Skip to main content

ရဲစိတ်မွေးနည်း

လူမျိုးတို့၏ ကြီးပွားခြင်းသည်လူငယ်ကလေးများ ၏စိတ်၌ ရဲသွေး ရဲစိတ် မကြောက်စိတ်တို့ကို ပျိုးထောင်၍ပေးခြင်း၌ တည်စေသည်။ အကြောင်းမူကား လွတ်မြောက်ခြင်းသည် သူရဲကောင်း အာဇာနည်တို့၏ အစွမ်းသာ ရနိုင်သောအရာ ဖြစ်လေသည်။

ယခုအခါ မြန်မာပြည်၌ ရဲစိတ်ကို ပျိုးထောင် ခြင်းသည် အတန်ငယ်လမ်းလွဲ၍နေသည်ကို တွေ့ရှိ ရလေသည်။ ရဲစိတ်အစား ယုတ်ညံ့သောဆဲစိတ်ကို အားပေးအားမြှောက်ပြု၍နေကြလေသည်။ ရဲစိတ် ဆိုသည်မှာ သန့်ရှင်းသောကစားစိတ်၌ ပါဝင်လေ သည်။ အမြှောက်ကြိုက်၍နေကြလေသည်။ အမြှောက်ကြိုက်၍ ဆဲဆိုရေရွတ်သောအတတ်ကို အားပေးခြင်းသည် ရဲစိတ်ကို ပျိုးခြင်းမဟုတ်ပေ။

တကယ့် အစွမ်းပြိုင်သောကစားပွဲများကို ပြိုင်သော ဖြူစင်သန့်ရှင်းသည့်တကယ့်အလုပ်များကို အသေးအငယ်မှ အကြီးအကျယ်သို့ရောက်အောင် လေ့ကျင့်သင်ကြားခြင်း၊ ပြုလုပ်ခြင်းသည် သာလျှင် အစွမ်းသတ္တိတကယ်တိုးတက်နိုင်လေသည်။ ယခုအခါ၌ကားကြောက်စရာဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိသောအလုပ်များ၌ အဟုတ် တကယ်ပင် ကြောက်စရာကောင်းသောအလုပ်များ ပါဝင်စေခြင်းဖြင့် ကြောက်စိတ်ကို ပျိုးနေကြလေသည်။

ကလေးသူငယ်ကို စီတန်းလမ်းလျှောက်ရာ၌ ပါဝင်စေခြင်းသည် ရဲစိတ်ကို လေ့ကျင့်ခြင်းမဟုတ်၊ ပုလိပ်၏လက်နက်များနှင့်တွေ့၍ သေကျေပျက်စီး ခြင်းများဖြစ်သည့်အခါ ဓမ္မတာသဘောတရားအား ဖြင့် သူငယ်များမှာ ကြောက်စိတ်ဝင်ကြလေသည်။

သို့သော်လည်း အများအားဖြင့် ထိုအရာများကို မြင်လေ့ရှိသောအခါ ရဲ၍လာလိမ့်မည်ဟု မှတ်ထင်ကြလေသည်။ စင်စစ်အားဖြင့်သော်ကား ဓမ္မတာသဘောတရားအားဖြင့် ကြောက်မက်ဖွယ် ကောင်းသောအပြုအမူတို့ကို မြင်ရသည့်အခါ ရဲစိတ်မပေါ်နိုင်၊ ကြောက်စိတ်သာပေါ်မည် ဖြစ်လေ သည်။ ငယ်ရွယ်စဉ်အခါ၌ရရှိသော ကြောက်စိတ်သည် အတွင်းစိတ်၌ အမြစ်တည်သောအခါ ကြောက်စိတ် ကြောက်မြစ် အမှေးစင်စစ် တိုးတက် သန်စွမ်းမည်သာတည်း။

ခုန်ပြိုင်ပြေးလွှားခြင်း၊ တစ်ယောက်ကို တစ်ယောက်နိုင်ရအောင်အားစွမ်းဖြင့်ပြိုင်ကစားခြင်း အပြင် အလုပ်များမှာ ကြောက်စရာမရှိသဖြင့် ကြောက်စိတ်မျိုးစေ့သည် မတည်နိုင်ပေ။ ကြောက် သောစိတ်ကို ရဲသောစိတ်ဖြစ်အောင်လုပ်၍ မရပေ။ ရဲစိတ်ကိုနှိုးသောနည်းမှာ ဘေးအန္တရာယ်ကို တွေ့ရ လိမ့်မည်ဟု ရှိမှတ်ထင်ရလျက် အဟုတ်တကယ် မတွေ့ရသောအလုပ်များဖြစ်လေသည်။

ဥပမာဆိုသော် ကလေးများသည် အမှောင်ကို ကြောက်တတ်ကြ၏။ အမှောင်ထဲ၌ ကြောက်မက်ဖွယ် သော ဘေးအန္တရာယ်များ အမျိုးမျိုးရှိသည်ဟု မှတ်ထင်ရလေသည်။ သရဲသဘက်၊ ကျားကြီး၊ မြွေ ကြီးကဲ့သို့သော ဘေးရန်များရှိသည်ဟု မှတ်ထင်၏။

ထိုကဲ့သို့သောနေရာမျိုး ကလေးများကို တစ်ကိုယ်တည်းသွားဝံ့အောင် အားပေးအားမြှောက် ပြုရလေသည်။ ဘေးအန္တရာယ်ကို အတင်းဝင်၍ တိုးခြင်းသည် ရဲစိတ်မဟုတ်၊ မိုက်စိတ်ဖြစ်လေသည်။ ရဲသောစိတ်သည်ကား အလုပ်တစ်ခုခု၌ ဘေးကင်းကြောင်းကို အမှန်သိခြင်းဖြစ်လေသည်။ ကြောက်စိတ် 'သည် ဘေးအန္တရာယ်မရှိသောအလုပ်၌ ဘေးရှိသည် ဟုမှတ်ထင်ကာ မလုပ်ဝံ့ဘဲနေခြင်းမှ ထွက်ပေါ်လာ လေသည်။

တွေးကြံသော အန္တရာယ်မရှိသောနေရာ၌ ဘေးအန္တရာယ်တို့ကို ရှာကြံတွေ့မြင်တတ်ခြင်းသာ လျှင် ကြောက်စိတ်ဖြစ်လေသည်။ အချို့သော သူရဲကောင်းများသည် စစ်ထွက်ရာ၌ ကြောက်ရွံ့ ကြ၏။ သို့သော်လည်း ဉာဏ်နှင့်ဆင်ခြင်ကာ ဤမျှ လောက်သောဘေးကိုငါနိုင်သည်၊ ငါမလွတ်နိုင်သော ဘေး မဟုတ်ဟူသောအသံမျိုးကိုရရှိသော စွန့်စား ခြင်းဖြင့် သူရဲကောင်းဖြစ်ကြလေသည်။

မကြောက်သောကြောင့် စွန့်စားသည်မဟုတ် ပေ။ အစစ်အမှန်ဘေးကို မမြင်တတ်သောသူသည် သူရဲကောင်းမဟုတ်။ လူမိုက်သာဖြစ်ကြလေသည်။ သို့ဖြစ်လေရာ ကြောက်စိတ်ကင်းအောင်လုပ်ခြင်း သည် ဘေးမရှိသောအရာများ၌ အန္တရာယ်ရှိသည်ဟု ပြောဆိုကာ ဖြူ၍မခြောက်ခြင်း၌ တည်ရှိလေသည်။ ဘေးအန္တရာယ်မရှိသောပုလိပ်၏လက်နက်အောက် သို့ အရမ်းတိုးခြင်းသည် သူရဲကောင်းအတတ်ကို သိခြင်းမဟုတ်ပေ။

တကယ်ဘေးနှင့်တွေ့သောအခါ အမြဲမပြတ် တစ်သက်ပတ်လုံးတည်နေသောအကြောင်း ဖြစ် လေသည်။

မင်းကလေးများကို စင်မြင့်ပေါ်၌တင်ကာ အဆဲတရားများကို ဟောခိုင်းလျက် လူကြီးများက အောက်မှာနေ၍ လက်ခုပ်လက်ဝါးတီးခြင်း၊ သြဘာ ပေးခြင်း၊ “ရဲရဲတောက်မည်ဟေ့” ချီးကျူးသြဘာ ပေးခြင်းမျိုးသည်ကား ရဲရင့်ခြင်းအတတ်ကို သင်ခြင်းလည်းမဟုတ်၊ အမြှောက်ကြိုက် စော်ကား အတတ်ကို သင်ခြင်းဖြစ်လေရာ မကောင်းသော အတတ်ပင်ဖြစ်လေသည်။

ကမ္ဘာ့ဓမ္မတာအားဖြင့် လူကြီးကို လူငယ်က ရိုသေရ၏။ ဤသဘောတရားကို ချင့်ချိန်၍ လူကြီး ကအောက်လူငယ်ကိုမြှောက်ခြင်းသည်လူကြီးများ မိမိတို့ကိုယ်ကို အရူးလုပ်ခြင်းနှင့်တူလေသည်။ စင်စစ်အားဖြင့် အကျိုးမများ၊ လူငယ်များကိုလူစော် ကားသူဖြစ်အောင် ဖန်တီးခြင်းဖြစ်လေသည်။ လူစော်ကား၏အလုပ်ဖြင့် တိုင်းပြည်များ လွတ်မြောက်ချမ်းသာသည်ဟု ကြားဖူးပါ၏လော။ အမြှောက်ကြိုက်သူများ၏အစွမ်းဖြင့် တစ်စုံတစ်ရာ ဖြစ်မြောက်ပါ၏ဟု ကြားဖူးပါ၏လော။ ဆဲဆိုခြင်း သည်ကမ္ဘာ့ဓမ္မတာအားဖြင့် ဆိုးသွမ်းယုတ်မာသော အလုပ်ဖြစ်လေသည်။ ယခုအခါ ဆဲဆိုခြင်းသည် ရဲရဲတောက်ခေါ်ကာ အားပေးကြသည်မှာ မိန်းကလေးများကို အဆင့်အတန်းမြှင့်၍ပေးခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါမည်လား။

ပီမိုးနင်း