နွားရူးဆူးတိုးနိုင်ငံရေးအချောင်သမား
ကမ္ဘာကျော် သည်အီကော်နောမစ် မဂ္ဂဇင်းကြီး၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံရေး သုတေသီဆောင်းပါးရှင် Jame Suiter ရေးသားသည့် Post-truth Politics ဆောင်းပါးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်က လူထုကြား၌ “ဟာခနဲ ဟင်ခနဲ” ဖြစ်သွားစေသည့် စကားလုံးများကို ပစ်သွင်းခဲ့ သည်။ ဥပမာ - အိုဘားမား၏ မွေးစာရင်းမှာ အတုကြီး၊ အိုဘားမားသည် IS အကြမ်းဖက်အဖွဲ့ကို မွေးဖွားပေးခဲ့သူ၊ အမေရိကန်ဒုက္ခရောက်နေ သည်မှာ ယခင်သမ္မတများ၏လုပ်ရပ်ကြောင့်ဟုသော သမ္မတ လောင်း ထရမ့်၏ ဟာခနဲ၊ ဟင်ခနဲပြောလုံးများသည် မဲဆန္ဒရှင်ပြည်သူများအတွက် ( သို့လော သို့လောနှင့် စိတ်ဝင်စားစရာဖြစ်အောင် လှည့်ဖြားနိုင်ခဲ့သည်။
ထရမ့်၏ ပြောစကားများကို မဲဆန္ဒရှင် ပြည်သူများ ဝေဖန်သုံးသပ်ဆန်းစစ်နိုင်သည့် အခြေအနေမရှိပေ။ မှန်သည်။ မှားသည် ဆိုသည်ထက် ရွေးကောက်ပွဲကို စိတ်ဝင်စားနေသည့် မဲဆန္ဒရှင်ပြည်သူများအဖို့ ထရမ့်၏အပြောတွင် နစ်မျောသွားသည်မှာ သေချာသည်။ နိုင်ငံရေး သမား၊ နိုင်ငံရေးခေါင်းဆောင်များ၏ အလိမ်အညာ လှည့်စားမှုများကို ဟုတ်ယောင်ရှိ၊ မှန်၏ စွဲထင်သွားကြသည်။ ပြည်သူများယုံသည်။ မယုံသည်ဆိုခြင်းထက် တစ်ဖက်သားကို ပုံဖျက်ဖို့ သည် အဓိကဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ လက်ရှိအခြေအနေကို စိတ်အချဉ်ပေါက် နေသောအောက်ခြေလူဖြူလူတန်းစားတို့မှာ “မထူးတော့ တဲ့အတူတူ၊ ဖြစ်ချင်ရာဖြစ် ထရမ့်လိုက်ကြတာပေါ့”ဆို၍ ဆုံးဖြတ်ကြကာ မဲပေးခဲ့ကြသည်ဟု ( အနောက်တိုင်းပညာရှင် တစ်ဦးက သူ၏အမြင်ကို မှတ်ချက်ပြုဖူးသည်။
အတင်းအဖျင်းများ
ဖေ့စ်ဘွတ်ကဲ့သို့သော ဆိုရှယ်မီဒီယာသည် မုသားလွှမ်းမိုးဖြန့် ချိရာ Post-truth နိုင်ငံရေးအတွက် ပင်မကြားခံယန္တရားကြီးဖြစ်ခဲ့သည်။ ထရမ့်ကဲ့သို့သော နိုင်ငံရေးသမားများ၏ လက်ခုပ်ချူသံလှည့်ဖြားစကားများကို ထောက်ခံဖြန့်ချိပေရာ၊ လော်ဘီလုပ်ပေးရာ ယန္တရားကြီးဖြစ်သွားတော့သည်။အလိမ်အညာလှည့်ဖြားစကား၊ကောလာ ဟလများနှင့် အတင်း အဖျင်းများကို စနစ်တကျရေးသားဖြန့်ချိကြသည်။ လော်ဘီအချင်းချင်း စကားများကို ယုံကြည် ကြသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။ ။
၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံရေးလောကမှ အများပြည်သူကို လှည့်ဖြားသည့် နိုင်ငံရေးစကား များ၊ ပုံဖျက်လှည့်စားပြောဆိုမှုများကို နိုင်ငံရေး လေ့လာသုံးသပ်သူများက ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ရေးသားခဲ့သည်။ သို့သော် တွေးခေါ်မြင် ဆင်ခြင်တုံတရားတို့ဖြင့် တစ်နေ့တွင် အဖြေ မှန်သိကြရသည်။ နိုင်ငံရေးသမားသည် ရွေးကောက်ပွဲမဲဆွယ်စဉ်က အလိမ်အညာလှည့်စား မှုများနှင့် အနိုင်ရသော်ငြားလည်း လေးနှစ် သက်တမ်းနှင့် နိဋ္ဌိတံခဲ့လေသည်။
ရှုပ်ထွေးပွေလီသော နိုင်ငံရေးလောက၊ အလိမ်အညာလောကတွင် ပြည်သူများအား လှည့်စားနိုင် မှုမှာ အတိုင်းအတာတစ်ခုသာဖြစ်သည်။ သင်္ခါရသဘောတရားအရ မည်သည့်အခြေ အနေမဆို ရေရှည်တည်မြဲအောင် လုပ်ဆောင်နိုင် စွမ်းမရှိပေ။ အမေရိကန်နိုင်ငံ၏ (၁၆)ဦးမြောက် သမ္မတ အေဘရာဟမ်လင်ကွန်း (၁၈၀၉ - ၁၈၆၅) က “ခင်ဗျားဟာ လူတချို့ကိုတော့ တစ်ချိန်လုံး အရူးလုပ်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မယ်။ ခင်ဗျားဟာ လူအားလုံးကို အချိန်ကာလ အပိုင်းအခြား တစ်ခုတော့ အရူးလုပ်ကောင်းလုပ်နိုင်ပေလိမ့်မယ်။ ဒါပေမဲ့ (ခင်ဗျားသိထားဖို့က လူအားလုံးကို အမြဲ တမ်း အရူးလုပ်မထားနိုင်ဘူးဆိုတာဘဲ”ဟုပြောကြား ခဲ့သည်။
မနိုင်မီက ထိုစကား
မြန်မာ့နိုင်ငံရေးလောကတွင်လည်း အလိမ်အညာ လှည့်ပတ်စကားများဖြင့် ပြည်သူများကို အရူးလုပ်လှည့်ဖြားကာ အာဏာရရှိရေး ကြိုးပမ်းခဲ့ကြသည်များရှိသည်။ NLD ပါတီ အနိုင်မရမီ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိ | ခန်းမဆောင်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပါတီခေါင်းဆောင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ “ကျွန်မတို့ဟာ နိုင်ပုံနိုင်နည်းက အရေးကြီးပါတယ်။ ကျွန်မအမြဲပြောပါတယ်၊ နိုင်ရုံနဲ့မပြီးဘူး၊ နိုင်ပုံနိုင် နည်းက အရေးကြီးပါတယ်။ မဟုတ်မမှန်တဲ့နည်းနဲ့ နိုင်တာထက် ရှုံးတာက ပိုကောင်းတယ်လို့ ကျွန်မ ပြောလိုပါတယ်” ဟု ဆိုခဲ့သည်။
ထိုနှစ် မေလ ၁၇ ရက် ဗဟန်းမြို့နယ်ဗိုလ်စိန်မှန်ကွင်း ဟောပြောပွဲ၌ “တခြားနည်းတွေနဲ့ ဥပမာအားဖြင့်တော့ မမျှတတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှ ပိုပြီးတော့ သိက္ခာရှိတယ်လို့ ပြောချင်ပါတယ်” ဟုလည်းကောင်း၊ “ရွေးကောက်ပွဲမှာ ရှုံးတဲ့လူတွေနောက်ရွေးကောက်ပွဲမှာ နိုင်ကြတာပဲ။ ဒီလိုပဲ ရှုံးလိုက်နိုင်လိုက် တက်လိုက်ကျလိုက်။ ဒါတွေက အမိကမဟုတ်ပါဘူး။ ရှုံးပုံနိုင်ပုံသာ အဓိကကျတာပါ။ သိက္ခာရှိရမယ်။ မှန်ကန်ရမယ်။ ကိုယ်နိုင်ပုံနိုင်နည်းက မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရမယ်။ တချို့ကျတော့ နိုင်တဲ့နေရာမှာကျတော့ သိပ်နိုင်တတ်တာပဲ။ ရှုံး ကျ တော့ မရှုံးတတ်ဘူး၊ အရှုံးမခံတတ်ဘူး” ဟု ထိုပါတီခေါင်းဆောင်ကပင် ပြောခဲ့ဖူးသည်။
နိုင်ပြီးနောက်ငါး
ယင်းစကားများသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလက အတိုက်အခံပါတီကြီး၏ ပါတီခေါင်းဆောင်ပြောကြားခဲ့သည့် ပြည်သူနှစ်ခြိုက်သော စကားလုံးများ ဖြစ်သည်။ ထိုထက် မက ပြည်သူကို ဆွဲဆောင်ခဲ့သော စကားလုံးများ များစွာရှိသည်။ ထိုစဉ်ကာလက အပြောင်းအလဲကို လိုလားနေကြသော ပြည်သူများအား ပြောင်းလဲချိန်တန်ပြီ" ကြွေးကြော်သံဖြင့် စည်းရုံးလှုံ့ဆော်ခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံ့အာဏာရရှိပြီးနောက် ပါတီခေါင်း ဆောင်သည် နိုင်ငံတော်တာဝန်များနှင့်တစ်မျိုး၊ ပါတီခေါင်းဆောင်အနေဖြင့်တစ်ဖုံ၂၀၂၀ ရွေးကောက် ပွဲမရောက်မီ ပုံစံမျိုးစုံဖြင့် အမျိုးမျိုးအဖုံဖုံ မထပ်ရအောင် ပြည်သူကို စည်းရုံးပြီး နိုင်ငံရေးအသာ စီး ယူခဲ့သည်။
နိုင်ငံ့ခေါင်းဆောင်အဖြစ်နှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် အခွင့်အာဏာသုံးခြင်း၊ လွှမ်းမိုးခြင်းများပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ရောဂါဖြစ်ပွားလာသောအခါ ကိုဗစ်နှင့် ပတ်သက်ပြီး ပြည်သူသို့ အစီရင်ခံတင်ပြ၍ စည်းရုံးမှုများပြုလုပ်ခဲ့သည်။ အခြေခံပြည် သူများအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ထောက်ပံ့ကြေးအကြိမ်ကြိမ်ပေးခဲ့ရာ နိုင်ငံတော်က ပေးတာလား၊ ပါတီက ပေးတာလား ဝေဝါးစေခဲ့သည်။
ရှုံးလို့လုံးဝမဖြစ်ဘူး
ပါတီခေါင်းဆောင်၏ အာဏာမရမီ မဲဆွယ် စဉ်ကာလက ကတိကဝတ်များသည် အာဏာရပြီး လုပ်ဆောင်ချက်များ၊ အပြောများမှာ ရှေ့နောက်မညီခဲ့ပေ။ တပ်မတော်၊ အတိုက်အခံပါတီနှင့် ပါတီငယ်များ၊ တိုင်းရင်းသားပါတီများအပေါ်မထိ မဲ့မြင်လုပ်ရပ်များသည် ပါတီနှင့်ခေါင်းဆောင် ကျဆုံးခြင်း၏ ရှေ့ပြေးလက္ခဏာများ ဖြစ်သည်။မည်သို့ပင်ဖြစ်စေ အပြောင်းအလဲကို လိုလား ကြသော ပြည်သူများသည် အနိုင်ရပါတီကို ထောက်ခံခဲ့ကြသည်။
“ပြောင်းလဲချိန်တန်ပြီ”ဟု ဆိုသော်လည်း မပြောင်းလဲသောအခါ “ပြည်သူနှင့်အတူ” ဟု ဆိုပြန်သည်။ သို့သော် အာဏာရသက်တမ်း ကုန်ဆုံး သော်လည်း နိုင်ငံနှင့်ပြည်သူအတွက် မည်မည်ရရ ဘာမျှဖြစ်မလာခဲ့ပေ။ ပြည်သူ့ဘဏ္ဍာငွေဖြင့် နိုင်ငံခြားသားအကြံပေး တစ်ရာနီးပါး ခန့်ထားပြီး နိုင်ငံကိုစီမံခဲ့သော်လည်း အခွန်တိုးကောက်ခြင်းသာ အဖတ်တင်ခဲ့သည်။ ၂၀၂၀ရွေး ကောက် ပွဲနီးသောအခါ ပါတီများစုစည်းလာမှု၊ တိုင်းရင်းသားပါတီများပေါင်းစုမှုတို့ ရှိလာသည်။ ညွှန့်ပေါင်းအခြေအနေ ဖြစ်လာနိုင်သောအခါ နိုင်ငံဦးဆောင် ပါတီခေါင်းဆောင်က “ရှုံးလို့ လုံးဝမဖြစ်ဘူး။ ကျွန်မတို့ အပြတ်အသတ်နိုင်မှကိုဖြစ်မှာ”လူကိုမကြည့်နှင့် ပါတီကိုသာကြည့်”ဟု ဆိုပြန်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တရားမျှတမှု၊ ရိုးသားမှု၊ ပွင့်လင်း မြင်သာမှုဖြစ်သည့် ဒီမိုကရေစီစံနှုန်းများကို မျက်ကွယ်ပြုခဲ့သည်။ တစ်ပါတီအာဏာရှင်စနစ်ကို တည်ထောင်နိုင်ရန် အဓမ္မနည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။
အတ္တကြီးသောကတိ
နိုင်ငံရေးသမားဟူသည် အာဏာရသောအခါ ၎င်းတို့၏ မဲဆွယ်ကတိများကို ထိန်းသိမ်းဆောက် တည်ရန် အခက်အခဲတွေ့သည့်အခါများလည်းရှိ တတ်သည်။ သို့သော်လည်း မိမိတို့သည် အာဏာ မရမီ ကိုယ်စားလှယ်လောင်းများ ဖြစ်နေချိန်မှာပင် ပြည်သူတို့နှင့် တွေ့ဆုံချိန်၌ နှုတ်ထွက်ကတိများကို အလေးထား ထိန်းသိမ်းသင့်ပေသည်။ ကတိများဖောင်းပွခြင်း၊ မိမိတို့အ နိုင်ရရေးအတွက်သာ မစားရဝခမန်း ကတိစကားများသာ ပြောကြားခဲ့ခြင်းများ ပြုလုပ်ခဲ့လျှင် တစ်ချိန်တွင် ထိုအရာများသည် မိမိတို့၏ နိုင်ငံရေးသမိုင်းတွင် အစွန်းအထင်း ဖြစ်စေနိုင်သည်။ ထို့ကြောင့်နိုင်ငံရေးသမားများကို ဒုက္ခပေးစေနိုင်သော အကြောင်းအရာများတွင် ၎င်းတို့၏ အတ္တကြီးသောကတိများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုကြခြင်းဖြစ်သည်။
မည်သို့ ပင်ဆိုစေ အစိုးရတစ်ရပ်နှင့် နိုင်ငံရေး သမားတစ်ဦး၏ ပြည်သူထံသို့ ပြောကြားသော အများပြည် သူအကျိုးစီးပွားအတွက် တည်နိုင်ရန် အမှန်ပင်လိုအပ်ရာ အုပ်ချုပ်ရေးတာဝန် ကိုရယူ ကြမည့်သူများအနေဖြင့် မိမိတို့၏ကတိများ တည်နိုင်ရန်ကြိုးစားသင့်ပြီး ကတိမတည် နိုင်ခဲ့လျှင် လည်း ရိုးသားစွာ ချပြဝန်ခံသင့်ပါသည်။
နိုင်ငံရေးမှိုင်းလုံး
မိမိတို့အာဏာရရှိရေးအတွက် အတ္တကြီးမားခဲ့သော ပါတီကြီးသည် နိုင်ငံနှင့် ပြည်သူအပေါ် ကတိမတည်စကားများ၊ လှည့်ပတ်စကားများ၊ အပြောနှင့်အလုပ် တစ်ထပ်တည်း မကျသောအ လုပ်များလုပ်ခဲ့သည်တို့ကို ဖုံးကွယ်ရန်အတွက် ပြည်သူများ၏ စိတ်ခံစားချက်များကို အသုံးချခဲ့သည်။ ရွေးကောက်ပွဲအောင်နိုင်ရေးတွင် မသမာသော နည်းလမ်းမျိုးစုံ အသုံးပြု၍ နောက်တစ်ကြိမ် အာဏာရရှိရေးကို ကြိုးစားခဲ့ပြန်သည်။ ရွေးကောက်ပွဲတွင် မဲမသမာပြုလုပ်မှု၊ ထိုမသမာမှုကို ပွင့်လင်းမြင် သာစွာ ရှင်းလင်းမပေးလိုမှု၊ အခြေခံဥပဒေနှင့်မညီဘဲ အာဏာရယူလိုမှုများကြောင့် နောက်တစ်ကြိမ် အာဏာရရှိရေးကို လက်လွှတ်ခဲ့ရသည်။ ထိုအခါ အာဏာရခဲ့ဖူးသော ပါတီကြီးသည် အာဏာလက် လွှတ်လိုက်ရသောအခါ ပါတီကြီး၏ မူလဥဉ်အတိုင်း “တိုင်းပြည်အလုံးစုံပျက်သုဉ်းရေး” လမ်းစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။ တစ်ပါတီအာဏာရှင် က အာဏာရှင်ဆန့်ကျင်ရေး၊ အာဏာရှင်တော်လှန် ရေး ဟစ်ကြွေး၍ ပြည်သူများအား နိုင်ငံရေးမှိုင်းလုံး ဖုံးအုပ်ပေးခဲ့သည်။ “ တရားဝင်နိုင်ငံရေးသမားဖြစ်စဉ်က အလိမ် ( အညာမုသား၊ ရှေ့နောက်မညီသည့်စကားများဖြင့် ပြည်သူကိုလှည့်စားခဲ့ရာမှတရား မဝင်နိုင်ငံရေးသမားဖြစ်သောအခါ မတရားအသင်း CRPH NUG၊ PDF အဖွဲ့များဖွဲ့၍ ရေပေါ်တွင် အရုပ်ရေးသော အလုပ်များဖြင့် ပြည်သူကို လှည့်စားနေပြန်သည်။
R2P လာမည်၊ UN လာမည်၊ နွေဦးတော်လှန် ရေး၊ အရေးတော်ပုံကြီး အောင်ရမည်၊ D-Day လာမည်၊ တစ်နိုင်ငံလုံး ပြည်တော်ဝင်သိမ်းပိုက်ပွဲကြီး လာတော့မည် စသည်ဖြင့် ပြည်သူများအား အလိမ် အညာစကားများဖြင့် စည်းရုံးဆွဲဆောင်နေကြသည်။ ယခုမိုးရာသီကာလသို့ ရောက်ရှိ လာပြီဖြစ်သော်လည်း ရွာတစ်ရွာ၊ မြို့တစ်မြို့မှ မသိမ်းပိုက်နိုင်ဘဲ လူသား ချင်း မစာနာ၊ ပြည်သူအချင်းချင်း မငဲ့ညှာ ဗုံးခွဲ၊ လမ်းတံတားဖျက်၊ ကျောင်း၊ ရုံးမီးရှို့၊ မီးကွင်းပစ်၊ အပြစ်မဲ့ ပြည်သူများကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်၊ လုံခြုံရေးတပ်ဖွဲ့ကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက် စသည့် ပြည်သူများအား အထိတ်တလန့်ဖြစ်အောင်၊ကြောက်ရွံ့အောင် ခြောက်လှန့်သည့်လုပ်ရပ် များသည် နိုင်ငံရေးသမားလုပ်ရပ်များထက် သာလွန်ကဲသည့် နွားရူးဆူးတိုးလုပ်ရပ်ဖြစ်လာ သည်။
အကြမ်းဖက်သမားထက် သာလွန်ကဲသည့် ယုတ်မာပက်စက်မှုများ ပြုလုပ်လာမှုများသည် အလိမ်အညာလှည့်ဖြား နိုင်ငံရေးသမားမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြည်သူများအား လေလှိုင်းပေါ်မှ ကာကွယ်ဆေးထိုးပေးမည်ဟု ဆိုလို့ဆို။ အမှန်တကယ် ကာကွယ်ဆေးထိုးပေး နေ သူများအား ဗုံးခွဲတိုက်ခိုက်ဖျက်ဆီး။ ယခု နောက်ဆုံး အွန်လိုင်းပေါ်မှ နွေဦးထီဖွင့်မည်ဆိုပြီး
လောဘနောက်လိုက်မည့် အချောင်သမားများကို မြူဆွယ်လှည့်စား အမြတ်ထုတ်မည့်အလုပ် များကို ကြံစည်နေပြန်သောအခါ အလိမ်အညာလှည့်စား နိုင်ငံရေးသမားထက်ပိုသည့် နွားရူးဆူး တိုး နိုင်ငံရေးအချောင်သမားဟု ဆိုလိုက်ချင်ပါ သည်။ ။
မောင်သောမန