ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးသူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူး (၁၁၃၀၀၀) ဘူး ထောက်ပံ့လှူဒါန်း
ဂျပန်နိုင်ငံအစိုးရ၏ “ရွေးကောက်ပွဲ အကူအညီ ပေးရေးစီမံကိန်း” အရ ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေး သူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူး (၁၁၃၀၀၀) ဘူးအား ထောက်ပံ့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည်၊၊
နိုင်ငံသားဆိုင်ရာအသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်ကချင်ပြည်နယ်ရှိ လူငယ်များအား ပြည်သူ့နီတိသင်တန်းကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် သင်ကြားပို့ချ
မြန်မာဝိုင်အမ်စီအေနှင့် မြစ်ကြီးနားဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲတွင် မဲပေးကြမည့် ကချင်ပြည်နယ်ရှိ လူငယ်များ နိုင်ငံသား ဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်အတွက် ပြည်သူ့နီတိသင်တန်း ကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အောက်တိုဘာ ၂၆ ရက် မှ ၂၈ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ယနေ့မှစတင်၍ ကြိုတင်ဆန္ဒမဲပေး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် အသက် ၆၀ နှစ် နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေး ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာများတွင် ယနေ့နံနက် ပိုင်းက စတင်၍ ဆောင်ရွက်ကြသည်။
မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အဖြစ် “ဘယ်သူပြိုင်လို့ လှပါတော့နိုင်”ဇာတ်ကားအား Digitization ပြုလုပ်ပြီးစီး
မြန်မာရုပ်ရှင်ချစ်ပရိသတ်များ စွဲလမ်းနှစ်သက်ခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင် ဇာတ်ကား ကို ကိုရီးယားရုပ်ရှင်ကောင်စီက Digitization ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့တွင် ၎င်းဇာတ်ကား၏ Digital Version နှင့် မူရင်းဖလင်များကို ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဟံသာ၀တီ ဦးအုန်းကြိုင်ဆုံးရှာပြီ...
သည်ကနေ့ ၂၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ် သောကြာနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဖြစ်သူ ဟံသာ၀တီ ဦးအုန်းကြိုင်ဆုံးပါးသွားခဲ့ပါသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသ ခံယူနေရာက ပိုးကင်းရှင်း ပျောက်ကင်းပြီဟုသိရပြီး ဆေးရုံမှဆင်းရတော့ မည့် အချိန်တွင် အူနှင့်ပတ်သက်သောရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရာမှ အူမကြီးပေါက်ခြင်းနှင့် ယင်းကြောင့် သွေးဆိပ်ပျံ့နှံ့ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကြောင့် တိမ်းပါးသွားခဲ့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များ၏ ပြောပြချက်အရ သိရပါသည်။
မြန်မာ-ကိုရီးယားပူးပေါင်း၍ အွန်လိုင်းဖြင့် တိုက်ကွမ်ဒိုသင်ကြားပေး
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီနှင့် ကိုရီးယားနိုင်ငံ (Taekwondo Promotion Foundation)တို့ ပူးပေါင်း၍ မြန်မာတိုက်ကွမ်ဒိုအားကစားနည်းတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ထွက်ပေါ်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးနှင့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်- ၁၉ စိတ်ဖိစီးမှုများ လျော့ကျလာစေရေး၊ ကျန်းမာ၊ ကြံ့ခိုင်လာစေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်လာစေရေး အလေးပေးဆောင်ရွက်သော လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ တိုက်ကွမ်ဒိုအသင်းအဖွဲ့များမှ မိမိတို့ အသင်းကစားသမားများအား နေအိမ်နေသည့်ကာလ တစ်လျှောက်တွင် Zoom Virtual Taekwondo Training များဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆင်မကြီးမိုမို၏ (၆၇နှစ်) ပြည့်မွေးနေ့ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပမည်
၁၉၆၁ ခုနှစ်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ရောက်ရှိလာသော ဆင်မကြီး မိုမိုမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်တွင် အသက် (၆၇နှစ်) ပြည့်ပြီဖြစ်ရာ ဆယ်စုနှစ်ခေတ်များစွာကို ဖြတ်သန်း လာသော ဆင်မကြီးမိုမို ယနေ့တိုင် အသက်ရှင်သန်လျက်ရှိ၍ မိုမိုမွေးနေ့အား ကျန်ဆင်မသုံးကောင် နှင့်အတူ အသီးအနှံမျိုးစုံဘူဖေးကျွေးမွေးခြင်းဖြင့် အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်- ကိုကိုးကျွန်းခရီးစဉ် ဒုတိယအခေါက် ထွက်ခွာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ဒုတိယအခေါက် ခရီးစဉ်ကို သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV.CHARITES ရေယာဉ်ဖြင့် ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း အမှတ် (၃) ဆိပ်ခံတံတားမှ ထွက်ခွာသည်။
ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားချိန်မှစ၍ National COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉)သို့ ဖုန်းခေါ်ဆိုမေးမြန်းမှု ပြန်လည်မြင့်တက်လာ
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားချိန်မှစ၍ National COVID-19 Call Center(ဖုန်းနံပါတ် ၂၀၁၉) သို့ ဖုန်းခေါ်ဆိုမေးမြန်းမှု ပြန်လည်မြင့်တက် လာကြောင်း ဆေးသုတေသနဦးစီးဌာန ကူးစက်ရောဂါဗေဒ သုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်ထံမှ သိရသည်။