ဥပေဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း(အင်ဒိုနီးရှားနိုင်ငံ)
နိဒါန်း
“အင်ဒိုနီးရှား” ဟူသော အမည်သည် ဂရိဘာသာစကား အင်ဒိုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အိန္ဒိယကျွန်းများဟု အဓိပ္ပာယ်ရပါသည်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အင်ဒိုနီးရှားဟူသော အမည်မှာ ပို၍ အသုံးများလာခဲ့ကြပြီး ဒေသခံပြည်သူများက နိုင်ငံရေး အသုံးအနှုန်းအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြပါသည်။ ။
အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာ တွင် တည်ရှိပြီး စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင်မျှရှိသဖြင့် ကုန်းမြေ | ဧရိယာအားဖြင့် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ မြို့တော်မှာ ဂျကာတာမြို့တော်ဖြစ်ပြီး အသုံးပြုသည့် ငွေကြေးမှာ ရူပီးဖြစ်ပါ သည်။ လူဦးရေ ၂၆၁ သန်းခန့်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံသည် သမ္မတနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ သမ္မတသည် နိုင်ငံအကြီးအကဲ ဖြစ်သကဲ့သို့ အစိုးရအဖွဲ့၏ အုပ်ချုပ် ရေးမဏ္ဍိုင်အကြီးအကဲလည်း ဖြစ်ပါသည်။ သမ္မတသည် ငါးနှစ်သက်တမ်း နှစ်ကြိမ်ထိ ထမ်းဆောင်ခွင့်ရှိပါသည်။ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံ၏အစိုးရအဖွဲ့ ဖွဲ့စည်းဧရိယာအမြို့တော်ခန့်ရှိသည်။ နိုင်ငံဖြစ်သည်။
တည်ဆောက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာခွဲကျင့်သုံးမှုတို့ကိုလည်းအတိအကျ သတ်မှတ်ပြဋ္ဌာန်းပေး ထားပါသည်။ ဥပဒေပြုလွှတ်တော်များအတွက် ကိုယ်စားလှယ်များ နှင့် သမ္မတ၊ ဒုတိယသမ္မတတို့အား ပြည်သူများမှငါးနှစ်လျှင်တစ်ကြိမ် ရွေးကောက် တင်မြှောက်ပေးပါသည်။ ။
၁၉၉၉ခုနှစ်ရွေးကောက်ပွဲမတိုင်မီ အင်ဒိုနီးရှားနိုင်ငံရေးသမိုင်းတွင် ရွေးကောက်ပွဲခုနစ်ကြိမ် ကျင်းပခဲ့ပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်ကို တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှစ၍ တပ်မတော်သားကိုယ်စားလှယ်များ၏ ပါဝင်မှု ကို ပယ်ဖျက်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့ goscoss People's Representative Council (Dewan Perwakilan Rakyat-DPR)သည် ရွေးကောက်ပွဲစီမံခန့်ခွဲမှုများဆိုင်ရာ ဥပဒေ (၁၅/၂၀၁၁)၊ ဥပဒေပြုရွေးကောက်ပွဲများဆိုင်ရာ ဥပဒေ (၈/၂၀၁၂)နှင့် သမ္မတ ရွေးကောက်ပွဲများ ဆိုင်ရာဥပဒေ (၄၂/ ၂၀၀၈) တို့ကိုပေါင်းစပ်၍ အထွေထွေရွေးကောက်ပွဲ ဥပဒေအသစ် (၇/၂၀၁၇) ကို ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေ၌ လွှတ်တော် ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများကို တစ်နေ့တည်း ကျင်းပ ရန် ပြဋ္ဌာန်းခဲ့ပါသည်။ ယခင်ဥပဒေတွင် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများအား သမ္မတရွေးကောက်ပွဲမတိုင်မီ လပေါင်း များစွာအလို၌ ကျင်းပပြီး ပါတီများအနေဖြင့် အဆိုပါဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများတွင် ရရှိသည့် အနိမ့်ဆုံး ဆန္ဒမဲအရေအတွက် သို့မဟုတ် ကိုယ်စားလှယ်နေရာ အရေအတွက်ပေါ်မူတည်၍ သမ္မတရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းရခြင်း ဖြစ်ပါသည်။ ဥပဒေသစ်တွင် မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် ညွန့်ပေါင်းအဖွဲ့အစည်းမဆို နောက်ဆုံးပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ခိုင်လုံမဲစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် DPRရှိ ကိုယ်စားလှယ် အရေအတွက်၏ ၂၀ ရာခိုင်နှုန်း အနိုင်ရရှိပါက သမ္မတနှင့် ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခွင့်ရှိပါသည်။ သမ္မတနှင့် ဒုတိယသမ္မတတို့ကို ပြည်သူများက တစ်ပြိုင်နက် တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါသည်။
ရွေးကောက်ပွဲစနစ်
သမ္မတရွေးကောက်ပွဲကို Majority Vote စနစ်၊ အထက်လွှတ်တော် Regional Representative Council (Dewan Perwakilan Daerah -DPD) Single Non-Transferable Vote စနစ်အောက်လွှတ်တော်ကို People's Representative Council (Dewan Perwakilan Rakyat| DPR) ကို အချိုးကျကိုယ်စားပြုစနစ် (Proportional Representative System- Open List ) ကိုကျင့်သုံး၍ ဆောင်ရွက်ပါသည်။ အဆိုပါစနစ်၌ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ရရှိရေးအတွက်ပါတီများအနေဖြင့် အနိမ့်ဆုံးဆန္ဒမဲ (Threshold) ၃ ဒသမ ၅ ရာခိုင်နှုန်းရရှိရန် လိုအပ်ပါသည်။
လွှတ်တော်ဖွဲ့စည်းမှု
အင်ဒိုနီးရှားနိုင်ငံတွင် အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့ goscoss (People's Representative Council-DPR) နှင့် အထက်လွှတ်တော် (Regional Representative Cound- DPD) ဟူ၍ ပြည်ထောင်စုအဆင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်ရှိပါသည်။ အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော် DPR သည် ဥပဒေများကို ပြင်ဆင်ခွင့်၊ ပြဋ္ဌာန်းခွင့်ရှိပါသည်။ အထက်လွှတ်တော် DPD သည် လွှတ်တော်နှစ်ရပ် ထားရှိရေးအတွက် အခြေခံဥပဒေပြင်ဆင်မှုမှ ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော လွှတ်တော်ဖြစ်ပြီး လုပ်ပိုင်ခွင့်အကန့်အသတ်ဖြင့် ဆောင်ရွက်ရသော လွှတ်တော်ဖြစ်ပါသည်။ လွှတ်တော်နှစ်ရပ် ပူးပေါင်းကျင်းပသည့် လွှတ်တော်အစည်းအဝေးကို ပြည်သူ့အတိုင်ပင်ခံညီလာခံ People's Consultative Assembly ( Majelis Permusyawaratan Rakyat - MPR) ဟုခေါ်ဆိုပြီး ၎င်းညီလာခံမှ ဆောင်ရွက်ခွင့် ရှိသည့် လုပ်ငန်းတာဝန်များတွင် သမ္မတအား စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ အပြီးသတ် ဆောင်ရွက်ရသည့်အဆင့်များ ပါဝင်ပါသည်။ လွှတ်တော်နှစ်ရပ်လုံးရှိ ကိုယ်စားလှယ်များသည် ငါးနှစ်တာဝန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။
ကျင်းပသည့် ရွေးကောက်ပွဲများ
အထွေထွေရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့်နှင့် မဲပေးခြင်းလုပ်ငန်းစဉ်များ စီမံဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ရလဒ်များကြေညာခြင်း စသည့် လုပ်ငန်းများကို တာဝန်ယူပြီး အောက်ပါရွေးကောက်ပွဲများကို ကျင်းပဆောင်ရွက်ပါသည်
(က) သမ္မတရွေးကောက်ပွဲ ( Presidential Election )
(ခ) အထက်လွှတ်တော်ရွေးကောက်ပွဲ (Regional Represen tative Council DPD)
(ဂ) အောက်လွှတ်ရွေးကောက်ပွဲ(People's Represe ntative Council DPR)
(ဃ) ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲ (DPRD Province Council Election)
(င) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲ (Regional Head Elections)
(စ) ဒေသန္တရ/မြူနီစီပယ်ရွေးကောက်ပွဲ (Regency/municipality elections)
မဲဆန္ဒနယ်မြေ သတ်မှတ်ခြင်း
ရွေးကောက်ပွဲနယ်မြေမဲဆန္ဒနယ်များကို ရွေးကောက်ပွဲမတိုင်မီ ကြိုတင်သတ်မှတ်ပါသည်။ အောက်လွှတ်တော် (DPR) အတွက် မဲဆန္ဒနယ်မြေ ၇၇ ခု သတ်မှတ်ပြီး အထက်လွှတ်တော် (DPD) အတွက် ပြည်နယ် ၃၄ ခုကို အခြေခံပါသည်။
ပြည်နယ်အဆင့် ဒေသန္တရဆိုင်ရာကောင်စီ (DPRD) ၏ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ လူဦးရေ ပေါ်မူတည်၍ Mult-memberမဲဆန္ဒနယ် ၂၅၉ခုကို သတ်မှတ် ဖွဲ့စည်း ပါသည်။
ဒေသန္တရ/မြူနီစီပယ် (Regency/municipality elections) ရွေးကောက်ပွဲများတွင် မြူနီစီပယ် ဧရိယာအတွင်းရှိ လူဦးရေပေါ် အခြေခံ၍ သတ်မှတ်ဖွဲ့စည်းပါသည်။ ပြည်နယ် ၃၄ ခု၊ ဒေသန္တရ အုပ်ချုပ်ရေးနယ်မြေ (Regency) ၄၁၀ ခု၊ မြူနီစီပယ်အုပ်ချုပ်ရေး နယ်မြေ (Municiplity) ၉၈ ခု၊ ခရိုင် ၆၉၉၄ ခု၊ မြို့ပေါ်ရပ်ကွက် ၈၃၀၉ ခုနှင့်ကျေးရွာ၇၂၉၉၄ခုရှိပြီး မြူနီစီပယ်ရွေးကောက်ပွဲ အတွက် Multi-member မဲဆန္ဒနယ် ၂၁၀၂ ခုကို သတ်မှတ်ဖွဲ့စည်းထားပါသည်။
အမည်စာရင်းတင်သွင်းခြင်း
နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် ညွန့်ပေါင်းပါတီသည် လွှတ်တော် နှစ်ရပ်တွင် ၂၅ ရာခိုင်နှုန်း အနိုင်ရလျှင်သော်လည်းကောင်း၊ အောက်လွှတ်တော်(DPR)တွင် ၂ဝ ရာခိုင်နှုန်း အနိုင်ရလျှင် သော်လည်းကောင်း သမ္မတနှင့် ဒုတိယသမ္မတ၏ အမည်စာရင်း တင်သွင်းနိုင်ပါသည်။
အထက်လွှတ်တော်(DPD)နှင့် အောက်လွှတ်တော်(DPR)တို့အတွက် သက်ဆိုင်ရာပါတီနှင့် တစ်သီးပုဂ္ဂလများသည် အနည်းဆုံး အသက်(၂၁)နှစ်ရှိပြီး နိုင်ငံရေးပါတီတစ်ခုအတွက်သာ အမည်စာရင်းတင်သွင်းရပါသည်။ အောက်လွှတ်တော် (DPR) သို့ အမည် စာရင်းတင်သွင်းရာ တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်း ပါဝင်ရပါသည်။
ဆန္ဒမဲပေးခြင်း
အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၇ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း မဲပေးခွင့်ရှိပါသည်။ အိမ်ထောင်ရှိသူဖြစ်ပါက အသက်မပြည့် သေးသော်လည်း မဲပေးခွင့်ရှိပါသည်။ ရွေးကောက်ပွဲ နေ့တွင် မဲရုံများကို နံနက် ၀၇:၀၀ နာရီမှ ၂၂:၀၀ နာရီထိ ဖွင့်လှစ်ပါသည်။
သမ္မတရွေးကောက်ပွဲတွင် သမ္မတနှင့် ဒုတိယသမ္မတတို့ကို မဲလက်မှတ်တစ်စောင်တည်း ( Single Ticket) ဖြင့် ဆန္ဒပြု ရွေးချယ် ရပါသည်။ - အထက်လွှတ်တော် (DPD)၊ အောက်လွှတ်တော် (DPR) ပြည်နယ် (DPRD Province)နှင့် မြူနီစီပယ်ရွေးကောက်ပွဲ (DPRD Regency/ Municipality) များကို တစ်နေ့တည်းတွင် ကျင်းပပြုလုပ်ပါသည်။
အဆိုပါ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲပေးရာ၌ သက်ဆိုင်ရာမဲဆန္ဒနယ် အလိုက် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းအမည်များပါဝင်သော မဲလက်မှတ်တစ်စောင် စီရရှိမည် ဖြစ်ပါသည်။
ရွေးကောက်တင်မြှောက်ခြင်း အောက်လွှတ်တော်(People's Representative Council - DPR)
အောက်လွှတ်တော်(DPR)တွင် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက် တင်မြှောက်ခွင့် ရှိသော မဲဆန္ဒနယ် ၇၇ မှ ကိုယ်စားလှယ် ၅၇၅ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ မဲဆန္ဒနယ် တစ်ခုလျှင် လူဦးရေပေါ် အခြေခံ၍ ကိုယ်စားလှယ် သုံးဦးမှ ၁၀ ဦးအကြား ရွေးကောက် တင်မြှောက်ခွင့်ရရှိပါသည်။ ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီများမှ တင်သွင်းသည့် ကိုယ်စားလှယ်လောင်းစာရင်းမှတစ်ဆင့် Open List PR စနစ်ကို အသုံးပြု၍ ရွေးကောက် တင်မြှောက်ခြင်းဖြစ်ပါသည်။ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာရရှိရေးအတွက် ပါတီများ အနေဖြင့် အနိမ့်ဆုံးဆန္ဒမဲ(Threshold) ၃ ဒသမ ၅ ရာခိုင်နှုန်းရရှိရန် လိုအပ်ပါသည်။ အနိမ့်ဆုံးဆန္ဒမဲ ( Threshold) သတ်မှတ်ချက်သည် ပြည်ထောင်စုအဆင့် (DPR) အတွက်သာ သတ်မှတ်ထားခြင်းဖြစ်ပြီး ပြည်နယ်အဆင့်လွှတ်တော်များအတွက်မူ သတ်မှတ်ထားခြင်း မရှိပေ။
မဲဆန္ဒရှင်များက ၎င်းတို့၏မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် သည့် ကိုယ်စားလှယ်လောင်း များနှင့် ၎င်းတို့ ကိုယ်စားပြုပါတီများကို ဖော်ပြထားသည့် DPR ဆန္ဒမဲလက်မှတ်တွင် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ် လောင်းနှင့် ပါတီနှစ်ခုလုံးပေါ်တွင် ဆန္ဒပြုရမည် ဖြစ်ပါသည်။ မဲဆန္ဒရှင်သည် မတူညီသည့် ကိုယ်စားလှယ်လောင်းနှင့်ပါတီကို ရွေးချယ် ဆန္ဒပြုထားပါက ယင်းဆန္ဒမဲလက်မှတ်သည် ပယ်မဲအဖြစ် သတ်မှတ် ခြင်းခံရမည်ဖြစ်ပါသည်။
အထက်လွှတ်တော် (Regional Representative Council-DPD)
အထက်လွှတ်တော် (DPD) တွင် ပြည်နယ်တစ်ခုလျှင် ကိုယ်စား လှယ် လေးဦးနှုန်းဖြင့် ပြည်နယ် ၃၄ ခုမှ အချိုးကျ ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှ ပါတီဝင်မဟုတ်သော ကိုယ်စား လှယ်လောင်းများကို Single Non Transferable Vote စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပါသည်။ မဲဆန္ဒရှင်များက ၎င်းတို့မဲဆန္ဒနယ်အတွက် ရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းတစ်ဦးတည်း အတွက်ကိုသာ ဆန္ဒပြုပေးရမည်ဖြစ်ပါသည်။ မဲဆန္ဒနယ်အလိုက် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း လေးဦးသည် ရွေးကောက်တင်မြှောက် ခံရမည်ဖြစ်ပါသည်။ DPD ကိုယ်စားလှယ်လောင်း တိုင်းသည် မဲဆန္ဒရှင်အရေအတွက်ပေါ်မူတည်၍ မဲဆန္ဒရှင် ၁,၀၀၀ မှ ၅,၀၀၀ အကြား ၎င်းတို့ကို ထောက်ခံမှုရရှိရန်လိုအပ်ပါသည်။ ၎င်းအချက်ကို သက်သေပြနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ၎င်းအားထောက်ခံသော မဲဆန္ဒရှင်များ၏ သက်သေခံ လက်မှတ် မိတ္တူများကို တင်သွင်းရန် ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။
မြို့တော်/စီရင်စု ( Dewan Perwakilan Rakyat Daerah - DPRD)
မြို့တော်/စီရင်စု( DPRD) ကို လူဦးရေပေါ်မူတည်၍ မြို့တော် စီရင်စုတစ်ခုလျှင် ၂၀ မှ ၅၅ ဦးအကြားပါဝင်သည့် အဖွဲ့ဝင်များဖြင့် မြို့တော်/စီရင်စု ၅၁၄ ခုအတွက် ရွေးချယ်ပေးရပါသည်။ ပြည်နယ် အဆင့်ဒေသအစိုးရအုပ်ချုပ်မှုအောက်တွင် မြို့ပြ ၄၁၆ ခုနှင့် ကျေးလက် ၉၈ ခုပါဝင်ပြီး မြို့တော် /စီရင်စုအဆင့် (DPRD) တွင် အဖွဲ့ဝင် ၅၀၈ ဦးကို ရွေးချယ်ပေးရပါသည်။ ၂၀၁၉ ခုနှစ်မြို့တော် စီရင်စုအဆင့် (DPRD) တွင် မဲဆန္ဒနယ် တစ်နယ်လျှင် ကိုယ်စားလှယ် ၃ ဦးမှ ၁၂ ဦးထိ ရွေးချယ်ပေးရသည့် မဲဆန္ဒနယ် ၂,၂၀၆ နယ်မှ ကိုယ်စားလှယ် ၁၇,၆၁၀ ဦးအား ရွေးချယ်ပေးခဲ့ပါသည်။ ။
ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် မြို့တော်စီရင်စုအဆင့် ကိုယ်စားလှယ်များကို Open ListPR စနစ်အသုံးပြု၍ရွေးကောက်ပွဲကို တစ်နေ့တည်းကျင်းပခဲ့ပါသည်။ ၎င်းတို့၏ တာဝန် ထမ်းဆောင်ရမည့် သက်တမ်းမှာ ငါးနှစ်ဖြစ်ပါသည်။ ပြည်ထောင်စုအဆင့် (DPR) မှလွဲ၍ ပြည်နယ်အဆင့်နှင့် မြို့တော် စီရင်စုအဆင့်များတွင် အနိမ့်ဆုံးဆန္ဒမဲ သတ်မှတ်ချက်ထားရှိခြင်း မရှိပါ။
ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များနှင့် ၎င်းတို့၏လုပ်ပိုင်ခွင့် အာဏာများ
အင်ဒိုနီးရှားနိုင်ငံတွင် ရွေးကောက်ပွဲများကို ကျင်းပရန်အတွက် စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်း သုံးခုရှိပါသည်။ အထွေထွေရွေးကောက်ပွဲ ကော်မရှင် The General Elections Commission of Indonesia (KPU) ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ The election Oversight Body (Bawaslu) qe The Honorary Council of Election Commission of Indonesia ( DKPP) တို့ ဖြစ်ပါသည်။
အထွေထွေရွေးကောက်ပွဲကော်မရှင် ( Kenapa -KNP)
အထွေထွေရွေးကောက်ပွဲကော်မရှင် (KNP)သည် ပြည်ထောင်စုအဆင့်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ကျင်းပပေးရသော လွတ်လပ်သည့်ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့ အစည်းတစ်ခု ဖြစ်ပါသည်။ KNP တွင် ကော်မရှင်အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားပါသည်။
ယင်းကော်မရှင်အဖွဲ့ဝင်များအား ပွင့်လင်းမြင်သာပြီး တင်းတင်းကျပ်ကျပ်ဖြင့် စနစ်တကျ ရွေးချယ်ကာ သမ္မတမှရာထူး အပ်နှင်းပါသည်။ KNP ၏ဥက္ကဋ္ဌကို KNP ဖွဲ့စည်းပြီးနောက် ဆောင်ရွက်သည့် ပထမ ဆုံးသော မျက်နှာစုံညီအစည်းအဝေးအတွင်း closed Vote ပုံစံဖြင့် | ရွေးချယ်ပါသည်။ KNP ၏ သက်တမ်းမှာ ငါးနှစ်ထမ်းဆောင်ရမည် ဖြစ်ပါသည်။ လက်ရှိတွင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ပါသည်။
KNP ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အဆင့်မြင့် အစိုးရ ဝန်ထမ်းတစ်ဦးကို KNP မှ အဆိုပြုကာ သမ္မတမှခန့်အပ်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများနှင့် ပြည်ထောင်စုအဆင့်တွင် အဖွဲ့အစည်း၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်ရသည့် အတွင်းရေးမှူးတာဝန်ကိုလည်း ဆောင်ရွက်ရပါသည်။ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ ( Bawaslu )
ရွေးကောက်ပွဲများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြပ်ကြည့်ရှုရသည့် အဓိက အဖွဲ့အစည်းဖြစ်ပါသည်။ Bawaslu ကော်မရှင်နာများကို KNP ကဲ့သို့ပင် ရွေးချယ်ပါသည်။
ပြည်နယ်၊ စီရင်စုနှင့် ဒေသန္တရအဆင့်များတွင် Bawasu ရုံးများ ဖွင့်လှစ်ထားရှိပြီး ပြည်နယ်တစ်ခုလျှင် ကော်မရှင်နာ ငါးဦးမှ ခုနစ်ဦး၊ စီရင်စုတစ်ခုလျှင် အဖွဲ့ဝင် သုံးဦးမှ ငါးဦး၊ ခရိုင်အဆင့်တွင် သုံးဦးနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုတစ်ခုလျှင် မြေပြင်စစ်ဆေးရေးအရာရှိ တစ်ဦးမှ ငါးဦးတို့ကို မြေပြင်အကျယ်အဝန်းနှင့်မဲရုံအရေအတွက်ပေါ် မူတည်၍ ခန့်ထားပါသည်။ ရွေးကောက်ပွဲတိုင်းတွင် မဲရုံတစ်ရုံလျှင် Bawaslu စောင့်ကြည့်လေ့လာသူ တစ်ဦး ခန့်အပ်ထားပါသည်။ ရွေးကောက်ပွဲအငြင်းပွားမှုများကို Bawaslu သို့ တင်သွင်းရပြီး အခြားအဖွဲ့ အစည်းများဖြစ်သော ရွေးကောက်ပွဲစီမံခန့်ခွဲရေးဂုဏ် ထူးဆောင်ကောင်စီ ( DKPP)၊ ရဲဌာန သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတို့နှင့် သင့်လျော်သလို ပူးပေါင်းဖြေရှင်းပါသည်။ Bawadu သည် KNP နှင့် ကိုယ်စားလှယ်လောင်းများအကြားဖြစ်ပွား သည့် အငြင်းပွားမှုများ နှင့်စပ်လျဉ်း၍ စစ်ဆေးဆုံးဖြတ်ခွင့်အာဏာနှင့် ဒေသဆိုင်ရာ အကြီးအကဲရွေးချယ်သည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲဝယ်ယူသည့် ကိုယ်စားလှယ်လောင်းများအား အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာနိုင်သည့် အာဏာတို့ရှိပါသည်။
ရွေးကောက်ပွဲစီမံခန့်ခွဲရေးဂုဏ်ထူးဆောင်ကောင်စီ (Dewan Kehormatan Penyelenggara Pemilu - DKPP)
ရွေးကောက်ပွဲစီမံခန့်ခွဲရေးဂုဏ်ထူးဆောင်ကောင်စီ DKPP သည် KNP အဖွဲ့ဝင်များနှင့် Bawaslu အဖွဲ့ဝင်များ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ဖောက်ဖျက်ကျူးလွန်သည်ဟု တိုင်ကြားလာပါက စစ်ဆေးဆုံးဖြတ်နိုင်ရန် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် ကျင့်ဝတ် ထိန်းသိမ်းရေး ကောင်စီဖြစ်ပါသည်။ ၎င်း၏ သက်တမ်း မှာလည်း ငါးနှစ်ဖြစ်ပြီး KNP နှင့် Bawaslu အဖွဲ့ဝင်များ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် နှစ်လအတွင်းဖွဲ့စည်းကာ KNP ကော်မရှင်နာ တစ်ဦး၊ Bawaslu ကော်မရှင်နာ တစ်ဦးနှင့်ဒေသန္တရအကြီးအကဲ ငါးဦး ပါဝင်ပါ သည်။
DKPP သည် KPU နှင့် Bawaslu ကော်မရှင်များအနေဖြင့် ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့များ လိုက်နာရမည့်ကျင့်ဝတ်များကို လိုက်နာမှုရှိစေရန် ထိန်းကျောင်းပေးပြီး ကော်မရှင်နာများအား ရာထူးမမှ ထုတ်ပယ်ပိုင်ခွင့်အာဏာ ရှိပါသည်။ DKPP ၏ ဆုံးဖြတ်ချက်များသည် အပြီးသတ်အတည်ဖြစ်သော်လည်း DKPP ၏ ထောက်ခံချက်ဖြင့် ရာထူးမှထုတ်ပယ်ခံရသော ကော်မရှင်နာများသည် ပြည်နယ်အုပ်ချုပ် |ရေး တရားရုံးတွင် အယူခံတင်ခွင့်ရှိပါသည်။
ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တိုင်ကြားနိုင်ပါသည်။ တိုင်ကြားနိုင်သည့် ကာလကို အောက်လွှတ်တော် (DPR)၊ အထက် လွှတ်တော် ( DPD ) နှင့် မြို့တော် စီရင်စုအဆင့် ( DPRD ) ရွေးကောက်ပွဲများ အလိုက် နေ့ရက်ကာလသတ်မှတ်ပေးပါသည်။
အငြင်းပွားမှုအမျိုးအစားပေါ်မူတည်၍ Bawaslui ရဲဌာနနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စီမံအုပ်ချုပ်ရေးတရားရုံးတို့မှ အသီးသီးကိုင်တွယ်ဆောင်ရွက်ပါသည်။ ရွေးကောက်ပွဲနှင့် စပ်လျဉ်း သည့် အငြင်းပွားမှုများကို အကြမ်းဖက်မှု အငြင်းပွားမှုနှင့် ရာဇဝတ်မှုဟူ၍ အဓိကအမျိုးအစား သုံးမျိုးခွဲခြားထားပါသည်။ ။
ပေါ်ပေါက်သည့်မည်သည့်အမှုကိုမဆိုဦးစွာ Bawaslu သို့ တင်သွင်း ရပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် -
- ရွေးကောက်ပွဲစီမံခန့်ခွဲမှု အဖွဲ့အစည်းများအတွက် လိုက်နာရ မည့်ကျင့်ဝတ်ကို ဖောက်ဖျက်ပါ က ရွေးကောက်ပွဲစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ကောင်စီမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပါသည်။
- စီမံခန့်ခွဲမှုဆိုင်ရာနှင့် စပ်လျဉ်း၍ ဖောက်ဖျက်ကျူးလွန်ပါက အထွေထွေရွေးကောက်ပွဲ ကော်မရှင်က ကိုင်တွယ်ဖြေရှင်းရပါသည်။
- ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ Bawasu ရဲဌာနနှင့် ရာဇဝတ်မှုဆိုင်ရာ တရားရုံးတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် Center for Integrated Law Enforcement က ကိုင်တွယ် ဖြေရှင်း ၊ ရပါသည်။
- KPU နှင့် ကိုယ်စားလှယ်လောင်းများအကြား ဖြစ်ပွားသည့် ရွေးကောက်ပွဲ အငြင်းပွားမှုများ ဖြစ်ပါက Bawaslu က ကိုင်တွယ်ဖြေရှင်းရပါသည်။
- ဆုံးဖြတ်ချက်များသည် အပြီး အပြတ်ဖြစ်သော်လည်း နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကိစ္စရပ်များဖြစ်ပါက အုပ်ချုပ်ရေးဆိုင်ရာတရားရုံးနှင့် တရားရုံးချုပ်များသို့ အယူခံတင်သွင်း နိုင်ပါသည်။ ။
- ရွေးကောက်ပွဲရလဒ်အငြင်းပွားမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ ကိုင်တွယ်ဖြေရှင်းရပါသည်။ ၂၀၁၄ ခုနှစ် ဧပြီလ ၉ ရက်နေ့ လွှတ်တော် ရွေးကောက်ပွဲများ အတွက် ခုံရုံးသို့တင်သွင်းသည့် အမှုပေါင်း ၉၁၄ မှုရှိခဲ့သော်လည်း ၂၁၇ မှုသည် အချက်အလက်ပြည့်စုံမှုမရှိသည့်အတွက် ပယ်ချခံ ခဲ့ရပါသည်။ ကျန်ရှိသည့်အမှု ၆၉၇ မှုအနက် ၂၁ မှုသာ လျှောက်ထားသူဘက်မှ အနိုင်ရရှိခဲ့ပါသည်။ အဆိုပါအရေ အတွက်သည် ၂၀၀၉ ခုနှစ်တွင် လျှောက်ထား သူဘက်မှ ၁၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။ ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ရလဒ်နှင့် စပ်လျဉ်း၍ တင်သွင်းသည့် အမှုတစ်မှုသာရှိခဲ့ပြီး လျှောက်ထားသူဘက်မှ ရှုံးနိမ့်ခဲ့ပါ သည်။
ရွေးကောက်ပွဲရလဒ်များနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများကို သင့်လျော်သည့် ရွေးကောက်ပွဲဆိုင်ရာ တရားရုံးမှ စစ်ဆေးရန် ဖော်ပြထားပါသည်။ သို့သော် သင့်လျော်သည့် တရားရုံးတစ်ရုံးရုံးသို့ လွှဲပြောင်းမှုမပြုမီအတွင်း အမှုနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ခွင့် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လွှဲအပ်ထားပါသည်။
အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံ၏ ရွေးကောက်ပွဲ များအားလုံးကို တာဝန်ယူ ဆောင်ရွက်ရပြီးစောင့်ကြည့်ထိန်းကျောင်းသည့် အဖွဲ့အစည်းများ အဆင့်ဆင့်ဖွဲ့စည်းကာ အပြန်အလှန် ထိန်းကျောင်းသည့်စနစ်ထားရှိသည်ကို တွေ့ရှိရပါသည်။ ။
ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲကျင်းပခြင်းတို့ကို နိုင်ငံ၏ ပထဝီအနေအထားအပြင် လူမျိုးစု၊ ဘာသာရေး၊ လူမှုလူတန်းစားတို့နှင့် လျော်ညီအောင် ပြင်ဆင်ဆောင်ရွက်မှု များရှိသော်လည်း နယ်မြေကျယ်ဝန်းပြီး ကျွန်းစုနိုင်ငံဖြစ်သဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းကြောင့် ရွေးကောက်ပွဲနေ့တွင် အချိန်နှင့်တစ်ပြေးညီ ကျင်းပနိုင်ရန် စီမံဆောင်ရွက် ရာ၌ စိန်ခေါ်မှုများရှိနိုင်ကြောင်း တွေ့ရှိရပါသည်။
နောက်ဆုံးရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့ပြီးနောက် တစ်ကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်တွင် ကျင်းပမည် ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီး အစောပိုင်းကာလတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ရာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မျှော်မှန်းချက်နှင့်ပြည့်မီသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ကူးပြောင်းကျင့်သုံးလျက်ရှိကြောင်း ဖော်ပြပါ သည်။ ။
ရည်ညွှန်းကိုးကား
Elections_in_Indonesia
2019_Indonesian_general_election Election guide by IFES (Indonesia)
People's Consultative Assembly ( Indonesia)
House of Representative (DPR)
Regional Representative Council (DPD)
Electoral system in Indonesia Portal for the Republic of Indonesia
အေးစုကျော်