Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ ရှစ်လတာခရီးဖြတ်သန်းခဲ့ပြီ

15-5

မိုးအကုန်ဆောင်းအကူး စက်တင်ဘာလသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည့်လ၊ သေတွင်း နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံတို့နှင့် ပိုမိုနီးကပ်စွာဆက်ဆံဖြစ်သည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။

ဦးစားပေးသတ်မှတ်ထားသည့် အုပ်စုများ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမှု အားကောင်းသည့် လ၊ ကပ်ရောဂါအရှိန် ကျဆင်းလာသည်နှင့်အမျှ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက် ဖွံ့ဖြိုးမှုတို့ကိုပိုမိုအားပေး၍စားနပ်ရိက္ခာဖူလုံစေရေးပြည်သူများ လုံခြုံငြိမ်းချမ်းရေးအတွက် အချိန်ပေးရသည့်ကာလ တစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအတွက် စက်တင် ဘာလအတွင်း ဆောင်ရွက်ချက်များဟု ဆိုလိုက်လျှင် ရေးသား၍ ကုန်နိုင်မည်မဟုတ်ပါ။

ပြည်တွင်း မတည်မငြိမ်ဖြစ်အောင်၊ တိုင်းပြည် ဆူပူ၍ ပြည်သူများ အေးချမ်းလုံခြုံမှုမရှိအောင် အကြမ်းဖက် မည်သည့်အဖွဲ့အစည်းကမဆို သွေးထိုးနှောင့်ယှက် ပါစေ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူ ပူးပေါင်းမှုဖြင့် တစ်စတစ်စ တည်ငြိမ်အေးချမ်းမှု အားကောင်းလာနေသည်က အထင်အရှားပင် ဖြစ်ပါသည်။ စက်တင်ဘာ တစ်လတာအတွင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဆောင်ရွက် ချက်များအတွင်းမှ အချို့ကို ကောက်နုတ်တင်ပြရ မည်ဆိုလျှင် .ဦးဆောင်ဦးရွက်ပြုသူများ၏လှုပ်ရှားမှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၆ ရက်က ကျင်းပသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့နိုင်ငံသည် စက်တင်ဘာလဆန်းပိုင်းတွင် ပျမ်းမျှပိုးတွေ့နှုန်း ၁၀ ဒသမ ၃၇ ရာခိုင်နှုန်းသို့ ကျဆင်းသွား ခဲ့ကြောင်း၊ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကူးစက်မှုနှုန်း များပြားနေပြီး စည်းကမ်း လိုက်နာမှုရှိစေရန်၊ အသိပညာပေးရေးအပါအဝင် ရောဂါပိုးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များအကြောင်း  ကို ဖြည့်စွက်ရှင်းလင်းအကြံပြုပြောကြားခဲ့သည်။ ထို့အတူ ကိုဗစ်- ၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့်စနစ်တကျ သုတေသနပြုလုပ်ကာ ကုသဆေး၊ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မည့်အခြေအနေ နှင့် ပြည်သူများအားလုံး လွှမ်းခြုံနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အစီအမံများကို ထည့်သွင်းပြောကြားခဲ့ပါသည်။ စက်တင်ဘာ ၇ ရက်က နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၁) သို့ တက်ရောက်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်ခု၏ အဓိကမောင်းနှင်အားမှာ နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေး အင်အားဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာစဉ်ဆက်မပြတ် သင်ကြားနိုင်ရေးသည်လည်း အရေးကြီးကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည့်အပြင် ပြည်ပဝင်ငွေ တိုးမြှင့်ရရှိစေမည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ပြည်ပပို့ကုန်များ၊ ပြည်တွင်း စားသောက်ရိက္ခာဖူလုံစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကာ ဆီထွက်သီးနှံများ၊ ဝါနှင့် အခြားစိုက်ပျိုးသီးနှံများ အထွက်နှုန်း မြင့်မားရေးကို အကြံပြုဆွေးနွေးခဲ့သည်။ ဟိုတယ်နှင့်ခရီးသွား၊ အိမ်ရာတည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိမ်းလန်းစိုပြည်ရေး ကဏ္ဍတို့ကို အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့အတူကာကွယ်ဆေးများ ရောက်ရှိမှု အခြေအနေများနှင့် မည်သူတစ်ဦး တစ်ယောက်မျှ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးတို့ အတွက်လည်း ညှိနှိုင်းအဖြေရှာပေးခဲ့ခြင်းကြောင့် လက်တွေ့မျက်မြင် ကာကွယ်ဆေးထိုးနှံ ခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ စက်တင်ဘာ ၉ရက်က ကျင်းပသည့် သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (74h Greater Mekong Subregion Summit) နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနာဂတ်တွင် GMS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အတွက်လမ်းပြမြေပုံဖြစ်လာမည့် ယနေ့ ထိပ်သီးအစည်းအဝေး၌ အတည်ပြုထုတ်ပြန်မည့် GMS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ ကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်၌ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကာကွယ်ဆေး လွှမ်းခြုံ နိုင်အောင် ကြိုးပမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)နှင့် ဘူတာကြီးတို့ကို ကြည့်ရှု စစ်ဆေး၍ မီးရထားပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံကို အကျိုးပြုသည့် သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ပြီး ပိုမိုတိုးတက် အောင်မြင်စေရေး အစီအမံများ ချမှတ်ပေးခဲ့သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ပြင်ဦးလွင် တပ်နယ်မှ သန္ဓေအရာရှိ၊ နည်းပြအရာရှိ၊ ကထိက အရာရှိနှင့် ပါရဂူဆေးမှူး၊ ဆရာ၊ ဆရာမများ၊ စစ်သည်မိသားစုများအား နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှု၊ စစ်သည်တစ်ဦးချင်း ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ခြင်းနှင့် စည်းကမ်းနှင့် အမိန့် နာခံမှုကောင်းမွန်ခြင်း၊ ကိုယ်စီတာဝန်များကိုကျေပွန်အောင်ထမ်းဆောင်ခြင်းတို့ဖြင့် မိမိတို့ တတ်စွမ်းသရွေ့ နိုင်ငံ့အကျိုးစီးပွားကို ကြိုးပမ်း ဆောင်ရွက်မှု ရှိစေရေး လမ်းညွှန်မှာကြားသည်။

စက်တင်ဘာ ၁၆ရက်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိဆင်လမ်းရေလှောင် တမံ၌ သီးနှံစိုက်ပျိုးရေး အတွက် ရေသိုလှောင်မှုနှင့် ရေလှောင်တမံကြံ့ခိုင်မှု၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ သဘာဝစိမ့်စမ်းရေထွက်နှင့် ကန်တော်ကြီး ပတ်လမ်းရှိ ရေဝင်ရောက်ရာ လမ်းကြောင်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်မိရပ်ဖများနှင့် ပြင်ဦးလွင်မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊ ပညာရေးမြို့တော်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် စီးပွားရေးအရှိန်အဟုန် ရပ်တန့်ခဲ့ရကြောင်း၊ ရောဂါကူးစက်မှုလျော့ကျလာစေရန် ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း ပြောကြား၍ ကိုဗစ်ကြောင့် ထိခိုက်ခံစားကြရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် ဦးမော့လာစေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ခြင်း အပါအဝင် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများအောင်မြင် စေရေးတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ရေခံမြေခံ ကောင်းသည့် ပြင်ဦးလွင်မြို့သည် ကျန်းမာရေး စောင့်ရှောက်မှု၊ ဝန်ဆောင်မှုလုပ်ငန်း စသည်တို့ကို အဆင့်မြင့်မားစွာ တိုးတက်ဆောင်ရွက်လာစေရန် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်း မှာကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အတွင်းရှိ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွား ကဏ္ဍတို့ကို မြှင့်တင်ဆောင်ရွက် ပေးနိုင်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၁၈ ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံ၍ တာဝန်ယူဆောင်ရွက်နေရသည့် လက်ရှိ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှ လစ်ဟင်းမှုများမရှိစေရန် လုပ်ဆောင်နေကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရာတွင်စုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဆောက်တည်နိုင်ရေးကို ရည်မှန်းချက် ထားလုပ်ဆောင်နေပြီး တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေးကို အထူးဦးစားပေး ဆောင်ရွက် နေကြောင်း အလေးအနက် ထည့်သွင်းပြည်သူများ၏ ဆန္ဒနှင့်ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု မြှင့်တင်ရေး၊ သယံဇာတကို အခြေခံသည့်လုပ်ငန်း များထက် ရေရှည်တည်တံ့သည့် လုပ်ငန်းများ၊ ပြည့်ဖြိုးမြဲ သယံဇာတများကို ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးဖြင့် အဆင့်အတန်းပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ထွက်ပေါ်စေရေး အတွက် အခြေခံပညာမှသည် အဆင့်မြင့်ပညာအထိ တက်လှမ်းနိုင်စေရေး၊ စီးပွားရေးနှင့် ဥပဒေကဲ့သို့သော ပညာရပ်များကို သင်ကြားပေးနိုင်ရေး၊ မြို့ပြတည်ဆောက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အစီအမံများနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍ မြှင့်တင်ပေးရေး စသည်တို့ကို နိုင်ငံတော် ဝန်ကြီးချုပ်က ထည့်သွင်း အကြံပြု ပြောကြားခဲ့သည်။

ဝိုင်းဝန်းကြိုးပမ်းကြစေလို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစု များနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်ခြင်း၊ လက်ရှိလုပ်ဆောင်မှုများသည် နိုင်ငံ့အရေး လုပ်ဆောင်ခြင်းပင်ဖြစ်၍ စစ်မှန်ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ် ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ် ရိက္ခာပေါများစေရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းတို့ကို ပြောကြားခဲ့သည့်အပြင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို တာဝန်ကျေပွန်အောင် ထမ်းဆောင် သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဝိုင်းဝန်း ကြိုးပမ်းကြ စေလိုကြောင်း မှာကြားခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့ နယ်မြေခံတပ်မတော်ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား အားပေးနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာ  များ ပေးအပ်ခဲ့ကြသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိအရာရှိ၊ စစ်သည်မိသားစုများနှင့်  စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံ၍ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားပြီး စစ်သည်မိသားစုများကို စားသောက်ဖွယ်ရာများ  ပေးအပ်ခြင်း၊ တပ်နယ်ဆေးရုံများတွင် ဆေးကုသမှု  ခံယူနေသည့် တပ်မတော်သားများကို ကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများနှင့် လားရှိုးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွဲရုံး၌ တွေ့ဆုံ၍ ဒေသ တွင်း ထုတ်ကုန်များ မြင့်မားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးမွေးမြူရေး စသည့် ဒေသအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို စက်တင်ဘာ ၂၃ ရက် က  ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ခြောက်လဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ အသုံး  စရိတ်များကို ဆက်လက်လျာထားသုံးစွဲရန် ခွင့်ပြုထားကြောင်းနှင့် အရေးပေါ် ရန်ပုံငွေကျပ် ၅၆ ဘီလီယံအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ အထူး  ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ လျာထား သုံးစွဲ နိုင်ရန် စီစဉ်ထားကြောင်း၊ ခွဲဝေခွင့်ပြုထားသည့် အသုံးစရိတ်များကို စိစစ်သုံးစွဲနိုင်စေရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ဖော်ဆောင်ရန် တာဝန်ရှိသူများက မိမိတို့ကျရာ ကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းပေးကြရန် တိုက်တွန်း ပြောကြားခဲ့ သည်။ ထို့အတူ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး (၁/၂၀၂၁)ကို ယင်းနေ့  နံနက်ပိုင်းက ကျင်းပခဲ့ပြီး အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်း အကောင်အထည်ဖော်ရာတွင် ငွေကြေးသုံးစွဲမှုများကို နိုင်ငံတော်၏ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်သုံးရန်နှင့် သွင်းအားစုများကို အလေအလွင့် နည်းပါးစွာဖြင့် ထိရောက်စွာသုံးစွဲ၍ စီမံကိန်းဆောင်ရွက်မှုများကို စောင့်ကြည့်သုံးသပ်ကြရန် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်

စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် နေပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သြဂုတ်လ၌ နိုင်ငံအတွင်း ကူးစက်မှု  ၄၀ ရာခိုင်နှုန်းကျော်ရောက်ရှိခဲ့သော်လည်း စနစ်တကျဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ယခု စက်တင်ဘာလတွင် ၈ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ စိုက်မွေးစီးပွား လုပ်ငန်းများ မြှင့်တင်ရေး၊ စက်သုံးဆီချွေတာရေး၊ အခွန်ငွေရရှိစေရေးစသည့် နိုင်ငံလိုအပ်ချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဆွေးနွေး ညှိနှိုင်းအဖြေရှာ ခဲ့ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၂၇ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၁/၂၀၂၁)သို့ တက်ရောက်၍ မိမိတို့ အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခဲ့သည်မှာ ရှစ်လတာ ပြည့်မြောက်မည် ဖြစ်ကြောင်း၊ ထိုကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများ၊ အကျပ်အတည်းများသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှု၏ရလဒ်များပင်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်- ၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စီးပွားရေးကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခြင်းကို အမြန်ဆုံး ပြန်လည်ကုစားနိုင်ရေး အတွက် ကြိုးပမ်းမှုများနှင့် သွင်းကုန်များ လျော့ နည်း၍ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရန်အတွက် အလေးထား တိုက်တွန်းခဲ့သည်။ ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ရေးနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပါဝင်သည့် အမှာစကားပေးပို့ခဲ့သည်။ အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကပ်ရောဂါကို ထိန်းချုပ် လာနိုင်သည်နှင့် တစ်ပြိုင်နက် ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားကြရန် တိုက်တွန်းပြော ကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီအစည်းအဝေး (၅/၂၀၂၁)ကို | စက်တင်ဘာ ၂၈ ရက်က ကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ လျှောက်လှမ်း နေသည့် ဒီမိုကရေစီလမ်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရာတွင် ပကတိအခြေအနေနှင့် ကိုက်ညီ ရန်၊ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီရန်၊ လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှု စနစ်ဖြစ်ရန် မှာကြားခဲ့သည့်အပြင် အကြမ်း ဖက်လုပ်ငန်းများ၌ EAO များ ပါဝင်ပတ်သက်မှု ရှိသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးမှုနှင့် ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးအတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာ ခဲ့သည်ကို မြင်တွေ့ရသည်။

(ဆက်လက်ဖော်ပြပါမည်)