Skip to main content

စိန်ရတုလွတ်လပ်ရေး ပန်းတိုင်ဆီသို့ ခရီးဆက်နိုင်ခဲ့ပြီ

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)

အခြေအနေ (၁)

အရှေ့တောင်အာရှက မြန်မာနိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိတဲ့အပြင် နေရောင်ခြည်ကိုလည်းမြင်၊ ပင်လယ် ကမ်းခြေနဲ့ ရေခဲတောင်လည်းရှိ၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေကလည်း ကျယ်ပြော၊ နုန်းတင်မြေနု သစ်တောတွေနဲ့ လမုတောကလည်းရှိ၊ သစ်ခွမျိုးစုံက အစ၊ ပန်းရနံ့တွေကလည်း မွှေးကြိုင်လှပ သာယာလျက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

နိုင်ငံသားများဟာ အလွန်ရိုးသား ဖြူစင်တဲ့ လယ်သမားတွေ၊ မြေဩဇာ ကောင်းတဲ့ လယ်မြေတွေ၊ နုန်းတင်မြေနု မြစ်ချောင်းအင်းအိုင်တွေကို မတိမ်ကော အောင်ကာကွယ်ရင်း ကြိုးကြိုးပမ်းပမ်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရသူတွေ များပါတယ်။ ကျောင်းကန်ဘုရား စေတီ ပုထိုးဆီသို့သွား၊ သီတင်းသီလဆောက် တည်၊ သီလသမာဓိ ပညာရအောင် ပုတီးစိပ်၊ သူတော်စင်တွေနေတဲ့ နိုင်ငံအဖြစ် ရပ်တည်တဲ့ နိုင်ငံဖြစ်တယ်။

ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း အာရှရဲ့ ပုလဲရတနာလိုတစ်မျိုး၊ ရွှေရောင်တဝင်းဝင်းနဲ့ ဘုရားစေတီတွေကိုပဲ ကြည့်ကြည့်၊ မူးမြစ်ဝှမ်း၊ ချင်းတွင်း မြစ်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်း၊ ဧရာဝတီ မြစ်ဝှမ်းက လယ်ယာမြေတွေမှာ သီးမှည့်နေတဲ့ စပါးနှံတွေပဲကြည့်ကြည့် ကမ္ဘာမှာ ရွှေနိုင်ငံလို့ တစ်မျိုးအမည် ရနေပါတယ်။ အရှေ့တောင်အာရှမှာ နယ်မြေအကျယ်ဆုံး စိုက်ပျိုးနိုင်တဲ့မြေဧက သစ်တောနဲ့ ကျောက်သံပတ္တမြား သယံဇာတကြွယ်ဝလျက် ရှိနေပါတယ်။ ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧရိယာဟာလည်း ဧရာဝတီ၊ စစ်တောင်းနဲ့ ဒီမြစ်ကြီးတွေဆီသို့ စီးဝင်နေတဲ့ မြစ်ချောင်းတွေကို အကြောင်းပြု ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧကဟာလည်း များစွာရှိနေပါတယ်။

မြန်မာတို့ဟာ ကမ္ဘာမှာဧည့်ဝတ်ကျေ၊ ဖော်ရွေပြီး ယဉ်ကျေးသိမ်မွေ့တယ်။ စာပေကျမ်းဂန်တွေ တတ်ကျွမ်းမှုရှိကြတယ်။ ရက်ရောသူတွေ၊ စဉ်းစားဆင်ခြင် တတ်တဲ့သူတွေ၊ ကူညီရိုင်းပင်းသူတွေ၊ ရောင့်ရဲတင်းတိမ်သူတွေ၊ ကိုယ်ကျိုး စွန့်လွှတ်နိုင်သူတွေပဲလို့ နာမည်ရပါ တယ်။ စေတီပုထိုးနဲ့ ဘုရားတန်ဆောင်း တို့ဟာ သမိုင်းခေတ်အဆက်ဆက်မှာ ဘာသာတရား၊ မေတ္တာတရားနဲ့အညီ တင့်တယ်ခံ့ညားလျက်ရှိတယ်။

၁၉-၂ဝ ရာစုအတွင်း နယ်ချဲ့ကိုလိုနီတွေကြောင့် မြန်မာ့ရေမြေ၊ ကိုယ့်ထီး ကိုယ်နန်း ကိုယ်ကြငှန်း၊ ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့ နေလာခဲ့တဲ့ လွတ်လပ်မှု ဂုဏ်အရှိန်အဝါဟာ တဖြည်းဖြည်းမှေးမှိန် ခဲ့ရပါတယ်။ လူမှုစီးပွားရေး သမိုင်းကြောင်း ပြောင်းလဲသွားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း တစ်ရာကျော်ကြာ မြန်မာတို့ဟာ လွတ်လပ်ရေး ဆုံးရှုံးခဲ့ကာ သမိုင်းတစ်ကွေ့အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

“သမိုင်းကို သတိမရကြလျှင်၊ ဒုတိယ ယမ္ပိ တစ်ကျော့ပြန်တတ်သည်၊ သမိုင်းဆိုသည်မှာ သတိရနေမှ” ဆိုတဲ့ စကား အရ ၁၉၃၂ ခုနှစ် အတိတ်ဆီသို့ ခရီးထွက်ခဲ့ပါတယ်။

၁၉၃၂ ခုနှစ် ဇွန်လထုတ် “ဂန္ထလော က မဂ္ဂဇင်း” ခေါင်းကြီးပိုင်းမှာ -

“တိုင်းပြည်တို့ မည်သည်တိုင်းပြည် အင်္ဂါနှင့် ပြည့်စုံကောင်း၏။ တိုင်းပြည်၏ အကြီးဆုံးအင်္ဂါသည် လုံးဝလွတ်လပ် ခြင်းမည်၏။ အကြင်တိုင်းပြည်သည် တစ်ထီးတစ်နန်း တစ်ကြငှန်းနှင့် မနေရသမျှ လွတ်လပ်ခြင်း မရှိ၊ တိုင်းပြည်ကြီး တို့၏ အင်္ဂါနှင့်ပြည့်စုံပေ၏ဟု မဆိုနိုင်။ သူတစ်ပါးလက်အောက်တွင် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံနေရသမျှ အကြင် တိုင်းပြည်သည် တိုင်းပြည်မမည်။ လက်အောက်ခံတိုင်းပြည် တို့လူမျိုးကား ကျွန်လူမျိုး မျှသာတည်း။ အောက်တန်း ကျလှချေ၏။”

“မြန်မာပြည်ကို မြန်မာတို့သာလျှင် စိတ်တိုင်းကျ အုပ်ချုပ်လို၏။ အိန္ဒိယ တိုင်းပြည်၏ လွတ်လပ်ရေးလုပ်ငန်းသည် မည်မျှခက်ခဲတာရှည်ကြောင်း ယခုဖြစ်ပျက်နေသော အခြေအနေကြည့်က ကောင်းစွာသိနိုင်၏။ ထို့ကြောင့် မြန်မာလူမျိုးတိုင်း လွတ်လပ်ရေးကိစ္စသည် အခက်ခဲဆုံးကိစ္စ၊ အရေးကြီးဆုံးကိစ္စဟု တစ်ထစ်ချမှတ်ယူသင့်၏။ ထိုမဟာကိစ္စ ကြီးအတွက် နေ့တိုင်းအားလပ်သော အချိန်တို့၌ အကြံသစ် ဉာဏ်သစ်ပေါ်ရန် စိတ်ကူးအားထုတ်ခြင်းဖြင့်သာ အချိန်ကုန်သင့်၏။ မြန်မာလူမျိုးတို့သည် ညီအစ်ကိုချင်း ခွပ်ကြတုန်းပင် ရှိသေး၏။ ကွုန်ုပ်တို့သည်အကျိုးမဲ့ အချိန်ဖြုန်းခြင်း ကိုရပ်စဲ၍ တို့တိုင်းပြည် တိုးတက်ရန်ကို သာ အားထုတ်ဆောင်ရွက်ရန် များစွာလိုလားအပ်၏။”

“မြန်မာတို့သည် တို့တိုင်းပြည်၏ ဂုဏ်မှမထောက်ဘဲ ယခုအခါတွင် သူတစ်ပါးအား ခိုလှုံအားကိုးလိုသော ဆန္ဒကိုပြ၏။ ယခုအခါကား ကျွန်ုပ်တို့သည် မည်သည့်လူမျိုးမှ ယုံကြည် အားထားကိုးစားရန် မဟုတ်။ ကိုယ့်ဒူး ကိုယ်ချွန်၍ လွတ်လပ်ရေးပန်းတိုင်သို့ မရောက်မချင်း အလုပ်ပြင်း-လုပ်ကြရန် ဖြစ်၏။ မြန်မာပြည်၌သာ နဂိုကသေး ငယ်လှသောနိုင်ငံကို အားနည်းသည်ထက် နည်းလေအောင် အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဝိုင်းတော့မည်ကို လက်ပိုက်၍ကြည့်နေကြ၏။

ပဋ္ဌမ အရေးအကြီးဆုံးအချက်မှာ မိမိကိုယ်မိမိ အဖိုးတန်သော တိုင်းရင်းသား တစ်ယောက် ဖြစ်အောင် မွေးမြူရမည်။ တရားတော်အတိုင်း ပညာနှင့်ဥစ္စာကို မိမိ အကျိုးတွက်သာမဟုတ် ကျွန်တွင်း ကျနေသော တို့တိုင်းပြည်အကျိုး အတွက်ဟု ရည်သန်၍ ရှာဖွေစုဆောင်း ကြရမည်။ ဝံသာနုရက္ခိတဓမ္မကို မပြတ် နှလုံးသွင်း၍ အဖိုးတန်သော မြန်မာများ အဖြစ်ရောက်အောင် အားထုတ်ကြပါက နောင်ဥဒါန်းတွင်ရစ်အောင် လွတ်လပ် ရေးအလုပ်ကို ဆောင်ရွက်ကြပါကုန်။” (၁၉၃၂ ခုနှစ် ဇွန်လထုတ် “ဂန္တလောက မဂ္ဂဇင်း” ခေါင်းကြီး)

(၂၀) ရာစု စတင်တာထွက်ကတည်းက ရဲဘော်သုံးကျိပ်ဟာ ခရီးကြမ်းကို လျှောက်ခဲ့ကြရတယ်။ ထိုခေတ်၊ ထိုအချိန် က နိုင်ငံရေး လှုပ်ရှားမှုများဟာ တစ်နိုင်ငံ လုံး တိုင်းရင်းသားအပေါင်းလွတ်လပ်ရေး အတွက် ကျောပိုးအိတ်ကိုလွယ်၊ နိုင်ငံနဲ့ လူမျိုးလွတ်လပ်ဖို့၊ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ကာကွယ်ဖို့ အသက်သွေးချွေး နဲ့အချိန်တွေ ပေးခဲ့ကြရတယ်။ တစ်မျိုး သားလုံး ကောင်းစားရေးသို့ ရှေးရှုခဲ့ ကြောင်း (၂၁) ရာစု လူငယ်တွေက နမူနာ ယူကြရလိမ့်မယ်။

အခြေအနေ (၂)

အောင်ဆန်း - အက်တလီစာချုပ်မှာ အထူးညီလာခံကျင်းပပြီး တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုရယူရမည်ဟု ဖော်ပြထားတယ်။

Aung San-Atlee Agreement (27 January 1947)

His Majesty’s Government and the Delegation of the Burma Exe-cutive Council having discussed all the matters affecting the future relations between Great Britain and Burma which were raised by the Delegation have reached the following agreed conclusions as to the methods by which the people of Burma may achieve their inde-pendence, either within or without the Commonwealth, as soon as possible: --

1. The Constituent Assembly

In order that the people of Burma may decide on the future constitution of their country as soon as possible a Constituent Assembly shall be elected instead of a Legislature under the Act of 1935.For this purpose, the electoral machinery of the 1935 Act will be used.

Elections will take place in April for the general non-communal, the Karen, and the Anglo-Burman

constituencies as constituted under the Act of 1935, and for each constituency two members shall be returned. Any Burma nationals (as defined in Annex A) registered in a general constituency other than one of those mentioned above shall be placed on the register of a gen-eral non-communal constituency.

2. Transitional Form of Government

During the period of transition, the Government of Burma will be carried on as at present under the special powers of Section 139 of the Act of 1935 and the Temporary Provisions Act of 1945 together with any Orders in Council made there under. If any exception circumsta-nces arise which, in the opinion of either Government require special treatment, His Majesty’s Govern-ment will consider what, if any, alteration can be made to meet such circumstances. (This is part of the Agreement described here by the Author)

ဒါ့ကြောင့် ဖ-ဆ-ပ-လ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ သွေးချင်းတို့နဲ့အတူ လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ အားလုံးသိပြီးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ ကချင်၊ ချင်း၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦးတို့ဟာ တစည်းတလုံးတည်း နေထိုင်ကြတော့မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ရာ ပင်လုံ ညီလာခံဟာ မြေပြန့်သားတို့နဲ့ တောင်တန်းသားတို့ရဲ့ အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့တဲ့ ထင်ရှားတဲ့ မှတ်တိုင်ကြီးတစ်ခု ဖြစ်ပါ တယ်။

Nu-Atlee Act (17 October 1947)

After years of being a colony, on 17 October 1947, Prime Ministers, U Nu of Burma and Clement Atlee of the UK signed a treaty formally for the recognizing the independence of the Union of Burma, “Treaty between the Government of the United Kingdom and the Provisional Government of Burma, Burma Independence Act”, known as the Nu-Atlee Agreement within the UN Charter on the principle of decol-onization. In Article 1, the Govern-ment of the UK recognizes the Republic of the Union of Burma as a fully Independent Sovereign State.

The Constitution for this sove-reign Independent Republic was completed on 24 September 1947 by the constituent Assembly. Follo-wing approval of the Constitution by the British parliament and sign-ing of defense agreement, Burma became free on 4 January 1948.

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံဟာ လုံးဝလွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ရှေ့ကို ဘာတွေများ လုပ်ကြဦးမလဲဆိုတဲ့ ပြဿနာက အလိုလို ထွက်ပေါ်လာပါတယ်။ လွတ်လပ်ရေး ပြန်လည်ရရှိအောင်၊ ဆောင်ကြဉ်းပေးခဲ့ တဲ့ မကြာသေးမီက အဘိုးအဘွားတွေ အသက်၊ သွေး၊ ချွေးပေးခဲ့ကြသူတွေကို အောက်မေ့ကြ၊ ကျေးဇူးတရားကို သိကြ ရလိမ့်မယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည့်တံ့ခိုင်မြဲရေး အရေးသုံးပါးဟာ နိုင်ငံသားတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ မမေ့မလျော့ သတိမူကြရမှာဖြစ်ပါတယ်။

“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြည် ဒို့မြေများလူခပ်သိမ်း ငြိမ်းချမ်း စေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဒို့ပြည်ဒို့မြေ ပြည်ထောင်စုအမွေ အမြဲ တည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်း စို့လေ”

အခြေအနေ (၃)

လွတ်လပ်ရေးဟာ အလွန်တရာ နူးညံ့တဲ့ သဘော၊ လွတ်လပ်ရေးရရင် အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ရနိုင်တယ်ဆိုတဲ့ စကားကမှန်ပါတယ်။ ဒါပေမယ့် တကယ့်လွတ်လပ်ရေးကို ရရှိ ပြီး ထိုလွတ်လပ်ရေးအတိုင်း ကျင့်ကြံ အားထုတ်မှ အခွင့်အရေးကို တင်းပြည့် ကျပ်ပြည့်ရနိုင်လိမ့်မယ်။ ၁၉၅၁ နဲ့ ၁၉၅၅ ခုနှစ်တို့မှာ ဖဆပလ အစိုးရအသီးသီးက အုပ်ချုပ်ခဲ့တယ်။

“ဖဆပလအဖွဲ့ချုပ်ကြီးသည် အဓွန့်ရှည်စွာ တည်မြဲအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဖ-ဆ-ပ-လ တည်မြဲရန်မှာလည်း အလွန်ပင်အရေးကြီးကြောင်း၊ နိုင်ငံတော် ပြန်လည်ထူထောင်ရေးတွင် ဖ-ဆ-ပ-လ က ပိုမိုအားပေးမည်ဖြစ် ကြောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါ တက်ရောက်ဆောင်ရွက်သည့် ကိစ္စ အောင်မြင်သည့်အခါ ကချင်များ မနောပွဲ ပြုလုပ်မြဲဖြစ်သည်ဆိုခြင်း”။ (ဟံသာဝတီ သတင်းစာ)

“ဝန်ကြီးချုပ် သခင်နုသည် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံ၌ ကျင်းပသော နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲ အောင် ဆုနှင်းသဘင်အခမ်းအနားသို့ ကြွရောက်ပြီးသည့်ပြင် ထိုနေ့ညနေဘက်တွင် နန်းတော်မြို့ရိုးကြီးအတွင်း လေးပြင်လေးရပ်၌ အင်တိုက်အားတိုက် တက်ရောက်ကြသော အလွန်များပြား စည်ကားလှသည့် လူထုတရားပွဲကြီးကို တက်ရောက်ခဲ့လေသည်။”

“ဒီဇင်ဘာ ၂၉ ရက် နေ့လယ်အချိန် စစ်ကိုင်းမြို့၌ ကျင်းပသော လူထုတရား ပွဲကြီးကိုလည်း ကြွရောက်ခဲ့လေသည်။ ထိုမှတစ်ဖန် မန္တလေးတောင်နှင့် မဟာမြတ်မုနိဘုရားကြီး၊ စစ်ကိုင်းတောင်စေတီတော်မှစ၍ စေတီတော်ရုပ်ပွားတော်များ၊ ဦးပိန်တံတားကြီးကိုဖြတ်၊ ပုဂံမင်းတည်ထားခဲ့သော ကျောက်တော် ကြီးဘုရားသို့ ရောက်ရှိပူဇော် ဖူးမြော်ခဲ့လေသည်။ ဝန်ကြီးချုပ် သခင်နုသည် သက်တော်ကြီးရင့်၍ သီလဝန္တဖြစ်တော်မူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရား ကြီး အမရပူရစံကျောင်း ဆရာတော် ဘုရားကြီးမှစ၍ အခြားဆရာတော်များ ကိုပါ ဝင်ရောက်ဖူးမြော်ခဲ့လေသည်။ ထို့နောက် တောင်မြို့အာဇာနည်ကုန်းသို့ ဝင်ရောက်၍ ပန်းခွေများချကာ ကျဆုံးသော အာဇာနည်များအား အလေးပြုခဲ့ လေသည်။”

“ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသော ဗိုလ်မှူးအောင်၊ ဦးဗဆွေတို့ကလည်း မန္တလေး၊ စစ်ကိုင်းမြို့များတွင် ကျင်းပသော လူထုတရားပွဲများ၌လည်း အသီးသီး ဟောပြောကြလေသည်။ ထို့ပြင် ဒီဇင်ဘာ ၂၈ ရက် နံနက် မန္တလေးမြို့ ကျုံးထောင့်တွင် ကျင်းပသော တပ်မတော်နေ့ အထိမ်းအမှတ်ပွဲသို့ သွားရောက်၍ ရဲဘော်- ရဲမေများအား တရားဟောပြောခဲ့သေးကြောင်း။” (ဟံသာဝတီ သတင်းစာ)

လွတ်လပ်တဲ့နိုင်ငံမှာ အခွင့်အရေးကို သာတူညီမျှရရှိစေရတယ်။ တစ်ဦးဦးက မိမိရသင့်တဲ့ အခွင့်အရေးထက် ပိုမိုရရှိ လိုတာကြောင့် ပိုမိုရရှိအောင် ကြိုးစားတာနဲ့ တစ်ပြိုင်နက် သူတစ်ပါးရဲ့ အခွင့်အရေးကို ကျူးကျော်စော်ကားပြီးဖြစ်လိမ့်မယ်။

 အခြေအနေ (၄)

“အများသော လူထုသည်ထင်ရာ လုပ်နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှားနေသမျှ ကာလပတ်လုံး မည်သူမျှ လွတ်လပ်ခြင်းမရှိဘဲ လွတ်လပ်ခြင်း၏ အရသာကို ခံစားကြရမည် မဟုတ်ပေ။ သို့အတွက် ဤနေ့ဤရက်တွင် အဓိက ဖြစ်သော မေးခွန်းနှစ်ခုကို မေးသင့်ကြသည်။ ထိုမေးခွန်းနှစ်ခုကား −

(၁)     ငါတို့သည် လွတ်လပ်ခြင်း၏ အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိ သလား။

(၂)      ငါတို့သည် လွတ်လပ်ခြင်း၏ အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိ သည့်အတိုင်း၊ လွတ်လပ်သော လူမျိုး၏ ဝတ္တရားကို ကျေပွန်စွာ ဆောင်ရွက်နေသလား” - ဟူသော မေးခွန်းများ ဖြစ်ပေသည်။

“လွတ်လပ်ရေး၏ သဘောကို မှန်ကန်စွာသိရှိ၍ ထိုသဘောအတိုင်း ပေါင်းသင်းဆက်ဆံ နေထိုင်ခြင်းကို မပြုသမျှကာလပတ်လုံး၊ အခြေအနေသည် တိုးတက်လိမ့်မည်မဟုတ်။ လွတ်လပ်ရေးကို အရယူရန် ကြိုးစားကြစဉ်က စည်ပင်သာယာဧချမ်းစွာနှင့် သာတူညီမျှစနစ်အရ နေထိုင်နိုင်ရန် ကြိုးစားခြင်းဖြစ်လေသည်။ ခေါင်းဆောင်တို့သည် ဤသဘောကို ဟောကြပြောကြ၏။ သို့ရာတွင် ထိုသဘောသည် အများသော လူထုအစိတ်အပိုင်း၏ ခေါင်းထဲသို့၊ နှလုံးထဲသို့ ဝင်ဟန်မရှိသေးချေ။” (ဟံသာဝတီ သတင်းစာ)

“နိုင်ငံခြားမှ အထည်ဝယ်ယူရန် အစိုးရထံမှ လိုင်စင်ယူရသည်ဟုရမယ် ရှာကာ အထည်ကုန်သည်တွေက အထည်အလိပ်တွေကို မတန်တဆ ဈေးတင်ရောင်းလျက်ရှိကြ၏။ လူထုက လည်း ကုန်သည်ခြောက်တိုင်း နားယောင်ပြီး အထည်အလိပ်များကို ငမ်းငမ်းတက် ဝယ်ယူလျက်ရှိကြ၏။”

“ပစ္စည်းများကို လက်ထဲမှာ ငွေရှိသလို မဝယ်ပါနှင့်။ မဖြုန်းတီးပါနှင့်။ အထည်ကုန်သည်များက ခြောက်လှန့် ကာ ဈေးပိုမိုရောင်းတိုင်း လူထုကမဝယ်ကြပါနှင့်။”

လွတ်လပ်ရေးအတွက်၊ လွတ်လပ်ရေးနဲ့အတူ ကြီးပြင်းလာကြတဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစု ရဲဘော်ရဲဘက်တွေဟာ ဝါဒအယူအဆကို အကြောင်းပြုလေသလား၊ အာဏာကို မက်မောတာလား၊ ဖဆပလအဖွဲ့သည် စိတ်ဝမ်းတွေကွဲ၊ သွေးကွဲတစ်တပ်တစ်ဗိုလ် ဖြစ်သွား ခဲ့တယ်။

“ရဲဘော်တွေ ဘယ်လမ်းကို လိုက်ကြ မည်နည်း၊ ဖဆပလက နယ်ဆင်းပြီး သန့်ရှင်းရေး လုပ်ကြဦးမည်၊လွတ်လပ်ရေး ရပြီးသည့်နောက် နိုင်ငံရေးသမားများ ‘ရောင်တတ’ ဖြစ်နေသည်ဆိုခြင်း၊ ယခု လောလောဆယ်အချိန်တွင် မြန်မာ နိုင်ငံတော် ပြန်လည်ထူထောင်ရန် အလွန်ပင်လိုလားနေပါပြီ။ စေတနာ့ဝန်ထမ်းလုပ်ငန်းများ များနိုင်သလောက် များအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။” (နိုင်ငံရေးသတင်းထောက်ရေးသည်) (ဟံသာဝတီ သတင်းစာ) ။

ဖဆပလခေတ်တွင် နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့ခဲ့ရသည်။ တိုးတက်မှု လမ်းကြောင်းမှချော်ခဲ့ရသည်။ တရုတ်ဖြူ ကူမင်တန် (KMT = Kuomintang) တို့၏ ကျူးကျော်မှုကလည်း တစ်မှောင့်ဖြစ်ခဲ့သည်။ ကျူးကျော်မှုကို ဆန့်ကျင်ရှုတ်ချ၊ ဗမာ့တပ်မတော်ကလည်း ကူမင်တန်တို့အား တိုက်ထုတ်တာကြောင့် ၁၉၅၃ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံရှိ တရုတ်ဖြူများ ရုပ်သိမ်းပေးခဲ့ရတယ်။ လွတ်လပ်ရေးရပြီးလို့ ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်မှာ ဖွံ့ဖြိုးမှုအလားအလာ အကောင်းဆုံးနိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါတယ်။

အခြေအနေ (၅)

လွတ်လပ်ရေးရပြီး ဆယ်နှစ်ကြာတဲ့အခါ ဖဆပလအဖွဲ့ရဲ့ တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ စည်းဝေးပွဲမှာ သဘောကွဲလွဲမှုပိုပြီး ထင်ရှားခဲ့တယ်။ နုတင် သန့်ရှင်းဖဆပလ၊ ဆွေငြိမ်း တည်မြဲဖဆပလ အုပ်စုနှစ်ခုဟာ အစိုးရ အဖွဲ့ကို ကြိုးကိုင်နိုင်ဖို့ နှစ်ဖက်စလုံး ကြိုးစားခဲ့တဲ့ ပုံရိပ်ရှိခဲ့တယ်။ ဖဆပလ အုပ်စုနှစ်စု ကွဲသွားခြင်းက ပြည်သူလူထု အတွင်း စိတ်ဝမ်းကွဲမှု သက်ရောက်ခဲ့ရာ နိုင်ငံအတွက် ဒဏ်ရာကျန်ခဲ့တယ်။ တစ်ဖက်ကကြည့်ရင် သန့်ရှင်းဖဆပလ အစိုးရရဲ့ လိုက်လျောမှုကြောင့် ပြည်သူ့ ရဲဘော်ဟောင်းများ အလင်းသို့ ရောက်ခဲ့ ကြတယ်။ ကွန်မြူနစ်အချို့ ၁၉၅၈ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ အလင်းဝင်ခဲ့ကြတယ်။ တောတွင်းမှာ ကျန်ရှိနေတဲ့ ကွန်မြူနစ်များကလည်း အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ကြိုးစားလာကြတယ်။ အရှုံးထဲကအမြတ်ပေါ်လာခြင်းတစ်ခုလို့ ပြောနိုင်တယ်။

 ပြည်သူတစ်ရပ်လုံးဟာ တစ်ဦးချင်း တစ်ယောက်ချင်းမှသည် အဖွဲ့အစည်း တိုင်းဟာ ကျွန်တော်တို့ရဲ့ အချိန်တွေ၊ စွမ်းအားတွေနဲ့ နိုင်ငံရဲ့ သယံဇာတ ကြွယ်ဝမှုတို့ကို မိတ်ဆွေဖြစ်ဖို့ တာစူကြရ လိမ့်မယ်။

နိုင်ငံဟာ ကြီးသည်ငယ်သည်မဟုတ် အသီးသီးတစ်ဦးတည်း တစ်နိုင်ငံ တည်းရပ်တည်ရန်လည်း မည်သို့မျှမဖြစ်နိုင်၊ သက်ရှိတို့ ပေါ်ပေါက်ကြီးပြင်းမှု သီအိုရီ (Theory of Evolution) အရ အတူတကွ သဟဇာတဖြစ်စေဖို့ မြော်မြင် တွေးခေါ်မှုနဲ့နေကြမှ ဘဝဟာ ရှင်သန်ပါ လိမ့်မယ်။

“နိုင်ငံရေး ပါတီများအနေဖြင့် အများနှင့်ဆိုင်သော အကောင်းဆုံးစံများကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသင့်ကြသည်။ အမျိုးသား ကောင်းစားရေးအတွက် ပြင်းပြသောစိတ်ဖြင့် ဆောင်ရွက်လျှင် နှစ်အနည်းငယ်အတွင်း အောင်မြင်နိုင် ကြောင်း ဂျပန်က လက်တွေ့ပြခဲ့ပြီ။ အမျိုးသားစည်းလုံး ညီညွတ်မှုကိုအိပ်မက် မဖြစ်ပါစေနှင့်” ဆိုတဲ့အကြောင်း “ဂန္တလောက” မဂ္ဂဇင်းဆောင်းပါးပါ ဦးသန့်ရဲ့ ထောက်ပြချက်ကို “မောင်ရွှေ ခေတ်ရေး ‘ဦးသန့်၏ အတွေ့အကြုံများ’” စာအုပ်မှာ ဖတ်ရှုရပါတယ်။

လွတ်လပ်ရေးမရမီ ကာလမှာ ဗြိတိသျှ၊ အိန္ဒိယ၊သီရိလင်္ကာနိုင်ငံတို့မှာ ဆိုရှယ်လစ် စနစ်ကျင့်သုံးတဲ့ ကိစ္စဟာ ရေပန်းစားလေတော့ မြန်မာဟာလည်း ပြောဖွယ်ရာမရှိပြီ။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ မြန်မာ့ဆိုရှယ်လစ်ခေတ်ဖြစ်ခဲ့တယ်။ စီမံအုပ်ချုပ်ရေးက ချည့်နဲ့၊ ဘေးပယောဂတွေပူး၊ အထင်အမြင်တွေ တိမ်းစောင်း စီးပွားရေး ထင်သလောက် မဖွံ့ဖြိုး ခရီးမပေါက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ကောင်းမွေတွေကို ယူတတ်ဖို့နဲ့ မကောင်းတာတွေ ပယ်တတ်တဲ့ အရည် အချင်းနဲ့ ဉာဏ်အမြော်အမြင်တွေ ရှိကြရပါလိမ့်မယ်။ ဈေးကွက်စီးပွားရေး ထူထောင်ရာမှာ တကယ်လိုအပ်ချက်က စီမံကိန်းတွေ ခိုင်ခိုင်ခံ့ခံ့ရေးဆွဲ အကောင်ဖော်နိုင်ဖို့ အဓိပ္ပာယ်ရှိရှိ အင်အားစုစည်းဖို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး အောင်မြင်လာတာနဲ့ အမျှ၊ အလယ်အလတ် လူတန်းစားတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့ နည်းပညာနဲ့ ဥပဒေပိုင်းဆိုင်ရာတွေမှာ မြင့်မားလာမယ်။

အခြေအနေ (၆)

နှစ်ဆယ်ရာစု မြန်မာနိုင်ငံသမိုင်းကို ကြည့်ရင် ရံဖန်ရံခါဆိုသလို ပြည်ထောင်စု ကြီး ပြိုကွဲရေးကို တွန်းပို့တဲ့ ခြိမ်းခြောက်မှုတွေ ကြုံခဲ့ပါတယ်။ နှစ်ဆယ်ရာစု နှောင်းပိုင်းအထိပါပဲ။ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းပေါ်သို့ မရောက်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ထင်သလောက်ခရီးမပေါက်၊ တိုင်းပြည်ဟာ အထနှေးခဲ့ပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ သံသရာတစ်ကွေ့မှာ အခုလို ဆုံတွေ့ရတဲ့ဘဝ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်း နေလိုတဲ့ဆန္ဒ၊ အမျိုးသားအကျိုးစီးပွား ရှေးရှုတဲ့ ဝိသေသ၊ နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါနဲ့ နေနိုင်တဲ့ အခြေအနေ ကို ချစ်မြတ်နိုးကြရပါမယ်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တွေထားခြင်းဖြင့် မိမိတစ်ဦးတည်းလည်း ငြိမ်းချမ်း၊ တစ်တိုင်းပြည်လုံးလည်း အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အသီးသီး ရကြမှာ ဖြစ်ပါတယ်။ နိုင်ငံမတည်ငြိမ်ရင် စီးပွားရေး မဖွံ့ဖြိုးနိုင်ဘူးဆိုတာ အားလုံးအသိ၊ စီးပွားရေးကျဆင်းလေလေ ဆင်းရဲမွဲတေမှုနဲ့ ကြုံရမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေလေ နိုင်ငံမတည်ငြိမ်လေ စီးပွားရေး မဖွံ့ဖြိုး၊ ဆင်းရဲမွဲလေလေပဲ။ ဒီပြဿနာတွေကို ဖြေရှင်းရာမှာ တင်းမာမှုနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဝင်မှုတွေဟာ ပို၍ဆိုးဖွယ်ရာပဲ ဖြစ်ပါလိမ့် မယ်။ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ စည်းလုံး ညီညွတ်ရေး၊ ပညာရည်မြင့်မား ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ လွတ်လပ်ရေးရဲ့ အနှစ်သာရမို့ သဟဇာတဖြစ်တဲ့ စီမံအုပ်ချုပ်မှုကို ရှေးရှုနေတာတွေ့မြင်ရပါတယ်။

“ပြည်တွင်းမငြိမ်မသက် အငြင်းပွားမှုတွေနဲ့ ဝရုန်းသုဉ်းကား (Turmoil) မှု များနဲ့ ဆက်လက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေဦးမှာဖြစ်ပါတယ်။ ဒါတွေဟာ ထွေးလားယှက်ငင်ဖြစ်နိုင် ကြောင်း၊ လူမျိုးရေးမုန်းတီးမှု၊ သွေးထွက် သံယိုဖြစ်မှုတွေဟာ အရှေ့ဘက်ပိုင်းနဲ့ ပါလက်စတိုင်း လူမျိုးတွေအပေါ်မှာ ကြီးထွားနေတာကြောင့် ဘဝအတွက် အဓိက လိုအပ်ချက်တွေ မရရှာဘဲ တရားဝင်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေကြပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဟာ ဒီပြဿနာတွေအပေါ် အမြင်ရှင်းရှင်းနဲ့ ရပ်တည်သင့်ပါတယ်” လို့ ဝန် (Wang Guangya) က မှတ်ချက်ပြုပါတယ်။

“ကိုလိုနီနယ်ချဲ့ခြင်း၊ ကျွန်အရောင်း အဝယ်နဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားခြင်း၊ ကိုယ့်အမြင်သာ အမှန်လို့ထင်ခြင်းတို့ဟာ လူမျိုးရေးဝါဒခွဲခြားမှုကို ဖြစ်စေတဲ့ စရိုက်လက္ခဏာ အကြောင်းတရားတွေ ပဲဖြစ်ပါတယ်။ ဒါတွေကြောင့် အာရှတိုက်၊ အာဖရိကနဲ့ လက်တင်အမေရိကတို့ဟာ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်ဒုက္ခတွေ ရောက်ကြရပါတယ်။ ကုလသမဂ္ဂ တည်ထောင်တဲ့ အချိန်ကစကာ နှစ်ပေါင်း ၃၀ အတွင်း လူမျိုးရေးခွဲခြား ဖယ်ရှား ဆက်ဆံခြင်း တစ်ဖက်သတ်ဘက်လိုက်၊ လူမျိုးရေးဝါဒ ပြင်းပြခြင်းတို့ကို ရင်ဆိုင်တွေ့ဆုံမှုကို ကျင့်သုံးခဲ့ကြောင်း၊” တရုတ်နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီး (Wang Guangya) က ပြောကြားခဲ့ပါတယ်။ (Time 4 September, 2001)

“၂၁ ရာစုသည် ပြောင်းလဲနေသော ရာစု၊ ဆယ်နှစ်အတွင်း များစွာသော အပြောင်းအလဲများသည် ကမ္ဘာ့နေရာ ဒေသ အများအပြားတွင် ယခင်နှစ်တစ်ရာ အတွင်း ဖြစ်ခဲ့သည်တို့ထက် ပိုဖွယ်ရာ ရှိလိမ့်မယ်။ ဒီလို ပြောင်းလဲလာနိုင်ခြေရှိ သည်တို့အတွက် များစွာသော နိုင်ငံတို့သည် အဆင့်သင့်ဖြစ်နိုင်ကြမည် မဟုတ်” ဟူ၍၊ ၂၀၀၅ ခုနှစ် ဇူလိုင်လထုတ် Newsweek မဂ္ဂဇင်းတွင် အယ်ဒီတာက ရေးသားတာကို ဖတ်ရှုရပါတယ်။

“လူ့လောကသမိုင်းမှာ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးလှတဲ့ ပြဿနာတွေဟာ ခိုင်မြဲတဲ့ အမြစ်ကဲ့သို့ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဉာဏ်နဲ့ယှဉ်၊ သတိကြီး စွာရှုမြင်၊ ခွဲခြားစိတ်ဖြာ စူးစမ်းရာမှာ နက်နက်ရှိုင်းရှိုင်းဖြစ်ဖို့ လိုပါတယ်။ ပြေလည်ရာပြေလည်ကြောင်း အဖြေရှာ ရာမှာ ပြဿနာရဲ့ မူလဇာစ်မြစ် အကြောင်းရင်းများမှ စကြရလိမ့်မယ်” လို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက မှတ်ချက်ချခဲ့ပါတယ်။ (Readers’ Digest, October, 2001 )

နိုင်ငံတစ်နိုင်ငံရဲ့ ရှေ့ခရီးကို ဘယ်သို့ ဘယ်ပုံ ဘယ်နည်းနဲ့ ဆက်သွားမယ်ဆို တာ သိချင်ရင် “နိုင်ငံရဲ့ အနာဂတ်” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆီမီနာတွေ၊ ဟောပြောပွဲတွေ တက်ကြည့်ပါလို့ ဆိုပါ တယ်။ အများအားဖြင့် အတိတ်သမိုင်း၊ စစ်မြေပြင်အကြောင်း၊ ပထဝီနိုင်ငံရေးနဲ့ပြည်တွင်းနိုင်ငံရေးတွေကို အာရုံထားနေတာ တွေ့ရပါတယ်။ စကားရည်လုပွဲ၊ ဒီဘိတ်တွေနဲ့ အချိန်တွေ ကုန်နေကြတယ်။ ဒီအကြောင်းတွေကို သဲကြီးမဲကြီး လက်ခုပ်ဖြောင်းဖြောင်းတီး နားထောင် ဆွေးနွေးကြရင်း အချိန်တွေ အဟောသိကံ ဖြစ်တာတွေ့ရပါတယ်။

ကျွန်တော်တို့ သတိမူရမှာက ဝါဒ ပြင်းပြ၊ တစ်ဖက်သတ်အမြင်၊ ခွဲခြား ဆက်ဆံတဲ့ အမြင်တွေကို ဖယ်ရှားရပါမယ်။ ရှေးရိုးခွဲခြား ဆက်ဆံမှုရဲ့ အန္တရာယ်ဟာ ကြာရှည်လာတာနဲ့အမျှ ဆင်းရဲမွဲတေမှု၊ စိတ်မချမ်းမြေ့ဖွယ် စိတ်ဒုက္ခတွေ တွေ့ကြပါလိမ့်မယ်။ အချို့ဆီမီနာ၊ ဟောပြောပွဲတွေဟာ အိုင်တီ၊ နာနိုတက်၊ ဂျီနုန်းတို့ကို ဦးတည်ပါတယ်။ အိမ်နီးနားချင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သိပ္ပံနဲ့နည်းပညာဟာ မြန်မာ လူငယ်တို့အပေါ် ရိုက်ခတ်နေလိမ့်မယ်။ လူကြီးများပါမကျန် အသိပညာ၊ အတတ်ပညာနဲ့ နည်းပညာများ ဖွံ့ဖြိုးတိုးတက် အောင် အားထုတ်ကြရာမှာ တစ်သက်တာသင်ယူမှု (Lifelong Learning) ဖြင့် အားထုတ်ကြရပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ သိပ္ပံနဲ့နည်းပညာ တိုးတက်မှု ကြီးပွားချမ်းသာမှု သမိုင်းတို့ကို နားလည်အောင်ဖတ်ကြ၊ ကိုယ့်နိုင်ငံနဲ့ ယှဉ်ပြီးတော့လည်း သိအောင်လေ့လာ ကြရမယ်။

နိဂုံးချုပ်ရရင်ဖြင့်-

၂၀၀၀ ပြည့်နှစ်များမှာ ပညာတတ်သည်ထက် တတ်လာတာ၊ အမျိုးသားရေး စရိုက် လက္ခဏာတွေ တည့်မတ်လာတာ တွေ့ရပါတယ်။ ပညာရေးလက်လှမ်းမီအောင် လူရှိတဲ့နေရာမှာ ကျောင်း ဆောက်၊ အရည်အချင်း မြင့်သထက် မြင့်အောင်၊ ကျွမ်းကျင်မှု အရည်အသွေး မြင့်သည်ထက်မြင့်အောင်၊ တက္ကသိုလ်၊ ကောလိပ်တွေ တည်ထောင်ခဲ့တာ အမျိုးသား လူ့စွမ်းအားအရင်းအမြစ် မွေးထုတ် ဆောင်ကြဉ်းပေးခြင်းပဲဖြစ်တယ်။ တောင်ပေါ် မြေပြန့်တိုင်းရင်းသား လုပ်ငန်းရှင်တွေ ပေါ်ပေါက်နိုင်အောင်၊ ညီအစ်ကိုအချင်းချင်း တွေ့နိုင်၊ သွားနိုင် လာနိုင်အောင် အနှစ်နှစ်အလလက ကြံစည်စိတ်ကူးခဲ့တဲ့ အဝေးပြေးလမ်းမကြီးနဲ့ နေပြည်တော်ကို တွေ့မြင်နေရပါပြီ။

 Naypyitaw State Academy ကိုလည်း တွေ့မြင်နေရပြီဖြစ်ပါတယ်။ ပြည်သူတို့ ဘဝသစ်ဖန်တီးနိုင်ရေးမှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းဖို့၊ အကြမ်းမဖက်တဲ့ လူ့အသိုင်းအဝိုင်းတည်ထောင် နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်သွား ကြဖို့ ဖြစ်ပါတယ်။ ဉာဏ်အမြော်အမြင် နဲ့မေတ္တာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖော်ဆောင်ပါလိမ့်မယ်။

လွတ်လပ်ရေးရရှိဖို့ မနေ့ကကိစ္စတွေကို ခွန်နဲ့အားနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဘိုးဘေးဘီဘင်တွေဟာ တာဝန် ကျေပွန်ခဲ့ပါတယ်။ သူတို့ရဲ့သာယာ ဝပြောမှုကို ရှေ့တန်းမတင်၊ အနစ်နာခံ၊ နေ့မအား ညမနား အားထုတ်ခဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ထားခဲ့တဲ့ အမွေအနှစ် အတွေ့အကြုံနဲ့ အသီးအပွင့်ဖြစ်တဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့တစ်တွေ ခံစားရတာဖြစ်ပါတယ်။ မိဘ အဘိုး အဘွားတွေရဲ့ ခွန်အားအမြော်အမြင်နဲ့ စီမံပြုလုပ်ခဲ့တဲ့ အသီးအပွင့် အမွေအနှစ် တွေဖြစ်ပါတယ်။ အသက်သွေးချွေး ပေးခဲ့ကြသူတွေ ဘိုးဘွားတွေကို ကျွန်တော်တို့ ပို၍ပို၍ အောက်မေ့ ကြရလိမ့်မယ်။

စိန်ခေါ်မှုတွေ မည်သို့ပင် ရှိသည်ဖြစ်စေ လောကီလောကုတ္တရာ နှစ်ဖြာနဲ့ ကျော်လွှားခြင်းဖြင့် အေးချမ်းသာယာတဲ့ ဘဝကိုမျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာတွေဟာ လေ့လာစရာတွေ ကိုယ့်ရှေ့မှာ ရှိနေတာမို့ သင်ယူဖို့ခရီး ဆက်ကြရဦးမယ်လို့ ယုံကြည်ပါကြောင်း မေတ္တာဖြင့် တင်ပြအပ်ပါတယ်။ ။

ကျမ်းကိုး -    

-        ဦးသန့်၏ ဘဝအတွေ့အကြုံများ မောင်ရွှေခေတ်။ ရန်ကုန် ပန်းဝေဝေ စာပေ၊ ၂၀၁၃ ခုနှစ်

-        ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူး ဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေးဝန်ကြီး ဌာန

-        မကြန် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ မြရတနာ စာပေ၊ စာစဉ် (၁) ၂၀၀၂ ခုနှစ်

-        Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000

-        “၂၀ ရာစု မြန်မာနိုင်ငံ” အမျိုးသား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၀၂ ခုနှစ် တက္ကသိုလ်များ ပုံနှိပ်တိုက်

-        Time 4 September, 2001

-        Readers’ Digest, October, 2001

-        Newsweek July, 2005