Skip to main content

အများပြည်သူ အလုပ်ပိတ်ရက်ကို ဖြတ်သန်းကြရာဝယ်

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်က သုံးကြိမ်တိုင်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။ကျန်ရှိသည့် အများပြည်သူအလုပ်ပိတ်ရက်များတွင် အတတ်နိုင်ဆုံး မိမိတို့နေအိမ်များ၊ အဆောင်များတွင်သာ နေထိုင်ခြင်းအားဖြင့် ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့ကျ စေနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအပါအဝင် အခြေခံပညာကျောင်း များ အားလုံး ကိုလည်း သြဂုတ်လ ၁၅ ရက်နေ့အထိ ဆက်လက်ပိတ်ထားပြီးဖြစ်သည်။

လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု သည် ယခင်ကထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာပြီး အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ရောဂါဖြစ်ပွားမှုတန့်နေခြင်းကို တွေ့ရှိနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်ကို သတင်းမီဒီယာများတွင် ဖတ်ရှုရသည်။ ။

လက်တွေ့တွင်အတော်ခက်ခဲ

တကယ်တော့ ရက်ပေါင်းကြာရှည်စွာ အပြင် မထွက်ဘဲမိမိနေအိမ်သို့မဟုတ်အဆောင်မှာနေဖို့ ဆိုသည်မှာ လက်တွေ့တွင် အတော်ခက်ခဲသည့်ကိစ္စ ဖြစ်သည်။ နဂိုကအပြင်ထွက် အလုပ်လုပ် ရသူ၊ လုပ်ငန်းသဘောသဘာဝအရလှည့်လည်သွားလာရ သူများအဖို့ အိမ်မှာငြိမ်ငြိမ်လေး နေဖို့ဆိုသည်မှာ ကြီးစွာသော ဒုက္ခတစ်ခုလို ခံစားရတတ်သည်။

အိမ်မှာ မနေတတ်သူများအတွက် အကောင်း ဆုံး အကြံပြုလိုသည်ကတော့ ရတောင့်ရခဲ အများ ပြည်သူအလုပ်ပိတ်ရက်ကို အကျိုးရှိရှိ အသုံးချကြ စေလိုသည်။ လူတိုင်းလူတိုင်းတွင် တစ်ချိန်က မအားလပ်၍ အလုပ်အကြွေးတင်နေသည့်အိမ်တွင်း အလုပ်များရှိတတ်သည်။ ဥပမာအားဖြင့် နေအိမ် သန့်ရှင်းရန်၊ ပရိဘောဂများပိုမိုအဆင်ပြေစွာ နေရာ ပြုပြင်ချထားရန်၊ ရုံးအလုပ်၊ ကုမ္ပဏီအလုပ်ကြွေး များ အိမ်တွင် ယူဆောင်လုပ်ကိုင်ရန်၊ နေအိမ်ခြံဝင်းရှင်းလင်းရန်၊ သစ်ပင်စိုက်ရာသီဖြစ်၍ စားပင်သီးပင် အရိပ်ရပင်များ စိုက်ပျိုးရန် ယခုအချိန်သည်အကောင်း ဆုံးအချိန်ဟု မှတ်ယူသင့်သည်။ ။

အားလပ်ရက် ရက်ရှည်ရသဖြင့် ပန်းချီ ဝါသနာပါသူများ ပန်းချီဆွဲ၍၊ စာရေးဝါသနာပါသူ များ စာပေရေးသား၍၊ ဓာတ်ပုံဝါသနာရှင်များ မိမိ ရိုက်ကူးထားသည့် ဓာတ်ပုံများအား စုစည်း Save လုပ်ခြင်း၊ Photoshop ဖြင့် ပြုပြင်ခြင်းများပြုလုပ်၍ အချိန်ကိုကုန်လွန်စေနိုင်သည်။ အမျိုးသမီးများ အနေဖြင့်ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်၊ လက်ချုပ် စသည့် လက်မှုပညာရပ်များ ပြုလုပ်ခြင်းဖြင့် အချိန်ကို ပြုပြင်ချထားရန်၊ ရုံးအလုပ်၊ ကုမ္ပဏီအလုပ်ကြွေး များ အိမ်တွင် ယူဆောင်လုပ်ကိုင်ရန်၊ နေအိမ်ခြံဝင်းရှင်းလင်းရန်၊ သစ်ပင်စိုက်ရာသီဖြစ်၍ စားပင် သီးပင် အရိပ်ရပင်များ စိုက်ပျိုးရန် ယခုအချိန်သည် | အကောင်းဆုံးအချိန်ဟု မှတ်ယူသင့်သည်။ ။

အားလပ်ရက် ရက်ရှည်ရသဖြင့် ပန်းချီ ဝါသနာပါသူများ ပန်းချီဆွဲ၍၊ စာရေးဝါသနာပါသူ များ စာပေရေးသား၍၊ ဓာတ်ပုံဝါသနာရှင်များ မိမိ ရိုက်ကူးထားသည့် ဓာတ်ပုံများအား စုစည်း Save လုပ်ခြင်း၊ Photoshop ဖြင့် ပြုပြင်ခြင်းများပြုလုပ်၍ အချိန်ကိုကုန်လွန်စေနိုင်သည်။ အမျိုးသမီး များ အနေဖြင့်ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်၊ လက်ချုပ် စသည့် လက်မှုပညာရပ်များ ပြုလုပ်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေနိုင်သည်။

ယခုလိုအားလပ်ရက်ရှည်ကာလသည် စာဖတ်ရန်အကောင်းဆုံးကာလဖြစ်သလို စာရေးရန် လည်း အချိန်ရသည့်ကာလဖြစ်သည်။ ဘာသာစကားလေ့လာလိုသူများအနေဖြင့်လည်း မိမိသင် ကြား ( လိုသည့် ဘာသာစကားကို ဆိုရှယ်မီဒီယာပေါ်မှ သင်ယူလေ့လာနိုင်သည့်အချိန် ဖြစ်သည်။Facebooki Twitteri You Tube တို့မှာလည်း ဘဝအတွက် အသုံးဝင်အကျိုး ရှိမည့်ဗဟုသုတများ ရှာမှီးရန် အချိန်ကောင်းဖြစ်သည်။ အင်္ဂလိပ်စာလေ့ လာလိုသူများအတွက် လည်း Online မှတစ်ဆင့် မိမိ၏ 3 Skill 4 Skill များကို မြှင့်တင်နိုင်သည့် အချိန်လည်းဖြစ်သည်။ ၎င်းအပြင် ကွန်ပျူတာ ကျွမ်းကျင်သူ မိဘများ၊ အစ်ကိုအစ်မများက သားငယ်သမီးငယ်များ၊ ညီငယ်ညီမငယ်များကို ကွန်ပျူတာပညာရပ်များ မျှဝေပေးနိုင်သော အချိန် လည်း ဖြစ်သည်။ တစ်ကိုယ်ရေလေ့ကျင့်နိုင်သောအားကစားလေ့ကျင့်မှုများ၊ မိသားစုကစား နိုင်သော အားကစား နည်းများကိုလည်း ကစားသင့်သော အချိန်ဖြစ်သည်။ ။

အပြင်မထွက်မိရန်လို

မလိုအပ်ဘဲ အပြင်မထွက်မိရင်တော့ လိုပါသည်။ အထူးသဖြင့် Stay at Home သတ်မှတ် ထားသည့်မြို့နယ်များတွင်နေထိုင်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာရန် လိုအပ်မည်ဖြစ်သည်။

ယခုအခါ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်ဖြင့် ထိုးနှံပေး လျက်ရှိသဖြင့် ကာကွယ်ဆေး မထိုးရသေးသူများအနေ ဖြင့် ကာကွယ်ဆေးထိုးနှံမှုခံ ယူရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မအားလို့ မထိုးရသေးတာဟု ဆင်ခြေပေးရမည့်အချိန်လည်း မဟုတ်၊ ထိရောက်မှု၊ စိတ်ချရမှု၊ အရည်အသွေးကောင်းမွန်မှုတို့အတွက် WHO အတည်ပြုချက် ရရှိပြီးသော ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းလည်းဖြစ်၍ မဖြစ်မနေ သွားရောက်ထိုးနှံ သင့်သည့် အချိန်ဖြစ်သည်။

နေအိမ်၊ အဆောင်တွင် နေထိုင်စဉ် MRTV၊ မြဝတီ စသည့် TV Channel များကို ကြည့်ရှုခြင်း အားဖြင့်မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းများကို အမှန် အတိုင်း သိရှိနိုင်သလို ကိုဗစ် -၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ( တိကျစွာ သိရှိနိုင်ပါသည်။ မြန်မာ့ အသံရေဒီယို၊ သဇင် FM နှင့် FM ရေဒီယိုများမှ ထုတ်လွှင့်ပေးနေသော ပြန်ကြားရေး၊ အသိပညာပေးရေး၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် သပြေရေဒီယိုမှ ထုတ်လွှင့်နေသော သတင်းမှန်ပြန်ကြားမှုအစီအစဉ်များကို ကြည့်ရှုနားဆင်ခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင် ကြသည်။ ။

အထောက်အကူပြု

တစ်နေကုန်တစ်နေခန်းနေအိမ်မှာနေထိုင်ရစဉ် အိမ်၏ လေဝင်ပေါက်များကို အမြဲဖွင့်ထားသင့် သည်။ အိပ်ရေးဝဝအိပ်သင့်သလို အာဟာရပြည့်ဝသော အစားအစာများကို ဝဝလင်လင် စားသင့် သည်။ ရေကိုလည်း ရေသောက်မနည်းအောင် ဂရုစိုက်သောက်သင့်သည်။ အသက်ရှူလေ့ကျင့် ခန်းနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတစ်ခုခုကို အချိန်ပေး၍ လုပ်ဆောင်သင့်သည်။ အသက်ရှူသွင်း ရှူထုတ်ရင်းတရားမှတ်သည့် ရှုမှတ်နည်းသည်လည်း အောက်ဆီဂျင် အလုံအလောက် ရှူသွင်းနိုင်ရေးအတွက် အထောက်အကူပြုသည်။

ဝိပဿနာရှုပွားရန်၊ ဂုဏ်တော်ရွတ်ဖတ်ရန်၊ ပဋ္ဌာန်းစသည်များ ရွတ်ဖတ်ပွားများရန် အကောင်း ဆုံးအချိန်ဖြစ်သည်။ စားလိုက်၊ အိပ်လိုက် လှုပ်ရှား မှုနည်းသည့် အမူအကျင့်များ မစွဲလန်းမိအောင် မိမိတို့၏ Lifestyle များကို သတိထားထိန်းသိမ်းကြရင်း အများပြည်သူ အလုပ်ပိတ်ရက်ကာလကို အကျိုးရှိရှိဖြတ်သန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါ သည်။ ။