ကိုဗစ်-၁၉ နှင့် အခြေခံလူတန်းစားများအား ထောက်ပံ့မှု
ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရေးစီမံချက်အတိုင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသို့ ငွေကြေးနှင့် စားသောက်ကုန် ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ထို့ပြင် အလုပ်သမားများအပေါ် ဆိုးကျိုး သက်ရောက်မှု လျော့နည်းစေရေးနှင့် အိမ်ထောင်စုများ အပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေး ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်ကာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ တီထွင်ဆန်းသစ် သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင် ဆောင်ရွက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ပိုမို အားကောင်းလာစေရန် ဆောင်ရွက်ရေးများကိုလည်း ပန်းတိုင်ထားကာ ကိုဗစ်-၁၉ ကြောင့် ပြည်သူများ စီးပွား ရေးထိခိုက်မှု သက်သာစေရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှု သက်သာ ရေးအတွက် ထိခိုက်မှုရှိနေသော လုပ်ငန်းများကို ငွေကြေးပံ့ပိုးမှု တိုးမြှင့်ပေးနိုင်ရေးလည်း ရည်မှန်းချက်ပန်းတိုင်ထား ဆောင်ရွက်လျက်ရှိပါသည်။ အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်နိုင်ရေး ရည်မှန်းချက်ပန်းတိုင်အတွက် နိုင်ငံတော်အစိုးရ ၏ လမ်းညွှန်မှုနှင့်အညီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မီတာခလျှော့ချပေးခြင်းကို လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား ငွေကြေးနှင့် စားသောက်ကုန်ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း အိမ်ထောင်စုများအပေါ်တင်ရှိနေသော ကြွေးမြီ များကို လျော့နည်းသက်သာစေရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိပါသည်။
အခြေခံလူတန်းစားများအား ထောက်ပံ့မှု
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးနှင့် စားသောက်ကုန် ပစ္စည်းများ ပံ့ပိုး နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟို ကော်မတီက နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ပြည်နယ်နှင့် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ တိုက်ရိုက်လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။ ထိုမှတစ်ဆင့် ခရိုင်/မြို့နယ်များသို့ ထောက်ပံ့ငွေ များ ခွဲဝေကာ သက်ဆိုင်ရာအိမ်ထောင်စုများ လက်ဝယ်သို့ ရောက်ရှိစေရေး ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ အိမ်ထောင်စုပေါင်း ၄၀၀၆၃၀၂ စုအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက် သွန်နှင့် အိမ်ထောင်စုပေါင်း ၁၄၃၆၁၄၁ စုအား ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပထမအကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၅၄၃၇၉၅၅ စုအား ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု ပေါင်း ၅၄၇၆၀၀၃ စုအား ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့်လည်း ကောင်း၊ တတိယအကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၅၆၉၃၄၀ အား ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၆၁၀၆၇၆၁ စုသို့ Stay at home တွင် ကျရောက်သော အိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ Stay at home ပြင်ပတွင်ကျရောက်သော အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယခုအခါ ၁၀၀ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ပြီးဖြစ်ပါသည်။ အဆိုပါ ထောက်ပံ့ငွေများအား ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။ အားနည်းချက်၊ အားသာချက် များစွာရှိခဲ့ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားချက်
အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကလည်း ၁၆-၁၁- ၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ပြောကြားချက်ကို ၎င်း၏ Page မှတစ်ဆင့် တရားဝင်တင်ပြထားခဲ့ပါသည်။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ထောက်ပံ့ ချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်စာဌာနမှာ တိုင်ကြားနိုင်ကြောင်း၊ ရည်ရွယ် ချက်နှင့် ဘယ်သူ့ကိုမှ ချန်ထားခဲ့မှာ မဟုတ်ကြောင်း၊ ကျန်ခဲ့ရင်လည်း ပြန်ပြီးတော့ ထောက်ပံ့ပေး မှာဖြစ်ကြောင်း”ပြောကြားခဲ့ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက် နှင့်အညီ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ပြချက်အရ စတုတ္ထအကြိမ်အတွင်း ထပ်တိုးပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု ၂၀၁၁၀၉၅ စုအတွက် ငွေကျပ် ၅၅၇၂၁ ဒသမ ၁၄ သန်းကို ထောက်ပံ့ရန် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ပြောကြားချက်အရ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ ကျန်ရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များသို့ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားရှိခဲ့သည့် ညွှန်ကြား ချက်များတွင် မြို့နယ်အဆင့် တိုင်ကြား စာဖြေရှင်းရေးဌာန များကို ၁၆ - ၁၁-၂၀၂၀ ရက်နေ့က စတင်ဖွဲ့စည်း ဆောင်ရွက် ထားရန်နှင့် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များကို ပြည်သူအများ သိရှိစေရေးအတွက် ထုတ်ပြန်ဆောင်ရွက် သွားရန် ညွှန်ကြားခဲ့ပါသည်။ ထို့အပြင် မြို့နယ်များ၏ ဆောင်ရွက်မှုအခြေအနေများကို ခရိုင်အဆင့်ကအနီးကပ် ကြီးကြပ်ပြီး ကူညီဖြေရှင်း ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင် ရာအစိုးရအဖွဲ့အသီးသီးသို့ တင်ပြဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါသည်။ ဖြေရှင်းဆောင်ရွက်မှု အခြေအနေ များကို သက်ဆိုင်ရာနယ်မြေအလိုက် သတင်းများ ထုတ်ပြန် ပြီး ပြည်သူများကို အသိပေးရန် ညွှန်ကြားခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏လမ်းညွှန်မှာကြားချက်အတိုင်း နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ငွေကြေး ထောက်ပံ့ရာတွင် အမှန်တကယ် ရသင့်ရထိုက်သည့် အိမ်ထောင်စုများအနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်း မရရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် များတွင် တိုင်ကြားစာဖြေရှင်းရေးဌာနများကို ဖွင့်လှစ် ထားရှိပြီးဖြစ်ပါသည်။ အဆိုပါဌာနများ၏ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြား နိုင်ပါသည်။ မြို့နယ် အလိုက်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အများပြည်သူ သိရှိစေရေးအတွက် ဝန်ကြီးဌာန Facebook Page ဖြစ်သည့် Ministry Of Union Government Office မှတစ်ဆင့် အသိပေးကြေညာပြီးဖြစ်ပါသည်။
တိုင်ကြားစာများ
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာဖြေရှင်းရေးဌာနတွင် ၂၄- ၁၁- ၂၀၂၀ ရက်နေ့ အထိ တိုင်ကြားစာစုစုပေါင်း ၆၀၀၀ဝ နီးပါး လက်ခံရရှိခဲ့ပါ သည်။ တိုင်ကြားစာများကို စိစစ်ရာတွင် ထောက်ပံ့ကြေးငွေရရှိလို၍တိုင်ကြားခြင်း၊ ထောက်ပံ့ကြေးပေးရာတွင် မှန်ကန်မှုမရှိ၍ တိုင်ကြားခြင်း၊ ယခင်ထောက်ပံ့ကြေးပေး ရာတွင်ပါဝင်ပြီး ယခုထောက်ပံ့ကြေးပေးရာတွင် ပါဝင်မှု မရှိ၍ တိုင်ကြားခြင်း၊ ထောက်ပံ့ကြေးပေးအပ်ရန် အိမ်ထောင်စုစာရင်းကောက်ယူရာတွင် ကျန်ရှိသဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့အပြင် ထောက်ပံ့ကြေးပေးအပ်ရန် အမည်စာရင်းတွင်ပါဝင်သော် လည်း ထောက်ပံ့ပေး အပ်ခြင်းမပြုဘဲ အခြားသူများအား အမည်လွှဲအသုံးပြု၍ ပေးအပ်ခြင်းကြောင့် တိုင်ကြားခြင်း၊ နိုင်ငံတော်မှပေး အပ်သော စားသောက်ကုန်နှင့် ငွေများအား ရရှိရန်အတွက် အမည်စာရင်းထည့်သွင်းပေးပါရန် တိုင်ကြားခြင်း တို့ကိုလည်း စိစစ်တွေ့ရှိရပါသည်။ ငွေကြေး ထောက်ပံ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိ၍ တိုင်ကြားခြင်းနှင့် ထောက်ပံ့ကြေးငွေ တစ်ကြိမ်တစ်ခါမျှမရရှိ၍ တိုင်ကြား ခြင်းမျိုးလည်း စိစစ်တွေ့ရှိရပါသည်။ ထို့အပြင် နိုင်ငံတော်က ထောက်ပံ့ကြေး လေးကြိမ်ပေးအပ်ခဲ့သော်လည်း ထောက်ပံ့ ကြေးနှစ်ကြိမ်သာရရှိပြီး တတိယအကြိမ်နှင့် စတုတ္ထ အကြိမ်မရရှိ၍ တိုင်ကြားခြင်းမျိုးလည်း စိစစ်တွေ့ရှိရပါ သည်။ တိုင်ကြားစာများကို မြို့နယ်၊ ခရိုင်များက ဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဖြေရှင်းဆောင်ရွက်လျက် ရှိပါသည်။ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာနယ်မြေ အလိုက် သတင်းထုတ်ပြန်ပြီး ပြည်သူ များကို အသိပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များ အား ငွေကြေးထောက်ပံ့ပေးအပ်ခဲ့မှုနှင့်ပတ်သက်၍ ၁၆−၁၁−၂၀၂၀ ရက်နေ့မှစတင်၍ မြို့နယ် အလိုက် တိုင်ကြားစာဌာနများ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ အမှန်တကယ် ရသင့်ရထိုက်သည့် အိမ်ထောင်စုများ အနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်း မရရှိပါ၍ တိုင်ကြား ထားရှိမှုများအပေါ် ဖြေရှင်းဆောင်ရွက်လျက်ရှိရာ ၃၁−၁၂−၂၀၂၀ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၂၁၆၈၄၈ ကို လက်ခံရရှိပြီး အားလုံးကို စိစစ်ဖြေရှင်းပြီး ဖြစ်ပါသည်။ တိုင်ကြားစာအားလုံးအနက် တိုင်ကြားစာ ၁၉၁၆၈၀ မှာ အချက်အလက်စုံလင်သည့်အတွက် ဖြေရှင်းပြီးဖြစ်ပါသည်။ တိုင်ကြားစာ ၂၅၁၆၈ မှာ မှန်ကန်မှုမရှိကြောင်း စိစစ် တွေ့ရှိရပါသည်။
အားသာချက်များ
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များ ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင် အားသာချက်များကိုလည်း တွေ့ရှိခဲ့ရပါသည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နှင့် ငွေကြေးထောက်ပံ့ပေး ခဲ့မှုကြောင့် ကိုဗစ်-၁၉ကာလတွင် သာမန်လက်လုပ်လက်စား ပြည်သူ များသည် တစ်နေ့ဝင်ငွေဖြင့်တစ်နေ့ ရပ်တည်နေရသော ကြောင့် စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေမှု ရရှိခဲ့ပါသည်။ အများပြည်သူများ အခက်အခဲရှိချိန်တွင် တတ်စွမ်းသမျှ ကူညီစောင့်ရှောက်မှုပေးခဲ့သဖြင့် နိုင်ငံတော်အစိုးရအပေါ် ပြည်သူတို့၏ အားကိုး ယုံကြည်မှု ပိုမိုမြင့်မားလာစေခဲ့ပါသည်။
အလုပ်အကိုင်ရှားပါးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခိုး၊ ဆိုး၊ လု၊ နှိုက် မကောင်းမှုများ လျှော့ချနိုင်ခဲ့ပါသည်။ အခြေခံလူတန်းစားများအနေဖြင့် နေအိမ်ပြင်ပသို့ ဝင်ငွေ သွားရောက်ရှာဖွေမှုနည်းပါး၍ Stay at home သတ်မှတ် ချက်နှင့်အညီ ဖြစ်စေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အထိုက်အလျောက် ကာကွယ်မှု ဖြစ်စေပါသည်။ အခြေခံလူတန်းစားများအား ထောက်ပံ့ ကြေးပေးအပ်ခြင်း လေးကြိမ်တိုင်ရှိခဲ့ပြီး ဖြစ်ပါသဖြင့် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကျပ်တည်းမှု အခြေအနေမှ အထိုက်အလျောက် ရုန်းထွက်နိုင်ခဲ့ပါသည်။
စာရင်းကောက်ယူရေး ပူးပေါင်းအဖွဲ့
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင် အားနည်းချက်များလည်း အထိုက်အလျောက် တွေ့ရှိခဲ့ရပါသည်။ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားစာရင်း ကောက်ယူရန်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ၂၀၂၀ ပြည့်နှစ် ဧပြီလ ၆ ရက်နေ့ ရက်စွဲပါစာဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီး၍ မီးသတ်ဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ရပ်မိ/ရပ်ဖအဖွဲ့ဝင်များပါဝင်သော စာရင်းကောက်ယူရေး ပူးပေါင်းအဖွဲ့နှင့် စာရင်းကောက်ခံပြုစုရန် ညွှန်ကြားခဲ့ပါ သည်။ စာရင်းကောက်ယူရာတွင် လူတန်းစားရွေးချယ် သတ်မှတ်ရာ၌ တစ်နေရာနှင့်တစ်နေရာ လူတန်းစား ရွေးချယ်ရန် စံသတ်မှတ်ချက်အပေါ် နားလည်မှုလွဲမှားခြင်း ကြောင့် အားနည်းချက်များ ရှိခဲ့ပါသည်။
အားနည်းချက်များ
စာရင်းကောက်ယူရန် အချိန်ရရှိမှုအပေါ်မူတည်၍ အိမ်ထောင်စုများကျန်ရှိခြင်း၊ စာရင်းလွဲမှားမှုများရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြာရှည်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလာပြီး ဝင်ငွေနည်းပါးလာ သဖြင့် ထောက်ပံ့ငွေရလိုသူ ပိုမိုများပြားလာကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အခြေခံလူတန်းစား အိမ်ထောင်စုများအား စာရင်းပြုစုတင်ပြနိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်သော ပြည်သူ များအား အစည်းအဝေးခေါ်ယူချပြနိုင်ခြင်း မရှိမှုတို့ ကြောင့် ထောက်ပံ့ပေးအပ်ခဲ့သည့်အပေါ် ပြည်သူလူထု တချို့က အထင်အမြင်လွဲမှားမှုတချို့ ရှိခဲ့ပါသည်။
အသေးစားလုပ်ငန်း လုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုများမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား သည့်ကာလ ကြာရှည်လာသည်နှင့်အမျှ လုပ်ငန်းများ ရပ်ဆိုင်းရခြင်းကြောင့် ယခင်က အဆင်ပြေစွာ လုပ်ကိုင် လျက်ရှိသော အိမ်ထောင်စုအနည်းငယ်မှာလည်း ထပ်မံ ထောက်ပံ့ရန် လိုအပ်ခဲ့ပါသည်။
အခြေခံလူတန်းစားအိမ်ထောင်စုများသည် အခြေ တကျနေထိုင်မှု မရှိသူများ(ကျူးကျော်)နှင့် အိမ်ငှား နေထိုင်သူများ များပြားပြီး အတည်တကျနေထိုင်မှုများ မရှိသည့်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရန် စာရင်း ဇယားများ ကောက်ယူပြုစုရာ၌ အခက်အခဲများရှိခဲ့ပါ သည်။ အချို့မှာ အိမ်ထောင်စုဇယားရှိလျှင် ထောက်ပံ့ ငွေရရှိမည်ဟု ထင်မြင်နေခြင်းနှင့် မှတ်ပုံတင်ရှိလျှင် ထောက်ပံ့ငွေရရှိမည်ဟု ထင်မြင်နေခြင်းများလည်း ရှိပါသည်။ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား အကြိမ်ကြိမ်ထောက်ပံ့နေသည့်အတွက် အခြေခံ လူတန်းစားမဟုတ်သော အိမ်ထောင်စုများကလည်း ရပိုင်ခွင့်ပေးရမည်ဟု တင်ပြတောင်းခံလာခြင်းမျိုးလည်း တွေ့ရပါသည်။
ဆင်းရဲချမ်းသာ ကွာခြားမှုနည်းပါးခြင်း
အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် အချိန် တိုကာလအတွင်း အမြန်ကွင်းဆင်းကောက်ယူရသဖြင့် အိမ်ထောင်စုများကျန်ရှိနေခြင်း၊ အချို့ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆင်းရဲ၊ ချမ်းသာ ကွာခြားမှု နည်းပါးသည့်အတွက် စာရင်းကောက်ယူရာတွင် အခက်အခဲများရှိခဲ့ခြင်းတို့ကြောင့် ထောက်ပံ့ငွေမရရှိသည့် အိမ်ထောင်စုများက တင်ပြတိုင်ကြားမှုများ၊ တရားစွဲဆိုမှု များ ရှိနေသည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများသည် မလိုလား အပ်သောပြဿနာများကို ဖြေရှင်းဆောင်ရွက် နေရပါ သည်။
ပြည်ပပြန်အလုပ်သမားများ၊ စက်ရုံ/အလုပ်ရုံများ ပိတ်သဖြင့် နေရပ်သို့ပြန်လာသူအလုပ်လက်မဲ့ဖြစ်သူများ ကြောင့် အခြေခံလူတန်းစားဦးရေ တိုးတက်လာပြီး အချိန်မီ စာရင်းမတင်ပြနိုင်သဖြင့် ထောက်ပံ့ပေးရန် ပျက်ကွက်မှု တချို့လည်း ရှိခဲ့ပါသည်။ ယခင် စံသတ်မှတ်ချက်များ၌ မပါဝင်သည့် လယ်ယာခြံမြေပိုင်ဆိုင် ထားသည့် တောင်သူ များကလည်း သီးနှံဖြစ်ထွန်းမှု မရှိခြင်း၊ စျေးနှုန်းကောင်း မရခြင်းတို့ကြောင့် ကျပ်တည်းမှု များ ပေါ်ပေါက်လာကြ သဖြင့် အများနည်းတူထောက်ပံ့ငွေ ရရှိလိုခြင်းတို့ကိုလည်း ကြုံတွေ့ ခဲ့ရပါသည်။
ထောက်ပံ့ငွေ စုစုပေါင်း ၅၆၈ ဒသမ ၆၄ ဘီလီယံ
စုစုပေါင်းအိမ်ထောင်စု ၆ ဒသမ ၁ သန်းခန့်အား ငွေကျပ် ၅၆၈ ဒသမ ၆၄ဘီလီယံကိုလေးကြိမ်ခွဲ၍ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ထပ်မံ၍လည်း စတုတ္ထအကြိမ် ထောက်ပံ့ ခြင်းတွင် ထပ်တိုးအိမ်ထောင်စုများအတွက် ကျပ် ၅၅ ဒသမ ၇၂ ဘီလီယံ ထပ်မံထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။ ထိုကဲ့သို့ ထောက်ပံ့ပေးခြင်းသည် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးအတွက် စနစ်တကျ စီမံချက်ထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစီမံချက်ကို အကောင်အထည်ဖော်ရန် မဟာဗျူဟာ(၁၀)ချက်ကို ချမှတ်ခဲ့ပါသည်။ မဟာဗျူဟာ(၁၀)ချက်ကို ဆောင်ရွက်ရမည့် အစီအစဉ်(Action Plans) (၃၆) ချက် ကိုလည်း ဌာနဆိုင်ရာအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး မဟာဗျူဟာ (၁၀) ချက်
မဟာဗျူဟာ (၁၀) ချက်တွင် ငွေကြေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍရှိ လုပ်ငန်းများ အပေါ် သက်ရောက်မှုများ လျော့နည်းစေခြင်းများ ပါဝင်ပါသည်။ ယင်းအပြင် ဘဏ်လုပ်ငန်းကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက် မှုများ လျော့နည်းစေပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ခြင်း မဟာဗျူဟာများလည်း ပါဝင်ပါသည်။
အလုပ်သမားများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်း၊ အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန်ဆောင်ရွက်ခြင်းနှင့် တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ဆောင်ရွက်ခြင်း မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးအတွက် စီမံချက်ရေးဆွဲရာတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် အစိုးရအသုံးစရိတ်များ နှင့် စည်းမျဉ်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် ခြင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေနှင့် အရေးပေါ်ရန်ပုံငွေများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် လည်း မဟာဗျူဟာများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ပြည်သူသာလျှင် အဓိက
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုသက်သာစေရေးအတွက် စီမံချက်ရေးဆွဲကာ ပန်းတိုင် (၇) ခု၊ မဟာ ဗျူဟာ(၁၀)ချက်၊ ဆောင်ရွက်ရမည့်အစီအစဉ်(Action Plans) (၃၆) ချက်ကို နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ဝန်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာအသီးသီးက ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက် လျက်ရှိ ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိစေရေး “ပြည်သူသာလျှင် အဓိက”ဟု ဆိုသည့် အတိုင်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာ အရေးကြီးပါသည်။ နိုင်ငံတော်အကြီး အကဲများ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ဝန်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာအသီးသီး က ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုသက်သာစေရေး၊ စီမံချက်အောင်မြင်စေရေးအတွက် ပြည်သူအားလုံးက ပူးပေါင်း ပါဝင်ကူညီကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှုသက်သာ စေရေး စီမံချက်တွင်ပါရှိသည့် ပန်းတိုင် (၄) ဖြစ်သည့် အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေး ဆောင်ရွက်နိုင်ရန်အတွက် အိမ်ထောင်စု များအပေါ် ဆိုးကျိုးသက်ရောက်မှုလျော့နည်းစေရန် မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ထိုပန်းတိုင်နှင့် မဟာဗျူဟာကို အကောင်အထည်ဖော်ရာ တွင် Action Plans အဖြစ် ငွေကြေးနှင့်စားသောက် ကုန်ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိရာ အားနည်းချက်များ၊ အခက် အခဲများ ကြုံတွေ့ရလျက်ရှိပါသည်။ စိန်ခေါ်မှုများ ရှိသော်လည်း အခွင့်အလမ်းအဖြစ်မှတ်ယူကာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး မွန်မြတ် သောစိတ်ထားများဖြင့် ပြည်သူအားလုံးကို ပါဝင်ကြဖို့ ဆန္ဒပြုတင်ပြအပ်ပါသည်။ ။
ညီညီမင်း (ထွေ/အုပ်)