ဥပဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (ကာဇက်စတန်နိုင်ငံ)
(ယမန်နေ့မှအဆက်)
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး အသက် ၂၅ နှစ်ပြည့်ပြီးသည့် ကာဇက်စတန်နိုင်ငံအတွင်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နေထိုင်သော နိုင်ငံသားများသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသောသူ များအားဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုပါ။ ထို့အပြင် လွှတ်တော်ပြင်ပ၌ လစာဖြင့် တာဝန်ထမ်း ဆောင်နေသူများ၊ အခြားလွှတ်တော်တစ်ရပ်ရပ်တွင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူများ၊ စာပေသင်ကြားပို့ချခြင်း၊ သုတေသနပြုခြင်းနှင့် အခြားတီထွင်ဖန်တီးမှုလုပ်နေသူများ မှအပ စွန့်ဦးတီထွင် စီးပွားရေးသမားများ သို့မဟုတ် လစာ ၂ ဖြင့် အလုပ်လုပ်ကိုင်နေသူများ၊ စီးပွားရေးရာ အဖွဲ့အစည်းတစ်ခုခုတွင် စီမံခန့်ခွဲရေးအဆင့်အဖွဲ့ဝင် သို့မဟုတ် စီမံအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူများလည်း ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ် ပြိုင်ခွင့်မရှိပါ။
အောက်လွှတ်တော် ရွေးကောက်ပွဲများအတွက် နိုင်ငံရေးပါတီတစ်ခုလျှင် ကိုယ်စားလှယ်လောင်း ၉၈ ဦးနှင့် ၃၀ ရာခိုင်နှုန်းအပိုဆောင်း ၂၉ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း အများဆုံး ၁၂၉ ဦး၏ အမည်စာရင်းများကို တင်သွင်းရသည်။ ကာဇက်စတန်နိုင်ငံ၏ ဥပဒေအရအနည်းဆုံး လုပ်ခလစာ၏ ၁၅ ဆအား ပါတီစာရင်းတွင်ပါသည့် ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ရွေးကောက်ပွဲဝင်ခွင့် အာမခံကြိုတင်ငွေအဖြစ် ပေးသွင်းရသည်။ သို့ရာတွင် ယခင် ရွေးကောက်ပွဲ၌ အနည်းဆုံးမဲရရှိမှု သတ်မှတ်ချက် ၇ ရာခိုင်နှုန်းရရှိခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် ယင်းအာမခံငွေပေးသွင်းရန် မလိုပါ။ ယခင်ရွေးကောက်ပွဲ၌ အနည်းဆုံး မဲရရှိမှု သတ်မှတ်ချက် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း အကြားရရှိခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် ယင်းအာမခံငွေ၏ ၅၀ ရာခိုင်နှုန်းကို ပေးသွင်းရပြီး အနည်းဆုံး မဲရရှိမှုသတ်မှတ်ချက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအကြားရရှိခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် ယင်းအာမခံငွေ၏ ၇၀ ရာခိုင်နှုန်းကို ပေးသွင်းရပါသည်။ ရွေးကောက်ပွဲ ဝင်ခွင့်အာမခံကြိုတင် ငွေအား သက်ဆိုင်ရာ ရွေးကောက်ပွဲတွင် အနည်းဆုံးမဲရရှိမှု သတ်မှတ်ချက် ၇ ရာခိုင်နှုန်းရရှိခဲ့သည့် နိုင်ငံရေးပါတီများအားလည်းကောင်း၊ ပါတီစာရင်းတွင် တစ်ဦးတည်းသာပါရှိသည့် ကိုယ်စားလှယ်လောင်းတစ်ဦးဦး သေဆုံးသွားချိန်၌ လည်းကောင်း ပြန်လည်ထုတ်ပေးပါသည်။
မဲပေးခွင့်သတ်မှတ်ချက်များ
အသက် ၁၈ နှစ်ပြည့်ပြီးသည့် ကာဇက်စတန်နိုင်ငံသားများသည် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသည်။ အကျဉ်းကျနေသူများ၊ အဂတိလိုက်စားခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းအတွက် အပြစ်ရှိသည်ဟု တရားရုံးက သတ်မှတ်ထားသူ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံရပြီး တရားရုံးက ဥပဒေအရ ယင်းပြစ်မှုကို ဖျက်သိမ်းခြင်း သို့မဟုတ် ယင်းအမှုကို ရုပ်သိမ်းခြင်း မပြုရသေးသည့်သူများ မဲပေးခွင့်မရှိပါ။
မဲဆန္ဒရှင်စာရင်းပြုစုခြင်း
ကာဇက်စတန်နိုင်ငံတွင် မဲဆန္ဒရှင်စာရင်းများကို ဒေသန္တရမြို့တော်ကောင်စီများ(Akimats) က သက်ဆိုင်ရာဒေသတွင် နေထိုင်သူများကို အခြေခံပြီး ပြုစုရသည်။ ယင်းမဲစာရင်းများကို တစ်နှစ်လျှင်နှစ်ကြိမ် TEC များထံသို့ ပေးပို့ရသည်။ဗဟိုရွေးကောက်ပွဲကော်မရှင်ထံတွင် တစ်နိုင်ငံလုံး၏ မဲဆန္ဒရှင်စာရင်းများကို စုစည်းထိန်းသိမ်းထားပြီး မဲဆန္ဒရှင်များအား တစ်ကြိမ်ထက် ပိုမို၍စာရင်းသွင်းထားခြင်းကို စစ်ဆေးပြင်ဆင်နိုင်ရန် အလို့ငှာ မဲဆန္ဒရှင်စာရင်းများ ကို ဗဟိုရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၂၀ အလိုတွင် ပေးပို့ရသည်။ မဲဆန္ဒရှင်စာရင်း များကို ရွေးကောက်ပွဲမတိုင်မီ ၁၅ ရက်အလိုတွင် ကပ်ထားကြေညာပြီး မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာ နေရာဒေသတွင် နေထိုင်သူမှန်ကန်ကြောင်း အထောက်အထားပြလျက် မဲဆန္ဒရှင် စာရင်းတွင် ၎င်း၏အမည်ပါဝင်ရေးကို ရွေးကောက်ပွဲနေ့အထိ ဆောင်ရွက်နိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကာဇက်စတန်နိုင်ငံတွင် အမြင့်ဆုံးဥပဒေဖြစ်ပြီး ၁၉၉၅ ခုနှစ် ဩဂုတ်လ ၃၀ ရက် နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကာ ယင်းနေ့ကိုလည်း ကာဇက်စတန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုများကို ၁၉၉၈ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ဆောင်ရွက်ခဲ့သည်။ စတုတ္ထအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုများအား ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက အတည်ပြုခဲ့ပြီး ပုဒ်မ ၁၉ ခုအား ပြင်ဆင်ခဲ့ကာ ပြင်ဆင်ချက် ၂၆ ခုရှိခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်း
မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများကို တင်သွင်းနိုင်ပြီး ယင်းတို့အား ၅ ရက်အတွင်း ဖြေရှင်းဆောင်ရွက်ပေးသည်။ ရွေးကောက်ပွဲနေ့အပါ ၅ ရက်အတွင်း တင်သွင်းသည့် ကန့်ကွက်လွှာများ သို့မဟုတ် ရွေးကောက်ပွဲနေ့တွင် တင်သွင်းသည့် ကန့်ကွက်လွှာများအား ချက်ချင်းစစ်ဆေးသည်။ နောက်ဆုံးရလဒ်များနှင့် စပ်လျဉ်းသည့် အယူခံများအား ရလဒ်များ ကြေညာပြီးနောက်၁၀ ရက်အတွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီထံသို့ တင်သွင်းနိုင်သည်။ နိုင်ငံတော်သမ္မတ၊ အောက်လွှတ်တော် နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ် ၅ ပုံ ၁ ပုံတို့၏ သဘောတူညီမှုဖြင့် အယူခံလွှာများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည်။
ဗဟိုရွေးကောက်ပွဲကော်မရှင် (OSX) အား ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် Election Commission for Elections and Recall of People's Deputies of the Kazakh SSR ဟူသည့်အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ ပြီး ၂၅ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်။ကာဇက်စတန်သမ္မတ၏ ဒီကရီအမှတ် ၃၂၀၅ ဖြင့် လက်ရှိဗဟိုရွေးကောက်ပွဲကော်မရှင် (OSX) အား ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အတည်ပြုဖွဲ့စည်းခဲ့သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင် (OSX) သည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများအသင်း (A-WEB) အဖွဲ့ဝင်ဖြစ်လာသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ဥက္ကဋ္ဌတစ်ဦး၊ အဖွဲ့ဝင်ခြောက်ဦး စုစုပေါင်းခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦးအား ကာဇက်စတန်သမ္မတကလည်းကောင်း၊အဖွဲ့ဝင် နှစ်ဦးအားအထက်လွှတ်တော် (Senate- Maslikhat) ကလည်းကောင်း ကျန်အဖွဲ့ဝင်နှစ်ဦးအား အောက်လွှတ်တော် (Lower House- Majilis Mazhilis) ကလည်းကောင်း အဆိုပြုခန့်အပ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂ အရ ကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား အကောင်အထည်ဖော်ခြင်း၊ သမ္မတရွေးကောက်ပွဲများ၊ အောက်လွှတ်တော် နှင့် အထက်လွှတ်တော် ရွေးကောက်ပွဲများအား ကျင်းပပေးခြင်း၊ သမ္မတနှင့် လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရာတွင် ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများအား စီမံခန့်ခွဲခြင်း၊ သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများဆိုင်ရာ ရလဒ်များအား စုစည်းထုတ်ပြန်ခြင်း၊ သမ္မတနှင့် လွှတ်တော်ကိုယ်စား လှယ်များအား မှတ်တမ်းတင်ခြင်းနှင့် ပြည်သူလူထုအား အသိပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သည်။
၁၉၉၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ရွေးချယ်ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကို သမ္မတ၏ အဆိုပြုချက်ဖြင့် အောက်လွှတ်တော် (Lower HouseMajilis/ Mazhilis) ကဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုများအရ ကော်မရှင်အား ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းတို့အား သမ္မတနှင့်လွှတ်တော်နှစ်ရပ် ပူးပေါင်းကာ ဆောင်ရွက်ရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်တွင် Central Election Commission (CEC - OSK) Territorial Election Commissions - TECs (ပြည်နယ်အဆင့် - Regionalနှင့်အဆင့်တူ ) District Election Commissions - DECs (ခရိုင်အဆင့်နှင့် အဆင့်တူ) နှင့် Precinct Election Commissions (PECs ) ဟူ၍ဖွဲ့စည်းထားသည်။ ၂၀၂၁ ခုနှစ်စာရင်းများအရ CEC - OSK အောက်တွင် ၁၆ TECSI ၃၅၄၃ DECS နှင့် ၉၈၄၀ PECs ရှိရာ စုစု ပေါင်းကော်မရှင်အဖွဲ့ ခွဲပေါင်း ၁၃၃၉၉ ရှိသည်။
TECs ၏သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး အဖွဲ့ဝင်ငါးဦးပါရှိသည်။ PECs သက်တမ်းမှာ ငါးနှစ်ပင်ဖြစ်သော်လည်း အဖွဲ့ဝင် ခုနစ်ဦးပါရှိသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်အောက်ရှိ ကော်မရှင်အဖွဲ့ခွဲများအား နိုင်ငံရေးပါတီများ၏ အကြံပြု တင်သွင်းသည့် အမည်စာရင်းများအပေါ် အခြေခံပြီး ဒေသန္တရကောင်စီလွှတ်တော်များ (Maslikhats)က ရွေးကောက် ခန့်အပ်သည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်တစ်ဆင့်စီတွင် ပါတီတစ်ပါတီစီက အမည်စာရင်း တစ်ဦးအဆိုတင်သွင်းခွင့်ရှိသည်။
ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ
ကာဇက်စတန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၁၉၆၀၃၆၄ ဦးအနက် ၉၂၇၄၁၁၀ ဦး မဲလာပေးခဲ့သဖြင့် မဲပေးမှု ရာခိုင်နှုန်း ၇၇ ဒသမ ၅၄ ရာခိုင်နှုန်း ရှိခဲ့ သည်။ အထက်လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၂၇၉ ဦးအနက် ၃၂၃၆ ဦး မဲလာပေးခဲ့သဖြင့် မဲပေးမှုရာခိုင်နှုန်း ၉၈ ဒသမ ၆၉ ရာခိုင်နှုန်း ရှိခဲ့သည်။အောက်လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၁၉၁၉၂၄၁ ဦးအနက် ၇၅၃၉၂၈၀ဦး မဲလာပေးခဲ့သဖြင့် မဲပေးမှုရာခိုင်နှုန်း ၆၃ ဒသမ ၂၅ ရာခိုင်နှုန်း ရှိခဲ့သည်။
၂၀၂၁ ခုနှစ် အောက်လွှတ်တော် (Lower House Assembly- Mazhilis)ရွေးကောက်ပွဲ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းများအရ ကာဇက်စတန်နိုင်ငံတွင် လူဦးရေစုစုပေါင်း ၁၈၅၉၂၉၇၀ ရှိပြီး ၈ ကြိမ်မြောက် အောက်လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။စုစုပေါင်း ကိုယ်စားလှယ်နေရာ ၁၀၇ နေရာအနက် ၉၈ နေရာကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ပြီး ကိုးနေရာကို ပြည်သူ့ညီလာခံ (Assembly of People) က ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။ မဲပေးခွင့်ရှိသူ ၁၁၉၁၉၂၄၁ ဦး အနက် ၇၅၃၉၂၈၀ ဦးလာရောက်မဲပေး ခဲ့ပြီး မဲပေးမှုမှာ ၆၃ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်လွှတ်တော် ရွေးကောက်ပွဲတွင်ရွေးကောက်ပွဲစနစ်နှင့် လုပ်ငန်းစဉ်အချို့ကို ပြုပြင်ပြောင်းလဲ ခဲ့သည်။ ယင်းပြင်ဆင်ချက်များတွင် ပါတီများမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် အမျိုးသမီးနှင့် လူငယ် ၃၀ ရာခိုင်နှုန်းထည့်သွင်းစေခြင်း၊ နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းဆိုင်ရာ ကန့်သတ်ချက်များအား လျှော့ချပေးခြင်း နှင့် အနိမ့်ဆုံးပါတီဝင်အင်အား သတ်မှတ်ချက်ကို ၄၀၀၀၀ မှ ၂၀၀၀၀ သို့ လျှော့ချခြင်းတို့ ပါဝင်သည်။ စုစုပေါင်း ပါတီငါးပါတီမှ ကိုယ်စားလှယ်လောင်း ၃၁၂ ဦး အမည်စာရင်းတင်သွင်းခဲ့ပြီး မဲရုံပေါင်း ၁၀၀၆၀ ရုံ ဖွင့်လှစ်ခဲ့ သည်။ Nur Otan ပါတီက ၇၆ နေရာရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် ပြည်သူ့ညီလာခံ (Assembly of People ofKazakhstan)
ပြည်သူ့ညီလာခံ (Assembly of People- QHA) သည် နိုင်ငံတော်အဆင့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ သမ္မတသည် ညီလာခံ၏ ဥက္ကဋ္ဌဖြစ်သည်။ ကိုယ်စားလှယ် ၃၈၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ကာဇက်စတန်နိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးအားလုံး၏ ကိုယ်စားလှယ်များ ပါဝင်ကာ ဒေသန္တရပြည်သူ့ညီလာခံများမှ ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ကာ အောက်လွှတ်တော် (Lower House Assembly - Mazhilis) ကိုယ်စားလှယ်နေရာ ကိုးနေရာအတွက် မဲပေးရွေးချယ်ခွင့်ရှိသည်။ ၂၈ ကြိမ်မြောက် ပြည်သူ့ညီလာခံ အစည်းအဝေး (QHA)ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် 630migoscone (Lower House Assembly - Mazhilis) ကိုယ်စားလှယ်ကိုးဦးကို ရွေးချယ်ခဲ့သည်။
နိဂုံး
လူဦးရေ ၁၈ သန်းကျော် နေထိုင်လျက်ရှိပြီး လူမျိုးပေါင်း ၁၃၁ မျိုးကျော် နေထိုင်လျက်ရှိသည့် ကာဇက်စတန် သမ္မတနိုင်ငံသည် ယခင်က နောက်ခေါ် နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ရာ နေရာဖြစ်ပြီး ၁၃ ရာစုတွင် မွန်ဂိုတို့၏ သိမ်းပိုက်မှုခံရပြီးနောက် ၁၆ ရာစုတွင် ကာဇက်လူမျိုးများအဖြစ် သီးခြား ထင်ရှားလာသော်လည်း ၁၉ရာစုအလယ်တွင် ရုရှားအင်ပါယာ၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲများအား မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် Two Round System ဖြင့်လည်းကောင်း၊လွှတ်တော် ရွေးကောက်ပွဲများအား အချိုးကျကိုယ်စားပြု စနစ်ဖြင့်လည်းကောင်း ရွေးကောက်ပွဲများ စတင်ကျင်းပကာ သမ္မတနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတနာဆူလ်တန်နာ ဇာဘာယာဗ်က နှစ်ပေါင်း ၃၀ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် သမ္မတ ရာထူးမှ နုတ်ထွက်ခဲ့ သော်လည်း နိုင်ငံအတွင်းတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှာ ယေဘုယျအားဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ပါလီမန်ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက် လှမ်းလျက်ရှိပါကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။
မေနယ်လီ