Skip to main content

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ ပထမနှစ်သင်တန်းများ၏ လစ်လပ် နေရာများသို့ ပြောင်းရွှေ့တက်ရောက်နိုင်ရေး လျှောက်လွှာခေါ်ယူသည့် ကြေညာချက်

(၂၀၂၀) ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်း မရှိသေးသူများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထား လိုသူများ၊ အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ တွင် ဝင်ခွင့်ရရှိသူများသည် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ လျှောက်ထားနိုင်ကြောင်းနှင့် လစ်လပ်နေရာပေါ် မူတည်ပြီး ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနက် အမှတ်အများဆုံးရရှိသူများအား ရွေးချယ်၍ လစ်လပ်နေရာများတွင် အစားထိုးပြောင်းရွှေ့ တက်ရောက်ခွင့်ပြုရေး ရွေးချယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page, Website တို့တွင်လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ Website တွင် လည်းကောင်း၊ သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ Website များတွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်းနှင့် မိမိတို့လက်ရှိ တက်ရောက်ပညာသင်ကြားလျက်ရှိသော တက္ကသိုလ်များတွင်လည်း  စုံစမ်းမေးမြန်းနိုင်ကြောင်း ကြေညာ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန