မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် ၂၈-၉-၂၀၂၄ ရက်(စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
လှူဒါန်းလိုသူများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်းပေးသွင်း လှူဒါန်းနိုင်ပါသည်-
(၁) ဒေါ်လဲ့လဲ့အေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁
(၂) ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁၁
(၃) ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ