ကိုဗစ်ကာကွယ်ဆေး အမြန်ထိုးနှံရေးပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်
ကမ္ဘာပေါ်တွင် လူသားများကို အဓိကခြိမ်းခြောက်နေသည်မှာ ကမ္ဘာ့ကပ်ရောဂါများပင် ဖြစ်ပါသည်။ ကပ်ရောဂါများကြောင့် လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခဲ့ကြရပါသည်။ ကပ်ရောဂါများမှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ကာကွယ်ဆေးများကို လူ့အသက်ကယ် နိုင်ရန်အတွက် ပညာရှင်များက အပတ်တကုတ် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ကပ်ရောဂါများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြိမ်တိုင်းတွင် လူသားများအနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
သေဆုံးသူ ၄ ဒသမ ၂၆ သန်းရှိ
လက်ရှိအချိန်တွင် လူသားများကို အဓိက ဒုက္ခပေးနေသည်မှာ ကိုဗစ်-၁၉ ရောဂါပင်ဖြစ်ပါ သည်။ Hopkins’s Dashboard အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ သန်း ၂၀၀ ကျော်တွေ့ရပြီး သေဆုံးသူ ၄ ဒသမ ၂၆ သန်းရှိနေပြီကို တွေ့နိုင်ပါသည်။ ထိုအချိန်တွင် ကာကွယ်ဆေးထိုးနှံပြီးသည့် | အကြိမ်ပေါင်း ၄ ဒသမ ၂၇ ဘီလီယံရှိပြီဖြစ်ပါသည်။
ကာကွယ်ဆေးထိုးနှံမှုကိုကြည့်လျှင် ထိုးနှံမှု အများဆုံး ၅၀ ရာခိုင်နှုန်းအထက် တိုင်းပြည်များမှာ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ပြီး လက်တစ်ဆုပ်စာ နိုင်ငံများဖြစ်ပါသည်။ ကျန်နိုင်ငံများ၏ထိုးနှံနိုင်မှုမှာ နည်းပါးသည်ကို တွေ့ရပြီး ဖွံ့ဖြိုးရန်လိုအပ် သည့်တိုင်းပြည်များ၏ထိုးနှံနိုင်မှုမှာ တစ်ရာခိုင်နှုန်း ခန့်သာရှိသည်ကို တွေ့ရပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းသည် လက်ရှိ ဖြစ်ပေါ်နေသော ကပ်ရောဂါကို ရပ်တန့်ရန်အတွက် ဖြစ်နိုင်ပါသလားဟုမေးလျှင် ဟုတ်ပါသည်ဟု ပညာရှင်များက သုံးသပ်ထားပါသည်။ မျိုးရိုးဗီဇ ပြောင်းလဲသည့် ပိုးများ ကူးစက်မှု မြင့်မားလာ သဖြင့် အနည်းဆုံး ၇၀-၈၀ ရာခိုင်နှုန်းခန့် ထိုးနှံရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်သည် အလွယ်တကူကူးစက်စေတတ်ပြီး ကူးစက်မှု အလွန်လျင်မြန်သဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုလိုအပ်ပါသည်။ ကာကွယ်ဆေးထိုးခြင်းဖြင့်
ရောဂါပြင်းထန်စွာ ခံစားရမှု၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတို့မှ ၉၀ ရာခိုင်နှုန်းနှင့်အထက် ကာကွယ်ပေးနိုင်ပါသည်။ သို့သော် ရောဂါကူးစက် ခံရခြင်းမှတော့ ၁၀၀ ရာခိုင်နှုန်း ကာကွယ် မပေးနိုင်ပါ။ သို့သော် ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါဖြစ်လျှင် ပြင်းထန်စွာ ဖြစ်ပွားနိုင်သည့် လူအုပ်စုများကိုတော့ တားဆီးကာကွယ်ပေးနိုင်ခြင်းဖြင့် သေဆုံးမှုလျော့ကျ စေနိုင်ပါသည်။ ။
ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အသက်ပေါင်း များစွာဆုံးရှုံးမှုမှ ကာကွယ်နိုင်သလို ကပ်ဘေးကို ထိန်းချုပ်နိုင်ပြီး လစဉ်လစဉ် ကမ္ဘာ့စီးပွားရေး တွင်လည်း အမေရိကန်ဒေါ်လာ ၃၇၅ ဘီလီယံ ဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ကာကွယ် ဆေးများ အညီအမျှရရှိခြင်းဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရောဂါဖြစ်ပွားလျှင် သေဆုံးနိုင်ခြေ များသော လူအုပ်စုကို ကာကွယ်နိုင်ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာကို လျော့ကျစေပြီး စီးပွားရေးထိခိုက်ပျက်စီးမှု အတိုင်းအတာကို လည်း လျော့နည်းစေမည်ဖြစ်ပါသည်။
ဤနေရာတွင် တစ်ခုသတိထားရမည်က ကာကွယ်ဆေးများသည် ကပ်ရောဂါကို ရပ်တန့် စေနိုင်သည်မဟုတ်ဘဲ ကာကွယ်ဆေးထိုးခြင်းကသာ ကပ်ရောဂါကို ရပ်တန့်စေနိုင်သည်ကို သဘောပေါက်ရန် လိုအပ်ပါသည်။ ယခုလိုလုပ်ဆောင်နိုင်စေရန် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းသော မျှတသည့် ကာကွယ်ဆေးဖြန့်ဖြူးမှုစနစ် လိုအပ်ပါသည်။ သို့မှသာ တိုင်းပြည်တိုင်းတွင် လူအုပ်စုများထံသို့ ကာကွယ်ဆေးများ ပိုမိုရရှိပြီး ပိုမိုကာကွယ်ပေးရန် ပိုမိုအရေးကြီးပါသည်။ ။
ကမ္ဘာ့ကာကွယ်ဆေးထိုးအချက်အလက်များအရ ၂၉ ရာခိုင်နှုန်းသော ကမ္ဘာ့လူဦးရေသည် ကာကွယ်ဆေး တစ်ကြိမ်ရရှိထားပြီး ၎င်းတို့ထဲမှ ၁၄ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အကြိမ်ပြည့်ရရှိထား ပါသည်။ ကမ္ဘာပေါ်တွင် စုစုပေါင်း ကာကွယ်ဆေး အကြိမ်ရေ ၄ ဒသမ ၂၇ ဘီလီယံ ထိုးနှံပြီးဖြစ်သလို နေ့စဉ်လည်း ၃၈ ဒသမ ၄၇ သန်း ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကာကွယ် ဆေးထိုးနှံနိုင်မှုအနေဖြင့်ကြည့်မည်ဆိုလျှင် ၂၇-၁၂၀၂၁ မှ၂၁-၇-၂၀၂၁ အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးမှာ လူဦးရေ (၁၈၂၅၆၄၂) ၁ ဒသမ ၈ သန်းကျော် ဦးတည်လူဦးရေ၏ ၆ ဒသမ ၀၈ ရာခိုင်နှုန်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။
ကာကွယ်ဆေး နှစ်သန်း ရောက်ရှိမည်
ထပ်မံပြီး ကာကွယ်ဆေးများကို များများနှင့် မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက် လျက်ရှိသလို နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ် ဆေးများရရှိရန် ဆက်လက်ညှိနှိုင်း ဝယ်ယူရန် ဆောင်ရွက်နေသည်လည်းရှိပါသည်။ လက်ရှိလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေး လေးသန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး Sinopharm (Beijing) နှစ်သန်းလည်း အသုတ်လိုက်ခွဲ၍ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေး နှစ်သန်းလည်း မကြာမီ အသုတ်လိုက် ရောက်ရှိမည်ဖြစ်ပါသည်။
ယခုလိုရောက်ရှိလာသော ကာကွယ်ဆေးများကို ဦးတည်အုပ်စုများကို ဦးစားပေး အစီအစဉ် အလိုက် စနစ်တကျ ထိုးနှံပေးရန်လုပ်ဆောင်နေသလို ကာကွယ်ဆေးကိုလည်း မြန်မာပြည်တွင်း မှာပဲ ထုတ်လုပ်နိုင်ရန် ကိုလည်း စီစဉ်လျက်ရှိပါသည်။ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည်အုပ်စု၏ ၅၀ ရာခိုင်နှုန်းအထက်လွှမ်းခြုံနိုင်ရန် ရည်မှန်း ဆောင်ရွက် နေခြင်းဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တွင် အရေးပါသည့် ကာကွယ်ဆေးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသကဲ့သို့ အခြားတစ်ဖက်မှာလည်း ပြည်သူလူထုကို ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပုဂ္ဂလိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်မှ ရောဂါကူးစက်လွယ်သော၊ ကူးစက်လျှင်ပိုမိုဆိုးရွားနိုင်သော အသက်(၆၅)နှစ်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများ၊ ဟိုတယ်။ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်းများ၊ ရောဂါဖြစ်ပွား လာလျှင် အစုလိုက်ဖြစ်ပွားစေနိုင်သော အကျဉ်း
ထောင်များရှိ အကျဉ်းသားများနှင့် အကျဉ်းသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂလိများ (ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း နှင့် စူပါမားကက်များ၊ ဈေးများမှ ဝန်ထမ်းများ)ကို ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိပါ သည်။ ဆေးရရှိမှုအပေါ် မူတည်၍ အမြန်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ။
ထိုဦးစားပေး အစီအစဉ်တွင် မပါဝင်သေးသော ပြည်သူလူထုအနေဖြင့် အမြန်ဆုံးထိုးနှံနိုင်ရန် အတွက် ပုဂ္ဂလိကအခန်းကဏ္ဍသည်လည်း အရေး ပါသောနေရာမှ ပါဝင်လျက်ရှိပါသည်။ ကာကွယ်ဆေး ထိုးခြင်းဖြင့် ပြည်သူများအကြားတွင် ရောဂါကူးစက်မှု ကွင်းဆက် ပြတ်တောက် လျော့ကျစေနိုင်ခြင်း၊ ရောဂါကြောင့် ဆေးရုံတက်ရောက်မှုများ၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားခံစားရ၍ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရမှုများဖြင့် ရောဂါကြောင့် သေဆုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။
ပုဂ္ဂလိကကဏ္ဍမှ ကာကွယ်ဆေးများ တင်သွင်းဖြန့်ချိပေးနိုင်ကြောင်းနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်း တွင်လည်း ထည့်သွင်းပြောကြားခဲ့သလို နိုင်ငံပိုင်သတင်းစာမှလည်း မတ်လအတွင်း ပုဂ္ဂလိက အခန်းကဏ္ဍကာကွယ်ဆေးများ လျှောက်ထားနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။
ထိုအသိပေးချက်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ website မှလည်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ၂၃-၆-၂၀၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ အသိပေးချက်တွင် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရည်အသွေးအာနိသင် ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကာကွယ်ဆေးများ ပြည်သူလူထုအတွင်း ထိုးနှံရရှိနိုင် ရေးအတွက် ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအချင်းချင်း လှူဒါန်းမှုဖြင့် ရရှိသော ကာကွယ်ဆေးများကို မှတ်တမ်းတင်ထားရှိထားကြောင်း၊ ပုဂ္ဂလိကဆေးဝါး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ၊ အာရှဒေသတွင် ထိုးနှံဆောင်ရွက် နေသော အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူး ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လို ပါကသတ်မှတ်အထောက်အထားများဖြင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း ကာကွယ်ဆေးတင်သွင်းသူများ လိုက်နာရန် အချက်(၈)ချက်ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်
(1) Letter of Authorization from Owner
(2) NRA/ FDA approval of vaccine fromcountry of origin
(3) Company Profile and ManufacturerLicense/ GMP Certificate
(4) Summary of Product Characteristics
(5) Batch or Lot release Certificate from regulatory Authority
(6) Patient information leaflet and package insert
(7) Container Labeling
(8) Storage and Distribution Plan
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ်ကိုလည်း တစ်ပါတည်း တင်ပြရ မည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ Risk Communication and Management Plan ကိုလည်း ကြိုတင်ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။
တင်သွင်းဖြန့်ဖြူးရောင်းချခွင့် ရရှိသူသည် Drug Import Approval Certificate (DIAC) ရှိရန်လိုအပ်ပြီး လိုက်နာရမည့် အချက်များ အနေဖြင့်- တင်သွင်းဖြန့်ဖြူးရောင်းချခွင့် ရရှိသူများသည် အမျိုးသားဆေးဝါးဥပဒေနှင့် အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်များကို လိုက်နာရမည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအမျိုးအစား အလိုက် သတ်မှတ်ထားသော အအေးလမ်းကြောင်းထိန်းစနစ်ကို တိကျစွာလိုက်နာရ မည်။ လိုအပ်သည့် သင်တန်းပေးခြင်း၊ ရေခဲ သေတ္တာများ တပ်ဆင်ခြင်း စသည်တို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်ရမည်။
ကာကွယ်ဆေးထိုးနှံရာတွင် တိုင်းဒေသကြီး/ ပြည်နယ်တုံ့ပြန်ရေးကော်မတီနှင့် ချိတ်ဆက်ပြီး Vaccine Management Information System (vmis@mohs.gov.mm)နှင့် ချိတ်ဆက်ပြီး ထည့်သွင်းရပါမည်။
ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုသတင်းပို့ခြင်း (Adverse Event following Immunization) ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းပေးပို့မှုစနစ်ဖြင့် ဆောင်ရွက် ရမည်ဟု ပါဝင်ပါသည်။
ခွင့်ပြုထားသော ကာကွယ်ဆေးများ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ် ဆေးတင်သွင်းဖြန့်ချိရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းလို သူများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ ကာကွယ်ဆေးတင်သွင်းရန် လျှောက်ထား လိုသူများအနေ ဖြင့် FDA အတွက် လိုအပ်သော အချက်အလက်များကို ပြုစုပြီး လျှောက်ထားရန် လိုအပ်သလို ပြည့်စုံပါက ဆေးတင်သွင်းဝယ်ယူရန်အတွက် Letter of recommendation ထောက်ခံစာပေးမည် ဖြစ်ပါသည်။ ခွင့်ပြုထားသော ကာကွယ်ဆေးများ နှင့်ပတ်သက်၍ WHO မှ အရေးပေါ်အသုံးပြုခွင့်ပေးသော ကာကွယ်ဆေးများ (သို့) ကာကွယ်ဆေး ထုတ်လုပ်သည့် သက်ဆိုင်ရာနိုင်ငံများမှ အရေးပေါ်အသုံးပြုခွင့်ရထားသော ကာကွယ်ဆေးများ(သို့) သက်ဆိုင်ရာ ကာကွယ်ဆေးထိုးနှံမည့် နိုင်ငံများမှ FDA ခွင့်ပြုချက်ရထားသော ကာကွယ်ဆေးများ ဖြစ်ရမည်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးနှံရာတွင် တိုင်းဒေသကြီး/ ပြည်နယ် တုံ့ပြန်ရေးကော်မတီနှင့် ချိတ်ဆက်ကာကွယ်ဆေးနှင့် ပတ်သက်သည့် အချက်အလက်များ စီမံခန့်ခွဲရေးစနစ် (Vaccine Management Information System vmis@mohs. gov.mm)ကို ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆိုပါစနစ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ကွန်ပျူတာဌာနတို့ ပူးပေါင်းပြီး တည်ဆောက်ထားခြင်း ဖြစ်ကာ ယင်းတွင် အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ ပါဝင်ပါမည်။
ပုဂ္ဂလိက ဆေးဝါးဖြန့်ချိရေးကဏ္ဍမှ တင်သွင်း ဖြန့်ချိခွင့်ပြုသည့်အတွက် လက်ရှိတွင် နိုင်ငံတော် အစိုးရက ဦးစားပေးထိုးနှံသည့် အုပ်စုတွင် မပါဝင်သေးသူများ အမြန်ထိုးနှံခွင့်ရခြင်း၊ မိသားစုလိုက် ရွေးချယ်နိုင်ခြင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုသို့ ထိုးနှံထားခြင်းဖြင့် ရောဂါ ကူးစက်မှုသံသရာ ဖြတ်တောက်နိုင်ပြီး မိမိ၏ ကိုယ်ခန္ဓာသည် ရောဂါပိုးဖြန့်ဝေနိုင်သည့် အခြေအနေမှ လွတ်ကင်းမည်ဖြစ်ပြီး ရောဂါကြောင့် ပြင်းထန်စွာခံစားရမှုကိုလည်း ရှောင်လွှဲနိုင်မည် ဖြစ်ပါသည်။
တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက် အချုပ်အားဖြင့် ဆိုရလျှင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည့် အချိန်တွင် ပုဂ္ဂလိကအခန်းကဏ္ဍမှလည်း တစ်ဖက်တစ်လမ်းက အားဖြည့်ပါဝင် ကူညီဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား ထိန်းချုပ်မှုတွင် နိုင်ငံသားကောင်း တစ်ယောက်အဖြစ် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စွာ ပါဝင်ဆောင် ရွက်ရာလည်းမည်ပါသည်။ ပြည်သူများကလည်း ရရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အရေပြည့် ထိုးနှံရန် လိုအပ်ပါသည်။ ထိုသို့ ထိုးနှံခြင်းနှင့်အတူ အခြားသော ကိုဗစ်- ၁၉ စည်းကမ်းများဖြစ်သည့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လူအုပ်စုများမှ ရှောင်ကြဉ်ခြင်း၊ ချောင်းဆိုး နှာချေလျှင် အုပ်ဆိုးခြင်း၊ လေကောင်းလေသန့်ရသည့် နေရာတွင်
နေထိုင်းခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုလျှင် မကြာခင်အချိန်အတွင်း ကိုဗစ်-၁၉ ရောဂါကို ကောင်းစွာအနိုင်ယူထိန်းချုပ်နိုင်ပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အမြန်ဆုံး ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
မြန်မာပြည်သူပြည်သားများအားလုံး ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပွားသေဆုံးခြင်းမှ အမြန်ဆုံး ကင်းဝေးရန်မှာ အားလုံး၏ညီညွတ်သော ပူးပေါင်း ဆောင်ရွက်မှုသည် အဓိကနေရာမှ ပါဝင်နေသဖြင့် စုပေါင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်ကြပါစို့၊ ပုဂ္ဂလိကကဏ္ဍမှလည်း ပါဝင်ကူညီ ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ခင်ခင်ကြီး