ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ပါးသက်သာစေရေး စနစ်တကျ ကွာရန်တင်း(Quarantine) ဝင်ရောက်ပေး
လတ်တလောမှာဆိုရင် မြန်မာနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ နိုင်ငံအနှံ့ဖွင့်လှစ်ထားတဲ့ Quarantine Centre တွေမှာလည်း အလုပ်များနေနေကြတာကိုတွေ့ရသလို Home QuarantineHotel Quarantine ဝင်ကြတာလည်းတွေ့ရပါတယ်၊၊ ကွာရင်တင်းဝင်ခြင်းဆိုသည်မှာ မိမိမှတစ်ဆင့်တခြားသူများသို့ ရောဂါကူးစက်မှုမရှိအောင် တတ်နိုင်သမျှ တခြားသူများနဲ့ ထိတွေ့ပြောဆိုဆက်ဆံမှုမပြုဘဲ သီးသန့်ခွဲခြားနေထိုင်ခြင်းကိုဆိုလိုပါတယ်။
ကွာရန်တင်း(Quarantine)ဝင်ခြင်း၏ အရေးပါပုံ " ဒီလိုမျိုး ရောဂါပြန့်ပွားမှု အထွတ်အထိပ်ကို
ရောက်ရှိနေတဲ့အချိန်မှာကွာရန်တင်း (Quarantine) ဝင်ခြင်းနဲ့ Quarantine Centre များရဲ့ အခန်း ကဏ္ဍဟာ အရေးပါလာပါတယ်။ အထူးသဖြင့် သိပ်သည်းတဲ့လူနေမှုစနစ်ရှိတဲ့ ရန်ကုန်လို မြို့ကြီးတွေအပြင် နယ်မြို့လေးတွေမှာလည်း အိမ်နီးချင်းအချင်းချင်းဖြစ်စေ၊ မိတ်ဆွေချင်း ဖြစ်စေ၊ သီးခြား နေထိုင်ကြခြင်းထက် တစ်ဦးနဲ့တစ်ဦး တရင်းတနှီးတွေ့ဆုံ၊ စုဝေးတတ်တဲ့ လူမှုယဉ်ကျေးမှုရှိတဲ့ အတွက်ကြောင့် အခုလိုရောဂါပြန့်ပွားမှုမြင့်တက် နေတဲ့အချိန်မှာ လူတစ်ဦးကနေ အခြားလူတစ်ဦးကို ကူးစက်ခြင်း မရှိစေဖို့နဲ့ ရောဂါပိုး မပြန့်ပွားသေးတဲ့ အရပ်ဒေသတွေကို ပြန့်ပွားခြင်းမရှိအောင် ကာကွယ်ဖို့အတွက် ကွာရန်တင်း(Quarantine) ဝင်ခြင်းဟာ မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စတစ်ခု ဖြစ်လာပါတယ်။
ဘယ်အချိန် ကွာရန်တင်း(Quarantine) ဝင်ရမလဲ
ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့မိသူ များကို အခြားသူများနှင့် ထပ်မံထိစပ်မှုမရှိစေရန် အတွက် ကွာရန်တင်း(Quarantine) ဝင်ခြင်းကိုဆောင်ရွက်ရပါတယ်။ ကူးစက်ခံရသူတွင် ဖျားနာ ခြင်းမဖြစ်ပေါ်မီ (သို့မဟုတ်) ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရလျှင် ကွာရန်တင်း (Quarantine) ဝင်ရောက်ထားခြင်းကြောင့်ထပ်မံကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင် ပါတယ်။ ယခုအခါမှာ နေရာထိုင်ခင်းအနေအထားနှင့် ပိုးတွေ့ရှိမှုအနေအထား များအရ Quarantine ဝင်ရောက်ခြင်းကို Facility Quarantine စင်တာများတွင်သာမကဘဲ မိမိ နေအိမ်များတွင် ကွာရန်တင်း(Quarantine) ဝင်ရောက်ခြင်းကို ခွင့်ပြုဆောင်ရွက်လျက် ရှိကြောင်းသိရှိရပါတယ်။ မည်သည့်နေရာတွင် ကွာရန်တင်း(Quarantine) ဝင်ရောက်ရသည်ဖြစ် စေ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်မှသာ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက် နိုင်မှာဖြစ်ပါတယ်။
ဘယ်လိုလူတွေ ကွာရန်တင်း
(Quarantine)ဝင်ရမလဲ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူနှင့် အနီးကပ်ထိတွေ့ဆက်ဆံမိသူများ (လွန်ခဲ့သော သုံးလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ ရဖူးသူများ မပါဝင်ပါ)အနေဖြင့် ကွာရန်တင်း (Quarantine) ဝင်ရောက်ရန် လိုအပ်ပါတယ်။ အနီးကပ်ထိစပ်သူဆိုသည်မှာ -
• ကိုဗစ်-၁၉ ရောဂါရှိသူနှင့် အကွာအဝေး၆ ပေအတွင်း ၁၅ မိနစ်နှင့်အထက် နေထိုင်မိခြင်း၊
* ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူကို နေအိမ်တွင် ပြုစုစောင့်ရှောက်ခဲ့ခြင်း၊
“ ကိုဗစ်-၁၉ ရောဂါရှိသူနှင့် ခန္ဓာကိုယ်ချင်းတိုက်ရိုက်ထိတွေ့ခြင်း၊ (ဖက်ခြင်း (သို့မဟုတ်) နမ်းခြင်း) အစားအသောက်အတူတူ စားခြင်းတို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။ နေအိမ်ကွာရန်တင်း(Quarantine) ဝင်သူများ
သိထားသင့်သည့် အချက်များ
အထက်မှာပြောခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါရှိသူနဲ့ ထိစပ်မှုရှိပြီဆိုတာနဲ့ ဆေးစစ်ချက် အဖြေမရသေး သည်အထိ သီးခြားခွဲနေထိုင်သင့်ပါတယ်။ နေအိမ် တွင် ကွာရန်တင်း(Quarantine)ဝင်မယ်ဆိုရင် အချိန် ကာလအားဖြင့် ၁၄ ရက်နှင့်အထက် ကြာအောင် နေထိုင်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အသုံးအဆောင်တွေ၊ ဆေးဝါးတွေကို ပြင်ဆင်ထားဖို့လိုပါတယ်။ အတူနေအိမ်သား တွေနဲ့ သီးခြားခွဲနေရပါမယ်။ အိမ်မွေး တိရစ္ဆာန်တွေရှိရင်လည်း သီးခြားခွဲနေရပါ မယ်။ အိမ်သားတွေနဲ့ ပစ္စည်းတစ်ခုတည်းကို အတူတူသုံးတာမျိုး မလုပ်သင့်သလို အကိုင်အတွယ် များတဲ့ ပစ္စည်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပေး ရမှာဖြစ်ပါတယ်။ လက်ကိုလည်း မကြာခဏ ဆေးကြောပေးဖို့ လိုပါတယ်။ ဧည့်သည်လုံးဝ လက်မခံပါနဲ့။ အစားအသောက် ကိုလည်း အာဟာရ အမျိုးမျိုး စုံလင်အောင် စားသောက်ဖို့လိုအပ်ပါ တယ်။
ဒီလို နေအိမ်တွင် သီးသန့်ခွဲနေထိုင်နေစဉ် အတွင်းမှာ မိမိရဲ့ ရောဂါလက္ခဏာအခြေအနေ တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေဖို့လည်း လိုပြန်ပါတယ်။ ဥပမာ- ချောင်းပိုဆိုးလာပြီလား၊ အသက်ရှူတွေ ကျပ်လာပြီလား၊ အဖျားပိုကြီးလာပြီလား စသဖြင့်တွေကို စောင့်ကြည့်နေရပါမယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးမယ့် ဆရာဝန် (သို့မဟုတ်) ဆေးပညာရှင်တစ်ဦးဦးရှိနေရင် အကောင်းဆုံး ဖြစ်တဲ့အတွက် နေအိမ်မှာ သီးသန့်ကွာရန်တင်း (Quarantine) ဝင်ခြင်းထက် Quarantine CENTER တွေမှာ ဝင်နိုင်ရင်ပိုကောင်းပါတယ်။
Facility Quarantine များတွင်ဝင်ရောက်သူများအနေဖြင့် သိထားသင့်သည့် အချက်များ
ကွာရန်တင်း(Quarantine)စင်တာတွေမှာ ကွာရန်တင်း(Quarantine) ဝင်သူများအနေနဲ့ မိမိအတွက်သတ်မှတ်ထားတဲ့နေရာ အခန်းမှာသာ နေရပါမယ်။ အခြားခန်းတွေကို သွားရောက် လည်ပတ်တာ၊ စုဝေးစားသောက်တာ၊ စုဝေးတွေ့ဆုံစကားပြောတာတွေကို ရှောင်ကြဉ်ရပါမယ်။ Quarantineဝင်နေသူတစ်ဦးဟာ ရောဂါလက္ခဏာမပြသည့်တိုင် ရောဂါပိုးသယ်ဆောင်သူ တစ်ဦး ဖြစ်နိုင်တဲ့အတွက် မလွှဲရှောင်နိုင်တဲ့ အခြေအနေ အရ အခြားလူတွေနဲ့ဆက်ဆံတဲ့အခါမှာ ပါးစပ် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး အနည်းဆုံး (၆) ပေအကွာမှာ နေသင့်ပါတယ်။ လက်ကိုလည်း ဆပ်ပြာနဲ့ဖြစ်စေ၊ အယ်(လ်)ကိုဟော ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်ဆေးနဲ့ဖြစ်စေ မကြာခဏ စနစ်တကျဆေးသင့်ပါတယ်။ အများသုံးပစ္စည်းတွေ မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာ အသုံးပြုပြီးတိုင်း၊ အစာမစားမီနဲ့ စားပြီးတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးသည့်အခါတိုင်း၊ နှာခေါင်း စည်း (Mask) ကို မကိုင်မီနဲ့ ကိုင်ပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောရပါမယ်။ အသုံးပြုပြီးတဲ့ ပါးစပ် နှာခေါင်းစည်း (Mask)၊ တစ်ရှူး၊ ရေသန့်ဘူး စတဲ့ တစ်ခါသုံးပစ္စည်းတွေကိုလည်း အမှိုက်ပုံး ထဲမှာ စနစ်တကျ စွန့်ပစ်ရမှာဖြစ်ပြီး စည်းကမ်းမဲ့ တံတွေးထွေးတာ၊ အမှိုက်ပစ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။
ကွာရန်တင်း(Quarantine) ကာလ ၁၄ ရက် ပြည့်အောင် သတ်မှတ်စည်းကမ်းများနှင့်အညီ |နေထိုင်ပြီး ရောဂါလက္ခဏာတွေမပြဘူးဆိုရင်တော့ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရောဂါပိုး ကူးစက်ပြန့်ပွားမှုတွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အတွက် စနစ်တကျ ကွာရန်တင်း (Quarantine) ဝင်ပေးဖို့လိုမှာ ဖြစ်ပါကြောင်း နှိုးဆော်အပ် ပါတယ်။