အောက်ဆီဂျင်မလုံလောက်ရင် ဘာဖြစ်မလဲ ဘယ်အချိန်မှာ အောက်ဆီဂျင် အဆိပ်သင့်မလဲ
ကမ္ဘာကြီးသည် ယခုအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုး (ကိုဗစ် - ၁၉) နှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ထိုအထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။ လူသားများ ရှင်သန်နိုင်ရန်အတွက် အောက်ဆီဂျင်သည် မရှိမဖြစ် အရေးပါသဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်ပြီး သိရှိထားသင့်သော အောက်ဆီဂျင်ဖိအားများအကြောင်းကို ကောက်နုတ်ဆွေးနွေးသွားပါမည်။
အောက်ဆီဂျင် (Oxygen – O2)
အောက်ဆီဂျင်သည် ဓာတ်ငွေ့ အားလုံးထဲတွင် အရေးအကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် အပေါများ ဆုံးသော ဓာတ်ငွေ့ တစ်ခု ဖြစ်သည်။ အောက်ဆီဂျင် မပါဘဲ မီးမလောင်နိုင်သကဲ့သို့ အောက်ဆီဂျင် မရှိဘဲ လူတို့သည် အသက်မရှင်နိုင်ပါ။ ၎င်းသည် လေထုထဲတွင် (၂၁%) ပါရှိပြီး မော်လီကျူးတစ်ခု ဖြစ်ရန် အက်တမ်နှစ်ခု တွဲဖက်ပါဝင်သည်။ အရောင်မရှိ၊ အနံ့မရှိ၊ အရသာမရှိသော၊ တက်ကြွသော ဓာတ်ငွေ့ဖြစ်ပြီး အခြားဒြပ်စင်များနှင့် အလွယ်တကူ ပေါင်းစပ်နိုင်ပါသည်။ ကျွန်ုပ်တို့ ရှူရှိုက်မိသော လေထဲမှ အောက်ဆီဂျင်ဓာတ်ကိုသာ ခန္ဓာကိုယ်မှ အသုံးပြုပြီး ကျန်လေ၏ (၇၉%) သည် အခြားဓာတ်များဖြစ်ကာ ၎င်းတို့သည် အောက်ဆီဂျင် ဓာတ်ငွေ့ကို အားပျော့သွားစေသည် (သို့မဟုတ်) ပြင်းအားနည်းစေသည်။
၁၀၀ ရာခိုင်နှုန်း သန့်စင်သော O2 ကို ဆေးရုံ များ၊ လေယာဉ်များနှင့် ဖိအားထိန်းဆေးကုသနည်း ဌာနများတွင် အသက်ရှူရန်အတွက် အသုံးပြုလေ့ ရှိပါသည်။ တစ်ခါတစ်ရံတွင် (၁၀၀%) သန့်စင်သည့် O2 ကို ရေတိမ်ရေငုပ်ခြင်းများနှင့် ရောနှော ဓာတ်ငွေ့ဖြင့် ရေငုပ်ခြင်းများတွင် အသုံးပြုပါသည်။ သို့ရာတွင် ဖိအားများအောက်တွင် သန့်စင်သော အောက်ဆီဂျင်ကို ရှူရှိုက်မိပါက အောက်ဆီဂျင် အဆိပ်သင့်ခြင်း၏ စိုးရိမ်ဖွယ်ရာ ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါသည်။
• ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide -CO2)
ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် တိရစ္ဆာန်နှင့်လူသားတို့၏ အသက်ရှူခြင်းမှ သဘာဝ အရ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းတစ်ခု ဖြစ်ပြီးအစာတွင် ကာဗွန်ဓာတ်တိုးခြင်းဖြင့် စွမ်းအင် ရရှိစေပါသည်။ ၎င်းဓာတ်ငွေ့ သည် လေထဲတွင် ရာခိုင်နှုန်းအနည်းငယ်သာတွေ့ရသော အရောင်၊ အနံ့၊ အရသာမရှိသော ဓာတ်ငွေ့ ဖြစ်ပါသည်။ ပိုမိုများ ပြားလာသောအခါ ၎င်းသည် အက်စစ် အရသာနှင့် အနံ့ရှိသည်။ CO2 ၏ တစ်ပိုင်းတစ်စ ဖိအား တိုးသည့်အချိန်တွင် အသက်ရှူမိသောအခါ သတိလစ်သွားနိုင်သည်။ လေထဲတွင် CO2 ဓာတ်ငွေ့ ပါဝင်မှု အလွန်မြင့်မားနေလျှင် အဆိပ်အတောက် ဖြစ်စေနိုင်သည်။ အလုံပိတ်နှင့် လေဝင်လေထွက် နည်းသော အခန်းများတွင် အသက်ရှူကိရိယာ များဖြင့် အသက်ရှူပြီးနောက် ထွက်ပေါ်လာသည့် CO2 ပိုလျှံမှုကို ဖယ်ရှားခြင်းသည် ဘေးကင်း လုံခြုံရေးအတွက် အဓိက လိုအပ်ပါသည်။
လေထုဖိအား
စံသတ်မှတ်ချက် လေထုဖိအားမှာ ပင်လယ်ရေ မျက်နှာပြင် သုည ပေတွင် လေထုဖိအား ၁ ယူနစ် ရှိပါသည်။ လေထု ၁ ယူနစ်၏ ဖိအားသည် (14.7) psi သို့မဟုတ် (10N/cm2) ရှိပါသည်။ လေထုဖိအား သည် ပင်လယ်ရေမျက်နှာပြင်တွင် ပုံသေကိန်းသေ ဖြစ်ပြီး ရာသီဥတုကြောင့် ဖြစ်ပေါ်သော အသေးစား အတက် အကျများကို များသောအားဖြင့် လျစ်လျူရှုနိုင်ပါသည်။ လေထုဖိအားသည့် အရပ်မျက်နှာ အားလုံးရှိအရာဝတ္ထုအားလုံးအပေါ်တွင် သက်ရောက် ပါသည်။
ဖိအားတိုင်းတာသည့် ကိရိယာ အများစုသည် gauge ကိရိယာ၏ အပြင်ဘက်နှင့် အတွင်းဘက် အကြား မတူညီသောဖိအားကို တိုင်းတာပါသည်။ ထို့ကြောင် လေထုဖိအားသည် ဆလင်ဒါဘူး {ဂက်စ်ဘူး) ထဲတွင် ဖိသိပ်ထည့်သွင်းထားသည့်လေ ၏ ဖိအားကို တိုင်းတာသည်ကိရိယာတွင် ပြသခြင်း မရှိပါ။ဆလင်ဒါဘူးထဲတွင် ထည့်သွင်းထားသောလေ နှင့် gauge သည် လေထု၁ ယူနစ် (1 atmosphere) (14.7 psi or 10N/cm2) ၏ ဖိအားအောက်တွင် တည်ရှိနေပါသည်။ gauge ကိရိယာသည် လေထု နှင့် သိုလှောင်ကန်ထဲတွင်ရှိသော တိုးမြှင့်လေဖိအားများအကြား ဖိအား ခြားနားမှုကို တိုင်းတာပါသည်။ ၎င်းကို gauge pressure ဟု ခေါ်ပါသည်။
သို့ရာတွင် ရေအောက်တွင် ငုပ်နေသည့်အခါ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်သောနေရာတို့တွင် လေထုဖိအားကို ထည့်သွင်းတွက်ချက်ရန် အရေးကြီးပါသည်။ စုစုပေါင်း ဖိအားကို ပကတိ ဖိအားဟုခေါ်ပြီး ပုံမှန်အားဖြင့် လေထု၏ ယူနစ် များဖြင့် ဖော်ပြပါသည်။
ဤထူးခြားမှုသည် အရေးကြီးပြီး ဖိအားကို gauge (Psig) (သို့မဟုတ်) ပကတိဖိအား absolute (psia) ဟူ၍ တစ်မျိုးမျိုးဖြင့် သတ်မှတ်ရမည် ဖြစ်ပါသည်။ ဖိအားအမျိုးအစားကို (psi) ဟုသာ သတ်မှတ်သောအခါ ၎င်းသည် gauge pressure ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
• ဓာတ်ငွေ့ ဖိအားကို ဖော်ပြသုံးနှုန်းသော ဝေါဟာရများ
အောက်ပါတို့ ဖြစ်ပါသည်
(က) လေထု ။ စံပြလေထုဖိအားကို အများအားဖြင့် 10N/cm2 (or) 14.7 psi (သို့မဟုတ်) လေထုဖိအား (၁) ခု / (၁) uppe one Atmosphere absolute (1ata) ဟု ဖော်ပြပါသည်။
(ခ) လေဖိအားတိုင်း ကိရိယာ ။ ပြဒါးတိုင်၏ အမြင့်ဆုံးအမှတ်ဖြင့် ဖော်ပြနိုင်ပြီး အထူးသဖြင့် လေထုဖိအားနှင့် တူညီသော်လည်း ရာသီဥတုနှင့်အတူလိုက်၍ ပြောင်းလဲနိုင်ပါသည်။ ကွဲပြားပါသည်။ စံ ဖိအားပမာဏသည် 29.92 inches of mercury လက်မ မာကျူရီ၊ 760 millimeters of mercury မီလီမာကျူရီ၊ (သို့မဟုတ်) 1013 militars ဖြစ်ပါသည်။
(ဂ) ဖိအားတိုင်းတာသည့် ကိရိယာ။လေထုဖိအားနှင့် တိုင်းတာရရှိပြီးသော ဖိအား နှစ်ခုကြား ကွာခြားမှုကို ရည်ညွှန်းဖော်ပြပါသည်။
(ဃ) ပကတိဖိအား ။ (လက်ရှိ) သက်ရောက်နေသော စုစုပေါင်းဖိအား၊ (ဥပမာ - တိုင်းတာရရှိသော ဖိအားနှင့် လေထု ဖိအားပေါင်းခြင်း)။
• ဆေးဖက်ဆိုင်ရာ အဆိပ်အတောက်တို့နှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားရမည့် အချက်များ
အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းစဉ်၏ ရိုးရှင်းသော ဖော်ပြချက်နှင့်အတူ စတင်ကြပါစို့။ အဆုတ်ထဲသို့ ဝင်ရောက်လာသောလေသည် အလွန်သေးငယ်သော လေအိတ်ဟုခေါ်သော တစ်ဖက်ပိတ် နေရာသို့ ရောက်ရှိလာသည်။ ထိုအလွန်သေးငယ်သော လေအိတ်ငယ်များတွင် ဆံခြည်မျှင် သွေးကြောများ (အလွန်သေးငယ်သည့် သွေးကြောငယ်လေးများ) နှင့် ပြည့်လျက်ရှိနေသော ပါးလွှာလွန်းသည့် နံရံများ ရှိနေပါသည်။
ထိုအဆုတ်၏ သေးငယ်သောလေအိတ်များ ပေါင်းလိုက်ပါက ကြီးမားသည့်မျက်နှာပြင် ဧရိယာ တစ်ခုအဖြစ် ထောက်ပံ့ပေးပြီး ရှူသွင်းလိုက်သည့် ဓာတ်ငွေ့ များသည် ဆံခြည်မျှင် သွေးကြောများထဲ စိမ့်ဝင်၍ ထိုနေရာမှတစ်ဆင့် ခန္ဓာကိုယ်ရှိ အခြား သွေးကြောများသို့ အဆင့်ဆင့် စီးဆင်းသွားပါသည်။
ရလဒ်အနေဖြင့် ဓာတ်ငွေ့များသည် O2 ရှူသွင်း ခြင်းနှင့် Co2 ပြန်ထုတ်ခြင်း (၂) မျိုးစလုံးသည် သွေးနှင့်အတူ အလျင်အမြန် မျှခြေဖြစ်လုနီးပါး ဖြစ်ပေါ်နေပါသည်။ သွေးနီဆဲလ်များတွင်ကြသည် အနည်းငယ် အားပျော့သော ဓာတုဓာတ်စည်း တစ်ခုဖွဲ့စည်းရန် သွေးနီဥအတွင်းရှိ အောက်ဆီဂျင် သယ်ဆောင်သော အနီရောင်ပစ္စည်း သွေး ဆဲလ် ဟေမိုဂလိုဘင်နှင့် ဓာတုဗေဒနည်းအရ ပေါင်းစပ် လိုက်ပါသည်။
သွေးနီဥကို အဆုတ်မှဝေးကွာသော သွေးလည် ပတ်မှုစနစ်သို့ သယ်ဆောင်သွားသောအခါ ထိုအချိန်တွင် O2 ကို ဆဲလ်များက လွတ်လပ်စွာ စားသုံးပါသည်။ ဆဲလ်မှပြန်ထွက်လာသော Co2 နှင့် အခြားစွန့်ပစ် ပစ္စည်းများကို ထုတ်လွှတ်ရန် အတွက် ၎င်းတို့ကို သွေးသည် အဆုတ်ဆီသို့ ပြန်လည် သယ်ဆောင်သွားပါသည်။ (ပုံ-၁)သည် အသက်ရှင်သန်ထောက်ပံ့မှုနှင့် ပတ်သက်ပြီးလူ့ခန္ဓာကိုယ် အတွက် ဟန်ချက်ညီမျှမှုကို ဖော်ပြထားပါသည်။
ပုံမှန်အခြေအနေများအောက်တွင် လူ၏အသက်ရှူနှုန်းသည် ၁မိနစ်လျှင် (၁၅) ကြိမ်ခန့် ရှိပြီး (သို့မဟုတ်) ၁နာရီလျှင် (၂၀) ကုပပေခန့် (ဇယား-၂) တွင် ဖော်ပြထားသော ခြောက်သွေ့သော လေကောင်းလေသန့် ရှူသွင်းပါသည်။
တစ်ကြိမ်ရှူသွင်းလျှင်လေဝင်ရောက်မှု ပမာဏ ကုဗပေသည် (0.02 ft3 per breath) (SCFB) ခန့် သာရှိပါသည်။ ထိုပမာဏသည် အဆုတ်စွမ်းဆောင် နိုင်မှု စုစုပေါင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်ပါသည်။ မြင့်မားသော လုပ်ဆောင်မှု ဆောင် ရွက်နိုင်ရန်အတွက် ပိုမိုများပြားသော O ရရှိရန် လိုအပ်ပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်း ရန်အတွက် အသက်ရှူနှုန်း ပိုမိုမြင့်မားလာခြင်းနှင့် တစ်ကြိမ်လျှင် အသက်ရှူသွင်းသည့် ပမာဏ ပိုမိုများပြားရန် လိုအပ်ပါသည်။ ။
အနိမ့်ဆုံးအားဖြင့် လူ့ခန္ဓာကိုယ်သည် ဦးနှောက်နှင့် အခြားအရေးကြီးသော ကိုယ်အင်္ဂါအစိတ် အပိုင်းများ၏ ဇီဝဓာတုဆိုင်ရာ လုပ်ဆောင်မှုများကို ထောက်ပံ့ရန်အတွက် လုံလောက်သော O, ကို စုပ်ယူရမည် ဖြစ်ပါသည်။
လေစုပ်ယူမှု ပုံသေဟန်ချက်ညီမျှမှုရှိရန် ပတ်ဝန်းကျင် လေထုထဲတွင်ပါရှိသော အောက်ဆီဂျင်၏ တစ်ပိုင်းတစ်စဖိအား (Partial Pressure of O2) (သင်္ကေတအားဖြင့် (PO2) သို့မဟုတ် (Pp0) ဖြင့် ဖော်ပြပါသည်) သည် သွေးတစ်ယူနစ်တွင် သယ်ဆောင်သွားနိုင်သောအောက်ဆီဂျင်၏ပမာဏ ကို ဆုံးဖြတ်ပေးပါသည်။
(ဤနေရာတွင် ရောနှောဓာတ်ငွေ့ တစ်မျိုး၏ တစ်ပိုင်းတစ်စဖိအားအကြောင်းကို နားလည်ရန် လိုအပ်ပါသည်။ ဓာတ်ငွေ့ အရောအနှောတစ်ခုတွင် ဓာတ်ငွေ့ တစ်မျိုးက ဖြည့်ဆည်းထောက်ပံ့ပေး ထားသော စုစုပေါင်းဖိအား၏ အစိတ်အပိုင်းကို ထိုဓာတ်ငွေ့၏ တစ်ပိုင်းတစ်စဖိအား (သင်္ကေတ pp) ဟု ခေါ်ပါသည်။ အလွယ်တကူ နားလည်နိုင်သော ဥပမာတစ်ခုမှာ လေထုဖိအား တစ်ယူနစ် (14.7 psi) ရှိ ကွန်တိန်နာတစ်လုံး ဖြစ်သည်။ ကွန်တိန်နာကို အောက်ဆီဂျင်တစ်မျိုးတည်းနှင့် ဖြည့်ထားခဲ့လျှင် အောက်ဆီဂျင်၏ တစ်ပိုင်း တစ်စဖိအားသည် လေထု ၁ ယူနစ် ဖြစ်လိမ့်မည်။ လေထုဖိအား ၁ ယူနစ်ရှိ တူညီသော ကွန်တိန်နာ တစ်ခုကို ခြောက်သွေ့သောလေ (dry air) နှင့် ဖြည့်ထားခဲ့လျှင် (ဇယား-၁) တွင် ဖော်ပြထားသည့် အတိုင်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်သော ဓာတ်ငွေ့များ အားလုံး၏ တစ်ပိုင်းတစ်စ ဖိအားများသည် စုစုပေါင်း တစ်ပိုင်းတစ်စဖိအားကို ဖြည့်ဆည်းထောက်ပံ့လိမ့်မည်။)
ပုံမှန်ကျန်းမာသန်စွမ်းသူတစ်ဦး၏ သွေးလွှတ်ကြောထဲရှိ သွေးတွင် အောက်ဆီဂျင်၏ တစ်ပိုင်း တစ်စဖိအား (P) သည် (110 Torr) (သို့မဟုတ်) ၎င်းထက် ပိုမိုမြင့်မားသည့် ဖိအား (ပင်လယ်ရေ မျက်နှာပြင်၊ P = 160 Torr) ရှိသောအခါ ၎င်းသွေးထဲတွင် (၁) ပါဝင်မှုသည် (90%) အထက် ပါရှိပါသည်။
(Torr ဆိုသည်မှာ အတိအကျသတ်မှတ်ထား သော အတိုင်းအတာ absolute scaleတစ်ခုပေါ်တွင် အခြေခံပြီး ဖိအားတိုင်းတာသော ယူနစ်တစ်ခု ဖြစ်ပါသည်။ ပုံမှန်လေထု (101325 Pa) ၁ ယူနစ် ၏ (1 / 760) ပုံ အနေဖြင့် သတ်မှတ်ထားပါသည်။) (ပုံ -၂ တွင် ဖော်ပြထားသော ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ သန့်ရှင်းခြောက်သွေ့သောလေ (clean dry air) တွင် အောက်ဆီဂျင်၏ တစ်ပိုင်းတစ်စဖိအား (partial pressure) 159 Torr goasing တွေ့မြင်ရမည် ဖြစ်ပါတယ်။ ထိုပမာဏ အနည်းဆုံး ရှိမှ သွေးထဲတွင် အောက်ဆီဂျင် ပမာဏ 90% အထက် ရှိပါမယ်၊ ကျွန်ုပ်တို့ ယခု လူပြောများ နေသော သွေးထဲတွင် အောက်ဆီဂျင် 98% ရှိဖို့ ဆိုရင် မည်မျှ Torr လိုမည်ကို မှန်းဆနိုင်ပါတယ်။)
ထို့ကြောင့် သွေးထဲတွင်, နည်းခြင်း မဖြစ်ပေါ် လာစေရန် လေထု၏ O2 ပမာဏသည် (110 Tom) (သို့မဟုတ်) ပိုမိုမြင့်မားသော ဖိအားရှိနေစေရန် သေချာအောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဤအတိုင်းအတာသည် အောက်ဆီဂျင်ပါဝင်မှု တစ်စိတ်တစ်ပိုင်း ဖိအား (PO2) အတွက် အကြမ်း အားဖြင့် ပင်လယ်ရေမျက်နှာပြင်မှ စီးပွားဖြစ် လေယာဉ်ပျံအခန်းတစ်ခုတွင် ထိန်းသိမ်းထားသော လေထုဖိအား အဆင့်အထိ (သို့မဟုတ်) ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၉၀၀၀ ခန့်မြင့်သော ကိုလံဘီယာနိုင်ငံ ဘိုကိုတာ (Bogota) ရှိ လေထု အခြေအနေနှင့် ညီမျှသည့် အခြေအနေဖြစ်ပါသည်။
• အောက်ဆီဂျင် မလုံလောက်ခြင်း၊ ချို့တဲ့ခြင်း
ခန္ဓာကိုယ်သို့ (O2) လုံလောက်စွာ မပို့ဆောင်နိုင်ခြင်းသည် သွေး ၁ ယူနစ်တွင် ဝ, ကို သယ်ဆောင် သွားသော လေထုထဲရှိ အောက်ဆီဂျင်၏ တစ်ပိုင်း တစ်စဖိအား ပမာဏ (PO2) နိမ့်ကျသော လေထု အခြေအနေ ရလဒ်ကြောင့် ဖြစ်ပါသည်။ Hypoxia ဆိုသည်မှာ သွေးလွှတ်ကြောထဲရှိ သွေးထဲတွင် အောက်ဆီဂျင် မလုံလောက်/ ချို့တဲ့သည့် အခြေအနေဖြစ်ပြီး O2 မလုံလောက်မှု ဆက်လက်ဖြစ်ပေါ် လာပါက ဆဲလ်များ၏ ပုံမှန်လုပ်ဆောင်မှုကို နှောင့်နှေးစေပြီး တဖြည်းဖြည်းနှင့် ဆဲလ်များသည် သေသွားပါသည်။
အသက်ရှူသွင်းပြီးနောက် အသက်အောင့် ထားခြင်းပြုလုပ်စဉ် အတောအတွင်း ၀ ရရှိမှု မရှိသော်လည်း ခန္ဓာကိုယ်သည် ဝ ကို ဆက်လက်စားသုံးနေသဖြင့် အဆုတ်တွင် ရှိသည့် P သည် တဖြည်းဖြည်း ကျဆင်းလာပါသည်။ အသက်အောင့်ခြင်းသည် အချိန်ကြာမြင့်လာလျှင် hypoxia ဖြစ်လာလိမ့်မည်။ နောက်ဆုံး အကျိုးသက်ရောက်မှုမှာ ဦးနှောက်အတွက် အန္တရာယ်အရှိဆုံးဖြစ်ပါသည်။ လေထုထဲရှိ အောက်ဆီဂျင်၏ တစ်ပိုင်းတစ်စဖိအား ပမာဏ (P) နိမ့်ကျခြင်းကြောင့် ဖြစ်ပေါ်လာသော Hypoxia ၏ ရောဂါလက္ခဏာများမှာ အောက်ပါတို့ ဖြစ်ပါသည် -
(က) ညဘက်အမြင်အာရုံ ထိခိုက်ခြင်း ၊
( ခ ) အသက်ရှူမှု ပြင်းထန်ခြင်း ၊
( ဂ ) ဝေဖန်ပိုင်းခြားနိုင်စွမ်း ချင့်ချိန်နိုင်စွမ်း ဆုံးရှုံးခြင်း၊
(ဃ) အာရုံစူးစိုက်မှု လျော့နည်းခြင်း၊
(င) မူးဝေခြင်း ၊
( စ) စဉ်းစားဆုံးဖြတ်မှု နှေးကွေးခြင်း ၊
(ဆ) ကြွက်သား ထိန်းချုပ်နိုင်မှုမရှိခြင်း၊
(ဇ) ညင်သာစွာ လုပ်ဆောင်နိုင်မှုမရှိခြင်း (သို့မဟုတ်) ကျွမ်းကျင်မှုလိုအပ်သော တာဝန်များကို ထမ်းဆောင်နိုင်မှု မရှိခြင်း၊
(ဈ) အိပ်ငိုက်ခြင်း ၊
(ည) အားနည်းခြင်း၊
(ဋ) စိတ်လှုပ်ရှားမှု၊
(ဌ) အလွန်အမင်း စိတ်အား ထက်သန်ခြင်း၊
(ဍ) သတိလစ်ခြင်း၊
(ဎ) သေဆုံးခြင်း ။
အောက်ဆီဂျင် အဆိပ်သင့်ခြင်း
အဆုတ်ဒဏ်ရာရခြင်း ဆိုသည်မှာ အောက်ဆီဂျင်၏ တစ်ပိုင်းတစ်စဖိအား (P) သည် (380 Tor) ကျော်လွန်ခြင်း နှင့် ယေဘုယျအားဖြင့် ပတ်ဝန်းကျင် ဖိအား Barometric Pressure (PB) များပြားလာခြင်း တို့၏ ရလဒ်ဖြစ်ပါသည်။
နိဂုံး
အဆုတ်မှတစ်ဆင့် သွေးနီဥအတွင်းရှိ အောက်ဆီဂျင် သယ်ဆောင်ပေးသော အနီရောင် သွေးဆဲလ် ဟေမိုဂလိုဘင် (hemoglobin) လုပ်ဆောင်ပုံ၊ လူတစ်ဦး၏ ပုံမှန် အသက်ရှူနှုန်း၊ ပုံမှန်ကျန်းမာသူ တစ်ဦး၏ သွေးထဲရှိအောက်ဆီဂျင် ပါဝင်မှု ဖိအား အစိတ်အပိုင်း ပမာဏ Por Pp0 (Torr)၊ သွေးထဲရှိ အောက်ဆီဂျင် ပါဝင်မှု ၉၀% အထက် ရှိအောင်လိုအပ်မည့် (Torr)၊ အောက်ဆီဂျင် ချို့တဲ့ပါက ဖြစ်ပေါ်လာမည့် လက္ခဏာများနှင့် အသက်ဆုံးရှုံးမှုနှင့် အောက်ဆီဂျင် အဆိပ်သင့်သည့် အခြေအနေတွင် ရှိမည့် (Tom) ပမာဏ တို့ကို သိရှိ နားလည်ခြင်းဖြင့် အောက်ဆီဂျင် တိုင်းတာသည့် ကိရိယာနှင့် ICU အခန်းတွင် လူ၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသောစက်ကိရိယာများ၏ မော်နီတာတွင် ဖော်ပြထားသော သင်္ကေတများ ပမာဏများကို သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ထို့ပြင် လူပြောများသည့် အောက်ဆီဂျင် အဆိပ်သင့်သည့် ပမာဏကိုသိရှိပြီး အသက် မလွန်ဘဲ ချင့်ချိန်နိုင်မည် ဖြစ်ပါသည်။ အောက်ဆီဂျင် နှင့် သက်ဆိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် ကပ်ဘေးကြီးမှ ကင်းဝေးကြပါစေ။
သန်းဇော်