နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံ အရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၂၂) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင် ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မာမာအေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
ခေတ်သစ်ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ခေတ်သစ်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
ဂျော်ဒန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၆၄ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့ နေရသည့် ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၄ ဦး နှင့် အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား ၆၀ ၊ စုစုပေါင်း ၁၆၄ ဦး တို့အား မြန်မာသံရုံး တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
ကိုဗစ်ထိန်းချုပ်ရေး စနစ်တကျပူးပေါင်း
တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကူးစက်ဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ ကိုဗစ်-၁၉လူနာများအား စေတနာပြည့်ဝစွာ ဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်မကျဆင်းဘဲ လိုအပ်ချက် များပြည့်စုံနေရေးသည် အရေးကြီးသည်။ ။
ကူးစက်ရောဂါအန္တရာယ်ကင်းရေး စနစ်တကျတပ်ဆင်၊ စနစ်တကျစွန့်ပစ်
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လအတန်ငယ်ကြာပြီးသည့် နောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နောက်ထပ်အသစ်များ ထပ်တိုးလာသည်။ ယခင်ရှိရင်းစွဲ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ် ပစ္စည်းများဖြစ်သော ပလတ်စတစ် အမှိုက်သရိုက်များ အပြင် ကိုဗစ်ကာလအတွင်း စွန့်ပစ် အမှိုက်များဖြစ်သည့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်သန့်ဆေးရည်ဘူးခွံ၊ ပုလင်းခွံများက လူတို့နေထိုင်ရာ မြို့ပြပတ်ဝန်းကျင်များ တွင်သာမက ပင်လယ်ပြင်အထိပါ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
ရုံး/ဌာနများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြီးကြပ်သူများ/ တာဝန်ကျဝန်ထမ်းများအနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များ
ရုံး/ဌာနများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြီးကြပ်သူများ/ တာဝန်ကျဝန်ထမ်းများအနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များ
မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ငွေကြေး ထောက်ပံ့ခြင်းဆွေးနွေးပွဲ Online စနစ်ဖြင့် ကျင်းပ
မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲကို Online စနစ်ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
