Skip to main content

လောကကြီးက ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး

 
လောကနိယာမ
လောကနိယာမတရားတွေဟာ ကမ္ဘာဦးကတည်းက တည်ရှိခဲ့ပြီး အမြဲမှန်နေတဲ့တရားတွေ ဖြစ်ပါတယ်။ ဧည့်ကြို တစ်ယောက်ပဲ ဖြစ်ဖြစ်၊ လွန်ပျူတာပရိုဂရမ်မာပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်သူဌေးကြီးပဲ ဖြစ်ဖြစ် လောကနိယာမတရားဟာအတူတူပ် မှန်နေမှာဖြစ်ပါတယ်။
သစ်စေ့နိယာမ (The Law of Seed)
ပထမဦးဆုံး သစ်စေ့နိယာမအကြောင်း ပြောပြချင်ပါတယ်။ သစ်စေ့တစ်စေ့ကို စိုက်ပျိုးဖို့ မြေတူးရပါမယ်။ မြေဩဇာ ထည့်ရပါ တယ်။ ပြီးနောက်သစ်စေ့ကိုထည့်ပြီး ရေလောင်းရပါမယ်။ (အားစိုက် ထုတ်ခြင်း ဖြစ်ပါသည်) ၎င်းနောက်ရက်အတန်ကြာ စောင့်ရပါမယ်။ (စိတ်ရှည်ရပါမည်) သစ်စေ့မှ အပင်ပေါက်၊ အပင်ပေါက်ပြီး အသီးသီးမှ ခူ၍ရပါမယ်။
အားစိုက်ထုတ်ခြင်း + စိတ်ရှည်စွာစောင့် = အကျိုးကျေးဇူး
ဤနိယာမဟာ ကမ္ဘာဦးကတည်းက တည်ရှိခဲ့ပါတယ်။ ကမ္ဘာ ဦးကတည်းက လူသားများကိုယ်တိုင် စိုက်ပျိုးကြ၍ ဤနိယာမကို နားလည်ကြပါတယ်။ အခုဆော်ကမာမီးခေါက်ဆွဲထုတ် ဖြစ်နေ ၍ "သုံးမိနစ်ပဲ စောင့်” ကြော်ငြာကြည့်ပြီး သစ်စေ့ နိယာမကို သတိမပြု ကြပါ။ လူတော်တော်များများက အီနေ့ သစ်စေ့ကိုပျိုးရင် မနက်ဖြန် ဘာရမလဲ” မေးခွန်း မေးကြပါတယ်။ အဖြေကတော့ "စိုနေတဲ့ သစ်ရုပ်ရပါမယ်”။ သစ်စေ့ရဲ့နိယာမက “သင်ယနေ့ သစ်စေ့ကို ပျိုးဝေတင်စိုက်ပျိုးရင် တစ်ချိန်မှာ အသီးစားရမယ်” လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ပဲစေ့ကို စိုက်ခဲ့ရင် လေးလနေရင် ပဲသီးစားရပါမယ်။
တချို့လူတွေက “ငါ့မှာ အလုပ်ကောင်းကောင်းလေးရှိရင် ငါ ကြိုးစားပြီးလုပ်မှာပါ။ အခုတော့ ကားမောင်းရတဲ့ ဒရိုင်ဘာအလုပ်ပဲ။ ဘာမှကြိုးစားဖို့မလိုဘူး” လို့ တွေးကြပါတယ်။ မှားပါတယ်။ ဘယ် အလုပ်မဆို တန်ဖိုးထားပြီး ကြိုးစားဖို့လိုပါတယ်။ တော်တဲ့ဒရိုင်ဘာ၊ အလုပ်ကြိုးစားတဲ့ ဒရိုင်ဘာက အလုပ်ကောင်းကောင်း လာကောင်းကောင်း ရပါလိမ့်မယ်။ ကြိုးစားအားထုတ်မှုက စရပါလိမ့်မယ်။ ဒါလည်း သစ်စေ့နိယာယ် ဖြစ်ပါတယ်။ 'လူတွေက သစ်စေ့နိယာမကို နားမလည်တဲ့အခါ
"ကျွန်တော့်ကို ရာထူးတိုးပေးရင်။ ဒီထက်ပိုပြီး ကြိုးစားလုပ် "လခပိုပေးရင် ရုံးမှန်မှန်တက်မယ်”
"ကျွန်မတို့ အိမ်ထောင်ရေးသာယာရင် ကျွန်မယောက်ျားကို ဂရုစိုက်မယ်”စသည်ဖြင့် ပြောကြပါတယ်။ ဒါသစ်စေ့နိယာမကို ပြောင်းပြန်လုပ်တာပါပဲ။ အကျိုးကျေးဇူးရှိမှ အားထုတ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
နောက်တစ်ချက် ရှိပါသေးတယ်။ ကျွန်တော်တို့ ပဲစေ့ ၁၀ စေ့ ပျိုးထောင်စိုက်ပေမယ့် ပဲပင်၁၀ပင် ပေါက်ဖို့ခက်ပါတယ်။ ငှက်တွေ ကတချို့ကို စားပါလိမ့်မယ်။ ပိုးမွှားတွေက တချို့ ကို ဖျက်ဆီးပါလိမ့် မယ်။ တချို့က မျိုးမအောင်ပါဘူး။ ၁၀ စေ့ပျိုးထောင်ရင် သုံးပင် လောက်ပဲ ပေါက်ပါလိမ့်မယ်။ ဒါကို လောကကြီးက မတရားဘူး ပြောလို့မရပါဘူး။ ဒါနိယာမပါပဲ။
မိတ်ဆွေတွေအများကြီးရှိပေမယ့် ကိုယ့်အပေါ်ကောင်းတဲ့ မိတ်ဆွေက နည်းပါလိမ့်မယ်။ ဝန်ထမ်းကောင်းတစ်ယောက်ရဖို့ လူငါးဆယ်လောက်ကိုလူတွေ့စစ်ဆေးရပါတယ်။ မုန့်ဟင်းခါးဆိုင် ကောင်း ကောင်းတစ်ဆိုင်တွေ့ဖို့ ဆိုင်တော်တော်များများကို စားကြည့် ရပါတယ်။
သင့်ရဲ့ အကြံဉာဏ်တွေ၊ ၀န်ထမ်းကောင်းတွေ၊ မိတ်ဆွေကောင်း တွေ၊ စီးပွားရေးတွေကို ငှက်တွေက စားပစ်ပါလိမ့်မယ်။ ပိုးမွှားတွေက ဖျက်ဆီးပါလိမ့်မယ်။ ဒါလောကနိယာမပါ။ စိတ်ပျက်အားလျှော့မယ့် အစား နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဖြစ်နိုင်တယ်ဆိုတဲ့အသိနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
အကြောင်းနှင့်အကျိုး (The Law of Cause & Effect)
သင့်ဘဝမှာ သင့်ကိုယ်သင် မကျေနပ်တဲ့အခါ သင့်ရဲ့ အားစိုက်ထုတ် မှုတွေက ဘာလဲလို့ ပြန်လေ့လာကြည့်သင့်ပါတယ်။
“မနက်ကို အိပ်ရာစောစောထရတာ မကြိုက်ဘူး။ လေ့ကျင့်ခန်း လုပ်ဖို့ပျင်းတယ်။ အင်္ဂလိပ်စာကောင်းအောင်သင်တန်းတက်တယ်ဆိုတာ အပိုတွေပါ။ ရုံးကတော့အမြဲနောက်ကျပြီး ရောက်ရှိတယ်။ လုပ်ရ မယ့်အလုပ်က ဘယ်တော့မှ အချိန်မီမပြီးဘူး” ဆိုရင်တော့ ဘဝမှာ အောင်မြင်မှုတွေရဖို့ မျှော်လင့်မနေပါနဲ့။ ဘဝမှာ အဖြစ်အပျက်တိုင်းဟာ အကြောင်းနဲ့အကျိုး ဆက်စပ်မှုအမြဲရှိပါတယ်။ ကောင်းတဲ့အလုပ်တွေကိုလုပ်မှ ကောင်းတဲ့အကျိုးကို ခံစားရပါမယ်။ ဒါအကြောင်းနဲ့ အကျိုးဆက်စပ်နေတဲ့ နိယာမပါ။ ကိုယ်က အားစိုက်ထုတ်မှုကောင်းမယ့်ကောင်တဲ့အလုပ်တွေကို မလုပ်ရင် ကောင်းကျိုးတွေမရနိုင်ပါ ဘူး။ ဘဝမှာ ကောင်းကျိုးကိုလိုချင်တာလား၊ ဆိုးကျိုးကို လိုချင်တာလား ဆိုတာ ကိုယ့်ရွေးချယ်မှုပါပဲ။ အဖြစ်အပျက်တိုင်းမှာ အကြောင်းအကျိုး ဆက်စပ်မှုရှိနေပါတယ်။
အောင်မြင်မှုရလာလေ၊ ပြိုင်ပွဲက ကြီးလာလေ
ပြိုင်ပွဲငယ်လေးတွေမှာ အောင်မြင်မှုရရင် ပြိုင်ပွဲကြီးတွေကို တက်ရတာ လောကရဲ့နိယာမပါပဲ။ ဘောလုံးပွဲမှာ အုပ်စုပွဲကိုနိုင်ရင် ကွာတားဖိုင်နယ် တက်ရပါမယ်။ ကွာတာကိုနိုင်ရင် ဆီမီးဖိုင်နယ် တက်ရပါမယ်။ ပြိုင်ပွဲတိုင်းဟာ အရေးကြီးပါတယ်။ တစ်ပွဲနိုင်မှ နောက် တစ်ပွဲကို ပြိုင်ရပါမယ်။
ဒီနိယာကို တချို့က သတိမထားမိ ဖြစ်နေတတ်ပါတယ်။ စားသောက်ဆိုင်လေးတစ်ခုမှာ ဆိုတဲ့အဆိုတော်တစ်ယောက်က ကိုယ်ပိုင်အရည်အချင်းရှိပေမယ့် “ပရိသော်၁ဝဝ လောက်သာရှိရင် ကျွန်မ အကောင်းဆုံးဆိုပြမယ်။ စားသောက်ဆိုင်မှာ လူ၁၀ ယောက် မပြည့်တာ၊ ကျွန်မရဲ့ အရည်အချင်းတွေ အကုန်ထုတ်သုံးဖို့ မလိုပါဘူး" ဆိုရင်တော့ ဒီအဆိုတော် ပြိုင်ပွဲအကြီးကြီးကို ပြိုင်ရဖို့ ဝေးပါလိမ့်မယ်။ ၁၀ ယောက်မပြည့်ပေမယ့်အကောင်းဆုံးဆိုခဲ့ရင်၁၀) ယောက်ကနေ ၂၀ ဖြစ်လာပါလိမ့်မယ်။ ၂ဝ ကနေ ၄ဝ ဖြစ်လာပါလိမ့်မယ်။ ပြိုင်ပွဲ အသေးတွေကိုနိုင်မှ ပြိုင်ပွဲအကြီးကို ပြိုင်ရတယ်ဆိုတာ လောကရဲ့ ယာမပါပဲ။
ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်သူတစ်ယောက်က ဝန်ထမ်းတစ်ယောက်ကို စားပါတယ်။ ဝန်ထမ်းနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတဲ့အခါ “ငါ့မှာ ဝန်ထမ်းတစ်ယောက်တည်းနဲ့ ဆိုတော့ အဆင်မပြေဘူး။ ခြောက်ယောက်လောက်ရှိရင် ကောင်းမယ် ” တစ်ယောက်တည်းနဲ့တောင် အဆင်မပြေရင် ခြောက်ယောက်နဲ့ဆို ပိုဆိုးပါလိမ့်မယ်။
ဘဝဆိုတာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာပါ။ ပြိုင်ပွဲအသေးတွေအောင်မြင်မှ ပြိုင်ပွဲအကြီးတွေ ပြိုင်ရမှာပါ။ “ကိုယ့်မှာရှိတာနဲ့ ဘာလုပ်မလဲ” လို့ မေးခွန်းမေးတဲ့အခါ “ဘာမှမလုပ် နိုင်ဘူး” လို့ ဖြေရင်တော့ ဘယ်တော့မှ အောင်မြင်မှုကို ရနိုင်မှာဟုတ်ပါဘူး။
တစ်ခုပြီးတစ်ခု ဆက်လုပ်ပါ
တစ်ခါတစ်ရံကျ အောင်မြင်နေတဲ့သူတွေရဲ့ ဘဝကိုကြည့်ပြီး "ဘာကြောင့် သူတို့ဘဝတွေက ဒီလောက်လန်းနေရတာလဲ"လို့ တွေးမိကြမှာပါ။ အောင်မြင်သူတွေကို ပြန်လေ့လာကြည့်ရင် သူတို့လည်း တစ်နေရာကနေ စခဲ့ကြရတာကို တွေ့ရပါလိမ့်မယ်။ စလုပ်လိုက်တာ နဲ့တစ်ခုခုထပ်လုပ်ဖို့ ဖြစ်လာပါတယ်။ ထပ်လုပ်လိုက်တာနဲ့ နောက်ထပ် လုပ်ဖို့ ဖြစ်လာပါတယ်။
တစ်ခါတလေကျရင်ကျွန်တော်တို့ဟာစလုပ်ဖို့ထက် အကြောင်း အမျိုးမျိုးပြပြီး အချိန် ဆွဲနေကြပါတယ်။ တစ်ခါတလေကျရင် "ငါလုပ်ချင်တဲ့အလုပ် မဟုတ်ဘူး” ဆိုပြီး အလုပ်အမျိုးမျိုးကို ရွေးချယ် နေတတ်ကြပါတယ်။ ရတဲ့အလုပ်ကို ယူလိုက်ပါ။ စလုပ်ပါ။ ကြိုးစား လုပ်ပါ။ ကျွမ်းကျင်အောင်လုပ်ပါ။ စလုပ်လိုက်တာနဲ့ တစ်ခုပြီးတစ်ခု ဆက်လုပ်စရာတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အလုပ်တွေကို တစ်ခုပြီးတစ်ခု ဆက်လုပ်ပါ။
တစ်ခါတုန်းက အမေရိကားကို နစ်(Nick) ဆိုတဲ့ အီတာလျံ လူမျိုးတစ်ယောက်ဟာ အခြေချပြောင်းရွှေ့နေထိုင်ဖို့ ရောက်လာပါတယ်။ နစ်(Nick) ဟာ အင်္ဂလိပ်စကားလည်း မပြောတတ်ပါဘူး။ ငွေကြေးကလည်း အလုံအလောက်မရှိတော့စားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးတဲ့အလုပ်လျှောက်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကို တွေ့စောင့်နေတုန်းမှာ စားသောက်ဆိုင်က သန့်စင်ခန်းထဲကို ဝင်သွားပြီး သန့်စင်ခန်းကို ပြောင်နေအောင်တိုက်ပါတယ်။ ပါလာတဲ့ သွားပွတ်တံလေးကိုသုံးပြီး ကြွေပြားပေါ်ကကြေးတွေကိုပြောင်နေအောင် တိုက်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကလူတွေ့စစ်ဆေးတဲ့အခါ "ဘာလုပ်တာလဲ” လို့မေးပါတယ်။ နှစ်က "သူဌေးရဲ့ အချိန်မကုန် ကျွန်တော့်ရဲ့ ပန်းကန်ဆေးနိုင်တဲ့ စွမ်းရည်ကို ပြတာပါ” လို့ ပြော တဲ့အတွက် အလုပ်ရသွားပါတယ်။ တစ်လကြာတဲ့အခါ စားဖိုမှူးအကူ ဖြစ်လာပါတယ်။
တစ်ခါတလေ အလုပ်လုပ်ချင်ပါတယ်။ အလုပ်ရှာဖို့ မလွယ်ဘူး လို့ပြောသံကြားရင် နှစ် (Nick) နဲ့ သွားပွတ်တံလေးကို တွေးမိပါတယ်။
ဇာနိယာမ (The Frog Principle)
ဒီဇာပုံပြင်လေးကတော့ အများသိကြပါတယ်။ ပျက်စီးခြင်း နိယာမကို The law of deterioration လို့ ဖော်ပြပါတယ်။ ရေနွေး ပွက်ပွက်ဆူတဲ့အထဲကို ဖားတစ်ကောင်ကို ထည့်လိုက်ရင် ဖားက လန့်ပြီး ခုန်ထွက်သွားပါလိမ့်မယ်။
ဒီဖားကိုပဲ ရေအေးထဲမှာထည့်ပြီး ရေအေးထည့်ထားတဲ့အိုးကို တဖြည်းဖြည်းအပူပေးရင် ဖားက တဖြည်းဖြည်း ပူလာတဲ့အတွက် နေသားကျပြီး နောက်ဆုံးတော့ ရေနွေးပူထဲမှာ သေသွားပါလိမ့်မယ်။
ကျွန်တော်တို့အတွက် သင်ခန်းစာကဘာလဲ။ ဘဝမှာလည်း အဖြစ်အပျက် အကြောင်းအရာ အမူအကျင့်တွေကတဖြည်းဖြည်းချင်း ပြောင်းလဲနေတာပါ။ အဲလိုပဲနေသားကျပြီး ပြောင်းလဲခြင်းတွေကို သတိမထားမိရင် အန္တရာယ်ရှိပါတယ်။ သိတဲ့အချိန်ကျရင် နောက်ကျ သွားပါလိမ့်မယ်။
ကျွန်တော်တို့ အိပ်ရာနိုးတဲ့အချိန် အလေးချိန် ၁၀ ကီလို တိုးသွားပြီး ခါးက ၃၆ ကနေ ၄၀ ဖြစ်သွားရင် ကျွန်တော်တို့ သတိထား မိပါလိမ့်မယ်။ သတိထားမိရုံမကဘူး “အရေးပေါ်” ဆိုပြီး ကျွန်တော်တို့ ဆရာဝန်ဆီပြေးမှာပဲ။ ဒါပေမဲ့ ဘဝက ဒီလိုမဟုတ်ပါဘူး။ ဒီလမှာ တစ်ကီလိုတိုးမယ်။ နောက်လမှာ တစ်ကီလိုတိုးမယ်။ ဒီလိုနဲ့ တိုးတိုးလာတာ သတိထားမိတဲ့အချိန်ကျတော့ ပိန်အောင်လုပ်ဖို့ ခက်နေပါပြီ။ ဒီလိုပဲ ကျွန်တော်တို့ တစ်နေ့ကို သုံးသင့်တာထက် တစ်ရက်ပိုသုံးလိုက်လို့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ နေ့စဉ်သုံးသင့်တာ၊ သုံးနိုင်တာထက် ပိုသုံးရင်တော့ တစ်နေ့မှာ အကြွေးပတ်လည်ဝိုင်းပြီး ဒုက္ခရောက်ရပါလိမ့်မယ်။
အကြွေးတင်တဲ့သူ၊ အဝလွန်တဲ့သူ၊ အိမ်ထောင်ကွဲတဲ့သူဆိုတာ တစ်ရက်တည်း ချက်ချင်းဖြစ်တာ မဟုတ်ပါဘူး။ တစ်ရက်ပြီးတစ်ရက် တဖြည်းဖြည်းချင်း ပြောင်းလဲလာတာပါ။ ပြောင်းလဲလာတာကို သတိထားမိဖို့ လိုပါတယ်။
ဘဝဆိုတာ နေ့စဉ်အဖြစ်အပျက်တွေရဲ့ ပေါင်းစပ်မှု ဖြစ်ပါတယ်။ နေ့စဉ်အဖြစ်အပျက်တွေက အရေးကြီးပါတယ်။ တစ်စက်ချင်း ကျတဲ့ ရေစက်က ကျောက်တုံးကို စားသွားသလို ဘဝမှာ နေ့စဉ် ဖြစ်ပျက်တဲ့ အရာတွေက ရေရှည်မှာ ကောင်းမလား၊ ဆိုးမလေးကို ဆုံးဖြတ်ပါလိမ့်မယ်။ နေ့စဉ်ကျွန်တော်တို့ “ငါလမ်းကြောင်းမှန်ပေါ်မှာ ရှိရဲ့လား မနှစ်ကထက်၊ အရင်လကထက်၊ မနေ့ကထက် ကျန်းမာရဲ့လား၊ ပျော်ရွှင်ရဲ့ လား၊ တိုးတက်မှုရှိရဲ့လား၊ အောင်မြင်မှုရှိရဲ့ လား” လို့ ဆန်းစစ်ကြည့်သင့်ပါတယ်။ လမ်းကြောင်းမှန်ပေါ်မှာ မရှိရင်တော့ ကျွန်တော်တို့ လုပ်နေကျအလုပ်ကို ပြောင်းဖို့လိုပါပြီ။
ကြောက်စရာကောင်းတဲ့လောကနိယာမတစ်ခုကတော့ ဘယ်အရာမှတည်ငြိမ်မနေပါဘူး။ တိုးတက်မနေရင် ဆုတ်ယုတ်နေပါ လိမ့်မယ်။
စည်းကမ်း
ကိုယ်မကြိုက်ပေမယ့် အသေးအမွှားလေးကအစ စည်းကမ်း အတိုင်းလုပ်ခဲ့ရင် ဘဝမှာ ကြီးကျယ်တဲ့အလုပ်တွေကို ကိုယ့်စိတ်တိုင်းကျ လုပ်ခွင့်ရပါမယ်။
စည်းကမ်းဆိုတာ လူတိုင်းမကြိုက်ပါဘူး။ ဒါပေမဲ့ စည်းကမ်းရှိတဲ့ လူကိုတော့ လူတိုင်း ကြိုက်ကြပါတယ်။ဘဝမှာတဒင်္ဂစိတ်ကျေနပ်မှုကို ယူမလား။ ဒါမှမဟုတ် ရေရှည်အကျိုးကို ကြည့်မလားဆိုတဲ့ လမ်းနှစ်ခု အမြဲတမ်းရှိပါတယ်။
ကိုယ့်ကိုယ်ကို စည်းကမ်းလုပ်တဲ့ အကျင့်ကိုလုပ်ပါ
တီဗွီကြည့်မယ့်အစား စာဖတ်ရင် ရေရှည်မှာ အမှတ်ကောင်း ကောင်းနဲ့ အောင်ပါမယ်။ တစ်ပတ်ကို သုံးကြိမ် အားကစားလုပ်ရင် ရေရှည်မှာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ပါတယ်။
စည်းကမ်းရှိတဲ့အကျင့်ကိုရဖို့ အပြင်းအထန်လေ့ကျင့်ဖို့ မလိုပါဘူး။ လိုချင်စိတ်ရှိရင် စည်းကမ်းကို လိုက်နာနိုင်ပါတယ်။ အမှတ်ကောင်းကောင်းနဲ့အောင်ရင် အလုပ်ကောင်းကောင်းရမယ်ဆိုတာကို သိရင် အမှတ်ကောင်းကောင်းရချင်တဲ့စိတ် ဖြစ်လာပါလိမ့်မယ်။ ဒီစိတ်က စာမှန်မှန်ကျက်ဖို့ စည်းကမ်းကို လုပ်တာပါပဲ။ ကျန်းမာရေးနဲ့ ပြည့်စုံမှ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရမယ်ဆိုတာသိရင် ကျန်းမာချင် လာပါတယ်။ ကျန်းမာချင်တဲ့စိတ်က လေ့ကျင့်ခန်းမှန်မှန် လုပ်ရမယ် ဆိုတဲ့ စည်းကမ်းကို ဖြစ်စေပါတယ်။
စည်းကမ်းရှိတဲ့လူကို ဘယ်သူကမှ စည်းကမ်းမလုပ်ပါဘူး။ ဘယ်သူကမှလည်း ဘာလုပ်ရမယ်ဆိုတာ မပြောပါဘူး။ စည်းကမ်းရှိ တဲ့လူက ကိုယ့်ဘဝကိုကိုယ်ပဲ စည်းကမ်းလုပ်ပါတယ်။
စည်းကမ်းမရှိရင်တော့ တစ်ယောက်ယောက်က ကိုယ့်ကို စည်းကမ်းနဲ့ ပြုမူနေထိုင်အောင် ထိန်းချုပ်ပါလိမ့်မယ်။ ဒါကို လက်မခံ ရင်တော့ အချုပ်ထဲ ရောက်ပါလိမ့်မယ်။
အစီအစဉ်ကျမှု
တိုးတက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ပထမဦးဆုံး လောက နိယာမက “အစီအစဉ်ကျမှု”ပါ။ တိုးတက်ဖို့အတွက် စနစ်လိုပါတယ်။
သစ်ပင်တစ်ပင်ကိုကြည့်ကြည့်။ ပျားအုံတစ်အုံကိုပဲကြည့် အလွန်ပဲ အချိုးကျပြီး စနစ်ကျတာကို တွေ့ရပါလိမ့်မယ်။ သဘာဝတရားက လိုတာပဲထားပြီး မလိုတာကို ဖယ်ပစ်ပါတယ်။
စီးပွားရေးတစ်ခုအောင်မြင်ဖို့ စနစ်ကျရပါမယ်။ အစီအစဉ် ကျရပါမယ်။ ဒီလိုပါပဲ ဘဝမှာအောင်မြင်မှုကို လိုချင်ရင် စနစ်ကျရပါ မယ်။ အစီအစဉ် ကျရပါမယ်။
တချို့က ဆိုကြပါတယ်။ “ကျွန်တော့်စားပွဲက ရှုပ်တယ်လို့ထင်ရ ပေမယ့် စနစ်တကျရှုပ်နေတာပါ။ ဒါဆိုရင် ဒီပုဂ္ဂိုလ်က အရေးပေါ် ခွဲစိတ်မှုလုပ်ဖို့ ခွဲခန်းဝင်ရတဲ့အခါ ဆရာဝန်က ဆေးပုလင်းတွေ၊ ပတ်တီးတွေ၊ ခွဲစိတ်ကိရိယာတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ “စိတ်မပူပါနဲ့။ ခွဲခန်းကရှုပ်နေပေမယ့် ခင်ဗျားရဲ့ ခွဲစိတ်မှုက အောင်မြင်မှာပါ”လို့ ဆိုခဲ့ရင်တောင် စနစ်မကျတဲ့ ခွဲခန်းကိုကြည့်ပြီး စိတ်မပူဘဲနေနိုင်ဖို့မလွယ်ပါဘူး။
ထူးခြားအောင်မြင်တဲ့ အလုပ်တွေလုပ်နိုင်ဖို့ စနစ်လိုပါတယ်။ မီးသတ်သမားဟာ မီးလောင်တဲ့ အချက်ပေးသံရတာနဲ့ ဘယ်နေရာမှာ ဦးထုပ်ယူရမယ်၊ ပုဆိန်ယူရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ ဒီလိုပါပဲ လူနာတင် အရေးပေါ်ကားမောင်းသမားက ကားသော့ကို ဘယ်မှာယူရမယ်ဆိုတာ သိပါတယ်။
ဖိုင်တွေအားလုံးကို စနစ်တကျထားပါ။ ကားရုံထဲမှာ ပစ္စည်းတွေကို စနစ်တကျထားပါ။ ဗီရိုထဲမှာ ပစ္စည်းတွေကို စနစ်တကျထားပါ။ ကိုယ့်ပတ်ဝန်းကျင်က စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း ဖြစ်နေရင် ကိုယ့်စိတ်လည်း ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်နေရင် အတွေးမှန်ပြီး အလုပ်တွေလည်း အောင်မြင်လာပါလိမ့်မယ်။ များသောအားဖြင့် အလုပ်ခန်းတို့၊ အိမ်တို့က စနစ်မကျနဲ့ အစီအစဉ်မကျသူတွေရဲ့ ဘဝကလည်း ရှုပ်ထွေးနေတတ်ပါတယ်။
အားစိုက်မှုတိုင်းဟာ ဘယ်တော့မှ အလဟဿမဖြစ်ပါဘူး
ရေခဲတုံးကြီးတစ်တုံးကို အိုးထဲမှာထည့်ပြီး အပူပေးကြည့်ပါ။ အချိန်အတော်ကြာသည့်တိုင် ရေခဲတုံးက ဒီအတိုင်းပဲ နေပါလိမ့်မယ်။ အပူစွမ်းအင်တွေ အများကြီးကုန်ဆုံးသွားပေမယ့် အကျိုးကျေးဇူးကိုတော့ မျက်စိနဲ့ မတွေ့ရပါဘူး။ အချိန်ကြာလာတဲ့အခါမှာတော့ ရေခဲက စအရည်ပျော်လာပြီး နောက်ဆုံးမှာ အားလုံး “ရေ” ဖြစ်သွားပါလိမ့်မယ်။ ဆက်ပြီး အပူပေးပါ။ အပူစွမ်းအင်တွေသာ အများကြီး ကုန်သွားတယ်။ ထူးခြားမှုကို တွေ့ရမှာမဟုတ်ပါဘူး။ ရေအပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်လောက် ဖြစ်လာရင်တော့ ရေနွေးဆူတာကိုတွေ့ရပြီး မကြာခင် ရေနွေး ငွေ့တွေကို တွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့ ဘာကိုသင်ခန်းစာရပါသလဲ။ ဘာနိယာမကို သိရပါသလဲ။ ကျွန်တော်တို့ စွမ်းအင်တွေ၊ အားစိုက်ထုတ်မှုတွေ ထည့်ပေ မယ့် ချက်ချင်းဘာထူးခြားမှုမှ မဖြစ်နိုင်ပါဘူး။ ရေခဲကို အပူပေးမယ်။ ရင်နှီးမြှုပ်နှံမှုတစ်ခုလုပ်မယ်။ အလုပ်မှာ ကြိုးစားအားထုတ်ပြီး အလုပ် လုပ်မယ်။ ဒါတွေအကုန်လုံး စွမ်းအင်တွေ သုံးရပါတယ်။ ထည့်လိုက်တဲ့ စွမ်းအင်တွေက ပြောင်းလဲခြင်းတွေ ဖြစ်လာဖို့ကို လှုပ်ရှားနေပေမယ့် ချက်ချင်းတော့ မတွေ့နိုင်သေးပါဘူး။ ကိုယ်က ဇွဲမလျှော့ဘဲ ဆက်ပြီးတော့ ကြိုးစားဖို့ လိုပါတယ်။ စွမ်းအင်တွေ ဆက်ထည့်ရပါမယ်။ အား စိုက်ထုတ်မှုတွေ ဆက်လုပ်ရပါမယ်။ မကြာခင်မှာတော့ သေချာပေါက်ပြောင်းလဲမှုကို ကြုံတွေ့ရမှာပါ။ နိယာမကိုနားလည်ရင် စိတ်မရှည် တာတို့၊ စိတ်ပျက်တာတို့ကို ဖြေသိမ့်နိုင်ပါလိမ့်မယ်။
နေ့စဉ်ကိုယ်လုပ်ရမယ့် အလုပ်တွေကိုသာ ဦးစားပေး အစီအစဉ်အတိုင်း အကောင်းဆုံးဖြစ်အောင် အားစိုက်ထုတ်ပြီးလုပ်ပါ။ ထုတ်လိုက်တဲ့ စွမ်းအင်တွေက ဘယ်တော့မှ အလဟဿမဖြစ်ပါဘူး။ ထုတ်လိုက် တဲ့ စွမ်းအင်တွေက “လောကစွမ်းအင်ဘဏ်”ထဲမှာ စုထားသလိုဖြစ်ပြီး စွမ်းအင်တွေကို အားစိုက်ထုတ်တိုင်း အမှတ်ရနေတယ်လို့ သဘော ထားပါ။ ဒီလိုသဘောထားနိုင်ရင် ချက်ချင်းအကျိုးကျေးဇူးကို မခံစားရ ပေမယ့် နေ့စဉ်အားစိုက်ထုတ်နေရတာကို ပျော်နေပါလိမ့်မယ်။ အမှတ်ဘယ်လောက်ရရင် အကျိုးကျေးဇူးရမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် အကျိုးကျေးဇူးရဖို့ အမှတ်များရန်တော့ လိုပါတယ်။ မကြာခဏဆိုသလို ကိုယ်မျှော်လင့်မထားတဲ့ အချိန်မှာ အမှတ်ပြည့် သွားပြီး အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေကို ရရှိခံစားရပါလိမ့်မယ်။
ရေလှိုင်း
ဘဝဆိုတာ ရေလှိုင်းလိုပါပဲ။ လှိုင်းတွေလာတဲ့အခါ တစ်လုံးပြီး တစ်လုံးလာသလို တစ်ခါတစ်ရံကျတော့လည်း လှိုင်းတွေက ငြိမ်နေ တတ်ပါတယ်။ ကျွန်တော်တို့ဘဝတွေမှာလည်း မိသားစုအရေးအခင်း တွေ၊ ငွေကုန်စရာအကြောင်းအရာတွေ၊ မင်္ဂလာဆောင်ဖိတ်စာတွေက လာပြီဆိုရင် တစ်ခုပြီးတစ်ခု ဆက်လာပါတယ်။ ဒီနိယာမလေးကို သိထားရင် စိတ်သက်သာရာ ရပါတယ်။ တစ်ခါတလေ လှိုင်းလေ ငြိမ်သလိုဖြစ်ပြီး တစ်လလုံး ငွေကုန်စရာအကြောင်းအရာတွေ မရှိရင် ပျော်မသွားပါနဲ့ ။ နောက်လကျရင် လှိုင်းတစ်လုံးပြီးတစ်လုံး လာနိုင်ပါတယ်။ ကောင်းတာကတော့ နောက်လာမယ့် ကုန်ကျစရာ တွေအတွက် ငွေတွေကို ကြိုတင်ဖယ်ထားပါ။ ဒီလိုပြင်ဆင်ထားရင် လှိုင်းလုံးတွေ တစ်လုံးပြီး တစ်လုံးလာတဲ့အခါ အဆင်သင့် ဖြစ်နေ ပါလိမ့်မယ်။
ကျွန်တော်တို့ သတ္တလောကကြီးဟာ အမြဲပြောင်းလဲနေပါတယ်။ ရာသီဥတုတွေ ပြောင်းလဲနေတယ်။ ဒီရေအတက်အကျတွေ ဖြစ်နေ တယ်။ ဖက်ရှင်စတိုင်လ်တွေက အမြဲပြောင်းလဲနေတယ်။
ကျွန်တော်တို့ကျောင်းမှာ ဇီဝဗေဒတို့၊ အထွေထွေသိပ္ပံတို့ သင်တုန်းက သဘာဝတရားရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ အောင် ပြောင်းလဲတဲ့နိယာမတွေကို သင်ခဲ့ရပါတယ်။ ဥပမာ အစိမ်း ရောင်ပိုးမွှားနေတဲ့ သစ်တောက အစိမ်းရောင်ကနေ အညိုရောင် တွေများတဲ့ သစ်တောဖြစ်သွားရင် သူရဲ့အရောင်ကို ပြောင်းရပါလိမ့် မယ်။ မပြောင်းရင်တော့ အန္တရာယ်ကြီးစွာ ရင်ဆိုင်ရပါလိမ့်မယ်။ အစက စိမ်းနေတဲ့သစ်တောက ဘာလို့ အညိုရောင်ပြောင်းသွားရတာ လဲလို့ မေးခွန်းထုတ်လို့ရပါတယ်။ မေးခွန်းထုတ်နေစဉ်မှာပဲပိုးမွှားက ပျောက်ကွယ်သွားပါလိမ့်မယ်။
သဘာဝတရားက ရက်စက်ကြမ်းကြုတ်ပါတယ်။ “ပြောင်းလဲရင်ပြောင်းလဲ၊ မပြောင်းလဲရင် ပျောက်ကွယ်သွားရ ပါလိမ့်မယ်”
ကမ္ဘာ့စီးပွားရေးလောကမှာလည်း ပြောင်းလဲခြင်းကို နားမလည် တဲ့အတွက် ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးခေါင်းဆောင် များပင်လျှင် အတွေးအခေါ်တွေ မှားခဲ့ကြပါတယ်။
၁၉၂၇ခုနှစ် ဝါနာညီအစ်ကိုများ ရုပ်ရှင်ထုတ်လုပ်ရေး “ Warner Brothers Pictures” ပိုင်ရှင် ဟဲရီဝါနာ (Harry Warner)က“နာမည် ကြီး သရုပ်ဆောင်တွေရဲ့အသံကို ရုပ်မမြင်ရဘဲ ဘယ်သူက ကြား ချင်မှာလဲ”လို့ မှတ်ချက်ချခဲ့ပါတယ်။ ကာတွန်းရုပ်ရှင်တွေမှာ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ အသံကို သုံးတာနဲ့ပတ်သက်ပြီး ဖြစ်ပါတယ်။
၁၉၄၃ ခုနှစ်မှာ IBM ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌ သောမတ်(စ်)ဝပ်ဆင် (Thomas Watson) က “ကမ္ဘာပေါ်မှာ ကွန်ပျူတာဈေးကွက်က အလွန်ဆုံးရှိရင် ငါးလုံးပေါ့” လို့ ပြောခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ Digital Equipment Corporationရဲ့ ဥက္ကဋ္ဌ ကင်အော် (လ်)စင် (Ken Olsen) က “လူတိုင်းအိမ်မှာ ကွန်ပျူတာတစ်လုံးစီ ပိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။ Digital Equipment Corporation ဟာ အလတ်စား Main Frame ကွန်ပျူတာတွေ ထုတ်လုပ်ရာမှာ နာမည်ကြီးပါတယ်။ PDP-11/70 သည် Digital က ထုတ်လုပ်ခဲ့တဲ့ နာမည်ကျော် အလတ်စား Main Frame ဖြစ်ပါတယ်။
ဒီနေ့မှန်နေတာတွေက မနက်ဖြန် မှားနိုင်ပါတယ်။ ဒီနေ့အောင် မြင်နေတဲ့ စီးပွားရေးကဏ္ဍတွေ မနက်ဖြန်မှာ လူကြိုက်နည်းလာ နိုင်ပါတယ်။ အရာရာဟာ ပြောင်းလဲနေပါတယ်။ မပြောင်းလဲဘဲ တစ်သမတ်တည်းရှိနေတာက “ပြောင်းလဲခြင်း”ဆိုတဲ့ နိယာမပါပဲ။ ။
(ဆရာကျော်ကျော်လှိုင်၏ “နှလုံးသားကိုဖြူစင်အောင်ထားပါ” စာအုပ်မှ “လောကကြီးက ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး” ဆောင်းပါးကိုစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)
ကျော်ကျော်လှိုင်