိုးများ လန်ထွက်ပြုတ်ထွက်မှုများ စတင်ဖြစ်ပေါ် လာခဲ့သည့်အတွက် အမိုးသွပ်ပြား၊ သစ်သားထုပ် တန်း၊ မျက်နှာကြက်များ ပြုတ်ကျလာပါက မထိခိုက် စေရန် လူနာများ၊ လူနာစောင့်များနှင့် မိသားစုများကို လတ်တလော၌ ဆေးရုံခုတင်များအောက်တွင် ဝင်နေကြရန် ပြောကြားပြီး မုန်တိုင်းအခြေအနေ ကိုလည်း ဆက်လက်စောင့်ကြည့်နေခဲ့သည်။ မုန်တိုင်းသတိပေးချက်အရ လေတိုက်နှုန်း တစ် နာရီလျှင် မိုင် ၈၀ တိုက်ခတ်မည်ဟု သိထားခဲ့သော် လည်း နောက်ဆုံးနားထောင်လိုက်ရသော မြန်မာ့ အသံရေဒီယိုသတင်းအရ မုန်တိုင်းတိုက်ခတ်မှုမှာတစ်နာရီလျှင် မိုင် ၁၀၀ အထက်ရှိမည်ဖြစ်ပြီး ဒီရေအမြင့် ငါးပေကျော် အထိ မြင့်တက် လာနိုင်ကြောင်း သိလိုက် ရသည်။ ထိုသို့သိလိုက်ရသည်နှင့် ဆရာ စနိုင်နိုင်ထွန်း သည် ခုတင်များအောက်တွင် ပုန်းခိုနေကြသော လူနာများ၊ လူနာစောင့်များနှင့် မိသားစုများကို ခုတင်အောက်မှထွက်၍ အမြင့်နေရာများသို့ တက်ပြီး နေရာယူကြရန် ပြန်လည်ပြောဆိုရပြန်သည်။ ထိမှန်နာကျင်စေသော မုန်တိုင်းမိုးစက်များ မေလ၂ ရက်နေ့ နေ့လယ်ပိုင်းမရောက်မီမှာပင် အလင်းရောင်ပျောက်ကွယ်သွားပြီး မိုးကောင်းကင် တစ်ခုလုံး မှောင်မည်းလာမှုနှင့်အတူ လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းမိသားစုများ အားလုံးမှာ ထွက်ပြေးတိမ်းရှောင်ရန် နေရာလည်း မရှိတော့ဘဲ ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံအတွင်း ပိတ်မိနေကြပြီ ဖြစ်သည်။ ပင်လယ်ပြင်အတွင်း လှိုင်း အမြင့် ၁၂ ပေအထိ တိုက်ခတ်နေသော မုန်တိုင်း ကြောင့် မွန်းလွဲ၁ နာရီခန့်တွင် ဆေးရုံအဆောင်များ အတွင်း တရိပ်ရိပ်ဝင်ရောက်လာသော ပင်လယ် ဒီရေလှိုင်းများမှာ ဒူးဆစ်နေရာမှ ခါးအထိ မြင့်တက် လာခဲ့သောအခါ ဆရာစနိုင်နိုင်ထွန်းသည် လူနာစောင့် အမျိုးသားများနှင့်အတူ လူနာခုတင် များကို တစ်လုံး အပေါ် တစ်လုံးဆင့်၍ အရေးကြီးလူနာများကို ခုတင်ပေါ်တင်ပေးခဲ့သည်။ ထိုသို့ လူနာများ ရေလွတ်စေရေးအတွက် ခုတင် များဆင့်၍ တင်နေစဉ် အရေးထဲအရာ ပေါ်ဆိုသကဲ့သို့ ဆေးရုံအထွေထွေလုပ်သား အမျိုးသမီးတစ်ဦး၏ ကျောပြင်ပေါ်သို့ ခေါင်မိုး သစ်သား တန်းတစ်ချောင်း ပြုတ်ကျမှုကြောင့် ထိုအမျိုးသမီးလုပ်သားမှာ သတိ လစ်မေ့မြောပြီး ဆေးရုံကြမ်းပြင် ရေပြင်အတွင်း လဲကျသွားခဲ့သည်။ ဆေးရုံအတွင်း ဝင်ရောက်လာနေသော ဒီရေလှိုင်းများအကြား ကစဉ့်ကလျားဖြစ်နေကြ သည့် အခြေအနေတွင် ဆရာစနိုင်နိုင်ထွန်းသည် သတိလစ်ရေမွန်းနေသည့် အမျိုးသမီးလုပ်သားအား ပခုံးပေါ်ထမ်းတင်၍ ခန္ဓာကိုယ်အတွင်း ဝင်သွားသော ရေများ ပြန်အန်ထွက်လာစေရန် ပြန်လည်ပြုစုပေးနိုင် ခဲ့သည့်အတွက် မေ့မြော လူနာကို ပြန်လည်သတိရ လာစေခဲ့သည်။ တစ်ချိန်တည်းတွင် နှာခေါင်းပိုက်တပ်ထားသည့် လူနာများ၊ ဆေးသွင်းပိုက်တန်းလန်းဖြင့် လူနာ များ သည် ဆရာစနိုင်နိုင်ထွန်းထံ ရောက်လာကြပြီး ဆရာ ဒါဘယ်လိုလုပ်ရမလဲ မေးကြပြန် ရာ မိုးထဲရေထဲ၌ လူနာများ၏ ဆေးသွင်းပိုက်များကိုဖြုတ်ပေးပြီး ဆေးရုံခေါင်မိုးထုပ်တန်းများ၊ မျက်နှာကြက်တန်း များပေါ်သို့ တင်ပေးရသည်။ တစ်ချိန် တည်းမှာ ပင် အမျိုးသမီးလူနာများ၊ လူနာစောင့်များကို တာဝန်ကျ သူနာပြုအခန်းအပေါ်ရှိ ထုပ်တန်းပေါ်သို့လည်းကောင်း၊ မွေးလူနာများကို မွေးလူနာဆောင်ထုပ်တန်းများပေါ် သို့လည်း ကောင်း လူနာစောင့် ခင်ပွန်းသည်တစ်ဦး၏ အကူအညီရယူ၍ လိုက်လံတင်ပေးရပြန်သည်။ ထိုသို့ ထုပ်တန်းများပေါ်လူနာများတင်ပေးနေ စဉ် အဆုတ်ပြည်တည်လူနာအမေကြီးက ထုပ် တန်း ပေါ်တက်ရင်း “ဆရာလေး ကျွန်မဒီပိုက်ရော ဖြုတ်လို့ရမလား”ဟု မေးခဲ့ရာ ဖြုတ်၍မရ ကြောင်း ပြန်ပြော၍ ပိုက်တပ်ပုလင်းကို ချိုင်းကြားညှပ် ပေးပြီး ထုပ်တန်းပေါ်တင်ပေးခဲ့ရသည်။ လူနာ စောင့်မိသားစုများအပါအဝင် လူနာများအား ရေလွတ်ရာထုပ်တန်းများပေါ်သို့ တင်ပေးပြီး သော်လည်း လူနာများ၊ လူနာစောင့်များ၏ ခန္ဓာ ကိုယ်ပေါ်သို့ လာရောက်ထိမှန်သည့် မိုးရေစက် များမှာ မုန်တိုင်း၏ ပြင်းထန်သော လေတိုက်နှုန်း ကြောင့် အလွန်နာကျင်ကြသည့်အတွက် အော်ဟစ် ညည်းညူ ငိုကြွေးသံများမှာလည်း မိုးသံလေသံနှင့် အတူ ဆူညံလျက်ရှိနေခဲ့သည်။ ဆရာစနိုင်နိုင်ထွန်းသည် ဆေးရုံဗီရိုထဲရှိ စောင်များကို ထုတ်ယူပြီး ထုပ်တန်းများပေါ်သို့ ပစ်တင်ပေးရင်း စောင်ဖြင့် ခန္ဓာကိုယ်ကို ပတ်ထား ကြခြင်းဖြင့် မိုးရေစက်များ ထိမှန်မှုသက်သာစေရန် ဆောင်ရွက်ပေးရပြန်သည်။ ထိုအချိန်၌ မြင့်တက် လာသော ဒီရေမှာ ရင်ခေါင်းအမြင့် ငါးပေအထိ ရောက်လာခဲ့ရာရေပြင်ထဲတွင် ဆေးရုံဆရာဝန်ကြီး ဦးဇော်အောင်၊ ဆရာစနိုင်နိုင်ထွန်းနှင့် လူနာစောင့် တစ်ဦးသာ ကျန်ရှိနေတော့သည်။ ရေမကူးတတ် သော ကျောက်ပန်းတောင်းသား ဆရာကြီးဦးဇော် အောင်ကို လူနာစောင့်နှင့်အတူထုပ်တန်းတစ်နေရာ သို့ တင်ပေးပြီးနောက် သူကိုယ်တိုင်အတွက်လည်း ခိုလှုံနိုင်သည့် ရေလွတ်မည့် အမြင့်တစ်နေရာကို ရေလှိုင်းများကြား ကူးခတ်လိုက်ရှာခဲ့သည်။ မုန်တိုင်းဒီရေလှိုင်းများကြားမှ လူနာအသက်ကယ် သူနာပြုတစ်ဦး ထိုသို့ကူးခတ်ရှာဖွေနေစဉ် ရေစီးအလွန်သန် လျက်ရှိသည့်အတွက် ရေကူးရန် အခက်အခဲရှိနေရာ ဝတ်ဆင်ထားသော တာဝန်ချိန်သူနာပြုဝတ်စုံဘောင်းဘီရှည်ကို ခက်ခက်ခဲခဲချွတ်ပြီး အောက်ခံ ဘောင်းဘီတိုဖြင့်ပင် သူနာပြုညီငယ်ဖြစ်သူ ကိုသန်းထွန်းရှိရာ ထုပ်တန်းဆီသို့ အားတင်း ကူးခပ်လာစဉ် ရေလှိုင်း များအကြား ရုတ်တရက် ကိုင်မိသည်မှာ လုံးပတ်လက်မောင်းခန့်ရှိသော မြွေကြီးတစ်ကောင် ဖြစ် နေပြန်သည်။ မြွေက ( အန္တရာယ်မပြု၍သာ တော်ပါသေးသည်။ ကြောက် အားလန့်အားနှင့် မြွေလွတ်ရာသို့ ကူးခပ် ရှောင်တိမ်းသော်လည်း ဒီရေလှိုင်းများအကြား ဆက်လက်ကူးခပ်ရန် အားအင်ကုန် မောပန်းနေ သည့်အတွက် ဆေးရုံပြတင်းပေါက်ပေါင်တစ်ခု ပေါ်သို့ လှမ်းတက်၍ ခိုနားနေစဉ် မျောပါလာသော ဒန်အိုးကြီးတစ်လုံးကို မှီတွယ်၍ နေခဲ့ရသည်။ မိမိဆေးရုံရှိ လူနာများအားလုံးကို လတ်တ လော အသက်ဘေးမှလွတ်မြောက်ရန် ဆောင်ရွက် နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးပြီးသော ထိုအခြေအနေတွင် ဆရာစနိုင်နိုင်ထွန်းသည် မြင့်တက်လာနေသော ဒီရေလှိုင်းများအကြား မိမိကိုယ်တိုင် နစ်မြုပ်မသွားစေရေးအတွက် ဦးခေါင်းပိုင်း ရေလွတ်ရုံသာရှိသည့် ပြတင်းပေါက် ပေါင်ပေါ်တွင် ရပ်နားမှီတွယ်ရင်း အခြေအနေကို စောင့်ကြည့်နေရတော့သည်။ အထူးသဖြင့်ထိုအချိန်က ဆရာစနိုင်နိုင်ထွန်း စိုးရိမ်နေခဲ့သည်မှာ ထိုနေ့မနက်ကမှသူမွေးဖွားပေးခဲ့သည့် လူ့လောက အတွင်း ရောက်လာခါစ မွေးကင်းစကလေးငယ် လေးနှစ်ဦး၏ ကျန်းမာရေး အခြေအနေပင် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးပီပီ မိမိနှင့် လူနာ အားလုံး၊ ဆေးရုံမိသားစုများအားလုံးအတွက် သရဏဂုံ အကြိမ်ကြိမ်ရွတ်ပွား၍ ဆုတောင်း မေတ္တာပို့ရင်း အခြေအနေကို စောင့်ကြည့်နေစဉ် ညနေ ၆ နာရီခန့်တွင် လေတိုက်နှုန်း အနည်းငယ်လျော့သွားပြီး ဒီရေမှာ တဖြည်းဖြည်းကျလာခဲ့ သည်။ ခါးအမြင့်ခန့်သို့ ဒီရေကျသွားသည့်အခါ မွေးလူနာမိခင်နှစ်ဦးရှိရာ ဆေးရုံထုပ်တန်းဘက်သို့ သွားရောက်၍ ကလေးများကို လှမ်းယူပြီး ကြည့် ပေးခဲ့ရာ ကလေးငယ်နှစ်ဦးမှာ မငိုတော့ဘဲ ပြာနှမ်း လျက်ရှိနေပြီး အသက်မရှူတော့သည့် အခြေအနေ သို့ ရောက်ရှိနေခဲ့သည်။ ထိုအခြေအနေကို ဆရာ ဝန်ကြီး ဦးဇော်အောင်သို့ လှမ်းပြောရာ ဆရာဝန် ကြီးလည်း ရောက်ရှိလာပြီး ကလေးများ အသက်ရှူ နိုင်ရေးအတွက် ရေပြင်အတွင်းမှာပင် အရေးပေါ် အသက်ကယ်လုပ်ငန်း ဆောင်ရွက်ခဲ့ကြရသည်။ (ဆက်လက်ဖော်ပြပါမည်) လင်းအောင်