Skip to main content

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၅ / ၂၀၂၄)

၁၃၈၆ ခုနှစ် ၊ တော်သလင်းလဆန်း ၇ ရက် (၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၉ ရက်)

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၉) လမ်း၊ အိမ်အမှတ် (၁၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ၏ မှတ်ပုံတင်အမှတ်မှာ (၅၂) ဖြစ်ပါသည်။

( ပုံ ) ကိုကို

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်