ပန်းကလေးများ ကိုဗစ်ဆေးထိုးကြမည်
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဖြစ်ခဲ့ပြီး မိမိတို့နိုင်ငံကိုပါ ကူးစက်မှု များပြားလာသည့်အတွက် မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအ၀င်) ကို ဇူလိုင်လ ၉ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ရသည်။ ယခုအခါ ရောဂါပိုး ကူးစက်ပြန့်ပွားနှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ နေ့စဉ်ကူးစက်မှုနှုန်း ရှစ်ရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်း ကျဆင်းလာသည့်အတွက် ကျောင်းသား ကျောင်းသူများ စာသင် နှစ်တစ်နှစ် မဆုံးရှုံးစေရန်နှင့် နစ်နာမှုမရှိစေရေး အမြန်ဆုံး ကျောင်းပြန်လည်တက်ရောက်နိုင်ရန် အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ လူငယ်လူရွယ်များ အနာဂတ် မပျောက်အောင် ကျောင်းပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးသည် အရေးကြီးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း ကျဆင်းမှုအပေါ် မူတည်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလ တတိယပတ်မှစ၍ နိုင်ငံတော်က ကြိုတင် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
ပန်းကလေးများ ကိုဗစ်ဆေးထိုးကြမည်
ပန်းကလေးများပွင့်တော့မည် ဖူးတံဝံ့လို့ချီ နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ဆိုသည့်အတိုင်း အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကလေးများအား ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန် ရည်ရွယ်၍ ကိုးဗစ်ကထကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို ဦးစားပေးထည့်သွင်းထားပါသည်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများအား ကိုဗက် - ၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပန်းကလေးများ ကိုဗစ်ဆေးထိုးနှံမည့် အစီအစဉ်အတွက် (က) နိုင်ငံသားစိစစ်ရေးကတ် ရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား စာရင်းရေးသွင်းရာတွင် အခက်အခဲနှင့် မှားယွင်းမှု မရှိစေရေး သက်ဆိုင်ရာဌာနများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ (ခ) ဆေးထိုးနှံပေးရာတွင် လိုက်နာရမည့် အချက်အား မိဘများပါ သိရှိစေရန်အတွက် ကြိုတင်လှုံ့ဆော်ခြင်းနှင့် ထိုးသည့်နေရာတွင် အသိပေးချက် ဖော်ပြခြင်း တို့ကို လုပ်ဆောင်ရန်၊ (ဂ)ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်နေသည့် ကာလအတွင်း လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပေါင်းစပ်ပြီး စနစ်တကျ ဖွဲ့စည်း တည်ဆောက်ရန်၊ (ဃ) ကာကွယ်ဆေးထိုးစင်တာများကို မြို့နယ်အလိုက် ခွဲခြား၍ ကျောင်းသား ကျောင်းသူများနှင့် မိဘများ အလွယ်တကူ လာရောက်နိုင်သည့် ဆုံချက်ဗဟိုနေရာများတွင် ရွေးချယ်ဆောင်ရွက်သွားရန်၊ (င) ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျောင်းသားကျောင်းသူများ၏ ရှိရင်းအင်အား၊ ကျောင်းအပ်နှံသည့် အင်အား၊ ကျောင်းတက်ရောက်သည့် စာရင်းဇယားအပါအဝင် ဆေးထိုးနှံပြီးစီးမှု၊ ကာကွယ်ဆေး လက်ကျန်နှင့် ဆက်လက်ထိုးနှံမှု အစီအစဉ် စသည် တို့ကို ကြည့်ရှုသုံးသပ်၍ ဆေးအလေအလွင့် မရှိစေရန် စီမံ၍ ကာကွယ်ဆေးထိုးနှံခြင်းကို ပြီးစီးအောင် မြင်အောင် ဝိုင်းဝန်ဆောင်ရွက်သွားရန် ဆွေးနွေးကြကြောင်း သိရသည်။
ကလေးနှင့် ကိုဗစ်အန္တရာယ်
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ၏ ထုတ်ပြန်ချက်အရ ကလေးနှင့် ဆယ်ကျော်သက်များတွင်လည်း ကိုဗစ်ရောဂါ ကူးစက်နိုင်ကြောင်း၊ ကလေးများတွင် Biological Factor (ခေါ်) သဘာဝဇီဝဖြစ်စဉ်ကို ကိုယ်ခံအားစနစ်က ကောင်းစွာဖွံ့ဖြိုးပြီး ရေဂါပိုးကို တိုက်ထုတ်နိုင်စွမ်း ရှိသဖြင့် ကလေးများသည် လူကြီးများထက် ရောဂါလက္ခဏာ ပြင်းထန်စွာခံစားရနိုင်ကြောင်း၊ သို့သော် ကလေးများတွင် ရောဂါဖြစ်ပွားပြီးနော် နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားရတတ်ပြီး အထူးသဖြင့် ခန္ဓာကိုယ်ရှိအင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသောလက္ခဏာတွေ့ရကာ တချို့ကလေးများတွင် ရောဂါပြင်းထန်မှုမျိုး ခံစားရနိုင်ကြောင်း၊ အဝလွန်သောကလေး၊ ဆီးချိုရှိသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ အဆုတ်မကောင်းသူ၊ သွေးတွင်သွေးနီဥပုံပျက်နေသောရောဂါရှိသူ၊ ကိုယ်ခံအားကျဆင်းသူ စသည့် ကလေးများတွင် ကိုဗစ်ရောဂါဖြစ်ပါက သာမန် ကလေးများထက် အန္တရာယ်ပိုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ တတိယပတ်ခန့်အထိ ထုတ်ပြန်မှု စာရင်းအရ တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၏ ခုနစ်ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အတော် ကလေး ဖြစ်နေကြောင်း၊ သေဆုံးမှုအနေဖြင့် အသက် ၁၅ နှစ်အောက် သေဆုံးသည် တတိယလှိုင်းအစမှ စက်တင်ဘာလ ၆ ရက်နေ့အထိ ၂၁ ဦးရှိကြောင်း သိရသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ၏ ပြောပြချက်အရ လက်ရှိအချိန်အထိ စာရင်းဇယားအချက်အလက် များအရ အသက် ၁၈ နှစ်အောက်ကလေးများ ရောဂါ ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးရောဂါဖြစ်ပွားမှု၏ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဖော်ပြပါအခြေအနေများကို ခြုံငုံသုံးသပ် ကြည့်ပါက ကလေးများဟာ လူကြီးများလောက် ကိုဗစ်အန္တရာယ် ဆိုးဆိုးရွားရွား မဖြစ်နိုင်သော်လည်း မပေါ့ဆသင့်ဘဲ ကိုယ်ခံအား ကောင်းမွန်စေရန် အရေးကြီးပြီး ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းက ကိုဗစ်ရောဂါကို ရှောင်လွှဲနိုင်သော အဓိကအကြောင်းရင်း ဖြစ်ပေသည်။
နိုင်ငံတကာကလေးများ ကာကွယ်ဆေးထိုးနှံပေးနေမှုများ
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း “ဒယ်လ်တာပိုး” ကူးစက်ပြန့်ပွားမှုတွင် နိုင်ငံတချို့ရှိ ကလေး သူငယ်အချို့၌ ကူးစက်မှုများဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့် ကလေးသူငယ်များ ဘေးထွက်ဆိုးကျိုးနည်းပါးစွာဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။ အကယ်၍ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရမှုကို ထိထိရောက်ရောက် လျှော့ချနိုင်သည့် အကျိုးကျေးဇူးများစွာရှိကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကာကွယ်ဆေးကို ကလေးနှင့်လူငယ်များအား ထိုးနှံပေးလျက်ရှိရာ တရုတ်နိုင်ငံ၌ အသက် သုံးနှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းကိုလည်းကောင်း၊ ချီလီနိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးသူငယ် ၁၁ သိန်းကျော်ကို လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ အသက် ခြောက်နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးသူငယ် သုံးသိန်းငါးသောင်းကျော်ကိုလည်းကောင်း ကာကွယ်ဆေး စိတ်ချလက်ချထိုးနှံပေးပြီး ဖြစ်ကြောင်း လေ့လာသိရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားနှုန်း သိသာစွာကျဆင်း လာမည့်မကြာမီကာလတွင် ကလေးလူငယ်များအား ကာကွယ်ဆေးထိုးနှံပေးပြီး ပညာဆက်လက်
သင်ကြားနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပေသည်။
မြန်မာပြည်တွင်း ဆေးထိုးနှံခြင်း အစီအစဉ်များ
ယခုအချိန်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အဆက်မပြတ်ရောက်ရှိနေပြီး ဦးစားပေးအုပ်စု အလိုက် ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါကူးစက်မှုကို လျှော့ချနိုင်ပြီး စိတ်ချသော အခြေအနေရှိသောကြောင့် ကာကွယ်ခြင်းကို အသိတရားဖြင့် တက်ကြွစွာ ပါဝင်မင်ရွက်နေ ကြပြီဖြစ်သည်။ ကျန်မာရေးအဖွဲ့ (WHO) က စက်တင်ဘာလကုန်အထိ လူဦးရေ၏ ၁၀ ရအိုင်နှုန်းကို ကကွယ်မှုပေးနိုင်ရန် ညွှန်ကြားထားပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်-၉ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း ၈ ဒသမ ၂၆၄သန်း ကျော်ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ ၃ ဒသမ ၈၆၃ သန်း၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၄ ဒသမ ၄ သန်းရှိကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ကာကွယ်ဆေး စုစုပေါင်း ၁၈ သန်းရှိပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းထားသော ကာကွယ်ဆေး စုစုပေါင်း ငါးသန်းကျော် ရရှိထားကြောင်းနှင့် sinovac ကာကွယ်ဆေး ခုနစ်သိန်းကျော် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အကုန် ဒီဇင်ဘာလတွင် အသက် ၁၈ နှစ် အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီး ဖြစ်အောင် ရည်မှန်းသင်ရွက်လျက်ရှိသည်။
အောက်တိုဘာလ ၁၃ရက်နေ့နှင့် ၁၄ ရက်နေ့ တို့တွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့်ကာကွယ်ဆေး နှစ်သန်း ထပ်မံရောက်ရှိလာမည်ဖြစ်ရာ ၎င်းဆေးအား ကျောင်းသား ကျောင်းသူများကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအလိုက် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၆၂ တွင်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ဖြင့် သေဆုံးမှုစာရင်း၌ မြန်မာနိုင်ငံက အဆင့် ၅ နေရာတွင် ရှိနေသည်။ “ဒယ်လ်တာ” အပါအဝင် ဗီဇမျိုးကွဲသစ်များ အန္တရာယ်ကြောင့် တချို့နိုင်ငံတွင် စတုတ္ထလှိုင်းကို ရင်ဆိုင်နေကြသည်။ ထို့ကြောင့် ကာကွယ်ဆေးကြိုတင် ထိုးနှံထားခြင်းက အကောင်းဆုံးကာကွယ်မှု ဖြစ်စေပါမည်။
အိမ်တွင်း ကြိုတင်ပြင်ဆင်မှု
ဈေးကွက်ထဲရှိ နှာခေါင်းစည်းတချို့က အလယ်တန်းကလေးများ၏ မျက်နှာတွင် အံဝင်ခွင်ကျ (ကွက်တိ) မဖြစ်ဘဲ လစ်လပ်မှုများ ရှိနေတတ်ရာ အပြည့်အဝ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ထပ်၊ ၎င်းအပေါ်တွင် ချည်သားအဝတ်နှာခေါင်းစည်းတစ်ထပ် စုစုပေါင်း နှာခေါင်းစည်း နှစ်ထပ်တပ်သော အလေ့အကျင့်ကို အိမ်တွင် ကြိုတင်လေ့ကျင့်ပေးထားနိုင်ပါက မကြာမီကျောင်းပြန်ဖွင့်သည့်အခါ အဆင်ပြေနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကျောင်းဖွင့်ချိန်အမီ ကိုယ်ခံအားကောင်းစေရေးအတွက် ကလေးများအား အိပ်ရေးဝဝ အိပ်စက်ခိုင်းရန်၊ ဂိမ်းအလွန်အကျွံ မကစားစေရန်၊ အာဟာရပြည့်ဝသော အစားအစာများ ကျွေးမွေးရန်၊ အရောင်အသွေးစုံလင်သော အသီးအရွက်မျိုးစုံကျွေးရန်၊ ရေများများသောက် ခိုင်းရန် ပြည်သူများကို အကြံပြုလိုပါသည်။ ကိုယ်လက်လှုပ်ရှားမှုအနေဖြင့် အသက် ငါးနှစ်မှ ၁၇ နှစ်အရွယ်များအား တစ်ရက်လျှင် မိနစ် ၆၀ ကိုယ်လက်လှုပ်ရှားမှုပြုရန် လိုအပ်နေပြီး အသက် ၁၈ နှစ်အထက်အား တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် -ကိုယ်လက်လှုပ်ရှားမှု ပြုကြစေလိုပါသည်။
အချုပ်အားဖြင့်ဆိုသော် ကာကွယ်ဆေး စနစ် တကျထိုးနှံပြီးစီးမှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုများ ကွင်းဆက်ပြတ် ထိန်းချုပ်တားဆီးနိုင်မည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဆရာ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည် ဖြစ်ပေသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာနေပြီး ပြည်သူများ လူမှုစီးပွားဘဝ ပုံမှန်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ် လူငယ်လူရွယ်များ အနာဂတ် မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွက်လာစေရန် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းသား ကျောင်းသူများအားလုံး ကာကွယ်ဆေးထိုးနှံရေးစီမံချက်ကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။ ။
ပေါက်ပေါက်