Skip to main content

နေပြည်တော် ဧပြီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုများ၏ ယာယီနေရာချထားရာစခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အားပေးစကားပြောကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်းရုံးသို့ ရောက်ရှိပြီး ရုံးဝင်းအတွင်း ငလျင်ဒဏ်ခံရသဖြင့် ဝန်ထမ်းမိသားစု ၉၂ ဦးတို့အား ယာယီစခန်းချထားမှုကို ကြည့်ရှုစစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စုစည်းနေရာချထားမှုအခြေအနေ၊ ဝန်ထမ်းမိသားစုများအတွက် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေနှင့် ရုံးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းပြသမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းပေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့မီးရထားဘူတာစင်္ကြံအမှတ် (၃)သို့ ဆိုက်ရောက်လာသော ရန်ကုန်-နေပြည်တော် အမှတ် (၇) အဆန် DEMU ရထားတွဲဆိုင်းနှင့် ဘူတာစင်္ကြံအမှတ် (၂) ၌ နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည့် အမှတ်(၂၇)အဆန်၊ လေအိတ်အမြန် ရထားတွဲဆိုင်းတို့အား ကြည့်ရှုစစ်ဆေး၍ ရထားများအချိန်မှန် ထွက်ခွာ၊ ဆိုက်ရောက်နိုင်ရေး၊ သတ်မှတ်အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရေး၊ ရထားခရီးစဉ်သတင်း အချက်အလက်များကို ပြည်သူလူထု ကျယ်ပြန့်စွာသိရှိစေရေး လိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော် ဘူတာကြီးနယ်မြေအတွင်း ငလျင်ဒဏ်ခံ ဝန်ထမ်းမိသားစုအင်အား ၈၀၀တို့အား နေရာချထားမှုအခြေအနေ၊ မြန်မာ့မီးရထားဆေး အဖွဲ့မှ ဝန်ထမ်းမိသားစုနှင့် ဒေသခံ ပြည်သူတို့အား ဆေးဝါးကုသပေးမှုအခြေအနေတို့ကို စစ်ဆေးကာယာယီစခန်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ လူနာစုစုပေါင်း ၇၇၁ ဦးကုသပေးနိုင်ခဲ့မှုအပေါ် ဆက်လက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေး မှာကြားသည်။

ယင်းနောက် မီးဖိုဆောင်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မိသားစုအလိုက် အမိုး၊ အကာဖြင့် စနစ်တကျ နေရာချထားရန်နှင့် ကာလတစ်ခုအထိ အဆင်ပြေစွာ နေထိုင်နိုင်ရေး Campတည်ဆောက်ရန် လိုအပ်သည့်မြေနေရာများ ကြိုတင်စီစဉ် ဆောင်ရွက်ကြရေး မှာကြားသည်။ ဆက်လက်၍ မြန်မာ့မီးရထား(ရုံးချုပ်) စီးပွားရေး ဌာနခွဲရုံးဝင်းအတွင်းရှိ ဝန်ထမ်းမိသားစု ၄၃၄ ဦးရှိသည့် ယာယီစခန်းနေရာသို့ရောက်ရှိပြီး နေရာချထားပေးမှု အစီအစဉ်၊ စားသောက်ရေးအစီအစဉ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး(ရွာတော်)၌ ဌာနဝန်ထမ်းမိသားစု ၁၀၈ ဦးတို့အား ယာယီစခန်းချနေထိုင်မှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off