
နေပြည်တော် ဧပြီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျော်ဘွယ်မြို့နယ်ရုံးနှင့် ရမည်းသင်းခရိုင်ရုံးများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆက်လက်ထိခိုက်မှုမရှိရေး၊ အန္တရာယ်ကင်းရေးနှင့် အရေးကြီးဆောင်ရွက်ရန်ရှိသည်များကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲစသည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Off
Off