Skip to main content

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

အဆောက်အအုံဟောင်းကို ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။       ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခန္တီးခရိုင်၊ လဟယ်မြို့နယ်၊ ဆေးရုံလမ်း၊ ​တာလံရပ်ကွက်ရှိ မြေဧရိယာ(၀.၅၀)ဧကပေါ်တွင် အသုံးမလိုသည့် အဆောက်အအုံဟောင်းကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၉-၁၀-၂၀၂၀)ရက်နေ့မှ (၄-၁၁-၂၀၂၀) ရက်နေ့အထိ ရုံးဖွင့်ချိန် (၀၉ : ၃၀)နာရီမှ (၁၆ : ၃၀)နာရီအတွင်း အောက်ပါလိပ်စာတွင် တင်ဒါပုံစံများကို တစ်စောင်လျှင် ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် ဝယ်ယူနိုင်ပါသည်။

၃။       ဈေးနှုန်းကမ်းလှမ်းလွှာများကို (၅-၁၁-၂၀၂၀)ရက်နေ့ (၀၉: ၃၀)နာရီမှ (၁၆: ၃၀) နာရီအတွင်း အောက်ဖော်ပြပါလိပ်စာသို့ လာရောက်ပေးသွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄။       အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း- ၀၇၁- ၂၆၂၈၄ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါပုံစံများ ဝယ်ယူ/ တင်သွင်းရန်လိပ်စာ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးရုံး

အမှတ် ၄/၃ ၊ ကျန်စစ်သားလမ်းနှင့် စိတ္တသုခလမ်းထောင့်၊

နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့

ဖုန်းနံပါတ် - ၀၇၁-၂၆၂၈၄