Skip to main content

နေပြည်တော် ဧပြီ ၅

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့နေ့ရက်အလိုက် ရောက်ရှိကြသည်။

တပ်မတော်လေဆိပ်သို့ရောက်ရှိ

ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာကြသည်။

ယနေ့ရောက်ရှိကြသည့် နိုင်ငံအလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး အဆိုပါကယ်ဆယ်ရေးအဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Off