Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေ ထိုးမယ်ဆိုရင် ပြင်းထန်စွာ ဝေဒနာခံစားရမှု၊ သေဆုံးမှုတွေက ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်

ဒေါက်တာခင်ခင်ကြီး

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

(ယမန်နေ့မှအဆက်) အစီအစဉ်မှူး ။ ။ ကာကွယ်ဆေးထိုးနှံပြီးသူရဲ့ ကိုယ်ခံအားနဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူရဲ့ ကိုယ်ခံအား ကွာခြားချက်တွေ ဘယ်လောက်အထိရှိမလဲဆိုတာ ပြောကြား ပေးပါဦး။

ဒေါက်တာခင်ခင်ကြီး ။ ။ ရောဂါပိုးကူးစက်ခံရပြီး ဝင်ရောက် လာတဲ့ ကိုယ်ခံအားကို Natural Immunity သဘာဝအလျောက်ခန္ဓာကိုယ်က ဖန်တီးပေးထားတဲ့ ကိုယ်ခံအားဖြစ်ပါတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအား ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ အနည်းအများ ကွာပါ တယ်။ ဥပမာ အသက်ကြီးတဲ့ သူတွေမှာ ကိုယ်ခံအားစနစ်က အားနည်းသွားတယ်။ နောက်ခံ ရောဂါရှိနေတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းတဲ့ ရောဂါဝေဒနာခံစားနေရတဲ့သူတွေ၊ ရောဂါ ကြောင့် ကိုယ်ခံအားကျဆင်းတဲ့ ဆေးတွေ သောက်နေရသူတွေ၊ အသည်းအစားထိုး ကုလားသူ တွေ၊ ကျောက်ကပ်လဲလှယ်ထားသူတွေမှာ လဲထား တဲ့အင်္ဂါအစိတ်အပိုင်းကို ခန္ဓာကိုယ်က တိုက်ထုတ် မှာစိုးတဲ့အတွက် ခန္ဓာကိုယ်က ကိုယ်ခံအားကို နှိမ့်ထားရတာရှိပါတယ်။

ဒီလိုအခါမှာ သူ့ရဲ့ ခန္ဓာကိုယ်က ကိုယ်ခံအားက သာမန်ထက်စာရင် နည်းပါတယ်။ သဘာဝ အတိုင်းရတဲ့ ကိုယ်ခံအားက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အသက်အရွယ်အပေါ် မူတည်ပြီး ကွဲပြားပါတယ်။ နောက်ခံရောဂါအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အလွန်ခန့်မှန်း ရခက်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်းရတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့ ကိုယ်ခံအား အဓိကခြားနားချက်ကို စိတ်ဝင်စားဖို့ကောင်းလို့ သုတေသနတွေလုပ်နေပြီး တွေ့ရှိချက်တွေအရရောဂါပိုး ကူးစက်ခံရရင် သဘာဝကြောင့်ရတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေး ပေးလိုက်တဲ့အခါရတဲ့ ကိုယ်ခံအား နှစ်ခုက မတူညီတဲ့ပုံသဏ္ဌာန်ဖြစ်ပြီး ကာကွယ်မှု ပိုရတယ်လို့ ပြောပါတယ်။

နောက်ထပ်ပြောတာက ကာကွယ်ဆေးမတူညီ တာ နှစ်ခုပေးရင် ကိုယ်ခံအားပိုတက်တယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိပါတယ်။ ဒါပေမယ့် သုတေသနတွေ ဆက်ပြီးလုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ အသေအချာပြောနိုင်တာက WHO က အရေးပေါ် အသုံးပြုခွင့် ပေးထားတဲ့ ကာကွယ် ဆေးတွေထိုးမယ်ဆိုရင် ပြင်းထန်စွာဝေဒနာခံစား ရမှု၊ သေဆုံးမှုတွေက ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်တယ်ဆိုတာ ဖြစ်ပါတယ်။

အချို့တွေက ကာကွယ်ဆေးထိုးပြီးလည်း သေကြတာပဲပြောပါတယ်။ ဖြစ်နိုင်ပါတယ်။ ကိုဗစ်-၁၉ မပေါ်ခင်က သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည်ရောဂါအမျိုးမျိုး၊ ကင်ဆာ စသဖြင့် ရောဂါတွေနဲ့ လူတွေသေဆုံး နေကြတာ ဖြစ်ပါတယ်။ ကိုယ်ခံအားက နဂို ကတည်းက နည်းနေတဲ့သူဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးသော်လည်း သေခြင်းတရားကို မတားဆီးနိုင်ပါဘူး။ အခြားရောဂါတွေ ဘယ်လောက်ဆိုးရွား၊ ပြင်းထန်တယ် စတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သေချာတာက ဆေးထိုးတယ်ဆိုရင် အတော်ကို စိတ်ချနေရပြီဆိုတဲ့ အဆင့်မှာ ရှိပါတယ်။

ကိုဗစ်-၁၉ ဝင်ရောက်လို့ရတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့ ကိုယ်ခံအားကို နှိုင်းယှဉ် မယ်ဆိုရင် ကာကွယ်ဆေးထိုးလို့ရတဲ့ ကိုယ်ခံအားက ပိုသာပါတယ်။ သုတေသနတွေ အဆင့်ဆင့် ပြုလုပ်ထားတယ်။ အကောင်းဆုံး ကာကွယ်နိုင်စွမ်းရနိုင်တဲ့ အခြေအနေကို ဖန်တီးထားတဲ့ အတွက် ကာကွယ်ဆေး ထိုးထားရင် ကိုဗစ် - ၁၉ ကြောင့် ပြင်းထန်စွာခံစား ရမှုတွေ၊ သေဆုံးမှုတွေက ကာကွယ်ပါတယ်။ ဒါပေ မယ့် ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးက မသေဆေး မဟုတ်ပါဘူး။

ကိုဗစ် -၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပေမယ့် သူ့မှာ အသက်အန္တရာယ်ရှိတဲ့ရောဂါတွေ ခံစားနေရတယ်။ အသက်ကလည်း ကြီးတယ်။ ရောဂါ ပြင်းထန်စွာခံစားရမှု အတိမ်အနက်အပေါ် မူတည်ပါတယ်။ ကာကွယ်ဆေးထိုးတာကို မလိုသူတွေ၊ နှောင့်ယှက်လိုသူတွေက ကာကွယ်ဆေး ထိုးလည်း သေတာပဲဆိုပြီး သတင်းအမှားတွေ ထုတ်လွှင့်တာကို မယုံကြည်ဖို့အတွက် ကျွန်မ အနေနဲ့ ပြောလိုပါတယ်။

နောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရင် အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ လိုက်နာရမယ့် စည်းကမ်းတွေဖြစ်တဲ့ Mask တပ်တာ၊ လက်ဆေးတာ၊ လူအုပ်စု ရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ ချောင်းဆိုးနှာချေရင် အုပ်ဆိုးတာ မျိုးတွေ၊ လေကောင်းလေသန့် ရအောင်ပြတင်းပေါက်တွေ ဖွင့်ထားတာမျိုးတွေကို ဆောင်ရွက်ဖို့ လိုပါတယ်။

ယခုအချိန်အထိ ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှုတွေ ဆက်ပြီးရှိနေတုန်း ဖြစ်ပါတယ်။ ပန်းဝင်တဲ့အချိန်၊ ရပ်လို့ရတဲ့အချိန် မဟုတ်သေးပါဘူး။ ဒါကြောင့်ကာကွယ်ဆေး ထိုးထားပြီးရင် တောင် ကိုဗစ်၁၉ ကာကွယ်ရေးစည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုအပ်တယ်လို့ WHO က ပြောထားပါတယ်။ မိမိက ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ၊ အကြိမ်ပြည့် ထိုးထားသည်ဖြစ်စေ၊ တစ်ကြိမ်ပဲ ထိုးထားသည်ဖြစ်စေ ကိုဗစ်-၁၉ စည်းကမ်းတွေ ကို ဆက်လက် လိုက်နာဖို့လိုတယ်ဆိုတာကို အသိပေးချင်ပါတယ်။

အစီအစဉ်မှူး ။ ။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးရင် Booster ထိုးဖို့ လိုအပ်ပါ သလား။ အချို့နိုင်ငံတွေမှာ ဆောင်ရွက်နေတာတွေ ရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။

ဒေါက်တာခင်ခင်ကြီး ။ ။ ဒါနဲ့ ပတ်သက်ရင် WHO ကသြဂုတ်လ၁၀ ရက်မှာ ထုတ်ပြန်ထားတာ ရှိပါတယ်။ တချို့ နိုင်ငံတွေက ကာကွယ်ဆေးတွေကို ဩဂုတ်လ ၂၀ ရက်မှာ စထိုးတယ်။ အချို့ နိုင်ငံတွေက ထိုးနှံပြီးပြီ။ တစ်ကမ္ဘာလုံးက လိုက်နာရမယ့် စည်းကမ်းဆိုပြီး WHO က ထုတ်ပါ တယ်။ Booster Dose လိုအပ်သလား၊ မလိုအပ်ဘူးလား ဆိုတာနဲ့ပတ်သက်ရင် WHO မှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အကြံပေးတဲ့အဖွဲ့ ရှိပါတယ်။

တစ်ကမ္ဘာလုံးက ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပါတယ်။ ဒီပညာရှင်တွေက နိုင်ငံကိုကိုယ်စားမပြုပါဘူး။ ဘက်မလိုက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Strategic Advisory Group of Expert လို့ ခေါ်ပါတယ်။ ဒီအဖွဲ့က  ကိုဗစ်နဲ့ ပတ်သက်ရင် Booster Dose လို/ မလိုထုတ်ပြန်ချက်ကို အကျဉ်းပြောမယ်ဆိုရင် Booster လို/မလို ဘယ်လို အချက်တွေကို စဉ်းစားရမလဲဆိုရင် ရောဂါပိုးဝင်ရောက်တာဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးလို့ ဖြစ်ဖြစ် ကာကွယ်နိုင်တဲ့ပမာဏတွေ  လျော့ကျသွားသလား ဒီအပေါ်မှာ မူတည်ပါတယ်။

နောက်တစ်ခုက Variant of Concern-voc ဆိုတဲ့ ပြင်းထန်မျိုးရိုးဗီဇပြောင်းပိုး လေးခုရှိပါတယ်။ ဖြစ်ပွားတဲ့ဒေသ၊ နိုင်ငံမှာ Variant of Concern Voc ဘယ်လောက်အထိ ပျံ့နှံ့မှုတွေ ရှိနေသလဲ။သူကလည်း ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေတာမို့ ဒါကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးရာမှာ ထိုးနှံရမယ့်အတိုင်း အန္တရာယ်ရှိနိုင်တဲ့ လူအုပ်စုတွေမှာ ကာကွယ်ဆေး အကြိမ်ပြည့် သေသေချာချာ သတ်မှတ်ထားတဲ့ အတိုင်း ထိုးနှံရဲ့လား။ ဒီအပေါ်လည်း မူတည်ပါတယ်။

အချုပ်ပြောရရင် Booster Dose ဆိုတဲ့ထပ်တိုး ကာကွယ်ဆေး လိုမလို ဆိုတာသည် ကာကွယ် ဆေးအပေါ် မူတည်ပါတယ်။ လက်ရှိ အဲဒီနိုင်ငံမှာ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေ အပေါ်လည်း မူတည်ပါတယ်။ ဘယ်လိုလူတွေကို ထိုးပေးမှာလဲဆိုရင် အန္တရာယ်ရှိနိုင်တဲ့ လူအုပ်စု အပေါ်လည်း မူတည်ပါတယ်။ နောက်ပြီး ဒီဒေသ၊ ဒီနိုင်ငံမှာ ကာကွယ်ဆေးတွေက ဘယ်လောက်လွှမ်းခြုံ နိုင်ပြီလဲဆိုတဲ့ ဒီအချက် ၄ ချက်အပေါ်မူတည်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒါဆိုကာကွယ်ဆေးထိုးပြီးရင် ရောဂါကူးစက်ပြီးရင် ကိုယ်ခံစွမ်းအားတွေကကျဆင်းသွားပြီလ ဆိုတာနဲ့ပတ်သက်ရင် သူက ပြောပါတယ်။ ကိုယ်ခံစွမ်းအားတွေက အနည်းဆုံး ၆ လ ရှိပါ တယ်။ ဒီနောက်ပိုင်းမှာ အနည်းငယ်ကျဆင်းသွား နိုင်ပါတယ်။ ၆ လ ကာကွယ်နိုင်တဲ့ အာနိသင်ရှိ တယ်နေနောက်ပိုင်းဆိုရင် "B Cell", T Cell တွေ ရှိပါတယ်။ ဒါကို Cellular Immunity လို့ခေါ်တယ်။ ၆ လလောက်မှာ ကိုယ်ခံစွမ်းအားတွေပျော့တယ် ဆိုတာက Antibody ကို ဆိုလိုတာ ဖြစ်ပါတယ်။ သို့သော် cellular Immunity တွေက ဆက်ရှိနေဦး မှာဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားတွေက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှုကတဖြည်းဖြည်း လျော့လာနိုင်ပါတယ်။ VOC လို့ခေါ်တဲ့ မျိုးဗီဇကွဲ တွေကြောင့် လာနိုင်ပါတယ်။ အစ္စရေးနိုင်ငံ မှာပြုလုပ်တဲ့ သုတေသန အကိုယ်ခံအားကျဆင်း နေသူတွေမှာ ကာကွယ်ဆေးထိုးထားလျက်နဲ့ ပြန် ဖြစ်တဲ့ Breakthrough Infection က ၄ဝ ရာခိုင်နှုန်းလောက် တွေ့နေရတယ်လို့ ပြောပါတယ်။ ကိုယ်ခံစွမ်းအားကျဆင်းအောင် ဆေးတွေ သောက်နေရသူတွေမှာ ကာကွယ်ဆေးထိုးပြီး ပြန်ဖြစ်နိုင် ခြေရှိတယ်။ ဒါတွေကိုထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကာကွယ်ဆေးတွေ အလုံအလောက်ရရှိမှုအပေါ် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံက ကာကွယ်ဆေးအပြည့် အထိုးနှံနိုင်ပေမယ့် ကျန်တဲ့နိုင်ငံတွေက မထိုးနှံ ဘူးဆိုရင် သူ့နိုင်ငံအတွက် မလုံခြုံပါဘူး။ ကာကွယ်ဆေးတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ နိုင်ငံ ၁၀ နိုင်ငံလောက်ကဝယ်ယူတာဖြစ်ပါတယ်။ ကာကွယ် ဆေးတွေရရှိမှုမညီမျှဘူးဆိုရင် ထိုးထား တဲ့နိုင်ငံတွေက ကာကွယ်နိုင်ပြီလို့ မယူဆပါနဲ့။ အကုန်လုံး မကာကွယ်နိုင်သရွေ့ ဘယ်သူမှ မကာကွယ်နိုင်ပါဘူး။ ကာကွယ်ဆေးတွေ တန်းတူညီတူ ရရှိဖို့ကလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ မိမိ နိုင်ငံတစ်ခုတည်းကာကွယ်ရုံးနဲ့ စိတ်မချရနိုင်ပါဘူး။ အခြားနိုင်ငံက ရောဂါ ဖြစ်ပွားမှုကို မထိန်းချုပ်နိုင် ဘူးဆိုရင် မိမိနိုင်ငံကလည်း အချိန်မရွေး ပြန်လည်ရောဂါကူးစက်ပြီး ဒုက္ခပေးနိုင်တယ်ဆိုတာ ပြောပါတယ်။

Booster Dose လို/မလိုဆိုတာကို သုတေသန တွေနဲ့ ဆက်ပြီးရှာဖွေနေဆဲ ဖြစ်ပါတယ်။ ရှာဖွေနေဆဲအချိန်မှာ Booster Dose နဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ မတိုက်တွန်းပါဘူးလို့ ပြောပါတယ်။ ရှေ့မှာပြောခဲ့တဲ့ အချက်တွေအပေါ် မူတည်ပြီး မိမိနိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် စဉ်းစားရမှာဖြစ်ပါတယ်။ အဓိက ကာကွယ်ဆေး ညီတူမျှတူအားလုံးထိုးနှံနိုင်မှသာ ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေက ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ခံရောဂါ ရှိသူတွေ၊ အသက်အရွယ် ကြီးသူတွေ၊ အန္တရာယ်ရှိတဲ့လူအုပ်စုတွေ၊ ထိုးတဲ့ကာကွယ်ဆေး အမျိုးအစား၊ ကာကွယ်ဆေးကစပြီး  ထိုးတဲ့အချိန်၊ အချိန်ကာလကြာမြင့်မှု၊ ဒီဒေသမှာ ဖြစ်နေတဲ့ မျိုးဗီဇတွေ ဒါတွေကို အကုန်ထည့်သွင်း ပြီးစဉ်းစားရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှု၊ ဘယ်လောက် အထိ ကာကွယ်ပေးနိုင်သလဲ ဒါတွေကိုဆက်ပြီး သုတေသနတွေ လုပ်သင့်ပါတယ်။ ရောဂါပိုး ဝင်ရောက်လို့ရတဲ့ ကိုယ်ခံအားတွေ၊ ကာကွယ် ဆေးကြောင့်ရတဲ့ ကိုယ်ခံအားတွေမှာ သာမန် Antibody လောက်ပဲ ထည့်စဉ်း စားလို့ မရပါဘူး။ Cellular Immunity ဆိုတာလည်း လိုပါတယ်။ ဒါကို Neutralizing Antibodies of Tolosasi ရောဂါပိုးဝင်ရောက်လာပြီဆိုရင် ဒီရောဂါကို အသေအကျေတိုက်ထုတ်မယ့် လက်မရွံ့ တပ်သား တွေ၊ အပြီးအပိုင် Block လုပ်မယ့်သူတွေ သူတို့ရဲ့ အစွမ်းကို လျှော့တွက်လို့မရပါဘူး။ ထည့်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Booster Dose လိုအပ်ခြင်း/ မလိုအပ်ခြင်းက သက်သေအထောက်အထားတွေ သုတေသနပြုချက်တွေအပေါ်မူတည်ပြီး စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တချို့တကယ့်ကို Booster Dose လိုတဲ့သူတွေကို ထိုးသင့်/ မထိုးသင့် ဆိုတာ သုတေသနတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ WHO အနေနဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်နေပါတယ်။ WHO က Booster Dose နဲ့ ပတ်သက်ပြီးတိုက်တွန်းထားတာ၊ ညွှန်ပြထားတာ မရှိသေးပါဘူး။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ကိုဗစ်-၁၉ ကာကွယ် ဆေးနဲ့ပတ်သက်ပြီး Booster Doseလို/မလို ဆိုတာကို ဩဂုတ်လ ၂၀ ရက်မှာ နောက်ဆုံး Update ပြုပြင် ထားတာရှိပါတယ်။ သူက ပိုပြီးတိတိကျကျ ထားပါတယ်။ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီး ၈ လနောက်ပိုင်းမှာ ထိုးပေးပါမယ်လို့ ပြောထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာကွယ်ဆေးရဲ့ အာနိသင်သည် အနည်းဆုံး ၆ လရှိပါတယ်။ တချို့ သုတေသန အတော်များများမှာ ၈ လ၊ အချို့သုတေ သနတွေမှာ တစ်နှစ်ကျော်၊ ဒီထက်ပိုပြီး ခံနိုင်တယ်လို့ ပြောထားတာရှိပါတယ်။ ဒါက mRNA ကာကွယ်ဆေး တွေဖြစ်တဲ့ Pfizer, Moderna တို့ အမေရိကန်နိုင်ငံ က အတည်ပြုလက်ခံထားတဲ့ ကာကွယ်ဆေးတွေကို ၈ လကြာရင် ထိုးပေးဖို့ အမေရိကန်နိုင်ငံ FDA က ခွင့်ပြုလိုက်ပါတယ်။

ဒုတိယအကြိမ်ထိုးပြီး ၈ လပြည့်သူတိုင်းကို ထိုးပေးမှာလား ဆိုတော့ မဟုတ်ပါဘူး။ အရင်ဆုံး ကိုဗစ် -၁၉ ကာကွယ်ဆေး အရင်ဆုံးစထိုးတဲ့သူတွေကို ထိုးမှာဖြစ်ပါတယ်။ အရင်ဆုံးထိုးတဲ့ သူတွေဆိုတာ တကယ်ကို အရင်ဦးဆုံးထိုဖို့လိုလို့၊ အန္တရာယ်အရှိဆုံး လူအုပ်စုတွေဖြစ်လို့၊ တစ်နည်းအားဖြင့် ရောဂါဖြစ်ပွား ကူးစက်မှု အန္တရာယ်များလွန်းလို့ဆိုတဲ့ သဘောကို ပြောခြင်း ဖြစ်ပါတယ်။ သူတို့က ကျန်းမာရေဆန်ထမ်းတွေ၊ သက်ကြီးဘိုးဘွားရိပ်သာတွေမှာ ပြုစုနေတဲ့သူ တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေကို အရင်ဆုံးထိုး ပေးမယ်လို့ ပြောခြင်းဖြစ်ပါတယ်။

CDC က အမေရိကန်နိုင်ငံကို အခြေခံပြီးစဉ်းစား တာဖြစ်ပြီး WHO က တစ်ကမ္ဘာလုံးကို စဉ်းစားတာ ဖြစ်ပါတယ်။ WHO ပြောတဲ့အချက်မှာ မိမိနိုင်ငံ၊ မိမိဒေသနဲ့လျော်ညီတဲ့ သုတေသနအချက်အလက်အပေါ် မူတည်ပြီး ဆောင်ရွက်ရမယ်လို့ ပြောထားခြင်း ဖြစ်ပါတယ်။ ဘာကြောင့် CDC အနေနဲ့ Booster Dose ထိုးဖို့စပြီး ဆောင်ရွက်တာလဲဆိုရင် ပြင်းထန်စွာ ရောဂါဖြစ်ပွားမှုအန္တရာယ်၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတွေကို လျှော့ချချင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒယ်လ်တာ” မျိုးဗီဇကလည်း သူတို့ကို ဒုက္ခပေးနေပါတယ်။ ကိုဗစ် -၁၉ ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပြောင်းနေပါတယ်။ ဖုန်းတွေ ဗားရှင်းအသစ်မြှင့်တင်သလို သူကလည်း သူမသေအောင်၊ သူရပ်တည်နိုင်အောင် ပြောင်းပါတယ်။ ကူးစက်မှုက မြန်တယ်။ အလွန်လည်း ကြံ့ခိုင်ပါတယ်။

ဒါကြောင့် ကျွမ်းကျင်ပညာရှင်တွေက ဒယ်လ်တာ' မျိုးဗီဇနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ဘယ်လောက်အထိလျော့ကျစေသလဲ ဘယ်လောက်အထိ ဆိုးကျိုးဖြစ်စေသလဲ ဆိုတာကို ဆက်လက်ပြီး သုတေသနပြုနေပါတယ်။ 'ဒယ်လ်တာ" ကို ကြောက်ပါတယ်။ ဒါကြောင့် ထိုးဖို့ဆုံးဖြတ်တာ ဖြစ်ပါတယ်ဆိုပြီး ပြောထားပါတယ်။ တစ်ကြိမ်ပဲ ထိုးရတဲ့ Johnson & Johnson မှာရော Booster လိုလားဆိုတော့လိုတယ်လို့ မပြောထားပါဘူး၊ သူတို့ ဆက်ပြီး သုတေသနလုပ်နေတယ်လို့ ပြောပါတယ်။

နောက်တစ်ချက်ကတကယ်လို့ Booster Dose ထိုးဖို့လိုတယ်ဆိုရင် အရင်ထိုးထားတဲ့ ကာကွယ် ဆေးတွေက အလုပ်မလုပ်တော့လို့လားဆိုတော့ လုံးဝမဟုတ်ပါဘူးလို့ တိတိကျကျ ဖြေထားပါ တယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် ကာ ကွယ် ဆေးတွေကကောင်းစွာအလုပ်လုပ်ပါတယ်။ ရောဂါ ဖြစ်ပွား၊ သေဆုံးမှုတွေက သို့သော် 'ဒယ်လ်တာ' မျိုးဗီဇက ကူးစက်ပြန့်ပွားမှုတွေရဲ့ လက်သည် အဖြစ် ရှိနေတဲ့အတွက် ပြည်သူ့ကျန်းမာရေး ပညာရှင်တွေက ကာကွယ်မှုတွေ လျော့ကျသွား မှာစိုးလို့၊ အကောင်းဆုံး ကာကွယ်မှုတွေရချင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ထိုးပေးဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။

ဒါဆို Booster Dose နဲ့ Additional Dose တူလား ဆိုရင် မတူပါဘူး။ Booster ဆိုတာ အားဖြည့် ပြီး ထိုးတဲ့ကာကွယ်ဆေး ဖြစ်ပါတယ်။ Additional Dosem ကအပိုဆောင်းကာကွယ်ဆေး ဖြစ်ပါတယ်။ နေဆက်ခံရောဂါရှိသူ၊ ကိုယ်ခံအား ကျဆင်းနေတဲ့သူ၊ ကိုယ်ခံအားကျဆင်း စေတဲ့ဆေးသောက်နေရသူတွေ၊ ကင်ဆာဝေဒနာ ခံစားနေရ သူတွေမှာ နှစ်ကြိမ်ထိုးခြင်းဖြင့် သူတို့ရဲ့ ကိုယ်ခံ စွမ်းအားက လုံလောက်တဲ့ပမာဏ မထွက်နိုင်တဲ့ အတွက် ကိုယ်ခံစွမ်းအား အပြည့်အဝရအောင် တတိယအကြိမ်အပိုဆောင်းပေးတာ ဖြစ်ပါတယ်။ Additional Dose အပိုဆောင်းကာကွယ်ဆေးက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက် အကြာမှာ ထိုးတာဖြစ်ပါတယ်။

Booster Dose က ကိုယ်ခံအားတွေ အပြည့်အဝရတယ်။ ဒါပေမယ့်ကာကွယ်ဆေးထိုးပြီး စလ နေက်ပိုင်းမှာ အတိုင်းအတာ တစ်ခုအထိ လျော့ သွားမှာစိုးလို့ထပ်ပြီးအားဖြည့်တဲ့အနေနဲ့ ထိုးပေး တဲ့ သဘောဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Additional Dose က သာမန်လူတွေမှာ မလိုပါဘူး။ သာမန်လူလောက် ကိုယ်ခံစွမ်းအား မတက်တဲ့သူတွေကို Additional Dose ပေးခြင်း ဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောမယ်ဆိုရင် အသက်ကြီးတဲ့ သူတွေးကျန်းမာရေးဝန်ထမ်းတွေက Booster Dose ထိုးဖို့ CDC က ပြောပါတယ်။ က်ရှိမှာ နိုင်ငံတိုင်းက Booster Dose ထိုးဖို့ မလိုအပ်သေးပါ ဘူး။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို WHO က Booster Dose ထိုးဖို့ မပြောထားပါဘူး။ ဒါကြောင့် Booster Dose ထိုးဖို့မလိုဘူးလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။

ထက်လျှံ