Skip to main content

ဗုဒ္ဓဘာသာအမျိုးသားရေးအင်အားစု သဘောထားထုတ်ပြန်ချက်

(၁၂- ၁၀ -၂၀၂၂)

၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်သို့ တက်ရောက်ဖူးမြော်ကြမည့် ကင်ပွန်းစခန်းရှိ တောင်တက်ယာဉ်စခန်းအား အကြမ်းဖက် PDF များမှ လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြရာ အပြစ်မဲ့ဘုရားဖူး ပြည်သူစုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိသွားခဲ့ရပြီး အမျိုးသမီး ၃ ဦး သေဆုံးကြောင်း သိရှိရပါသည်။

၂။ ဘုရားဖူးခြင်းသည် ကုသိုလ်ရေးကိစ္စဖြစ်သည်။ မည်သည့်စစ်အခြေစိုက်စခန်းမှမရှိသော ကင်ပွန်းစခန်းတောင်တက်မော်တော်ယာဉ်ဂိတ်သို့ တိုက်ခိုက်ခြင်းသည် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနိုင်မှန်းသိလျက်နှင့် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်ကို သက်သက်ရွေးချယ် ကာ လုပ်ဆောင်ခြင်းဖြစ်၍ မိမိတို့မှ လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ဗုဒ္ဓဘာသာအမျိုးသားရေးအင်အားစု