အောင်ဘာလေထီနဲ့ ပတ်သက်ပြီး ပြည်သူတွေသိသင့်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်အသိပေးသွားမှာ ဖြစ်သလို အသိပေးကြေညာမှုတွေ၊ ရှင်းလင်းဆွေးနွေးမှုတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်
အောင်ဘာလေထီနဲ့ ပတ်သက်ပြီး ပြည်သူတွေသိသင့်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်အသိပေးသွားမှာ ဖြစ်သလို အသိပေးကြေညာမှုတွေ၊ ရှင်းလင်းဆွေးနွေးမှုတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်
အောင်ဘာလေထီဖွင့်လှစ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သံနှင့်ရုပ်မြင်သံကြားက ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်။
ဦးညီညီလှိုင်
ညွှန်ကြားရေးမှူး၊ အောင်ဘာလေသိန်းဆုဌာနခွဲ
မေး။ ။ ပထမဦးစွာ အောင်ဘာလေထီနဲ့ ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ရတဲ့အပိုင်းကို ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ အောင်ဘာလေထီလုပ်ငန်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု (management) ဆိုင်ရာအပိုင်း ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ အောင်ဘာလေထီ လုပ်ငန်းဟာဆိုရင် နိုင်ငံတော်ရဲ့ ဝင်ငွေကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းပေးနေတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် ထီလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအခြေအနေကို ရှင်းပြ ပေးစေလိုပါတယ်။
ဖြေ။ ။ အောင်ဘာလေထီနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး ဆောင်ရွက်ရတဲ့အပိုင်းကတော့ ထီလက်မှတ်မှာယူခြင်းနဲ့ ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါတယ်။ ထီလက်မှတ်များကို ကာကွယ်ရေး ဝန်ကြီးဌာန၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးကို သုံးလကြိုတင်မှာကြား ရပါတယ်။ ကကလုံအနေနဲ့ ထီလက်မှတ်တွေကို လုံခြုံရေးအဆင့်အတန်းများ ထည့်သွင်းပြီး ပုံနှိပ် ထုတ်ဝေလျက်ရှိပါတယ်။
ဒုတိယအပိုင်းကတော့ ထီလက်မှတ်တွေကို ဖြန့်ဖြူးရောင်းချတဲ့ အပိုင်းဖြစ်ပါတယ်။ အဲဒီအပိုင်းမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့မှာရှိတဲ့ အောင်ဘာလေသိန်းဆုဌာနခွဲတွေနဲ့ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးတွေကတစ်ဆင့် ထီကိုယ်စားလှယ်တွေကို ဖြန့်ချိပေးပြီး ထီကိုယ်စား လှယ်တွေကတစ်ဆင့် ရောင်းချခြင်း ဖြစ်ပါတယ်။
တတိယအပိုင်းကတော့ ထီဖွင့်ပွဲကျင်းပခြင်းနဲ့ ထီဆုငွေခွဲဝေပေးတဲ့ အပိုင်း ဖြစ်ပါတယ်။ ထီဖွင့်ပွဲကတော့ ပုံမှန်အားဖြင့် လစဉ်ကျင်းပလျက်ရှိပြီး ထီလက်မှတ်ရောင်းရငွေအပေါ် မူတည်ပြီး ဆုမဲများ ခွဲဝေ ပေးလျက်ရှိပါတယ်။
မေး။ ။ ထီဆုငွေခွဲဝေမှုပုံစံနဲ့ ဆုငွေထုတ်ပေးနေမှုပုံစံကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ လစဉ်ရောင်းချရတဲ့ ထီစာအုပ်စုစုပေါင်း ရောင်းရငွေမှ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ခွဲဝေပြီး ၄၀ ရာခိုင်နှုန်းကိုတော့ အောင်ဘာလေသိန်းဆုခွန်အဖြစ် နိုင်ငံတော်က ရယူလျက်ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ အောင်ဘာလေထီစာအုပ်ရိုက်နှိပ်ခ၊ ဖြန့်ဖြူးရောင်းချ ဖို့ သယ်ယူပို့ခ၊ ဝန်ထမ်းစရိတ် စတဲ့ကုန်ကျစရိတ်တွေကလည်း ရှိတဲ့ အတွက် အောင်ဘာလေသိန်းဆုခွန်အဖြစ် အမှန်တကယ် ရရှိတာကတော့ ၃၅ ရာခိုင်နှုန်းခန့်သာ ဖြစ်ပါတယ်။ ဆုမဲခွဲဝေမှုနဲ့ ပတ်သက် ပြီးတော့လည်း လအလိုက် ထီရောင်းချမှုအပေါ် မူတည်ပြီး ကျပ်သိန်း တစ်သောင်းငါးထောင်၊ ကျပ်သိန်းတစ်သောင်း၊ ကျပ်သိန်းငါးထောင်၊ ကျပ်သိန်းငါးရာဆု စတဲ့ဆုတစ်ခုချင်းစီရဲ့ အရေအတွက်ကိုလည်း ပြည်သူတွေကို ထုတ်ပြန်ကြေညာပေးလျက် ရှိပါတယ်။ ။
ထီဆုငွေထုတ်ယူရမယ့်နေရာနဲ့ ပတ်သက်ပြီးတော့ ထီဆုငွေ များကို အနိမ့်ဆုံးဆု ငွေကျပ်ငါးသောင်း ဆုမှ အမြင့်ဆုံးငွေကျပ် သိန်းတစ်သောင်းငါးထောင်အထိ ဆုမဲအမျိုးအစားအားလုံးကို ရန်ကုန်နဲ့ မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲများ၊ ငွေကျပ် ၁၀ သိန်းနဲ့ အောက်ဆုမဲများကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှာ ထုတ်ယူခွင့်ပြုလျက်ရှိပါတယ်။
ကျွန်တော်တို့ အောင်ဘာလေထီရုံးအနေနဲ့ မည်သည့်ဆုမဲအမျိုး အစားကိုမဆို နေ့ချင်းပြီး ပြန်လည် ထုတ်ပေးလျက်ရှိပါတယ်။ ထီဆုငွေ ကိုတော့ အစိုးရဌာနတွေ ငွေပေးချေမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲရဲ့ ချက်လက်မှတ် များနဲ့ ထုတ်ပေးလျက်ရှိပါတယ်။
ယခုကာလမှာ ကြုံတွေ့နေရတဲ့ ဘဏ်ဆိုင်ရာအခက်အခဲများနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ညှိနှိုင်းချက်အရ ငွေကျပ် ငါးသောင်းမှ ငွေကျပ်သိန်း ငါးထောင်အထိ ဆုမဲများအပေါ် ကနဦး ငွေသားထုတ်ယူလိုပါက ငွေကျပ်သိန်း ငါးရာအထိကို တစ်လုံးတစ်ခဲ တည်း ထုတ်ပေးလျက်ရှိပါတယ်။ ဆုမဲရဲ့ ကျန်ငွေကို ဘဏ်စာရင်း ဖွင့်လှစ်ပြီး ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်း မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးလျက်ရှိပါတယ်။
မေး။ ။ ယခုလတ်တလောမှာ အခြားတရားမဝင်အဖွဲ့အစည်းတွေကလည်း ထီကို ဖွင့်လှစ်ရောင်းချဆောင်ရွက်မယ်ဆို တာတွေ ကြားနေရပါတယ်။ အဲဒီကိစ္စနှင့်ပတ်သက်ပြီး ဆရာ့ အမြင်လေး သိပါရစေ။
ဖြေ။ ။ ဥပဒေရေးရာ အပိုင်းအနေနဲ့ပြောရရင်တော့ သူတို့ဖွင့်မယ့် ထီက ချွဲ၊ နှစ်လုံးထီတွေလို တရားမဝင်ထီပုံစံမျိုးဖြစ်တဲ့အတွက် ရာဇသတ်ကြီး၊ လောင်းကစားဥပဒေစတဲ့ တည်ဆဲဥပဒေတွေ နဲ့ ငြိစွန်းတဲ့ အခြေအနေရှိပါတယ်။ အဲဒါကြောင့် ထီလုပ်ငန်းဆောင်ရွက်တဲ့သူရော၊ ထီကံစမ်းသူရော သက်ဆိုင်ရာ ဥပဒေတွေအရ အရေးယူ ခံရနိုင်တဲ့အတွက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ဖို့ရော ထီကံစမ်း နိုင်ဖို့အတွက်ပါ ကန့်သတ်ချက်တွေ အများကြီးရှိနိုင်ပါတယ်။
ထီလုပ်ငန်းရဲ့ သဘောသဘာဝအနေနဲ့ပြောရရင်တော့ ထီလုပ်ငန်း ဆိုတာ နည်းပညာ၊ ကျွမ်းကျင်မှု၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်တို့ လိုအပ်တဲ့အပြင် အချိန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းအမျိုးအစား လည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ Paper Lottery, E-Lottery စတဲ့ ထီလုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီးတော့လည်း နည်းပညာ လိုအပ်ချက်၊ အရင်းအနှီးလိုအပ်ချက်နဲ့ ရှုပ်ထွေးခက်ခဲမှုတွေကလည်း မတူညီကြပါဘူး။ လက်ရှိနိုင်ငံတော်ကဆောင်ရွက်နေတဲ့ အောင်ဘာလေ ထီလို Paper Lottery ပုံစံဆိုရင်တော့ အထက်မှာပြောခဲ့သလို ထီ လက်မှတ်ရိုက်နှိပ်ခြင်း၊ ဖြန့်ဖြူးခြင်းစတဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရပါတယ်။ လုပ်ငန်းစဉ်တစ်ခုစီအလိုက် နည်းပညာလိုအပ်ချက်၊ အချိန်ပေးရမှုနဲ့ ရှုပ်ထွေးခက်ခဲမှုတွေ ရှိကြပါတယ်။ ဥပမာ - ထီလက် မှတ်ရိုက်နှိပ်ခြင်းအပိုင်းမှာဆိုရင် လုံခြုံမှု အဆင့်အတန်းပါရှိတဲ့ ထီစာအုပ်တွေ ထုတ်ဝေနိုင်ဖို့အတွက် နည်းပညာလိုအပ်သလို စက်ပစ္စည်းကိရိ ယာတွေ လိုအပ်ချက်ရှိပါတယ်။ နောက်ပြီး ထီလက်မှတ်တွေကို ဖြန့်ဝေတဲ့ အပိုင်းမှာဆိုရင် ထီကိုယ်စားလှယ်တွေ လိုအပ်ပါတယ်။
ဒီလိုပဲ E-Lottery စနစ်နဲ့ လုပ်မယ်ဆိုရင်လည်း ဝက်ဘ်ဆိုက် တည် ထောင်ခြင်း၊ အွန်လိုင်းကတစ်ဆင့် ရောင်းချခြင်း၊ ငွေပေးချေခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် နည်းပညာတွေ၊ ကျွမ်းကျင်မှုတွေ များစွာလိုအပ် ချက် ရှိပါတယ်။ ဒါ့ကြောင့် ထီလုပ်ငန်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ လုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာကုမ္ပဏီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ နည်းပညာအကူအညီရရှိဖို့လည်း လိုအပ်နိုင်ပါတယ်။
E-Lottery မှာ အဓိကကျတဲ့အချက်တစ်ခုကတော့ ငွေပေးချေမှု အပိုင်းဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာတော့ E-Wallet တို့ Debit Card- Credit Card တို့ Bank Wire Transfer တို့တွေနဲ့ လုပ်လေ့ ရှိပါတယ်။ ထီလုပ်ငန်းလုပ်ငန်းစဉ်တိုင်းမှာ အခက်အခဲတွေနဲ့ ရှုပ်ထွေးမှု ရှိကြပါတယ်။ အထူးသဖြင့်တော့ တရားမဝင်ထီလုပ်ငန်းဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနိုင်ပါတယ်။ ဒါ့ကြောင့် တခြားအဖွဲ့အစည်းတွေ အနေနဲ့ ထီလုပ်ငန်းတစ်ရပ်ကို အမည်ခံသက်သက်မဟုတ်ဘဲ လက်တွေ့ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြေ အလွန်နည်းတယ်လို့ သုံးသပ်ပါတယ်။
မေး။ ။ ဆရာ ခုနက ရှင်းပြသွားတဲ့အချက်ထဲမှာ ငွေပေးချေမှု အပိုင်းက E-Lottery စနစ်အတွက် အဓိကကျတဲ့အချက် ဖြစ်တယ်လို့ ပြောသွားပါတယ်။ အဲဒီတော့ တရားမဝင်ထီအတွက်ဆိုရင် ငွေပေးချေမှုအပိုင်းက အလုပ်ဖြစ်နိုင်ပါ့မလား။ အဲဒီအပေါ်မှာလည်း ဆရာ့အမြင်ကို ဆွေးနွေးပေးပါဦး။
ဖြေ။ ။ မှန်ပါတယ်ခင်ဗျ။ E-Lottery စနစ်မှာ ငွေပေးချေမှုက အဓိကကျတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ KBZ Pay, Wave Money တို့ အပါအဝင် Mobile Payment တွေ Online Payment, Bank Transfer တွေ အားလုံးက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ကလည်း ဒီလိုတရားမဝင်ထီနဲ့ ပတ်သက်တဲ့ ငွေပေးချေမှုတွေ၊ ငွေလွှဲပြောင်းမှုတွေကို ပြင်းပြင်းထန်ထန် အရေး ယူဆောင်ရွက်မှုတွေရှိနိုင်ပါတယ်။ ဥပမာ - တရားမဝင်ထီအတွက် ငွေပေးချေမှုနဲ့ဆက်စပ်တဲ့ ဘဏ်စာရင်းတွေကို ပိတ်သိမ်းတာ၊ ဘဏ်စာရင်းထဲမှာရှိတဲ့ငွေတွေကို ထိန်းချုပ်တာစတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် ပြည်ထဲရေး ဝန်ကြီးဌာနလို သက်ဆိုင်ရာဝန်ကြီးဌာနကို သတင်းအချက်အလက် တွေပေးပို့ပြီးတော့လည်း ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်တာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ တရားမဝင်ထီလုပ်ငန်းအနေနဲ့ ရပ်တည်နိုင်ဖို့ တော်တော်ခက်ခဲမယ်လို့ပဲ မြင်ပါတယ်။
မေး။ ။ အောင်ဘာလေထီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ရှိရင်လည်း သိရှိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ အောင်ဘာလေထီနဲ့ ပတ်သက်ပြီး ပြည်သူတွေသိသင့်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်အသိပေးသွားမှာ ဖြစ်သလို အသိပေးကြေညာမှုတွေ၊ ရှင်းလင်းဆွေးနွေးမှုတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထီဆုမဲခွဲဝေမှုကိုလည်း လက်ရှိခွဲဝေပေးတဲ့ ၆၀ ရာခိုင်နှုန်းထက် တိုးမြှင့်ခွဲဝေပေးနိုင်ဖို့နဲ့ ထီပေါက်သူများကို ထီဆုငွေထုတ်ယူရာမှာ ငွေထုတ်ကန့်သတ်ချက် မထားဘဲ တစ်လုံးတစ်ခဲတည်း အပြည့်အဝထုတ်ယူခွင့်ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ထီကံစမ်းရာမှာ ပိုမိုလွယ်ကူအဆင်ပြေစေဖို့နဲ့ ထီဈေးနှုန်းတည်ငြိမ်စေဖို့အတွက် လည်း နည်းလမ်းသစ်တွေ ကြိုးပမ်းဖော်ထုတ်ဆောင်ရွက်လျက် ရှိပါကြောင်းနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်။