Skip to main content

ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာ သတိပြုရမည့်အချက်များ

ဒေါက်တာသန်းနိုင်စိုး

၂၈-၄-၂၀၂၅ ရက်နေ့တွင်အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးတို့တွင် အဆိုပါငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရပါသည်။ ထိုဒေသများတွင် နေအိမ်အဆောက်အအုံ တိုက်တာများပြိုကျခြင်း၊ လျှပ်စစ်မီး၊ သောက်သုံးရေကဲ့သို့သော အခြေခံလိုအပ်ချက်များပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။

ထိုငလျင်ဘေးသင့်ဒေသများတွင် နေထိုင်သူအများစုသည်လည်း မိမိတို့၏နေအိမ်များတွင် ဆက်လက်နေထိုင်ရန် မသင့်တော်သောကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်ခြင်းနှင့် မိမိတို့၏နေအိမ် ဝန်းကျင်မြေကွက်လပ်၊ အားကစားကွင်း၊ စာသင်ကျောင်း စသည့်နေရာများတွင် ယာယီနေထိုင်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့နေထိုင်သူများအနေဖြင့် ကျန်းမာရေးထိခိုက်မှုမရှိစေရန် လိုက်နာရမည့်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် “မြေငလျင် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာသတိပြုရန်အချက်များ” ကို ဧပြီ ၇ ရက်မှစတင်၍ နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက်စာမျက်နှာများတွင် ထည့်သွင်းဖော်ပြ ပြီးဖြစ်ပါသည်။

ယာယီရွှေ့ပြောင်းနေထိုင်သူပြည်သူများအနေဖြင့် လတ်တလောအခြေအနေများအရ ကြုံတွေ့နိုင်သည့် အဓိကကျန်းမာရေးပြဿနာများမှာ ကူးစက်ရောဂါများအန္တရာယ်၊ မြွေနှင့်အဆိပ်ရှိသတ္တဝါများအန္တရာယ်နှင့် အပူဒဏ်အန္တရာယ် တို့ဖြစ်ပါသည်။ ငလျင်ဘေးအန္တရာယ်ကျရောက်ပြီးနောက် ဖြစ်ပွားနိုင်ခြေများပြားသည့် ကူးစက်ရောဂါများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါတို့ဖြစ်ပြီး မြွေနှင့်အခြားအဆိပ်ရှိသတ္တဝါတို့၏ အန္တရာယ်ကိုလည်း သတိပြု၍ကာကွယ်ရမည် ဖြစ်ပါသည်။

ကူးစက်ရောဂါအန္တရာယ်မှ ကာကွယ်ရန်စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ချက်ပြုတ် စားသောက်ရာတွင်လည်းကောင်း၊ အလှူရှင်များက လာရောက်ဝေငှသောထမင်းဘူးများနှင့် စားစရာများကို စားသောက်ရာတွင်လည်းကောင်း ပူပူနွေးနွေးချက်ချင်းစားသောက်ရန်လိုအပ်ပါသည်။ အစားအစာများကို ထိုသို့ချက်ချင်းစားသုံးခြင်းမပြုဘဲ နေ့ဖို့ညစာအဖြစ် သိုလှောင်သိမ်းဆည်းထားပါက ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်စေသည့် ဗက်တီးရီးယားပိုး စသည့်ရောဂါပိုးများပေါက်ပွားလာ၍ အစာအဆိပ် သင့်ခြင်းဖြစ်ပွားပြီး အချိန်မီဆေးကုသမှုမရရှိပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။

အလှူရှင်များအနေဖြင့်လည်း အစားအစာများကို လှူဒါန်းရာတွင် ချက်ပြုတ်ပြီးအစားအစာများကို လှူဒါန်းခြင်းမပြုဘဲ ပူပူနွေးနွေးချက်ပြုတ် စားသောက်နိုင်မည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန်လတ်ဆတ်သော အသား၊ ငါးစသည်တို့ကို ပေးပို့လှူဒါန်းခြင်းများ ပြုလုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက “အလှူရှင်များလိုက်နာရန် ပန်ကြားချက်” ကို ဧပြီ ၅ ရက်မှစတင်၍ နိုင်ငံပိုင်မီဒီယာများနှင့် အင်တာနက်စာမျက်နှာများမှ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အဆိုပါပန်ကြားချက်တွင် အထက်ဖော်ပြပါ ပူပူနွေးနွေးချက်ပြုတ်စားသောက်နိုင်မည့် အစားအသောက်များကို ပေးပို့လှူဒါန်းရာ၌ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့များ ထံသို့သာ လှူဒါန်းပေးရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပြီး စခန်းအလိုက် တာဝန်ကျကျန်းမာရေး ဝန်ထမ်းများကလည်း လှူဒါန်းလာသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်စေရန် နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါ၊ အေနှင့်အီးရောဂါ စသည့် မသန့်ရှင်းသည့်အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများမှကာကွယ်ရန် အတွက် ရိုးရှင်းလွယ်ကူထိရောက်ပြီး မဖြစ်မနေဆောင်ရွက်သင့်သည့် ကာကွယ်ရေးနည်းလမ်းမှာ အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ဟူသော သန့်လေးသန့်ကို လိုက်နာဆောင်ရွက်ခြင်းပင်ဖြစ် ပါသည်။ သန့်ရှင်းသည့်အစားအစာကို ရွေးချယ်စားသုံးရာတွင် ကျက်အောင်ချက်ပြုတ်ထားသည့် အစားအစာများကို ပူပူ‌နွေးနွေးစားသုံးရန် လိုအပ်သကဲ့သို့ ယင်နားစာ၊ စားသုံးချိန်ကျော်လွန်နေသည့် အစာ၊ သိုးနေသည့်အစာစသည့် မသန့်ရှင်းသည့် အစားအစာများကိုစားသုံးခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

သန့်ရှင်းသောသောက်ရေကိုသာ သောက်သုံးရမည်ဖြစ်ပြီး သောက်သုံးရေသည် FDA အသိအမှတ် ပြုသောက်ရေသန့် သို့မဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားသောရေဖြစ်မှသာ သောက်သုံးရန်သင့်ပါသည်။ ထို့အတူ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင်လည်းကောင်း၊ ပန်းကန်ဆေးရေ စသည့် ရေသုံးစွဲရာတွင်လည်းကောင်း ရေသန့်စင်ဆေးပြား သို့မဟုတ် ကလိုရင်းဆေးမှုန့် (Bleaching Powder) ခတ်ထားသောရေကိုသာ အသုံးပြုသင့်ပါသည်။

လက်သန့်စင်ရေးအတွက် အစားအသောက် မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီး တိုင်း လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ်ရေမလို လက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျ လက်ဆေးရမည်ဖြစ်ပြီး လက်သည်းရှည်များညှပ်ခြင်း၊ ရေချိုးသန့်စင်ခြင်းစသည့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အမြဲသတိပြုဆောင်ရွက်ရမည် ဖြစ်ပါသည်။

အညစ်အကြေးစွန့်ထုတ်ရာတွင် မိမိတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် အလေး၊ အပေါ့သွားခြင်းနှင့် စားကြွင်းစားကျန် အမှိုက်သရိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းကြောင့် မိမိတို့နေထိုင်ရာနေရာတွင် ကျန်းမာရေးထိခိုက်နိုင်သည့် မကောင်းသည့် အနံ့အသက်များရခြင်း၊ စွန့်ပစ်ရာနေရာများတွင် ယင်ကောင်များပေါက်ပွားရာမှ ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါများဖြစ်ပွားနိုင်ခြင်းတို့ကြောင့် လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပြီး ယာယီနေထိုင်ရာနေရာများတွင် စနစ်တကျဆောက်လုပ်ပေးထားသည့် ယင်လုံအိမ်သာများကိုသာအသုံးပြုခြင်းနှင့် စားကြွင်းစားကျန်များနှင့် အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများတွင်သာ စနစ်တကျစွန့်ပစ်ခြင်းတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ထို့အပြင် ယခုကဲ့သို့ သင်္ကြန်အကြိုကာလတွင် မိုးရွာလေ့ရှိပြီး ရာသီဥတုပူပြင်းမှုကြောင့် ကူးစက်မြန်မျက်စိနာရောဂါကဲ့သို့ ရောဂါများဖြစ်ပွားနိုင်ခြေများပြားသည်ကို သတိပြုရမည်ဖြစ်ပါမည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ကူးစက်မြန်မျက်စိနာရောဂါသည် ယာယီစုပေါင်းနေထိုင်ရာ နေရာများနှင့် စခန်းများတွင် တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်ပါသည်။ ထို့ကြောင့် မျက်မှန်တပ်ဆင်သူများအနေဖြင့် မိမိမျက်မှန် သန့်ရှင်းစေရန်အတွက် မကြာခဏသန့်စင်ပေးရန်လိုအပ်ပြီး နေထိုင်ရာပတ်ဝန်းကျင်တွင် မျက်စိနာရောဂါဖြစ်ပွားသူရှိပါက ထိုသူ၏အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင်ပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်းလုံးဝမပြုလုပ်ဘဲ ထိုသူ၏ အဝတ်အစားများကို သီးသန့်လျှော်ဖွပ်သန့်စင်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ယာယီ စုပေါင်းနေထိုင်ရာနေရာများတွင် ရာသီတုပ်ကွေးရောဂါနှင့် တီဘီရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သည့် ရောဂါများလည်း ကူးစက်ပြန့်ပွားနိုင်ပါသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းဆိုင်ရောဂါများ ကူးစက် ဖြစ်ပွားခြင်းမရှိစေရန် အအေးမိခြင်း၊ ဖျားနာခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်ပွား သည့်အခါတွင် အခြားသူများအား ထပ်မံကူးစက်ခြင်းမဖြစ်စေရန် မိမိဘာသာ သီးခြားခွဲ၍ နေထိုင်ရန် လိုအပ်ပြီးနှာချေ၊ ချောင်းဆိုးသည့်အခါတွင် ပါးစပ်နှင့်နှာခေါင်းကို လုံအောင်အုပ်ရန်နှင့် အခြားသူများနှင့် ခပ်ခွာခွာနေရန်လိုအပ်ပါသည်။ ရက်သတ္တနှစ်ပတ်ကြာချောင်းဆိုးခြင်း၊ ညနေပိုင်းတွင် အဖျားငွေ့ငွေ့ဖျားခြင်း၊ လည်ပင်းအကျိတ်များထွက်ခြင်း၊ ကိုယ် အလေးချိန်များကျဆင်းလာခြင်းတို့ ခံစားရပါက တီဘီရောဂါသံသယအဖြစ် အခြားသူများနှင့် သီးခြားခွဲ၍နေထိုင်ပြီး ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ရောဂါရှာဖွေကုသမှုခံယူရမည် ဖြစ်ပါသည်။

မိုးရွာသည့်အချိန် သို့မဟုတ် နံနက်ပိုင်းအအေးပိုလာချိန်တွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူများ အနေဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်အရွယ် ကြီးရင့်သူများနှင့် အသက်ငါးနှစ်အောက်ကလေး ငယ်များတွင် အအေးမိဖျားနာခြင်း၊ အဆုတ်အအေးမိရောင်ရမ်းခြင်းတို့ဖြစ်ပွားနိုင်၍ အအေးမမိစေရန် သတိပြုရမည်ဖြစ်ပါသည်။

ယာယီရွက်ဖျင်တဲများနှင့် ယာယီနေထိုင်ရာနေရာများတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါ၊ ငှက်ဖျားရောဂါစသည့် ခြင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများနှင့် ခြင်၊ မှက် ကိုက်ခြင်းကြောင့် အရေပြားပေါ်တွင်ယားယံသည့်အဖုများနှင့် ယားနာများဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်၍ ခြင်ကိုက်ခံရမှုမှ ကာကွယ်နိုင်ရန်ခြင်ထောင် သို့မဟုတ် ဆေးစိမ်ခြင်ထောင်ဖြင့်သာ အိပ်စက်ရန်ဖြစ်ပြီး နေထိုင်ရာအနီးတဝိုက် ရှိရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ခြင်းနှင့် အဘိတ်ကဲ့သို့ ခြင်ကျားပိုးလောက်လမ်းသေ ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

ယာယီစခန်းများ၌နေထိုင်ရာတွင် မြွေနှင့်အခြားအဆိပ်ရှိ တွင်းအောင်းသတ္တဝါများသည် မြေငလျင် ဖြစ်ပွားစဉ် မြေသားလှုပ်ရှားမှုကြောင့် မြေကြီးအတွင်းမှထွက်လာ၍ ယာယီတဲများအတွင်းသို့ ဝင်ရောက်နိုင်သဖြင့် မြွေ စသည့် အဆိပ်ရှိသတ္တဝါများအန္တရာယ်ကို အထူးသတိပြု၍ ယာယီတဲများကို အောက်ခြေလုံခြုံရန် သတိပြုရမည် ဖြစ်ပါသည်။ တဲအနီးတဝိုက်တွင် ဆိုလာမီး/ လျှပ်စစ်မီး စသည့် အလင်းရောင်အားကောင်းမွန်သည့် မီးထွန်းရန်လိုအပ်ပြီး ညအခါသွားလာရာတွင် မီးအိမ်၊ လက်နှိပ် ဓာတ်မီးအသုံးပြုရန်လိုအပ်ပြီး မြွေဆိုး ပေါများသည့်ဒေသတွင် လည်ရှည်ဖိနပ်နှင့် တုတ်ရှည်ကိုပါ အသုံးပြုသွားလာရန်လိုအပ်ပါသည်။

လက်ရှိအချိန်သည် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်မြင့်မားသည့် နွေရာသီကာလဖြစ်၍ ရွက်ဖျင်တဲများအတွင်းနေထိုင်သူများ၊ အရိပ်ရအပင်နည်းပါးသည့်နေရာများတွင် နေထိုင်သူများ အနေဖြင့် အပူဒဏ်ကို သတိပြုရန်အထူးအရေးကြီးပါသည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ အနေဖြင့် နေ့လယ်နေ့ခင်းပူပြင်းသည့် အချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသောနေရာများတွင်သာ နားနေရမည်ဖြစ်ပြီး အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်သင့်ပါသည်။

ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး အရက် သေစာသောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်သောကြောင့် ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ အပူဒဏ်ကြောင့် ခန္ဓာကိုယ်အတွင်းမှရေနှင့် ဓါတ်ဆားဓါတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ချွေးထွက်များပါကရေနှင့် ဓါတ်ဆားရည်ကို အလုံအလောက်ပြန်လည်သောက်သုံးရန်နှင့် မိတ်ဖု သို့မဟုတ် အယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ သွေးတိုးရောဂါအခံ ရှိသူများအနေဖြင့် အဓိကအားဖြင့် ရေကိုသောက်သုံးသင့်ပြီး ချွေးထွက်များ၍ ဓါတ်ဆား ရည်သောက်သုံးပါက ချိန်ဆ၍သောက်သုံးရမည် ဖြစ်ပါသည်။

အထက်ပါအချက်များအပြင် ငလျင်ဘေးသင့်ရာဒေသများတွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခြင်းများ ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပျက်စီးနေသော အဆောက်အအုံများ၊ ကြံ့ခိုင်မှုစစ်ဆေးထားခြင်းမရှိသည့် အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

ငလျင်ဘေးသင့်ဒေသများမှပြည်သူများအနေဖြင့် ငလျင်ဘေးကိုကိုယ်တွေ့ခံစားရခြင်း၊ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခြင်း၊ မိသားစုဝင်များဆုံးရှုံးရခြင်းနှင့် ယာယီနေထိုင်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ခံစားရနိုင်ပါသည်။ ထိုသို့ခံစားရခြင်းများသည် ရေရှည် တွင်စိတ်ကျန်းမာရေးကိုပါထိခိုက်နိုင်၍ စိတ်ဓာတ်ကြံ့ခိုင်ကျန်းမာနေစေရန် အစဉ်အမြဲသတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငလျင်ဘေးကဲ့သို့သဘာဝဘေးများသည် ကြိုတင်ခန့်မှန်းရန်ခက်ခဲပြီး သဘာဝဖြစ်စဉ် ဖြစ်ပါသည်။

သို့ဖြစ်၍ ဘေးအန္တရာယ်ခံစားရချိန်တွင် မိမိစိတ်တွင် ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်းစသည့် ခံစားချက်များ ဖြစ်ပေါ်တတ်သည့်သဘာဝရှိ၍ ၎င်းတို့ကို အရှိကိုအရှိအတိုင်း လက်ခံရမည်ဖြစ်ပါသည်။ မိမိတွင်ခံစားရသည့်အချက်များကို မိမိတစ်ဦးတည်း ကြိတ်မှိတ်၍ခံစားခြင်းမပြုဘဲ မိမိယုံကြည်ရသူများနှင့် စကားပြောပြီး အတွေ့အကြုံမျှဝေပေးခြင်းအားဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါသည်။ နိုင်ငံပိုင်မီဒီယာများနှင့် မှန်ကန်သည့်သတင်းအရင်း အမြစ်များမှ သတင်းများကိုသာယုံကြည်ရမည်ဖြစ်ပြီး ကောလာဟလနှင့် အခြေအမြစ်မရှိသည့် ငလျင်သတင်းများအား ယုံကြည်၍စိတ်ခြောက်ခြားခြင်း မဖြစ်စေရန်လိုအပ်ပါသည်။

ကိုယ်၏ကျန်းမာရေးနှင့် စိတ်၏ကျန်းမာရေးတို့သည်ဆက်စပ်နေ၍ အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေး ဆိုင်ရာသတိပြုရန်အချက်များကိုလိုက်နာပြီး အာဟာရပြည့်ဝစွာစားသောက်ရန်နှင့် အိပ်ရေးပျက်မခံရန်လို အပ်ပါသည်။ တတ်နိုင်သရွေ့ အခြားသူများကိုကူညီခြင်း၊ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်၍ အခြားသူများနှင့် အတူတာဝန်ထမ်းဆောင်ခြင်းဖြင့် စိတ်ဓာတ်အင်အားရရှိစေ ပါသည်။ စိုးရိမ်မှု၊ ကြောက်ရမှု သို့မဟုတ် ဝမ်းနည်းမှုများ ကာလတာရှည်ခံစားရပါက စိတ်ကျန်းမာရေး ကျွမ်းကျင်သူ သို့မဟုတ် စိတ်ရောဂါအထူးကု ဆရာဝန်ထံပြသ၍ အကြံဉာဏ်ရယူသင့်ပြီး လိုအပ်ပါက ဆေးကုသမှုခံယူရမည်ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် ငလျင်ဘေးဖြစ်ပွားစဉ်ကာလအတွင်း ကိုယ်၏ကျန်းမာရေး၊ စိတ်၏ ကျန်းမာရေး ဆိုင်ရာအကြံပြုချက်များကို ကိုယ်တိုင်သိရှိလိုက်နာပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုဝင်များ၊ မိတ်ဆွေသင်္ဂဟများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဆက်လက်မျှဝေပေးရန် လိုအပ်ပါသည်။ နေထိုင်မကောင်းခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါကလည်း နီးစပ်ရာကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဒေသများတွင် ဒေသအလိုက်တာဝန် ပေးအပ်ထားသည့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးများထံ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူရန် လိုအပ်ကြောင်းတင်ပြလိုက်ရပါသည်။

ယာယီရွက်ဖျင်တဲများနှင့် ယာယီနေထိုင်ရာ နေရာများတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါစသည့် ခြင်မှတစ်ဆင့် ကူးစက်သည့်ရောဂါများနှင့်ခြင်၊ မှက်ကိုက်ခြင်းကြောင့် အရေပြားပေါ်တွင်ယားယံသည့် အဖုများနှင့် ယားနာများဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်၍ ခြင်ကိုက်ခံ ရမှုမှကာကွယ်နိုင်ရန်ခြင်ထောင် သို့မဟုတ် ဆေးစိမ်ခြင်ထောင်ဖြင့်သာ အိပ်စက်ရန်ဖြစ်ပြီးနေထိုင်ရာ အနီးတစ်ဝိုက်ရှိ ရေမြောင်းများရေစီးရေလာကောင်း မွန်စေရေးဆောင်ရွက်ခြင်းနှင့် အဘိတ်ကဲ့သို့ ခြင်ကျား ပိုးလောက်လမ်းသေ ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

ယာယီစခန်းများ၌နေထိုင်ရာတွင် မြွေနှင့် အခြားအဆိပ်ရှိ တွင်းအောင်းသတ္တဝါများသည် မြေငလျင်ဖြစ်ပွားစဉ် မြေသားလှုပ်ရှားမှုကြောင့် မြေကြီးအတွင်းမှထွက်လာ၍ ယာယီတဲများ အတွင်းသို့ ဝင်ရောက်နိုင်သဖြင့် မြွေ စသည့် အဆိပ်ရှိသတ္တဝါများအန္တရာယ်ကို အထူးသတိပြု၍ ယာယီတဲများကို အောက်ခြေလုံခြုံရန် သတိပြုရမည်ဖြစ်ပါသည်။ တဲအနီးတစ်ဝိုက်တွင် ဆိုလာမီး/လျှပ်စစ်မီး စသည့် အလင်းရောင်အားကောင်းမွန်သည့် မီးထွန်းရန်လိုအပ်ပြီး ညအခါသွားလာရာတွင် မီးအိမ်၊ လက်နှိပ်ဓာတ်မီးအသုံးပြုရန်လိုအပ်ပြီး မြွေဆိုးပေါများသည့်ဒေသတွင် လည်ရှည်ဖိနပ်နှင့် တုတ်ရှည်ကိုပါ အသုံးပြုသွားလာရန်လိုအပ်ပါသည်။

လက်ရှိအချိန်သည် အပူဒဏ်နှင့်ခရမ်းလွန်ရောင် ခြည်မြင့်မားသည့် နွေရာသီကာလဖြစ်၍ ရွက်ဖျင်တဲ များအတွင်းနေထိုင်သူများ၊ အရိပ်ရအပင်နည်းပါး သည့်နေရာများတွင် နေထိုင်သူများအနေဖြင့် အပူဒဏ်ကိုသတိပြုရန် အထူးအရေးကြီးပါသည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းပူပြင်းသည့်အချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင်သာ နားနေရမည်ဖြစ်ပြီး အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်သင့်ပါသည်။

ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး အရက်သေစာ သောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်သောကြောင့် ရှောင်ကြဉ်ရမည်ဖြစ်ပါ သည်။ အပူဒဏ်ကြောင့် ခန္ဓာကိုယ်အတွင်းမှ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ချွေးထွက်များပါက ရေနှင့်ဓာတ်ဆားရည်ကို အလုံအလောက် ပြန်လည်သောက်သုံးရန်နှင့် မိတ်ဖု သို့မဟုတ် အယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်သင့်ပါသည်။ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် အဓိကအားဖြင့် ရေကိုသောက်သုံးသင့်ပြီး ချွေးထွက်များ၍ ဓာတ်ဆားရည်သောက်သုံးပါက ချိန်ဆ၍သောက်သုံးရမည် ဖြစ်ပါသည်။

အထက်ပါအချက်များအပြင် ငလျင်ဘေးသင့်ရာ ဒေသများတွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခြင်းများ ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ပြည်သူ များအနေဖြင့် ပျက်စီးနေသော အဆောက်အအုံများ၊ ကြံ့ခိုင်မှုစစ်ဆေးထားခြင်းမရှိသည့် အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအနေဖြင့် ငလျင်ဘေးကိုကိုယ်တွေ့ခံစားရခြင်း၊ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခြင်း၊ မိသားစုဝင်များဆုံးရှုံးရခြင်းနှင့် ယာယီနေထိုင်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများခံစားရနိုင်ပါသည်။ ထိုသို့ခံစားရခြင်းများသည် ရေရှည်တွင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်၍ စိတ်ဓာတ်ကြံ့ခိုင်ကျန်းမာနေစေရန် အစဉ်အမြဲ သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငလျင်ဘေးကဲ့သို့ သဘာဝဘေးများသည် ကြိုတင်ခန့်မှန်းရန်ခက်ခဲပြီး သဘာဝဖြစ်စဉ်ဖြစ်ပါသည်။

သို့ဖြစ်၍ ဘေးအန္တရာယ်ခံစားရချိန်တွင် မိမိစိတ်တွင်ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်းစသည့် ခံစားချက်များဖြစ်ပေါ်တတ်သည့် သဘာဝရှိ၍ ၎င်းတို့ကို အရှိကိုအရှိအတိုင်းလက်ခံရမည်ဖြစ်ပါသည်။ မိမိတွင်ခံစားရသည့်အချက်များကို မိမိတစ်ဦးတည်း ကြိတ်မှိတ်၍ခံစားခြင်းမပြုဘဲ မိမိယုံကြည်ရသူများနှင့်စကားပြောပြီး အတွေ့အကြုံ မျှဝေပေးခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါသည်။ နိုင်ငံပိုင်မီဒီယာများနှင့် မှန်ကန်သည့် သတင်းအရင်းအမြစ်များမှ သတင်းများကိုသာ ယုံကြည်ရမည်ဖြစ်ပြီး ကောလာဟလနှင့် အခြေအမြစ်မရှိသည့် ငလျင်သတင်းများအား ယုံကြည်၍ စိတ်ချောက်ချားခြင်းမဖြစ်စေရန် လိုအပ်ပါသည်။

ကိုယ်၏ကျန်းမာရေးနှင့် စိတ်၏ကျန်းမာရေးတို့သည် ဆက်စပ်နေ၍ အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေးဆိုင်ရာ သတိပြုရန်အချက်များကို လိုက်နာပြီး အာဟာရပြည့်ဝစွာစားသောက်ရန်နှင့် အိပ်ရေးပျက်မခံရန် လိုအပ်ပါသည်။ တတ်နိုင်သရွေ့ အခြားသူများကိုကူညီခြင်း၊ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်၍ အခြားသူများနှင့်အတူ တာဝန်ထမ်းဆောင်ခြင်းဖြင့် စိတ်ဓာတ်အင်အားရရှိစေပါသည်။ စိုးရိမ်မှု၊ကြောက်ရမှု သို့မဟုတ် ဝမ်းနည်းမှုများ ကာလတာရှည်ခံစားရပါက စိတ်ကျန်းမာရေး ကျွမ်းကျင်သူ သို့မဟုတ် စိတ်ရောဂါအထူးကု ဆရာဝန်ထံပြသ၍ အကြံဉာဏ်ရယူသင့်ပြီး လိုအပ်ပါက ဆေးကုသမှုခံယူရမည်ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် ငလျင်ဘေးဖြစ်ပွား စဉ်ကာလအတွင်း ကိုယ်၏ကျန်းမာရေး၊ စိတ်၏ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို ကိုယ်တိုင် သိရှိလိုက်နာပြီး မိမိမှတစ်ဆင့် မိမိ၏မိသားစုဝင်များ၊ မိတ်ဆွေသင်္ဂဟများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဆက်လက်မျှဝေပေးရန်လိုအပ်ပါသည်။ နေထိုင် မကောင်းခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါကလည်း နီးစပ်ရာကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဒေသများတွင် ဒေသအလိုက်တာဝန်ပေးအပ်ထားသည့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများထံ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူရန် လိုအပ်ကြောင်းတင်ပြလိုက်ရပါသည်။         ။