Skip to main content

Jun 21, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ(Moscow Conference on Internati- onal Security-2021(MCIS-2021))သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 18, 2021

၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ သဲဖြူကုန်းကျေးရွာရှိ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်မြို့နယ်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မော်လမြိုင်မြို့ရှိ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Jun 01, 2021

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သည်ဟု ဆိုရာတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများသာမက နိုင်ငံတော်၏ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး အတွက်ထိန်းသိမ်း ဆောင်ရွက်ခြင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာမှုများကို ကာကွယ်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ ကပ်ရော ဂါကြုံတွေ့နေရမှုများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခြင်းနှင့် မိမိလုပ်ငန်း တာဝန်များကို ကောင်းမွန်ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်နေခြင်းပင် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ မင်္ဂလာ ကန်တော်ပတ်လမ်း တိုးချဲ့ တည်ဆောက်မည့် အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့် မြေနေရာပြုပြင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်ဖတ်ရှုရန်