Skip to main content

ကိုဗစ် - ၁၉ ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ အောက်ဆီဂျင်ကုထုံး (Oxygen Therapy) ကိုလည်း တတ်နိုင်သမျှ အစွမ်းကုန် အများဆုံးရအောင် ဆေးရုံတွေမှာ ယခုဆိုရင် ကျွန်တော်တို့ ထပ်မံပြီး စီမံချက်အသစ်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့ က အောက်တိုဘာ ၁ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]

ဒီနေ့အခြေအနေကို တင်ပြရရင် ကျွန်တော်တို့ ၂၆ - ၉- ၂၀၂၀ တုန်းက ရန်ကုန်မှာ Positive ပိုးတွေ့လူနာ ပေါင်း ၇၈၁ ဦးရှိတယ်။ စက်တင်ဘာ ၂၇ ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးတဲ့ပုံစံ ပြောင်းသွားတဲ့အတွက်ကြောင့် ၄၈၂ ဦးရှိတယ်။ နောက်စက်တင်ဘာ ၂၈ ရက်မှာ ၇၀၉ ဦး၊ စက်တင်ဘာ ၂၉ ရက်မှာ ၇၁၇ ဦး၊ စက်တင်ဘာ ၃၀ ရက်မှာ ၆၀၀ နဲ့ ဒီနေ့ညက ၆၉၂ ဦး ရှိတယ်။

ကျွန်တော်တို့ အနေအထားက နည်းနည်းတန်းလာ တဲ့ သဘောရှိပါတယ်။ ဒါကျွန်တော်တို့ ပြောမယ်ဆိုရင် Flatten ဖြစ်သွားသလားလို့ ယူဆရပါတယ်။ ကျွန်တော်တို့ ဒါကို တိတိကျကျ ကြီး မပြောပါဘူး။ ကျွန်တော်တို့ ဒါတန်းသွားပြီ၊ ရပ်သွားပြီ ဒီလိုပြောတာ မဟုတ်ဘူး။ ဒီဟာ ကျွန်တော်တို့ တက်နေတဲ့ ဂရပ်ဖ်က ဒီလို Flatten များဖြစ်သွားသလားလို့ ကောင်းတဲ့ဘက်က တွေးကြည့်တာပါ။

ပြည်သူလူထုက လိုက်နာနေတယ်။ ပြည်သူလူထုက စည်းကမ်းတွေကို ထိန်းသိမ်းနေတယ်။ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက ပါဝင်နေတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ယူဆပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုရဲ့ ပါဝင်မှုကြောင့် ဒီတက်နေတဲ့နှုန်းက ခုနက ပြောသလိုပဲ အပေါ်ကို တက်တာကနေရပ်နေပြီး Flatten ဖြစ်သွားတယ်လို့ ကျွန်တော်တို့ ထင်ပါ တယ်။ တန်းသွားတယ်လို့ ထင်ပါတယ်။

နောက်ဆုံးအကြိမ်အနေနဲ့ ကြိုးစားကြမယ်

တစ်ပြိုင်နက်တည်းမှာ ကျွန်တော်တို့ ဆောင်ရွက်နေ တာတွေကို ပြောရရင်တော့ နံပါတ် (၁) က အရင်တုန်းက ပြောခဲ့သလို ကျွန်တော်တို့ အင်နဲ့အားနဲ့ နောက်ဆုံး အကြိမ်အနေနဲ့ ကြိုးစားကြ မယ်။ Containment တွေအကုန်လုံးကို ဝိုင်းလုပ်ပြီးတော့ ကြိုးစားကြမယ်။ ကျွန်တော် အရင်တုန်းက ပြောဖူးပါတယ်။ Spin Effects ပေါ့နော်၊ ဖရိန်တစ်ခုကို ကျွန်တော်တို့က ဖိထားတယ်။ ကျွန်တော်တို့က တင်းတင်းကျပ်ကျပ် Control လုပ်ပြီး Containment လုပ်ခဲ့တာ ကနေ ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း လျှော့လာတာပါ။

အဲဒီလိုလျှော့တဲ့အခါမှာ ယခုနောက် ကျွန်တော်တို့ ဒီဟာကိုဝိုင်းပြီး ရှိသမျှစွမ်းအင် အကုန်သုံးပြီး တားထားတာကို လုပ်မယ်ဆိုပြီး Containment လုပ်နိုင်ဖို့အတွက် စောစောကပြောတဲ့ ပိုးတွေ့ လူနာတွေကို စောင့်ရှောက် နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပြီး တစ်ဖက်ကနေ သူတို့အတွက် COVID Medical Center တွေ တစ်ခုပြီး တစ်ခု တိုးချဲ့တည်ဆောက်ပြီး လူအင်အားတွေ သုံးပြီး တော့ ဒါကို ဝိုင်းဝန်းပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ နိုင်နိုင်တယ်

ဒါကြောင့်လည်း ယခုအချိန်မှာဆိုရင် ကိုဗစ်စင်တာ တွေ၊ ကျွန်တော် အရင်တစ်ခေါက်က ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ခုတင်အရေအတွက် ၅၀၅၀ ကနေ ယခုအချိန်မှာ ခုတင်အရေအတွက် ၈၀၀၀ နဲ့ ကျွန်တော်တို့ ဝိုင်းပြီးထိန်းမှာ ဖြစ်ပါတယ်။ ခုတင် အရေအတွက် ၈၀၀၀ ဆိုတာ တစ်နေ့ကို လူ ၇၀၀ / ၈၀၀ ကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ အနေအထားနဲ့ တစ်နေ့တစ်နေ့ကို ၇၀၀ ထွက်တဲ့နှုန်းနဲ့ ဒီဘက်ကရှိတဲ့ ခုတင်အရေအတွက် ဟာ အခြေအနေက တော်တော်လေး ညီမျှလာတဲ့သဘောရှိတော့ ကျွန်တော်တို့ ဒီဟာလေးကို ဆက်ထိန်းထားလိုက်ရင် ဒီပွဲကို ကျွန်တော်တို့ နိုင်နိုင်တယ်လို့ ယူဆပါတယ်။

အဲဒီလိုနိုင်တာက ကျွန်တော်တို့ ဒီဘက်က ထိန်းတာ ကြောင့် မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ တစ်ဦးချင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီက ကျွန်တော်ပြောသလိုပေါ့နော်၊ နောက် တစ်ရပ်ကွက်ချင်းစီ၊ တစ်လမ်းချင်းစီ၊ တစ်မြို့ချင်းစီ၊ တစ်နယ်ချင်းစီ၊ တစ်ဒေသချင်းစီ အားလုံးလှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူတိုင်း၊ လူတိုင်းက ပါဝင်ပြီး ဒါကို လိုက်နာပြီး တော့ ကျွန်တော်တို့ စောင့်ထိန်းခြင်းအားဖြင့် ဒါကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။

ပိုမိုပြီးတော့ ကောင်းမွန်လာ

ဒီလိုထိန်းလိုက်နိုင်ရင် ကျွန်တော်တို့အခြေအနေက အသာစီးပြန်လည်ရရှိလာနိုင်တဲ့ အနေ အထားရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီဟာတွေ့ရှိတာကို ဆွေးနွေးခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဆရာကြီး ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်တဲ့ အဖွဲ့နဲ့လည်း နီးနီးကပ်ကပ်ကို ဆောင်ရွက်လျက်ရှိပါတယ်။ နေ့စဉ် ကျွန်တော်တို့ကို တယ်လီဖုန်းနဲ့ ဆွေးနွေးတယ်။ အကြံဉာဏ် တွေပေးတယ်။ ယခု Zoom တွေလုပ်တယ်။ နေ့စဉ်ကိုပဲ ဆရာကြီးတို့ရဲ့ အဖွဲ့တွေနဲ့ ဒီဘက်မှာရှိတဲ့ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးအဖွဲ့၊ ကုသရေးအဖွဲ့၊ နောက်ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ရဲ့ တကယ်ကို နီးနီးကပ်ကပ်နဲ့ အသေးစိတ် ဆွေးနွေးအကြံပြုချက်တွေ ရယူပြီး တော့ ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အခြေအနေက ပိုမိုပြီး တော့ ကောင်းမွန်လာတယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိ ပါတယ်။

နောက် ကျွန်တော်တို့ လက်ရှိအခြေအနေကနေ တစ်ဆင့်ပြီး တစ်ဆင့်ကို တကယ်လိုအပ်ရင် လျှော့ချနိုင် ဖို့ကိုလည်း စီစဉ်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ Containment ကို တဖြည်းဖြည်းနဲ့ Containment အဆင့်ကို နောက်တစ်ဆင့် နည်းနည်းလျှော့ပေါ့ပြီးတော့ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း ထိန်းသွားနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိ ပါတယ်။

ဒါ့အပြင် အများစိတ်ဝင်စားနေတဲ့ Rapid Antigen Test နဲ့ပတ်သက်ပြီး ပြောရရင်၊ အများက ဒီ Test က ဘာဖြစ်တယ်။ Test က မှန်ကန်တာ / မမှန်ကန်တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေ တာ ရှိပါတယ်။ ကျွန်တော်တို့ တွေ့ရှိတာကိုပြောရရင် ဒါဟာ Availability စမ်းသပ်ထား ပြီးသား Test ဖြစ်ပါတယ်။ Availability ဘယ်လောက် Sensitive ဖြစ်တယ်။ Accuracy ဘယ်လောက် ရှိတယ် ဆိုတာကို ကျွန်တော်တို့ စမ်းသပ်ထားပြီးသား ဖြစ်ပါတယ်။ ဒီ Test နဲ့ ဆောင်ရွက်နေ တာ ဖြစ်ပါတယ်။

ပထမဦးဆုံးနေ့က ကျွန်တော်တို့ ဆေးရုံ ၉ ရုံမှာ စမ်းသပ်တာဖြစ်ပါတယ်။ ယခုကျွန်တော်တို့ မြို့နယ်တွေ အားလုံးကိုဖြန့်ပြီး စတင်ပြီးတော့ ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ဒီ Test ရဲ့ သဘောတရားနဲ့ ကိုက်ညီတဲ့ လူနာ တွေကို စမ်းသပ်မှသာလျှင် ကျွန်တော်တို့ ဒီ Test တွေရဲ့ အဖြေကို ပိုမိုပြီး အကျိုးရှိရှိအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒီ Antigen Test ဟာ ရောဂါလက္ခဏာ မပေါ်မီ ၂ ရက်နဲ့ ရောဂါလက္ခဏာ ပေါ်ပြီး ၆ ရက်မှာ ပိုပြီးတော့ Positive ဖြစ်ပြီး သူ့ရဲ့ Availability ဟာ Positively ဖြစ်တာ ပိုပြီး ကောင်းမွန်တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒါနဲ့ ကိုက်ညီတာတွေကို ယခုစမ်းသပ်လျက်ရှိပါတယ်။

ကျွန်တော်တို့ တွေ့ရှိချက်အရ ဒီ Test က ကောင်းပါ တယ်။ ဒါပေမယ့် ဒီဟာကို လိုအပ်ရင် ယခင်တုန်းက စမ်းသပ်နေတဲ့ TCR နဲ့ လိုအပ်ရင် စမ်းသပ်တာတွေလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာက ကျွန်တော်တို့ ယခင်က ရေးဆွဲထားပြီးသားဖြစ်တဲ့ လမ်းညွှန်ချက်တွေ အတိုင်းပဲ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒါနဲ့ပတ်သက်လို့ ဆွေးနွေး ပြီး Guidelines ဆုံးဖြတ်ထား ပြီးသားရှိပါတယ်။ အဲဒီ Guidelines အတိုင်း ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါကြောင့် ဒီကနေ ထွက်လာတာတွေ၊ ခုနက Test လုပ်လိုက်ပြီးတော့ ယခုဆိုရင် Anosmia တွေ၊ ခုနက သံသယလူနာ (PUI) တွေကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။ ဒီဟာနဲ့ စမ်းသပ်လိုက်ရင် Positive ပိုးတွေ့လူနာတွေကို ပိုမိုပြီးတွေ့ရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကို ပြောရရင် တကယ်တော့ ကျွန်တော်တို့ ခုနက ဒီဟာနဲ့ ဆုံးပါးသွားတဲ့သူ ၃၀၀ ကျော်ရှိပါတယ်။ ဒီထဲမှာ တချို့ဟာတွေက ကျွန်တော်တို့အနေနဲ့ Car Accident ဖြစ်ပြီးတော့ သေဆုံးတဲ့သူမှာ ပိုးတွေ့တာ ဒါမျိုးတွေကိုလည်း တွေ့ရှိရတဲ့အတွက် ဒီဟာကို ကိုဗစ် ကြောင့် သေဆုံးတယ်။ ဒါဟာ Car Accident ကြောင့် သေဆုံးတယ်ဆိုတာတွေကို Defined လုပ်ဖို့ လိုပါတယ်။ ဒါကို အသေအချာ Defined လုပ်ဖို့ ကျွန်တော်တို့ ဒီကိစ္စ တွေကို အသေအချာ သက်ဆိုင်ရာဆရာကြီးတွေ/ကျွမ်းကျင် သူတွေနဲ့ ဆွေးနွေးပြီး ဒါတွေကို ဆောင်ရွက်လျက်ရှိ ပါတယ်။

လက္ခဏာရှိရင် ဆေးရုံကိုရောက်လာဖို့အရေးကြီး

အလားတူ ဒီလို လူအသေအပျောက်နှုန်းကိုလည်း တတ်နိုင်သမျှ လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့ ဘက်ပေါင်းစုံက စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်ပြောသလို လူနာတွေ အမြန်ဆုံးဆေးရုံကို ရောက်လာဖို့၊ လက္ခဏာရှိရင် အမြန်ဆုံးဆေးရုံကို ရောက်လာဖို့အရေးကြီး ပါတယ်။ ရောက်လာပြီးတဲ့နောက် မှာ ကျွန်တော်တို့ အမြန်ဆုံးပြုစုမှုကို ခံယူရဖို့ကလည်း အရေးကြီးပါတယ်။ နောက် ကိုဗစ် - ၁၉ ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ အောက်ဆီဂျင်ကုထုံး (OxygenTherapy) ကိုလည်း တတ်နိုင်သမျှ အစွမ်းကုန် အများဆုံးရအောင် ဆေးရုံတွေမှာ ယခုဆိုရင် ကျွန်တော်တို့ ထပ်မံပြီး စီမံချက်အသစ်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

နောက်တိုးချဲ့တဲ့ ကိုဗစ်စင်တာတွေမှာလည်း ဒီ Oxygen Therapy ပေးနိုင်တဲ့နေရာတွေ အများဆုံးရရှိအောင် ကျွန်တော်တို့ ကြိုးစားပြီးဆောင်ရွက်လျက်ရှိပါတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့ ခုနက သေပျောက်နှုန်းကို လျှော့နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက် ကလည်းပဲ ကျွန်တော်တို့ က Positive ဖြစ်တဲ့ လူနာတွေ ကို ပိုမိုပြီးတွေ့နိုင်ပါမှ စောစောက ရောဂါဖြစ်ပွားမှု သေဆုံးမှုနှုန်း (Case Fatality Rate) ကို တွက်တဲ့နေရာမှာ အမှန်ကိုရမှာဖြစ်ပါတယ်။

ပိုးတွေ့တဲ့သူကို ပိုမိုပြီးတွေ့အောင်ရှာနိုင်ဖို့လို

ကျွန်တော်တို့က Positive တွေ့တဲ့သူကို၊ ခုနက ပိုးတွေ့တဲ့သူကို ပိုမိုပြီးတွေ့အောင်ရှာနိုင်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြင်းထန်တဲ့သူတွေ အားလုံးက ဆေးရုံကို လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့သူတွေကိုသာ ကျွန်တော်တို့ စစ်ဆေးနေမယ်။ Positive ဖြစ်တဲ့ လူတွေအတွက်က စစ်ဆေးမှု မှန်မှန် ကန်ကန် မရရှိရင် ကျွန်တော်တို့ရဲ့ Case Fatality Rate ကို တွက်တာမှာ နိုင်ငံတကာနဲ့အညီ နှိုင်းယှဉ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ဒါကြောင့် ဒါကိုလည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ဝန်ထမ်း ပေါ့နော်၊ ကျွန်တော် တို့ရဲ့ သားတွေ၊ သမီးတွေ၊ ကလေးတွေအတွက် ပြောလိုပါတယ်။ သူတို့ Volunteer တွေ အပါအဝင် သူတို့တစ်တွေ အတော်ကို ပင်ပန်းနေပါတယ်။ သူတို့ အတွက် ကျွန်တော်တို့ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အဲဒါတွေကလည်း သိပ် အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် အဓိက လိုအပ်တဲ့ ဒီအင်အားစုတွေကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအနာဂတ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက်က အရေးကြီးပါတယ်။ ဒါကို လည်း ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ရော၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ရော၊ ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ရော ဒီကိစ္စ ကို ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းအနေနဲ့၊ အဓိကဆောင်ရွက်ရမယ့်ကိစ္စ အနေနဲ့လည်း အလေး ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ကျေးဇူးတင်ဂုဏ်ယူ

ကျွန်တော်တို့ ဝန်ထမ်းတွေ၊ ကျွန်တော်တို့ရဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြုနဲ့ ဝန်ထမ်းတွေ၊ Volunteer တွေအတွက် သူတို့ရဲ့နေရေးထိုင်ရေး၊ စားရေးသောက်ရေး အဆင်ပြေအောင် အထူး အာရုံစိုက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဟိုတယ်လုပ်ငန်းရှင်များနဲ့ ဆွေးနွေးပါတယ်။ ဒီမှာ ရှိနေတဲ့ အဆောက်အအုံပေါ့နော်၊ Apartments တွေရှိတယ်။ အဲဒါတွေထဲမှာ အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားပြီး အဖွဲ့တစ်ဖွဲ့ သီးခြားဖွဲ့ပြီး ယခုအခါမှာ ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ရဲ့ သားတွေ၊ သမီးတွေ၊ ကလေးတွေကို ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း၊ ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ထက်လျှံ