Skip to main content

နေပြည်တော် ဧပြီ ၄

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် (၂) ဦးဇေယျာလင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန၏ ဆရာဒကာကျောင်းဖြစ်သော တပ်ကုန်းမြို့ ငွေတောင်တောရကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆရာဒကာကျောင်းဖြစ်သော တပ်ကုန်းမြို့ မြို့လယ်ဝေပုလ္လကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီ၊ Hygiene Kit နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက ယာယီရုံးများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန် ဆွေးနွေးမှာကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းလှူဒါန်းသော Hygiene Kit များကိုလည်းကောင်း၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးက လှူဒါန်းထားသည့် ဆန်၊ ဆီ နှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် မြောက်မြိုင်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငလျင်ဒဏ်သင့်ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ကျေးရွာအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် ကျေးရွာရှိ ငလျင်ဒဏ်သင့်ပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများကိုအမြန်တင်ပြကြရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျေးရွာရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဆန် ခြောက်ပြည်အိတ် ၂၀၀ ကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းလှူဒါန်းသော Hygiene Kit ၂၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off