Skip to main content

လူမျိုလျှင် လူမျိုးပြုတ်မည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ယင်းပြောကြားချက် များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက် မည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရေး (ပန်းခင်းလမ်းစီမံချက်) ကို အလေးထား ကြောင်း ပြောကြားသွားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးမှာ အရေးကြီးကြောင်း၊ ရသင့်ရထိုက်သည့် နိုင်ငံသား၊ တိုင်းရင်းသားများအားလုံး နိုင်ငံ သား စိစစ်ရေးကတ်ပြားရရှိရေးအတွက် သတ်မှတ်ထားသည့် စီမံချက် ကာလအတွင်း အပြီးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ ဆန္ဒမဲပေးခဲ့သည့် ဦးရေ ၄ ဒသမ ၆ သန်းရှိသည်ကို စိစစ်တွေ့ရှိကြောင်း၊ နောက်ကျင်းပ မည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေး နိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များရရှိရေး ဦးစားပေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပန်းခင်းလမ်းစီမံချက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး ရမည့် ဦးရေ ၃ ဒသမ ၈ သန်းကျော်ရှိပြီး စီမံချက်ကာလ၁၈လကြာမြင့် မည်ဖြစ်ကြောင်း၊ ယခု ဆောင်ရွက်မည့် ပန်းခင်းလမ်းစီမံချက်နှင့် စပ်လျဉ်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်မည့် သူများအား သွေးအုပ်စုခွဲခြင်းလုပ်ငန်းကိုကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စီမံအုပ်ချုပ်ရေး ကောင်စီ အဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြား ခဲ့သည်။ မြန်မာတိုင်းရင်းသား ၁၃၅ မျိုး အတည်ပြုထား ရှေးမြန်မာမင်းများလက်ထက်က မြန်မာနိုင်ငံ အတွင်းတွင် မြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ် အခြေစိုက်နေထိုင်ခဲ့ကြသော လူမျိုးနွယ်စုများစွာ ရှိသည်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု စသည့် လူမျိုးနွယ်စုတို့သည် လူသိများထင်ရှားသောတိုင်းရင်းသားလူမျိုးနွယ်စုများ ဖြစ်သော်လည်း အခြားသော တိုင်းရင်းသားလူမျိုးနွယ်စုများ အများအပြားရှိသည်။ လူဦးရေနည်းပါးခြင်း၊ များပြားခြင်း ကွဲပြားစေကာမူ လူမျိုးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်လျှင် တိုင်းရင်းသားလူမျိုးများ ဖြစ်ကြပါသည်။ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးကို အတည်ပြုထားပြီးဖြစ်ပါသည်။ (စာမျက်နှာကိုငဲ့ရပါသဖြင့် ထိုမြန်မာတိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ အမည်များကို သီးခြား ဖော်ပြခြင်း မပြုသည်ကို နားလည်ခွင့်လွှတ် ပေးစေလိုပါသည်။) မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်စစ်သုံးကြိမ် (၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်၊ ၁၈၈၅ ခုနှစ်) ဆင်နွှဲခြင်းခံရပြီးနောက် ဗြိတိသျှတို့၏ ကိုလိုနီကျွန်သပေါက်ဘဝ ကျရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုအဖြစ်ထည့်သွင်းကာ အိန္ဒိယအစိုးရ၏ လက်အောက်ခံဖြစ် သွား သည်။ နိုင်ငံခြားသားများသည် မြန်မာ ပြည်နယ်အတွင်းသို့ ဗီဇာမလို တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာ နေထိုင်ကြသည်။ မြန်မာတိုင်းရင်းသားတို့ထက် လုပ်ပိုင်ခွင့် အခွင့်အရေးပိုမိုရရှိသူ များရှိသည်။ နိုင်ငံခြားများသည် မြန်မာတိုင်းရင်းသူ အမျိုးသမီးများနှင့် အိမ်ထောင်ပြုကာ သား၊ သမီး (ကပြားလေးများ မွေးဖွားလာသည်။ မြန်မာတိုင်းရင်းသားလူမျိုးနွယ်စု အမျိုးအနွယ်များ ပျက်သုဉ်းစပြုလာ သည်။ အချိန်ကြာလျှင် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများ ပျက်သုဉ်းကာ မြန်မာတိုင်းရင်းသား လူမျိုးများ ပျောက်ကွယ်သွား မည်ကို စိုးရိမ်ရပေသည်။ ထို့ကြောင့် မြန်မာမင်းမှုထမ်းဟောင်း ဒီပဲရင်းဝန်ထောက် ဦးမြဲက “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုးမှ လူမျိုးပြုတ်မည်” ဖြစ်ကြောင်း မန္တလေးမြို့၌ ကျင်းပသည့် နဝမအကြိမ် မြောက် GCBA အသင်းကြီး၏ အစည်းအဝေး၌ ပထမနေ့တွင် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားပညာဝန် ဦးဖိုးကျား ကလည်း ၎င်း၏ကိုယ်တွေ့ဝတ္ထုများတွင် “မယ်မြ” အကြောင်း ရေးသားထားသည်။ ဆရာကြီးဦးဖိုးကျား၏ “မယ်မြ” ဝတ္ထုကို လေ့လာ ဖတ်ရှုကြည့်လျှင် သိနိုင်ပေသည်။ ၁၉၃၀ ပြည့်နှစ်၌ ပထမအကြိမ် လူမျိုးရေး အဓိကရုဏ်းနှင့် ၁၉၃၇ ခုနှစ်တွင် ဒုတိယအကြိမ် လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားပြီး စည်းမဲ့ကမ်းမဲ့ဝင်ရောက်နေထိုင်ကြသော နိုင်ငံခြားသား များနှင့် အိန္ဒိယလူမျိုးများကို ထိန်းချုပ်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး ဌာန ပေါ်ပေါက်လာသည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားဦးရေသည် ရှိသင့်သည်ထက် ပိုမိုရှိနေပြီး ရန်ကုန်မြို့တော်တွင် နိုင်ငံခြားသား လူဦးရေက တိုင်းရင်းသားများ ထက် ပိုမိုများနေသည်။ တိုင်းရင်းသားမြန်မာနိုင်ငံသားများ၊ ဥပဒေအရ နိုင်ငံခြားသားများမှ နိုင်ငံသားဖြစ်လာသူများနှင့် နိုင်ငံခြားသားများကို ဥပဒေအရ တိကျခိုင်မာစွာ စနစ်တကျ ထိန်းကျောင်းသွားရန်အတွက် နိုင်ငံခြားသားများအက်ဥပဒေ၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက် ဥပဒေ၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလော ပြဋ္ဌာန်းချက် များ)အက်ဥပဒေ စသည်များနှင့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံသားများအခွင့်အရေးမဆုံးရှုံးစေရန် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မဲပေးခွင့်ရှိသူများရှိခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေအရ အသက်(၁၈) နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိသူများသာ မဲပေးခွင့်ရှိသည်။ အသက်(၁၈) နှစ်ပြည့်သော်လည်း နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်) ကတ်ပြား မရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးရသူများရှိသည်များကို စစ်ဆေးတွေ့ရှိချက်အရ သိရပေသည်။ ထို့ကြောင့် နိုင်ငံသားများအခွင့်အရေး မဆုံးရှုံးစေရန်အတွက် (ပန်းခင်းစီမံချက်)ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးရန် စီမံဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၂ တွင် နိုင်ငံသား တစ်ဦးသည် - (က) နိုင်ငံတော်၏ ဥပဒေကို ရိုသေလိုက်နာရမည်။ (ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။ (ဂ) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည် ဟု ပြဋ္ဌာန်းထားသည်။ ။ ပုဒ်မ ၃၅ တွင် ဧည့်နိုင်ငံသားတစ်ဦးသည် အောက်ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင် ဧည့်နိုင်ငံသားအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ထို့အတူ ပုဒ်မ ၅၈ တွင် နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် အောက်ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ် နှင့်ငြိစွန်းလျှင် နိုင်ငံသားပြုခွင့် ရသူအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၅ နှင့် ပုဒ်မ ၅၈ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါအတိုင်း ဖြစ်သည် - (က) နိုင်ငံတော် ပါဝင်နေသော စစ်မက်ကာလအတွင်း ရန်သူ့နိုင်ငံ များနှင့်ဖြစ်စေ၊ ရန်သူ့နိုင်ငံကို အထောက်အကူပြုသည့်နိုင်ငံနှင့် ဖြစ်စေ၊ ထိုနိုင်ငံ၏နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း၊ (ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်နှင့်ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းအရပ်ရပ်ကို အားပေး ကူညီခြင်း၊ (ဂ) နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ | ထိပါးစေမည့်အန္တရာယ်တစ်ခုခုကိုပြုလုပ်နေသည်ပြုလုပ်တော့မည်ဟု | ယုံကြည်လောက်သော အကြောင်းရှိခြင်း၊ (ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်း ကို ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့်ဖြစ်စေ အခြား နည်းဖြင့်ဖြစ်စေ ပြသခြင်း၊ (င) နိုင်ငံတော်၏ လျှို့ဝှက်ချက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကို ဖြစ်စေ၊ အဖွဲ့အစည်းတစ် ခုခုကို ဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြု လုပ်ခြင်းကို အားပေးကူညီခြင်း၊(စ) အကျင့်စာရိတ္တပျက်ပြားခြင်း နှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သောကြောင့် အနည်းဆုံးထောင်ဒဏ် တစ်နှစ် သို့မဟုတ် အနည်းဆုံး ငွေဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်းဟု ပြဋ္ဌာန်းထားသည်။ ။ ပုဒ်မ ၃၅ နှင့် ပုဒ်မ ၅၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဧည့်နိုင်ငံသား အဖြစ်မှလည်း ကောင်း နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ လည်းကောင်း ရုပ်သိမ်းခြင်းခံရပေမည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းကာလမှ ၂ဝ၂ဝ ပြည့်နှစ် နှစ်လယ်ပိုင်း ကာလတွင် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဘင်္ဂါလီများခိုးဝင်တွေ့ရှိရကြောင်း၊ ထိုခိုးဝင်ဘင်္ဂါလီတို့အား လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ တရားစွဲဆို အရေးယူကာ ထောင်ဒဏ်ချမှတ်ကြောင်း၊ ထောင်ဒဏ် အပြစ်ပေးချယ်ခြင်းခံရသည့် ဘင်္ဂါလီများအား နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ နောင်တွင် ဘင်္ဂါလီများအား ဖမ်းဆီးခြင်းမပြုရန် ညွှန်ကြားခဲ့ကြောင်း သတင်းများ ကြားသိရသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မတိုင်မီကာလတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောလျင်စွာထုတ်ပေးကြောင်း သတင်းများကိုလည်း ကြားသိရ သည်။ ထိုကဲ့သို့ ဆောလျင်စွာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး ခြင်း ခံရသူတို့သည် အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်ထိုက်သူများ ဟုတ်မှန်ရဲ့လားဟု မေးခွန်းထုတ်ဖွယ် ရာဖြစ်ပေသည်။ ယခုအချိန်အခါတွင် (ပန်းခင်းလမ်းစီမံချက်) ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မရရှိသေး သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးရန်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပေ သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြန်မာနိုင်ငံသားစစ်မှန်သူများ ကိုသာ စိစစ်ထုတ် ပေးရေး အလေးထားဆောင်ရွက်သင့်ပါကြောင်း လေးစားစွာ အကြံပြု အပ်ပါသည်။ ။ ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းမှာ ရိုးရှင်းမှုမရှိ၊ ရှုပ်ထွေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကို ပျက်ပြားစေရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသူများ၊ အားပေးမြှောက်ပင့်သူများ၊ သွေးထိုးလှုံ့ဆော်သူများ ရှိကြသည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် UEC ၏ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် လုပ်ဆောင်မှုများနှင့် အခြားသောအကြောင်းရပ်များအရ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်အား နိုင်ငံတော်ယာယီသမ္မတက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်လွှဲပြောင်းပေး ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ကို မလိုလားသည့် အဖွဲ့စည်းများ၊ တရားမဝင် CRPH အဖွဲ့နှင့် ၎င်း CRPH အဖွဲ့မှ ဖွဲ့စည်းပေးသည့် အဖွဲ့အစည်းများနှင့် အခြားသော ( အဖျက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဝင်များသည် နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ်ကို သေချာစွာ ဆန်းစစ်ပြီးမှသာလျှင် နိုင်ငံသားစိစစ်ရေး ကတ်များ ထုတ်ပေးသင့်ပေသည်။ အကယ်၍ နိုင်ငံတော်၏ ကျေးဇူးသစ္စာ စောင့်သိခြင်းမရှိသူ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးပျက်စီးစေရန် ဆောင်ရွက် မည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမိပါက လူမျို၍ လူမျိုးပြုတ်မည် ဖြစ်ပါကြောင်း စေတနာရှေ့ထားကာ သတိတရား လက်မလွတ်စေရေးအတွက် ဝေဖန်အကြံပြုရေးသား တင်ပြအပ်ပါသည်။ (၆-၅-၂၀၂၁ ရက်နေ့ထုတ် Golden Hand ဂျာနယ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးရှင် ရှေ့နေ ဦးဝင်းကြည် (စဉ့်ကိုင်) ၏ “လူမျိုးလျှင် လူမျိုးပြုတ်မည်” ဆောင်းပါးကို Golden Hand ဂျာနယ် အယ်ဒီတာ အဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း) ရှေ့နေ ဦးဝင်းကြည်(စဉ့်ကိုင်)