
ရန်ကုန် ဧပြီ ၄
မြန်မာနိုင်ငံစာရေးဆရာအသင်းသည် ၂၈. ၃. ၂၀၂၅ ရက် နေ့တွင် မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှတစ်ဆင့် အလှူငွေကျပ် ၁၃၅ သိန်းနှင့် မြေငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသော ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် အလှူငွေကျပ် သိန်း ၁ဝဝ စုစုပေါင်း အလှူငွေကျပ် ၂၃၅ သိန်း လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသော မြန်မာနိုင်ငံစာရေးဆရာ အသင်းဝင်များအား ဆက်လက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ မြို့နယ်စာရေးဆရာအသင်းများနှင့် စေတနာရှင် အလှူရှင်များအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အလှူငွေများလှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း- ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါရန် နှိုးဆော်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း