Skip to main content

ငါးများများစားသုံးရေး သမဝါယမက ကူညီပေး

အချိန်ကား ၁၉၅၃ ခုနှစ် ဇန်နဝါရီလ၊ ငါးပွဲစားများ၏ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုကို ဖြေရှင်းရန် အလို့ငှာနှင့်  ငါးစားသုံးသူပြည်သူများ      ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ဦးတည်၍ ရန်ကုန် မြို့ ကမ်းနား လမ်းရှိ     ငါးလက်ကားရောင်းဝယ်ရာဌာနဖြစ်သည့် ရာဇူဒိုင်များအား ငါးစုပေါင်း ရောင်း ဝယ်ရေး သမဝါယမ အသင်းသို့ လွှဲပြောင်းပေးခဲ့သည့် အတိတ်၏ သမဝါယမ ပုံရိပ်က  ယနေ့ မျက်မှောက် ခေတ်တွင်  ရောင်ပြန်ဟပ် နေသည့်အလား ခံစားနေမိပါသည်။ အခြေခံအင်းအသင်း များသာမက  ငါး စုပေါင်းရောင်းဝယ်ရေး  သမဝါယမ အသင်းနှင့် တိုက်ရိုက်ဆက်သွယ်သည့် တံငါသည်များ အားလုံးလည်း   အကျိုးစီးပွား   ဖြစ်ထွန်းခဲ့ကြသလို ငါးဖမ်းသူနှင့် ငါးမွေးမြူသူများသို့ လိုအပ်သော ငါးဖမ်း ကိရိယာ၊ ထုပ်ပိုးပစ္စည်းစသည့်  လိုအပ်မှုများအတွက် နိုင်ငံတော်အစိုးရ၏    ငွေကြေးထောက်ပံ့ပေးမှုဖြင့်  ငါးစုပေါင်းရောင်းဝယ်ရေး   သမဝါယမအသင်းက  ပံ့ပိုး ဖြည့်ဆည်းထောက်ပံ့ခဲ့မှုများကြောင့်     ငါးဖမ်းသူ တံငါသည်များ  ပီတိဖုံးခဲ့သည့်   သမိုင်းဖြစ်စဉ်များ တစ်ကျော့ပြန်လည် ဦးမော့လာသည့်သဖွယ် တွေ့မြင် နေရပါသည်။

 

သမဝါယမ ကွန်ရက်ချိတ်ဆက်မှုဖြင့်  ပါဝင်ဆောင်ရွက်

မျက်မှောက်ခေတ်    သမဝါယမဖွဲ့စည်းမှုသဏ္ဌာန် အရ ငါးစုပေါင်းရောင်းဝယ်ရေး  သမဝါယမ အသင်း ကဲ့သို့ အသင်းများဖွဲ့စည်းခြင်းမပြုဘဲ လက်ရှိတည်ဆဲသမဝါယမ များ၏  စုပေါင်းအားဖြင့်  ငါးမွေးမြူ ဖမ်းဆီးသူများ အဆင်ပြေချောမွေ့စေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ငါးမျိုးစုံကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေး သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်း များ  ရောင်းဝယ်ဖြန့်ဖြူး မှုကို အလျားလိုက်-ဒေါင်လိုက် ချိတ်ဆက်မှုများဖြင့် ဟန်ချက်ညီစွာလုပ်ဆောင်နေသည် ကို   နေ့စဉ် ထုတ်သတင်းစာများ၊    မီဒီယာများတွင် တွေ့မြင်နေရပါသည်။ သမဝါယမကဏ္ဍက ဆောင်ရွက် နေမှုများ သည် အကျိုးအမြတ်    မြိုးမြိုးမြက်မြက် ရယူခြင်းမဟုတ်ပါ၊၊  သို့သော် အရှုံးမပေါ်ပေါက်စေရေး ကိုတော့      အလေးထားဆောင်ရွက်နေရခြင်းဖြစ် ပါသည်။  ငါးမွေးမြူ၊  ထုတ်လုပ်ရောင်းချသူများ၏ အခက်အခဲကို    ကူညီပေးစေလိုခြင်း၊   ပြည်သူများ ငါးစားသုံးခြင်းကြောင့် ကျန်းမာရေး ကောင်းမွန် လာစေခြင်းနှင့် ပြည်သူများဈေးနှုန်းမှန်၊ ပစ္စည်းမှန် ဝယ်ယူ စားသုံးနိုင်ရေး ရပ်ကွက်/ကျေးရွာအရောက်၊  မြို့နယ် အရောက်၊ အိမ်အရောက်၊ ဆိုင်အရောက် သမဝါယမ ကွန်ရက်ချိတ်ဆက်မှုဖြင့်    ဝိုင်းဝန်းကူညီပေါင်းစပ် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပေသည်။

ငါးလုပ်ငန်းဦးစီးဌာန၏  ၂၀၁၉  ခုနှစ်  စာရင်း အချက်အလက်အရ  နိုင်ငံအတွင်း  ငါးမွေးကန် ဒသမ ၄၈ ဧကသိန်း၊   ပုစွန်မွေးကန် ဒသမ ၄၄  ဧကသိန်းတို့မှ မွေးမြူရေးပိဿာ ဒသမ သိန်းခန့် နေ့စဉ် ပုံမှန် ထုတ်လုပ်လျက်ရှိပြီး   ပြည်တွင်းစားသုံးမှု   ပိဿာ ခြောက်သိန်းခန့်ရှိကာ တရုတ်၊  ထိုင်းကဲ့သို့  အိမ်နီး ချင်း နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ ပိဿာ ဒသမ သိန်းခန့် တင်ပို့ ရောင်းချ ခဲ့မှု အခြေအနေ ရှိခဲ့ပါသည်။ ကိုဗစ်-၁၉  ကာလအတွင်း ပြည်တွင်း စားသုံးသူမှာ  ပျမ်းမျှ (၆၀-၆၅)   ရာခိုင် နှုန်းခန့်သာ  ရှိနေခြင်းကြောင့်   လည်းကောင်း၊  ပြည်ပတင်ပို့မှု   လျော့နည်းလာခြင်း ကြောင့် လည်း ကောင်း  ငါးမွေးမြူ ရေး လုပ်ငန်းရှင်များ အခက်အခဲ   ကြုံတွေ့နေကြရပါသည်။    ငါးဖော်ထုတ် ရောင်းချ မည့် အချိန်လည်း ရောက်နေသည့် အတွက် ကန်များအတွင်း ငါးကြီးထွားမှုရှိနေခြင်းနှင့် နေ့စဉ် ငါးစာဖိုး ကုန်ကျစရိတ်များကို တောင့်ခံနိုင်စွမ်း မရှိတော့သည့်  အနေအထားများနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါ သည်။ တစ်ဖက်တွင်လည်း ငါးမွေးကန်များမှ  လက်ကား  ရောင်းဈေးနှုန်းကို   ထုတ်လုပ်မှုစရိတ် ကာမိရုံဖြင့် သာ      ရောင်းချလျက်ရှိနေသော်လည်း  စားသုံးသူ ပြည်သူများအနေဖြင့်   လက်လီဈေးနှုန်း တွင်  ဈေးနှုန်းကြီးမြင့်စွာ   ဝယ်ယူစားသုံးနေရသည့်  အခြေ အနေလည်းရှိနေကြောင်း သိရှိရပါသည်။ ယင်းအခြေ အနေများကို တတ်စွမ်းသည့်ဘက်မှ သမဝါယမကဏ္ဍက ဖြည့်ဆည်းကူညီပေးလျက် ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ငါးမွေးကန်များ အရောက်သွား ရောက်ပြီး သက်ဆိုင်ရာ ငါးမွေးမြူသူများ၏ ရောင်းချနိုင် သည့်ဈေးနှုန်းကို  ချိန်ညှိ၍ မြို့နယ်၊  ရပ်ကွက်၊  ကျေးရွာ အရောက်    သမဝါယမအသင်း    အဆင့်ဆင့်လမ်းကြောင်းမှ   ဖြန့်ဖြူးကူညီဆောင်ရွက်ပေးနေခြင်းကြောင့်   ရေထွက် ကုန်ပစ္စည်း   မွေးမြူလုပ်ကိုင်နေကြသူများအဖို့  ရေရှည် စဉ်ဆက်မပြတ် လုပ်ကိုင်နိုင်ရေးတွင် အထောက်အကူပြုနိုင် မည်ဟု ယူဆမိပါသည်။

 

ကျန်းမာရေးရှုထောင့်

ကျန်းမာရေးရှုထောင့်မှကြည့်လျှင်    ပြည်သူများ အနေဖြင့်  ငါးများများစားဖို့လည်း  လိုအပ်လှပါသည်။ ငါးစား သုံးခြင်းကြောင့် ဦးနှောက်ကို အကျိုးပြုခြင်း၊ နှလုံး ကို  ကျန်းမာစေသလို   ခန္ဓာကိုယ် ကျန်းမာရေး အတွက် အရေးပါခြင်း၊ စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း၊ အမြင်အာရုံနည်းလာခြင်းကို     ကာကွယ် ပေးနိုင်ခြင်း၊ နှစ်ခြိုက်စွာ  အိပ်ပျော်စေနိုင်ခြင်း စသည့် ကောင်းကျိုး များစွာကို ရရှိနိုင်ပေသည်။ ငါးတွင် ဗီတာမင်ဒီနှင့် ဘီ - များစွာ ကြွယ်ဝသည်။ သံ၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် သတ္တုဓာတ်များ ပါဝင်သည့်အတွက် လူသား တို့အဖို့ ငါးများများစားသုံးသူများ ဉာဏ်ရည်ရွှင်၍ လူတော် များ ဖြစ်နေကြသည်ဆိုသည်ကလည်း  ငြင်းဖွယ်မရှိပေ။

အချို့သောပြည်သူများအနေဖြင့် ငါးစားချင်သော်လည်း အလွယ်တကူဝယ်ယူ၍  မရနိုင်ခြင်းနှင့်  စားသုံးလိုသည့် ငါးအမျိုးအစားနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ငါးစားချင် ပေမယ့် မစားရနိုင်သည့် အခြေ အနေများလည်း ရှိနိုင်ပါ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ငါးစားသုံးမှု တိုးပွား လာရေးနည်းလမ်းအသွယ်သွယ်ဖြင့်    ကြိုးပမ်း ဆောင်ရွက်နေသလို   ပြည်ပသို့  ငါးအပါအဝင် ရေထွက် ကုန်ပစ္စည်းများ တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေရရှိအောင် အစဉ်တစိုက် အားထုတ်လျက်ရှိနေပါသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကာလများတွင် ပြည်ပတင်ပို့မှု ယခင်နှစ်များ ထက် ပိုမိုတင်ပို့နိုင် ခဲ့ခြင်း ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ သန်း ၈၆၀ ခန့်အထိ တင်ပို့နိုင်ခဲ့ သော်လည်း ကိုဗစ်-၁၉ ကာလရှည်ကြာလာသည်နှင့်အမျှ ပြည်ပတင်ပို့မှုမှာ  လျော့နည်းကျဆင်းလာခဲ့ရပါသည်။ ရေထွက် ကုန်ပစ္စည်းများ ပြည်ပတင်ပို့ခွင့် အခွင့်အလမ်း အပေါ် မွေးမြူထုတ်လုပ် ရောင်းချသူများ အခက် အခဲများစွာ ကြုံတွေ့နေရသည်ကို   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုများအရ    သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က ညှိနှိုင်း ပူးပေါင်းပြီး  သမဝါယမ အသင်းများနှင့်  ချိတ်ဆက်ကာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ရေထွက် ကုန်ပစ္စည်း ရောင်းချရေးကော်မတီများ ဖွဲ့စည်းပြီး ပြည်သူ များအတွက် ငါးများများ စားသုံးနိုင်ရေး ငါးဈေး ကားများဖြင့် ရပ်ကွက်၊ ကျေးရွာအရောက် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။  တစ်ဖက်မှာလည်း  စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်၍ ပြည်ပငါးဈေးကွက် တိုးမြှင့်ရှာဖွေဆောင်ရွက် လျက်ရှိနေပေသည်။

 

အသိပညာပေးမှုများပြုလုပ်

ရေထွက်ကုန်ပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတင်ပို့မှု လျော့နည်းခြင်းကိုကုစားရန် ပြည်တွင်း တွင် ငါးစားသုံးမှု ပိုမိုတိုးတက်လာစေရန်အတွက် ငါးစားသုံးသည့် အလေ့အထနှင့်   ငါးစား သုံးခြင်းကြောင့်   ရရှိလာသည့် ကျန်းမာရေးကောင်းမွန်မှုများကို    မီးမောင်းထိုးပြကာ  အသိပညာ ပေးမှုများပြုလုပ်လျက်ရှိနေသည်ကိုလည်း တွေ့ရပါသည်။ တစ်ဖက်တွင်လည်း ငါးခြောက်၊ ပုစွန် ခြောက်၊ ငါးပိ-ပုစွန်ငါးပိ၊ ငါးချဉ်၊ ငံပြာရည်၊ ငါးအသားလုံး၊ ငါးအူချောင်း  စသည့်  တာရှည်ခံနိုင်သော  အသွင် ပြောင်း ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက်  ငါးလုပ်ငန်း ဦးစီးဌာနက  နည်းပညာ ပေးမှုများ ဆောင်ရွက် လျက်ရှိနေသည်ကလည်း လတ်တလောဖြစ်ပေါ်နေသော ရေထွက်ကုန်ပစ္စည်း   မွေးမြူထုတ်လုပ်နေသူများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနေခြင်းဟု    မှတ်ယူ၍ ရနိုင် ပေသည်။

သို့ဆိုရာ သမဝါယမကဏ္ဍက  ရေထွက်ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှုတွင်  မည်ကဲ့သို့ ဆောင်ရွက်နေ သည်ကိုစောကြောမိချင်စိတ်    ပေါ်ပေါက်မိသည်။   သမဝါယမ အသင်းပိုင်  ငါးကန်  ၂၇၆ ကန်   ၉၁၀ ဒသမ ၆၁ ဧက အပါအဝင် မွေးမြူရေးလုပ်ငန်းရှင်များ၏  ငါးကန်များမှ ဖော်ထုတ်ခဲ့သည့် ငါး၊ ပုစွန်များကို စားသုံးသူပြည်သူများ လက်ဝယ်အရောက် Door to Door  စနစ်ဖြင့်  ရောင်းချ ဖြန့်ဖြူးပေးခြင်း၊ အသင်းပိုင်/အသင်းသားပိုင် ငါးကန် များမှ ဖော်ထုတ်လာသည့် ငါးများကို ရန်ကုန်မြို့ရှိ ငါးဒိုင်များသို့ တင်ပို့ရောင်းချခြင်း၊   ငါးအထွက်နည်းသည့်  မြန်မာနိုင်ငံ  အလယ်ပိုင်း၊  မြောက်ပိုင်းနှင့်  အရှေ့ပိုင်း ဒေသများသို့    ရန်ကုန်မြို့ရှိ    ငါးကုန်စည်ဒိုင်များမှ  ဝယ်ယူ၍  ဖြန့်ဖြူး ပေးခြင်း၊  သမဝါယမ အသင်းစုချုပ် အချင်းချင်းချိတ်ဆက် မှာယူပြီး ရောင်းချပေးခြင်းတို့ဖြင့် ပြည်သူများ ငါးများများ စားသုံး နိုင်ရေးနှင့်   ငါးမွေးမြူသူ   လုပ်ငန်းရှင်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်   လုပ် ဆောင် လျက်ရှိကြောင်း   သိရှိရပါ သည်။    ခေတ်မီနည်းပညာများ  အသုံးပြုနိုင်လာခြင်းကြောင့်   လယ် ယာ ထွက်ကုန်သီးနှံ များနှင့်   ရေထွက်ကုန်ပစ္စည်းများ   တိုးမြှင့်ထုတ်လုပ်နိုင်ခြင်း များရှိခဲ့ရာ ပြည်တွင်း စားသုံးမှုဖူလုံစေရေးနှင့် စားသုံးသူ များ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေး သမဝါယမ ကဏ္ဍက  တတ်စွမ်းသမျှ    ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေ သည်ကား  လက်တွေ့ဆန်လွန်းလှပေသည်။  ရေထွက် ပစ္စည်းများအား  တန်ဖိုးမြင့်ထုတ်ကုန်  Value added ဆောင်ရွက်နိုင်ရေးနှင့်  ငါးပိ-ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည်များအား     သမဝါယမအသင်းအချင်းချင်း   ချိတ်ဆက်၍   ပြည်သူများအား  ရောင်းချ ပေးနိုင်ရေး ဆောင်ရွက်နေမှုများကလည်း    လတ်တလောကာလ ဖြစ်ပေါ်နေမှုများ အတွက် သာမက     ရေရှည်အကျိုး ဖြစ်ထွန်းစေမည်မှာ မုချဧကန်ပင်ဖြစ်ပေသည်။  

နိုင်ငံ အတွင်း   ငါးစားသုံးမှုကို  လေ့လာကြည့်ပါက နိုင်ငံအောက်ပိုင်းဒေသများတွင်      လူတစ်ဦးချင်း တစ်နှစ် လျှင် ငါးစားသုံးမှုမှာ ပျမ်းမျှ  ၂၂ ကီလိုဂရမ်ခန့် စားသုံးလေ့ရှိပြီး အထက်ပိုင်းနေ ပြည်သူ တစ်ဦး ချင်း အနေဖြင့်   တစ်နှစ်လျှင်  ငါးစားသုံးမှုမှာ  ပျမ်းမျှ    ဒသမ   ကီလိုဂရမ်ခန့်  စားသုံး လျက် ရှိနေကြောင်း  ထုတ်ပြန် ထားသည့်  သတင်းအချက်အလက်များအရ သိရှိရပါ သည်။    ပြည်တွင်း  ငါးစား သုံးမှုလျော့နည်းရခြင်းမှာ စားသောက် ဆိုင်များ   ယာယီပိတ်ထားခြင်း၊   မင်္ဂလာဆောင်၊  အလှူ မင်္ဂလာ အခမ်းအနား  ကျင်းပခွင့်မရခြင်း၊   တရား စခန်းများ   အပါအဝင်   ဘာသာရေးအခမ်းအနားများ ရပ်နား ထားခြင်း၏  နောက်ဆက်တွဲအဖြစ်   စားသုံးမှု လျော့နည်းလာရသည်ဟု  သုံးသပ်နိုင်ရမည်ဖြစ်ပေသည်။  အပတ်စဉ် အိမ်ထောင် တစ်စု ငါးဟင်းတစ်ခွက်/ ငါးကြော်တစ်ပွဲ  စားသုံးကြ ခြင်းဖြင့်   ပြည်တွင်း စားသုံးမှု   မြင့်တက်လာနိုင်မှာ မလွဲဧကန်ဖြစ်ပါသည်။ ပြည်သူများအတွက် ငါးအလွယ် တကူ ဝယ်ယူ ရရှိနိုင်ရေး သမဝါယမဦးစီးဌာန ဝန်ထမ်း များနှင့် သမဝါယမအသင်း တာဝန်ရှိသူများက ကွန်ရက် ချိတ်ဆက် မှုကောင်းကောင်းဖြင့်    ပြည်သူ့အကျိုး အလေးထား၍ ဝန်ဆောင်မှုကောင်းများ ဆောင်ရွက် ပေးနေခြင်းကြောင့်လည်း   လောကသားများအတွက် ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူး တင်နေမိပါသည်။ ၂၀--၂၀၂၁ ရက်နေ့အထိ ရေတွက် ကုန်ပစ္စည်းများအား ကျပ် ၈၄၄၂၄၀၅၀ တန်ဖိုးရှိ ငါးပိဿာ ၂၄၃၇၂ ဒသမ ပိဿာကို  ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး   နောက်ကာလ များတွင်လည်း ပြည်သူ့ အကျိုးအ လေးထား၍ ကြိုးပမ်း ပေးနေဦးမည်ဟု ယုံကြည်နေမိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်   သမဝါယမကဏ္ဍကရောင်းချခဲ့မှု      အခြေအနေကို       ဖော်ပြပါဇယားအတိုင်း     သိရှိရပါ သည်။

အချုပ်အားဖြင့်ဆိုရလျှင် ကိုဗစ်-၁၉ ပထမလှိုင်း ကာလအတွင်း  ရှမ်းပြည်နယ်ထွက်  ဂေါ်ဖီ၊  အာလူး၊ ကြက်သွန်ဖြူ၊    မကွေးတိုင်းဒေသကြီး   ထွက်ကုန်   ကြက်သွန်နီများကို သမဝါယမ အသင်းစုချုပ် အချင်းချင်း ချိတ်ဆက်၍   စိုက်ပျိုးထုတ်လုပ်သူလည်း   အရှုံးမပေါ်၊ စားသုံးသူများလည်း ဈေးနှုန်း သက်သာစွာ ဝယ်ယူခဲ့သည့် ဖြစ်စဉ်ကို ကောင်းစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့သည့် သမဝါယမ နည်းစနစ် ကောင်း၊ ကျင့်စဉ်ကောင်းများဖြင့်   လတ်တလောကာလဖြစ်တည်နေသည့်  ရေထွက်ကုန် ပစ္စည်း  ဖြန့်ဖြူးရောင်းချခြင်းတွင် No Profit – No Loss  ဟူသော  မူနှင့်အညီ  နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် သမဝါယမလောကသားများက ဝန်ဆောင်မှုကောင်းများစွာ ဆောင်ကြဉ်းပေးခြင်းဖြင့်   အများယုံကြည်လက်ခံ နိုင်သော သမဝါယမ  မှတ်တိုင်သစ်  စိုက်ထူနိုင်ပါစေဟူ၍ ရေးသား လိုက်ရ ပါသည်။      

ကျမ်းကိုး။ သမဝါယမဦးစီးဌာနနှင့်  ငါးလုပ်ငန်းဦးစီး   ဌာနမှ စာရင်းအင်းများ

Kဇင်သစ်(မန်းတက္ကသိုလ်)