မြန်မာနိုင်ငံ ပြည်တွင်းအာဏာရရှိရေး ကြိုးပမ်းမှုနှင့် ပထဝီနိုင်ငံရေးအခြေအနေ
မြန်မာနိုင်ငံ ပြည်တွင်းနိုင်ငံရေး ရှုပ်ထွေးမှု၊ ပထဝီနိုင်ငံရေး အခြေအနေတို့နှင့် ပတ်သက်၍ Felix Haas ရေးသားသည့် “Myanmar-Internal Power Struggles and Geopolitics” အမည်ရှိ သုတေသန စာတမ်းအား အလွတ်သဘော ဘာသာပြန်ဆိုချက်ကို ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ပြီးဆုံးမည့် အရိပ်အယောင် မရှိသေးချေ။ နိုင်ငံတကာ သံတမန်အသိုက်အဝန်းနှင့် မီဒီယာများက ပြီးခဲ့သည့်လပိုင်းများက ဖြစ်ပွားခဲ့သည့်ဆန္ဒပြမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တုံ့ပြန်ဆောင်ရွက်ခဲ့မှုအပေါ် အာရုံစိုက်နေချိန်တွင် လက်ရှိမြေပြင်၌ နိုင်ငံရေး ဆန့်ကျင်မှုအပေါ် အခြေခံသည့် အစွန်းရောက်များ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု ပိုမိုပြင်းထန်လာခြင်းကြောင့် ပြည်သူများအတွက် စိန်ခေါ်မှု ပိုမိုကြီးမားစေခဲ့သည်။
ပြည်တွင်းမတည်ငြိမ်မှုများကို ဖြစ်ပွားစေ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် CRPH ၏ အုပ်ချုပ်ရေး အာဏာကျင့်သုံးသည့် NUG အနေဖြင့် ကြေညာချက်အမှတ် ၁/၂၀၂၁ ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေးကို ဦးတည်သည့် ကနဦး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDF) ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ လက်တွေ့တွင် PDF များ ဖွဲ့စည်းခြင်း (ဥပမာ မင်းတပ်နှင့် လွိုင်ကော်တွင်) သည် ဆန့်ကျင်ဘက် အဖွဲ့အစည်းအတွက် နယ်မြေထိန်းချုပ်မှု သို့မဟုတ် စိတ်ဓာတ်ပိုင်းဆိုင်ရာ အနိုင်ရရှိမှုတို့နှင့် စပ်လျဉ်းသည့် မည်သည့်အကျိုးအမြတ်မျှ ရရှိနိုင်မှုတို့ ရရှိ စေမည် မဟုတ်ဘဲ ပြည်တွင်းမတည်ငြိမ်မှုများကို ဖြစ်ပွားစေခဲ့သည်။
နိုင်ငံရေးဆန့်ကျင်သူများအနေဖြင့် ရိုးရှင်းသော်လည်း သေစေနိုင်လောက်သည့် လက်နက်များကို အသုံးပြုလာခဲ့ခြင်း၊ မတ်လလယ်က လှိုင်သာယာရှိ ပုဂ္ဂလိကပိုင်စက်ရုံများအား ဖျက်ဆီးခြင်းများကို ထောက်ရှု၍ ဆန္ဒပြမှုများသည် အစွန်းရောက်လာသည်ကို မည်သို့မျှ ငြင်းဆို၍မရချေ။ ဒီမိုကရေစီ စံနှုန်းများနှင့် လူ့အခွင့်အရေးစံနှုန်းများကို မေ့ပျောက်ထားသည်မှာ ထင်ရှားပြီး ၂၀၂၁ ခုနှစ် မေလမှစတင်၍ ဖောက်ခွဲရေးပစ္စည်းများနှင့် အရပ် သားများ (ပြည်သူ့ဝန်ထမ်းများနှင့် USDP ပါတီဝင် များ) အား လုပ်ကြံသတ်ဖြတ်မှုသည် ဆန့်ကျင် လှုပ်ရှားမှု၏ နေ့စဉ်ပြုလုပ်နေသည့် အမျိုးမျိုး အထွေထွေသော လုပ်ဆောင်မှုများ ဖြစ်လာသည်။ ဂန္ဓ၏အဆုံးအမဖြစ်သည့် အကြမ်းမဖက်ရေး လမ်းကြောင်းကို ချန်ရစ်ခဲ့ခြင်းဖြင့် ဆန့်ကျင် လှုပ်ရှားမှုသည် သေချာပေါက် ကျရှုံးရန်သာရှိသည်။
လက်တွေ့ကျကျ သုံးသပ်ရန် လိုအပ်လျက်ရှိ
လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနှင့် နိုင်ငံသား အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ် လမ်းကြောင်းမှာ ဝေဝါးကြမ်းတမ်းနေဆဲဖြစ်သည်။ လက်ရှိ အခြေအနေများအရ ကျန်းမာရေးဆိုင်ရာ လက်ငင်းစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး ချိန်တွင် သက်ဆိုင်သူ အားလုံးအနေဖြင့် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရန်၊ ခြေတစ်လှမ်း နောက်ဆုတ်၍ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ရန် လိုအပ်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအာဏာနှင့် အုပ်ချုပ်ရေးကို အခက်အခဲများ ကြားမှ ချုပ်ကိုင်လာနိုင်ခဲ့သည်။ ၁-၈-၂၀၂၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝန်ကြီးချုပ် အဖြစ် ဦးဆောင်သည့် အိမ်စောင့်အစိုးရကို ဖွဲ့စည်း ခဲ့ခြင်းဖြင့် အစိုးရသည် နောက်ထပ် ၂၄လ လွန်မြောက်ပြီး နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာသည့် ကာလပြီးဆုံးချိန်တွင် လွတ်လပ်၍ မျှတသော အထွေထွေရွေးကောက်ပွဲသစ်ကို ကျင်းပပေးသွားနိုင်မည်ဖြစ်သည်။