Skip to main content

AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

နေပြည်တော် ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များ၌ ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA အကြမ်းဖက်သောင်းကျန်းသူများက ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ထည့်၍ လည်လှီးကာသတ်ဖြတ်ခြင်း၊ အဆိုပါလည်လှီးသတ်ဖြတ်နေသည့် Video File များကို ရိုက်ကူး၍ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ကျောက်တော်နယ်မြေ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများလိုက်ပါလာသော သင်္ဘောကိုလည်း ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။

ယခုကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။