ရှင်မဟာရဋ္ဌသာရ နှစ် ၅၅၅ နှစ်ပြည့်
ကျားမမဟူ လူတစ်ဦး၏အရည်အသွေးကို သူ/ သူမ၏ ပင်ကိုဗီဇနှင့် မျိုးရိုးဂုဏ်၊ ကောင်းမြတ်သော စိတ်နေသဘောထားနှင့် အတ္တပရမျှတမှု၊ ကြိုးစားအားထုတ်မှုနှင့် ပညာရည်အရည်အသွေး၊ အများအတွက် စွန့်လွှတ်အနစ်နာခံမှု၊ လူ့အဖွဲ့အစည်းအတွက် ပညာဉာဏ်အမြော်အမြင်ဖြင့် ဦးဆောင်နိုင်စွမ်းစသည့် လူတစ်ဦးချင်း၏ ပင်ကိုအရည်အချင်းများဖြင့်သာ တိုင်းတာပါသည်။ အမျိုးသမီး၊ အမျိုးသားစွမ်းဆောင်မှုနှင့်ပတ်သက်၍ သီးခြားစံနှုန်းများခွဲခြား သတ်မှတ်ထားခြင်းမရှိပါ။ သို့သော် ကျားနှင့်မ၊ ယောကျ်ားနှင့်မိန်းမ ဘယ်လိုအခြေအနေတွေမှာ ဘယ်လိုကွာခြားသွားသနည်း၊ သဘာဝကအလိုအလျောက်ပေးထားသည့် ကွာခြားချက်၊ ကျားမတန်းတူ ကြိုးစားအားထုတ်လေ့ကျင့်ပြီးမှသာ ပိုင်ဆိုင်လာမည့် ကွာခြားချက်များပေါ်တွင် မူတည်၍သာ အချို့ကဏ္ဍများမှာ ကျားမကွာခြားသွားဟန်တူသည်။
အကျပ်အတည်းကြား အခက်အခဲများကြားက အချို့ရှိနေဆဲ မညီမျှမှုများ
သို့သော် ယနေ့လူ့အဖွဲ့အစည်းမှာ ကမ္ဘာမှာကောမြန်မာမှာပါကျားမခွဲခြား တန်းတူညီမျှမရှိမှုကို လုံးဝလက်မခံတိုက်ဖျက်လျက်ရှိပြီး အမျိုးသမီးများအခွင့်အရေးနှင့် အခွင့်အလမ်းများဖော်ထုတ်သည့်ထားရှိပြီး ကတိကဝတ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါသည်၊၊ စိန်ခေါ်မှုအမြောက်အမြားကြားက ကြိုးစားဆောင်ရွက်နေကြသည်သာဖြစ်သည်။ ကမ္ဘာ တစ်ဝန်းရင်ဆိုင်ခဲ့ရသည့် ကိုဗစ်ကပ်ကြီးကထိခိုက်လွယ်အမျိုးသမီးနှင့် မိန်းကလေးငယ်များကို ဆိုးဆိုး ရွားရွားထိခိုက်စေခဲ့သည်မှာ မှန်ပါသည်။ ထို့ပြင် သဘာဝကပ်ဘေးကြီးများ၊ နိုင်ငံရေးအပြောင်းအလဲများနှင့် စစ်မက်ဖြစ်ပွားမှုများက ထပ်ဆင့်ဒုက္ခပေးပြန်သည်။ အမျိုးသားများထက် အမျိုးသမီးများက ပို၍ခံစားရတတ်သည်။ ဖြစ်ပေါ်လာသည့် အကျပ်အတည်းများကြောင့်ဆိုသည်ထက် နဂိုကတည်းကပင် ယနေ့အထိ ကမ္ဘာ့နိုင်ငံအချို့မှာ ကျားမတန်းတူမှုမရှိ ခွဲခြားဖိနှိပ်နေမှုများ မပပျောက်ဘဲ ရှိနှင့်ပြီးဖြစ် သည်။ မည်သို့ပင်ကတိက၀တ်များထားထား အလေးမထားဖိနှိပ်နေကြဆဲဖြစ်သည်ကိုနေ့စဉ် ကြားသိတွေ့မြင်ရဆဲဖြစ်သည်။ ဖွံ့ဖြိုးပြီးဆိုသော နိုင်ငံများ၊ အချို့အစွန်းရောက် နိုင်ငံအဖွဲ့အစည်းများတွင်ပင် အမျိုးသမီးများအပေါ် နေရာမပေးမှု၊ တန်ဖိုးမထားမလေးစား ခွဲခြားဆက်ဆံမှုများကား ရှိနေဆဲ ဖြစ်သည်။
ရရှိပြီးအမျိုးသမီးအခွင့်အရေး အကောင်းဆုံး အသုံးချတတ်ရန်သာလို
တချို့ ကျားမတန်းတူ နေရာပေးလေးစားတန်ဖိုးထားသော နိုင်ငံများ၊ အဖွဲ့အစည်းများကြတော့လည်း အမျိုးသမီးဟူ၍ ပေးထားရရှိထားသည့် အခွင့်အလမ်းကို အပြည့်အဝ မဆုပ်ကိုင်နိုင်ကြ၊ အခွင့်အရေးကို အကျိုးရှိစွာ အသုံးချရကောင်းမှန်း မသိ၊ အမျိုးသားများထက် မိမိတို့၏ပိုမိုသာလွန်သည့်စွမ်းရည်ကို အများအတွက် အသုံးချနိုင်စွမ်းမရှိ၍အကျိုးမရှိ နစ်နာသွားရသည်လည်းရှိသည်။ သို့ဆိုလျှင် အမျိုးသမီးများက အမျိုးသားများထက်သာလွန်သော အရည်အချင်းများဟူသည် အဘယ်နည်း၊ ပြောစရာရှိလာသည်။ တစ်ပါးသူအပေါ် သနားညှာတာထောက်ထားမှု၊ ကိုယ်ချင်းစာတတ်မှု၊ မေတ္တာကရုဏာတရားကြီးမားမှု၊ သည်းခံစိတ်ရှည်တတ်မှု၊ ရိုးသားပွင့်လင်းဖြောင့်မတ်မှု၊ မိခင်စိတ်ရှိမှု၊ ကူညီတတ်မှု၊ ယုံကြည်လွယ်မှုစသည်များတွင်ဖြစ်နိုင်သည်။ ထိုအရည်အသွေးများသည် တစ်ဦးနှင့်တစ်ဦးတစ်ဖွဲ့နှင့်တစ်ဖွဲ့ ကန့်လန့်ကာနောက်ကွယ်က ညှိနှိုင်းပေါင်းစပ်မှုများတွင် လည်းကောင်း၊ မတူကွဲပြားအဖွဲ့အစည်းများကြားတွင်ပြောဆို ဆက်သွယ်ဆက်ဆံရမှုများစွာပြုလုပ်ရမည့် အခြေ အနေများတွင်လည်းကောင်း၊ မိမိတို့၏ ရင့်ကျက်မှုနှင့်ခံနိုင်ရည်စွမ်းအားများကိုပြသ၍ အကျပ်အတည်းအခက်အခဲများ ဖြေရှင်းရာတွင်လည်း ကောင်း၊ ထိုထိုနှလုံးရည်များဖြင့် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မှုပေးရာတွင် များစွာအကျိုးရှိနိုင်ပါသည်၊၊ မိမိ၏ဦးဆောင်နိုင်မှုသည် မိမိကိုယ်မိမိမောင်းနှင်နိုင်စွမ်းအပေါ်တွင်သာ မှီတည်သည်ဖြစ်၍ ပညာဉာဏ်အမြော်အမြင်ဖြင့် မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်ရန်သာ လိုအပ်ပါသည်။
မြန်မာ့လူ့အဖွဲ့အစည်းမှ မြန်မာအမျိုးသမီးများ
သို့သော် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ယဉ်ကျေးသော မည်သည့်လူ့အဖွဲ့ အစည်းတွင်မဆို အမျိုးသမီးများကို ပို၍အလေးထားသည်၊ ပို၍တန်ဖိုးထားသည်ကိုသာ တွေ့နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးဟူသည်ကား အခြားသက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ မသန် စွမ်းများကဲ့သို့ပင် ပဋိပက္ခများကြားတွင် ပို၍ ထိခိုက်လွယ်သောအုပ်စုတွင် ပါဝင်သောကြောင့်ဖြစ်သည်။ သို့သော် အမျိုးသမီးအများစုကား မိမိတို့ကိုအားနည်းသူဟုအထင်မခံ ကြိုးစားကြပါသည်။ အမျိုးသားများနှင့်တန်းတူ နယ်ပယ်စုံကဏ္ဍစုံတွင် ဘယ်လိုအကျပ်အတည်းအောက်တွင်ရှိရှိ ရုန်းကန် အားထုတ်နိုင်စွမ်းရှိကြသည်။ အားနွဲ့သည်ဟု သတ်မှတ်ခံရသော်လည်း မာန်ရှိသည်၊ တက်ကြွကြ သည်။ အထက်ပါမူလအရည်အသွေးများနှင့် သူတို့၏ကြိုးစားအားထုတ်မှုကို ယနေ့ကာလများတွင် ပို၍အသိအမှတ်ပြုလာကြသည်ကိုလည်း တွေ့ရသည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း ထို့အတူပင်၊ အထူးအဆန်းမဟုတ်ပါ။ မြန်မာတို့ကတော့ ယခင်ကပင် အမျိုးသမီးများကို အနာဂတ်၏ ပဲ့ကိုင်ရှင်၊ ပုခက်လွှဲသောလက်များအဖြစ် အကြိမ်ကြိမ်တန်ဖိုးထားတင်စားဖော်ပြကြသည်။ မိသားစုတစ်ခုတွင် ဖခင်ကောသားသမီးများ၊ အဘိုးအဘွားများကပါ မိမိတို့၏မိခင်ကိုသနားငဲ့ညှာ အရိုအသေအလေးအမြတ်ပြုကြသည့်အစဉ်အလာမျိုး ရှိပြီးဖြစ်သည်။ မိခင်အမျိုးသမီးများ၏ မနက်မိုးလင်းမှသည်မိုးချုပ်သည်အထိမိသားစုအတွက် ရုန်းကန်မှုကို မိသားစုသာမက ပတ်ဝန်းကျင်ကပါ အသိအမှတ်ပြုကြသည်။ လုပ်ငန်းခွင်မှာလည်း ထို့အတူပင်၊ ငဲ့ညှာမှု၊ စာနာခံရမှု၊ လုံခြုံစွာစောင့်ရှောက်ခံရမှုတွင် ပို၍အလေးသာသည်။ မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ပို၍အားနည်းသော ဂုဏ်သိက္ခာရှိသူများအဖြစ် သတ်မှတ်ခံရ၍ ဖြစ်သည်။
နယ်ပယ်စုံတွင် မြန်မာအမျိုးသမီးထု၏ စွမ်းရည်ပြည့် ပါဝင်ထမ်းရွက်မှု
မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် နိုင်ငံ့လူဦးရေထက်၀က်ကျော်ရှိသည့် မြန်မာအမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအစဉ်အဆက်တွင် ထူးချွန်စွာ စွန့်လွှတ်အနစ်နာခံခြင်းများစွာဖြင့် ပါဝင်ခဲ့ကြဖူးသည်။ ထူးချွန်ထက်မြက်သော သမိုင်းပညာ ရှင် ဒေါ်မြစိန်ကဲ့သို့ နိုင်ငံတကာရေးရာအဖြာဖြာနှင့် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ဇာတ်ခုံမှာ ကပြအသုံး တော်ခံ၍ ကမ္ဘာ့ရေးရာများတွင် ပါဝင်ခဲ့ကြဖူးသူများ လည်း ရှိခဲ့ဖူးသည်၊၊ ထို့ထက်ပို၍လည်း ယနေ့ခေတ် ကာလများတွင် မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတော်ကပို၍ပင် ချီးမြှင့်မြှောက်စားမှုများ၊ အမျိုးသားများနှင့်တန်းတူ အခွင့်အရေးများပေးသည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်တွင် ယခင်ဥပဒေပြုရေး၊ ငြိမ်းချမ်း ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားနှင့်ယဉ်ကျေးမှု နယ်ပယ်စုံတွင် ဖြစ်သည်။ လွှတ်တော်များတွင် အရပ်သား အမျိုးသမီးကိုယ်စားလှယ်များနှင့် တန်းတူတပ်မတော်အရာရှိ အမျိုးသမီးကိုယ်စား လှယ်များသည် တစ်နှစ်ပြီးတစ်နှစ်အရေအတွက် အားဖြင့်လည်းကောင်း၊ အရည်အချင်းအားဖြင့် လည်းကောင်း ဥပဒေပြုရေးတာ၀န်များ တိုးမြှင့်တာဝန်ယူခဲ့ကြရဖူးသည်။ အုပ်ချုပ်ရေးနယ်ပယ်တွင် ကမ္ဘာ့နိုင်ငံတိုင်းနည်းတူ ထိပ်ပိုင်းအချို့နေရာများတွင် တာဝန်ထမ်းဆောင်နိုင်မှု အကန့်အသတ်ရှိလင့် ကစား အလယ်အလတ်အဆင့်တွင် တန်းတူ၊ အများစုအမှုထမ်းများတွင် အမျိုးသမီးဝန်ထမ်းများက နေရာ ယူပြီးဖြစ်သည်။ ကာကွယ်ရေးကဏ္ဍတွင်တော့ အသိသာဆုံးဖြစ်သည်။ တပ်မတော် (ကြည်း၊ ရေ ၊ လေ) တပ်ရင်းတပ်ဖွဲ့များတွင်ကော၊ ပြည်သူ့ရဲတပ်ဖွဲ့များတွင်ပါ အမျိုးသမီးများအနေဖြင့် အမှုထမ်းအဆင့်သာမက အရာရှိများအဖြစ်၊ လက်ရုံးတာ၀န်များသာမက မြေပြင်၊ ရေပြင်၊ ဝေဟင် တိုက်ခိုက်ရေးတာဝန်များကိုပါ ထမ်းဆောင်နေကြပြီဖြစ်သည်။ ကျန်းမာရေးကဏ္ဍတွင် ဆရာဝန်သူနာပြု၊ ပညာသင်ကြားရေးကဏ္ဍတွင် ဆရာမများအရေအတွက်က အမျိုးသားထက်များပြားသည်။ ဘာသာသာသနာအတွက်လည်း အားကိုးရသည်။ စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီးစီးပွားရေးစွမ်းဆောင် ရှင်များ၏ကဏ္ဍက ကြီးမားလှသည်။
ကိုဗစ်ကပ်ရောဂါကို ကာကွယ်တိုက်ဖျက်ရာတွင်လည်း အမျိုးသမီးတတ်သိပညာရှင်၊ ကျန်းမာရေး၊ လူမှုရေးဝန်ထမ်းများ၏ ပါဝင်မှုအခန်းကဏ္ဍသည် အသိအမှတ်ပြုစရာဖြစ်သည်။ ပြည်တွင်းပြည်ပအားကစားကဏ္ဍမှာတော့ အမျိုးသမီးဘောလုံး သမားများအပါအဝင် အမျိုးသမီးအားကစားသမားအများစုက သူတို့၏နိုင်ငံဂုဏ်ဆောင်နိုင်စွမ်းကို ပြသခဲ့ကြပြီးဖြစ်သည်။ နိုင်ငံတော်ကအခါမလပ်ချီးမြှင့်သော စွမ်းဆောင်ရည်ပြ ဂုဏ်ထူးဘွဲ့ထူးများရရှိရာတွင်လည်း အမျိုးသမီးအမြောက်အမြားပါဝင်သည်ကို တွေ့ရသည်။ ဤသည်ပင် နိုင်ငံနှင့်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး မည်သည့်နယ်ပယ်တွင်မဆို “မည်သူမှမကျန်ရစ်စေရ” အားလုံးပူးပေါင်း ပါဝင်နိုင်မှုနှင့် အခွင့်အရေးခံစားရမှုတွင် ဤသို့နှင့် သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစလုံနှင့် ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောတို့ အင်းဝကို တိုက်ကြရာ အင်းဝခေတ်ပျက်သုဉ်းမှုအစ ဖြစ်လေတော့သည်။
စစ်နိုင်ပြည်ဘုရင် ဆင်ဖြူရှင်က ဆရာတော်ကို ပြည်သို့ပင့်ဆောင်၍ သာသနာ့အဆောင်အယောင်နှင့် သာသနာပိုင်ခန့်ပြီး ကိုးကွယ်တော်မူ လေသည်။
အင်းဝတွင် မိုးညှင်းစော်ဘွား စလုံ၏သားသိုဟန်ဘွား နန်းတက်သောအခါ ပြည်ဘုရင် ဆင်ဖြူရှင်လည်း နတ်ရွာစံတော်မူလေပြီး သားတော် ဘုရင်ထွေးကဆက်လက်ကိုးကွယ် တော်မူ၏။
တိုင်းပြည်အနာဂတ်အရေး ရင်မအေးဖွယ်ရာ
ဆရာတော်သည် ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးပြီ ဆိုစကားသို့ ဘဝပတ်ဝန်းကျင် အတွေ့အကြုံများစွာ ကြွယ်ဝခဲ့ပြီ။ ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ဖူးပြီ၊ တိုင်းပြည်အနာဂတ်အရေး ရင်မအေးဖွယ်ရာကို ကြိုတင်မြင်ခဲ့ပေလိမ့်မည်။ ထင်သည့်အတိုင်းပင် “ဂ”ငယ်သုံးခု ဥသျှစ်ထု ဆိုသကဲ့သို့ သက္ကရာဇ် ၈၈၈ ခုနှစ်တွင် သိုဟန်ဘွားအုပ်ချုပ်သောအခါ အနော် ရထာ စုစည်းတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်ကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေ တော့သည်။ ထိုအကြောင်းအရာကို ကိုးခန်းပျို့ နိဂုံးပိုဒ်ရေ - ၈ - တွင် -
“... အစွန်းငါးခု၊ ပသျှုအဋ္ဌ၊ ဒီဃသက္ကရာဇ်၊ ရောက်လစ်သောအခါ၊ တရာသီတည်း၊ ကုံတွင် ချည်းလျှင်၊ ဝေးစည်းဂြိုဟ်စု၊ ပေါင်းလုနီးနီး..”
အစချီကာ ဗေဒင်ကိန်းခန်းအရ ဘာတွေဖြစ်တော့မည်ဟုကြိုတင်၍ ရေးခဲ့လေသည်။ တိုင်းပြည်သာယာဝပြောတည်ငြိမ်မှ ပြည်သူအပေါင်းအေးငြိမ်းကြောင်းဖြစ်သည်ကို လူတိုင်း လူတိုင်း (ပြည်သူများ) သိစေလိုသည်။ သို့နှင့် ပြည်မြို့သို့ ကြွရောက်သီတင်းသုံးနေစဉ် ဆင်ဖြူရှင်သား ဘုရင်ထွေးကို ဆုံးမသည့်အနေဖြင့် သံဝရပျို့ကို ရေးဖွဲ့ခဲ့လေသည်။ သံဝရပျို့ နိဂုံးပိုဒ်တွင်-
“...တယောက်ကိုချည်း၊ ... တမတ်တည်းဖြင့်၊
ထုံးနည်းကြံရေး၊ ပေးအံ့မရည်၊ အပြည်ပြည်၌၊ မကြည်ညီနောင်၊ မင်းကုန်အောင်ကို၊ မြဲနှောင် မေတ္တာ၊ တည်စိမ့်ငှာလျှင်၊ ဤစာချစ်ကြော စပ်သတည်း...”
ဟု ရေးဖွဲ့ထားလေသည်။ ထိုသံဝရပျို့ကို-
“...သက္ကရာဇ်သင်္ချာ၊ ရှစ်ရာအစ၊ နဝအလယ်၊ နှောင်းဆွယ်ဧက၊ လ-ကား အာသဠ်၊ နေ့မှန် ဗုဒ္ဓဝါ၊ ပုဏ္ဏာပြည့်ညီ၊ တီထီဆန်းတက်၊ ဆဲ့ငါးရက်ဝယ်...”
ဟု နိဂုံးတွင် ရေးသားထားရာ သက္ကရာဇ် ၈၉၁ ခု၊ ဝါဆိုလဆန်း- ၁၅ (ဝါဆိုလပြည့်) ဗုဒ္ဓဟူးနေ့တွင် သံဝရပျို့ ပြီးတော်မူလေသည်။
ပြည်မြို့တွင် ဘုရင်မင်းထွေး နန်းစံလေးနှစ်မြောက်၊ ၈၉၂ သီတင်းကျွတ်လဆန်း ၁၅ (လပြည့် နေ့) သက်တော် ၆၂ နှစ်၊ ရောင်နီလာချိန်တွင် ပျံလွန်တော်မူလေသည်။
ရှင်မဟာရဋ္ဌသာရ နှစ် ၅၀၀ ပြည့်ကိုမြန်မာနိုင်ငံသုတေသနအသင်းကရော၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်းကပါ ၁၃၃၀ ပြည့်၊ ဝါဆိုလဆန်း ၁၅ (ဝါဆိုလပြည့်နေ့)၊ ၉-၇-၁၉၆၈ စာပေါင်းစု ထုတ်ဝေခဲ့လေသည်။
ရေးသားပြုစုခဲ့သော စာပေစုများ
ဆရာတော်ရေးသားပြုစုခဲ့သော စာပေစုများ မှာ-
(၁) ဘူရိဒတ်လင်္ကာကြီး
(၂) ဘူရိဒတ်ဇာတ်ပေါင်းပျို့
(၃) တံတားဦးတည် မင်္ဂလာစေတီတော် မော်ကွန်း
(၄) ပုံတောင်နိုင်မော်ကွန်း
(၅) စတုဓမ္မသာရ ကိုးခန်းပျို့
(၆) ဂမ္ဘီသာရပျို့
(၇) ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း
(၈) ရွှေစက်တော်သွား တောလားလင်္ကာ
(၉) အတိုင်းမသိ အစချီ - စက်တော်ရာလင်္ကာ
(၁၀) မင်္ဂလာအောင်ပွဲတော် ရဲရည်တက်
မော်ကွန်း
(၁၁) ရတနာပူရ မြို့တည်မော်ကွန်း
(၁၂) မိတ္ထီလာကန်တော်ဘွဲ့ မော်ကွန်း
(၁၃) ဘုရင်မင်းခေါင်ထံသွင်း လင်္ကာများ
(၁၄) ရှင်မဟာသီလဝံသသို့ပေးလင်္ကာများ
(၁၅) ပြည်မြို့ ဝံတောင်လယ် ဘုန်းကြီးနှင့် အပြန်အလှန်ရေးကြသောရတုများ
(၁၆) ဆုံးမစာများ (လက်သစ်တောင်တာ..အစချီ.. ဆုံးမစာ၊ သုစိပုဘာ... အစချီ ဆုံးမစာ...)
(၁၇) သံဝရပျို့
ဆရာကြီး ဦးမောင်မောင်ညွန့်၏ ပကိဏ္ဏက စာစုစာရင်းတွင် ကုက္ကုဋင်္ဂါ(ကြက်ကျမ်း) အရညဝါသီ တောမှီ အကြောင်းအရာ၊ ပုရေနိသင်ချီ အချစ်ဖွဲ့ စသည်ဖြင့် စာအမျိုးအစား ၄၅ မျိုး တွေ့ရပေသည်။
အသက် ၁၆ နှစ်အရွယ်တွင် ဘူရိဒတ်လင်္ကာကြီး ကို စတင်ရေးသားပြီး သက်တော် ၆၁ နှစ်တွင် သံဝရပျို့ကို နောက်ဆုံး ရေးသားတော်မူခဲ့ လေသည်။ ။
မောင်လူမွှေး(မြန်မာမှု)