Skip to main content

နေပြည်​တော် ဧပြီ ၄

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့်ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတွင် ဧပြီ ၄ ရက်အထိ သေဆုံးသူ ၃၃၅၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၅၀ နှင့် ပျောက်ဆုံးသူ ၂၂၀ ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၆၅၆ ဦးကို ရှာဖွေပေးနိုင်ခဲ့သည်။

ထောက်ပံ့လှူဒါန်း

ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှစေတနာရှင်၊ အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၄ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံပေါင်းငါးနိုင်ငံမှ လေယာဉ်စင်းရေငါးစင်းတို့ဖြင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၁၂၈ ဒသမ ၅၈၉ တန် ဆိုက်ရောက်ခဲ့သည်။

ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Off