ဂုတ်တွင်း (ဂုတ်ထိပ်)ကို ရှောင်လျက် ရှမ်းတောင်မြောက် လမ်းတစ်သွယ်
▲ အင်တော-ကျောက်ဂူဒေသလမ်းများ၏ သမိုင်းနောက်ခံ ▲
တစ်ချိန်က ရှမ်းပြည်နယ်တောင်ပိုင်းမှ အင်တော၊ ကျောက်ဂူနှင့် နောင်ဝိုးဒေသများသည် နယ်မြေ တည်ငြိမ် အေးချမ်းမှု အပြည့်အဝ မရခဲ့သောဒေသများ၊ တစ်နည်း ဆိုရသော် ဗမာပြည်ကွန်မြူနစ ပါတီ အလယ်ပိုင်းဗျူရို ဝင်ရောက်ထိုးဖောက်လှုပ်ရှားရာ နယ်မြေဒေသများ ဖြစ်ခဲ့သည်။ နယ်မြေ လုံခြုံ ရေး အခြေအနေအရ ရှမ်းပြည်နယ် အစိုးရနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၏ အစီအစဉ်ဖြင့် ၁၉၇၅ ခုနှစ်မှ စတင်၍ ထိုဒေသအတွင်း လမ်းများဖောက်လုပ်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ရွှေညောင်-ရပ်စောက်-အင်တော- ကျောက်ဂူ - နမ့်လန်လမ်း ၁၄၀/၀ မိုင်ကို လမ်းမကြီးအဖြစ် ကြေညာခဲ့သည်။ ယင်းနောက် ၁၉၉၇ ခုနှစ်တွင် ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်း ၁၁၅/၃ မိုင်နှင့် ကျောက်ဂူ-နမ့်လန်လမ်း ၆၉/၀ မိုင်ဟု ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။
▲ နိုင်ငံတော်အကြီးအကဲများက လမ်းညွှန် ▲
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများအချင်းချင်း အလွယ်တကူ ကူးသန်း သွားလာနိုင်မည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ထွန်းလာစေရေး အတွက် ကျောက်ဂူ- နောင် ဝိုး- ပန်ဝပ်- သဘာဝတံတား- ကုန်းဆာ- နမ့်လန်- သီပေါလမ်းကြောင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာ နများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မတ်လအတွင်း အပြီးအကောင် အထည် ဖော် ဆောင်ရွက်ရန် ကျောက်ဂူ-သဘာဝတံတားအထိ လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က လည်းကောင်း၊ သီပေါ- နမ့်လန်- သဘာဝတံတားအထိ လမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲ များက လမ်းညွှန်မှာကြားခဲ့သည်။
▲ ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင်ရွက်ပေး ▲
ဤလမ်းညွှန်ချက်နှင့်အညီ ဖောက်လုပ်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ဆက်သွယ် ပေးမည့် ကျောက်ဂူ- နောင်ဝိုး- ပန်ဝပ်- သဘာဝတံတား - ကုန်းဆာ- နမ့်လန်လမ်း ကြောင်းကို စံချိန်မီ အဆင့်မြှင့်တင်၍ လုပ်ငန်းများပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ ဟန်ချက်ညီစွာ အချိန်မီပြီးစီးရေး အတွက် လိုအပ်သ ည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး နိုင်ရန်အလို့ငှာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြီးခဲ့သည့် မေ ၁၅ ရက်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။ ထိုခရီးစဉ်အတွင်း ဒေသခံ တိုင်းရင်းသားများ၏ လိုအပ်ချက်များဖြစ်သည့် အခြေခံ အဆောက်အအုံ၊ ကျေး လက်လမ်း၊ ရေရရှိရေး၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
▲ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ▲
ကျောက်ဂူ- နောင်ဝိုး-ညဉ့်စဉ်-ကွန်ကော့-ပန်ဝပ်-သဘာ၀ တံတား-ကုန်းဆာ- နမ့်လန် လမ်းသည် စုစုပေါင်း ၅၀/၄ မိုင်ရှိသည့်အနက် ကျောက်ဂူ- နောင်ဝိုး- ညဉ့်စဉ်- ကွန်ကော့- ပန်ဝပ်-သဘာဝတံတား လမ်းပိုင်း ၃၅/၀ မိုင်ကို နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က တာဝန် ယူ ဆောင်ရွက်ခဲ့ရာ ကတ္တရာလမ်း ၅/၀ မိုင်၊ ကျောက်လမ်း ၃၀/၀ မိုင် ဖောက်လုပ်ပြီးဖြစ်သည်။ အဆိုပါ လမ်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ခဲ့သော ကျောက်လမ်း ၃/၀ မိုင် ပါဝင်သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသည် သဘာဝတံတား- နမ့်လန်လမ်းပိုင်း ၁၅/၄ မိုင်ကို တာဝန်ယူဆောင်ရွက်ခဲ့ရာ ကတ္တရာ ၀/၄ မိုင်၊ အမာခံလမ်း ၄/၄ မိုင်၊ ကျောက်ရောမြေလမ်း ၁၀/၄ မိုင် ဖောက်လုပ်ပြီးဖြစ်သည်။ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ တို့သည် မိမိတို့တာဝန်ယူထားသော လမ်းပိုင်းအလိုက် လိုအပ်သည့် တံတားနှင့် Box Culvert များကိုလည်း တည်ဆောက် ပေးထားပြီး ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် နေသော ကျောက်ဂူ-နောင်ဝိုးလမ်းပိုင်းတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးသို့ ငွေအပ် လုပ်ငန်းစနစ်ဖြင့် ကျောက်လမ်း ၁/၀ မိုင်၊ ပေ ၂၀ တံတား ခြောက်စင်း၊ ဆိုက်ခေါင် ကျေးရွာအနီး ပေ ၂၀၀ ဘေလီတံ တား တစ်စင်း တည်ဆောက်ခြင်းတို့ကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင်လည်း ကျောက်လမ်း ၅/၀ မိုင်နှင့် ပြင်ထိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျန်လမ်း ပိုင်းနေရာများ၌ ကျောက်ခင်းခြင်း၊ ကတ္တရာခင်းခြင်း၊ တံတားနှင့် Box Culvert များ တည်ဆောက် ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
▲ မဟာဗျူဟာ ဆက်သွယ်ရေးလမ်းအဖြစ် ရည်မှန်း ▲
နယ်စပ်ရေးရာဝန်ကြီးဌာနက မိမိတို့ချမှတ်ထားသောမူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက် ဒေသများသို့ အရောက် လမ်းများဖောက်လုပ်ရာ၌ တစ်နေရာနှင့် တစ်နေရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို လျင်မြန်စွာ ကူးလူးဆက် သွယ်သွားလာနိုင်စေရန်အတွက် ကျေးလက်လမ်း များကို အဓိက ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လမ်း/တံတားများ ခံနိုင်ဝန်မှာလည်း ၁၃ တန် အထိသာဖြစ်သည်။ ထိုသို့ ရှေ့ပြေး ဖောက်လုပ်ပေးသွားပြီးနောက် သင့်လျော်မည့် အချိန်ကာလ တစ်ခုတွင်ဒေသနှင့် နိုင်ငံတော်အတွက် စဉ်ဆက်မပြတ် အကျိုးစီးပွားဖြစ်စေသည်ဆိုပါက ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ယင်းဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မဟာ ဗျူဟာမြောက် လမ်းများဖြစ်လာစေရေး ဆက်လက်အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက် ပေးသွား ရန် ရည်မှန်းထားရှိပါသည်။ ယခုတင်ပြခဲ့သည့် ကျောက်ဂူ-နောင်ဝိုး-ပန်ဝပ်-သဘာဝတံတား-ကုန်းဆာ-နမ့်လန်လမ်းကို ဆက်လက်အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရှမ်းပြည် နယ်အစိုးရတို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှစ၍ နှစ်စဉ်လိုအပ် သလို ရန်ပုံငွေများ အဆိုပြုလျာထားသကဲ့သို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက လည်း ဒေသခံလူထုနှင့် တွေ့ဆုံစဉ် ဒေသခံလူထုက တောင်းဆိုတင်ပြခဲ့သည့် မိုင်းယွန်း- နောင်ဝိုး လမ်း၊ တုံလော-ကွန်ကော့လမ်းကဲ့သို့ ယခုလမ်းမကြီး၏ ဝဲ/ယာမှ ဝင်ရောက် လာမည့် ဒေသအတွင်း လမ်းများကို ဆက်လက်ဖောက်လုပ် နိုင်ရေးအတွက် လုပ်ငန်းအလိုက်စိစစ်၍ ရန်ပုံငွေများ လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▲ ရရှိမည့် အကျိုးကျေးဇူးများ ▲
လက်ရှိအများဆုံး အသုံးပြုသွားလာနေကြသော ပြင်ဦးလွင်- နောင်ချို- ဂုတ်တွင်း (ဂုတ်ထိပ်)-ကျောက်မဲ-သီပေါ-လားရှိုး လမ်းကြောင်းသည် အဓိက ပင်မဆက်သွယ်ရေးလမ်းမကြီးတစ်ခု ဖြစ်နေ သော်လည်း ဂုတ်တွင်း(ဂုတ်ထိပ်)၌ ရံဖန်ရံခါ ကုန်တင် ယာဉ်တွဲကားကြီးများ လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပါက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်တတ်ပါသည်။ လမ်းပြန်ပွင့်သည် အထိ အနည်းဆုံး ငါးနာရီ၊ ခြောက်နာရီခန့် ရှင်းလင်းမှုများ ပြုလုပ်ရပါသည်။ ရွှေညောင်-ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချို လမ်းသည်လည်း အတက်အဆင်း မတ်စောက်သည့် ဒုဋ္ဌဝတီတံတား (တာပလန်းဆိပ်)ကို ဖြတ်ကျော်ရမည်ဖြစ်သကဲ့ သို့ နောင်ချိုအလွန်၌ ဂုတ်တွင်း(ဂုတ်ထိပ်)ကို ရှောင်ကွင်း၍ မသွားနိုင်ပါ။ ဂုတ်တွင်း(ဂုတ်ထိပ်)ကို ဖြတ်ပြီးမှသာ ကျောက်မဲ-သီပေါ-လားရှိုးသို့ ဆက်လက်သွားရောက်နိုင်ပါမည်။ ယခု ဖောက်လုပ်ပြီးစီးခဲ့သော ရပ်စောက်- အင်တော- ကျောက်ဂူ- နောင်ဝိုး- ညဉ့်စဉ်- ကွန်ကော့- ပန်ဝပ်-သဘာဝတံတား-ကုန်းဆာ-နမ့်လန်လမ်းသည် သီပေါမှတစ်ဆင့် လားရှိုးသို့ ဆက်သွယ်ထား သည်ဖြစ်ရာ ကျောက်ဂူ-နောင်ချိုလမ်းထက ခရီးမိုင် ၃၀/၀ မိုင်၊ တောင်ကြီး-လွိုင်လင်-လဲချား-မိုင်းကိုင် -ပန်ကေတု-နမ့်လန်-သီပေါလမ်းထက် ခရီးမိုင် ၂၀/၄ မိုင် တိုသွားပါမည်။ ထို့အတူ လားရှိုးသို့ ဆက် သွယ်ရာ နောက် တစ်လမ်းဖြစ်သည့် တောင်ကြီး-လွိုင်လင်-လဲချား-မိုင်းနောင်-မိုင်းရှူး-မိုင်းကောင်-တန့်ယန်း - လားရှိုးလမ်းထက် ခရီးမိုင် ၉၂/၀ မိုင် တိုသွားမည်ဖြစ်သည်။ လားရှိုးမှတစ်ဆင့် တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေးဇုန်ဖြစ်သော မူဆယ်မြို့သို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက်များစွာ အထောက်အကူ ပြုမည် ဖြစ်ပါသည်။ ထိုနည်းတူစွာ တောင်ကြီးမှတစ်ဆင့် ကျိုင်းတုံ၊ တာချီလိတ်လမ်းအတိုင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့သို့ ဆက်သွယ် နိုင်မည်ဖြစ်သည်။
ဤအကျိုးကျေးဇူးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ တိုင်းရင်းသားသွေး ချင်းများအပြင် ရှမ်းပြည်နယ်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ကိုးကန့်၊ ပလောင်၊ ပအိုဝ်းနှင့် ဓနုဒေသများ၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တိုင်းရင်းသားများပါ ခံစားခွင့် ရရှိကြမည် ဖြစ်သည်။ တစ်နည်းဆိုရသော် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားသွေးချင်းများ၏ လူမှု စီးပွား ဘဝကိုမြှင့်တင်ပေးမည့် လမ်းတစ်သွယ် ပေါ်ပေါက် လာခြင်းဖြစ်သည်။
▲ လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြသည် ▲
ကျောက်ဂူ- နောင်ဝိုး- ညဉ့်စဉ်- ကွန်ကော့- ပန်ဝပ်- သဘာဝတံတား- နမ့်လန်လမ်းအား နိုင်ငံတော် အကြီးအကဲ များ၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်အရ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ အသီးသီးမှ သက်ဆိုင်ရာတိုင်းမှူး၊ တပ်မမှူးများက ကြီးကြပ်၍ တပ်မတော်သားများကလည်း အဆိုပါလမ်းအတွက် လိုအပ်ချက်များ ကူညီပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်ကို မြေပြင် သတင်း၊ ရုပ်မြင်သံကြားသတင်းများ တွင် တွေ့ရှိနေရပါသည်။ ရှမ်းပြည်နယ် အတွက် ယခုကဲ့သို့ အကျိုးပြုလမ်းတစ် လမ်းပေါ်ပေါက်လာခြင်းသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လက်တွဲ ညီညီကြိုးပမ်းဆောင်ရွက် ကြခြင်း၏ အကျိုးရလဒ်ကောင်းတစ်ခု ဖြစ်သည်။ ယခုလမ်းသည် ဒေသခံ တိုင်းရင်းသားများ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်စေရန် အထောက် အကူပြုနေသကဲ့သို့နယ်မြေ တည်ငြိမ် အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် များ ရှင်သန် ထွန်းကားရေးတို့အတွက် အမှောင်ခွင်း၍ အလင်းဆောင်ပေးမည် အကျိုးပြု လမ်းတစ်သွယ်လည်းဖြစ် ကြောင်း ဂုဏ်ပြုရေးသား တင်ပြ လိုက်ရပါသည်။ ။
မြင့်စိုး (နတလ)