
နေပြည်တော် ဧပြီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ အချိုရည်၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်နှင့် စားနပ်ရိက္ခာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကောင်စီဝင်သည် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်တာများနှင့် စားဝတ်နေရေး အခက်အခဲများကို မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယနေ့တွင် ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဆန်အိတ် ၅၀၀၊ ရေသန့်ဘူးကတ် ၂၀၀၊ အချိုရည်ကတ် ၃၀၀၊ ခေါက်ဆွဲခြောက်ထုပ် ၅ ဖာ၊ ငါးခြောက်နှင့် စားနပ်ရိက္ခာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Off
Off