Skip to main content

လူမူစီးပွားပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ သမဝါယမနည်းလမ်းမျာဖြင့် ဆောင်ရွက်ကြပါစို့

၁၉၀၄ ခုနှစ် ဒီဇင်ဘာလတွင် သမဝါယမဌာန မေမြို့ (ပြင်ဦးလွင်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပထမဦးဆုံး မြင်းမူမြို့နယ် လယ်ယာစိုက်ပျိုးရေးချေးငွေ | ထုတ်ပေးသော ငွေစုငွေချေး သမဝါယမအသင်းကို သမဝါယမဌာနတွင် မှတ်ပုံတင်ပေးခဲ့ပြီး ထိုနှစ်မှစ၍ မြန်မာ့သမဝါယမလုပ်ငန်းများ အစပြုလာခဲ့သည်ဟု ဆိုရပါလိမ့်မည်။ အဆိုပါ မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းတွင် ဒေါ်စော၊ ဦးအံ့ဘွယ်၊ ဦးပု(ဂန္ဒီ)၊ ဦးပျော့၊ ဦးမူ၊ ဦးလာစံ စသည့် အဲဒီခေတ်က ထင်ရှားသည့် တောင်သူ လယ်သမားများ ပါဝင်ဖွဲ့စည်း ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များသည် မြန်မာ့သမဝါယမကို အုတ်မြစ်ချခဲ့သူများဟု ဆိုနိုင်ပါသည်။ သမဝါယမ လုပ်ငန်းများအနေဖြင့် အသင်းသားပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရေး၊ လူမှုစီးပွားမြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပြီး ခေတ်အဆက်ဆက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုခဲ့ရာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်း ယနေ့ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည် ချက်(၃)ရပ်အနက် “စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး”ဟု ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ “နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် SME နှင့် သမဝါယမ လုပ်ငန်းများကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် စက်မှုနိုင်ငံ ကြီးများ၌ပင် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် SME နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးရန်လိုပြီး ထုတ်ကုန်များအား သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်သူများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးက (၁၀-၅၂၀၂၁)ရက်နေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁) ၌ လမ်းညွှန်မှာကြား ခဲ့ပါသည်။ သမဝါယမအသင်းများ ဖွဲ့စည်းခြင်း ထို့အပြင် သမဝါယမဦးစီးဌာနသည် သမဝါယမ အသင်းအဆင့်ဆင့်နှင့် ညှိနှိုင်းပေါင်းစပ်ပြီး မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းအစီအမံ(၈)ရပ် ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမ အသင်းများဖွဲ့စည်းခြင်း(Organization) စည်းရုံးပညာပေးခြင်း(Education)၊ တည့်မတ်ပြုပြင် ပေးခြင်း (Regulation) တို့ကို သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ။ ယနေ့အထိ သမဝါယမအသင်းသားပြည်သူ ၄ ဒသမ ၂ သန်းကျော် ပါဝင်သည့် သမဝါယမ အသင်းပေါင်း ၃၉၃၉၉ သင်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ အသင်းများတွင် ကုန်ထုတ်လုပ်မှုအသင်း ၈၁ ရာခိုင်နှုန်း၊ ကုန်သွယ်မှု သမဝါယမအသင်း ရှစ်ရာခိုင်နှုန်း၊ ဝန်ဆောင်မှု သမဝါယမအသင်း ၁၁ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းလျက်ရှိပါသည်။ ယခုလို သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းအား ဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများကို ရရှိခြင်း၊ စုပေါင်းအားကြောင့် အင်အားတစ်ရပ်ဖြစ်ပေါ်ပြီး မိမိတို့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်း၊ သမဝါယမအသင်းများကို ဗဟို / တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ အခြေခံရပ်ကွက် / ကျေးရွာအဆင့်ဆင့်အထိ ဒေါင် လိုက်၊ အလျားလိုက် ကွန်ရက်သဖွယ် ဖွဲ့စည်းထားရှိ ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအား ချိတ်ဆက် ဆောင်ရွက်နိုင်သဖြင့် အချိန်တိုအတွင်း သိသာထင် ရှားသည့်အောင်မြင်မှု (Quick Win)ကို ရရှိနိုင်ခြင်း၊ အစုအဖွဲ့များဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းထက် သမဝါယမအသင်းအနေဖြင့် ဖွဲ့စည်းဆောင်ရွက်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်နည်းစနစ်၊ Constitution စာရင်းဇယားများ၊ စာရင်းစစ်ဆေးမှုများဖြင့် မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းများအတွက် စနစ်တကျ ခိုင်မာမှုရှိခြင်း အားသာချက်များ ရရှိပါသည်။ လူတစ်ကိုယ် ဆန္ဒမဲတစ်မဲ့ သမဝါယမအသင်းတွင်ပါဝင်သော အသင်းသား များအနေဖြင့် အစုရှယ်ယာရှင် ကန့်သတ်ချက်မရှိဘဲ ပါဝင်နိုင်ခြင်း၊ ဒီမိုကရေစီနည်းအရ စီမံခန့်ခွဲနိုင်ခြင်း၊ (One Men, One Vote) လူတစ်ကိုယ် ဆန္ဒမဲတစ်မဲဖြင့် မိမိဆန္ဒအား ဖော်ထုတ်ခွင့်ရရှိခြင်းများကို ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။ ကုန်ထုတ်လုပ်မှုအသင်းများတွင် စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း ၂၃၀၈၉ သင်း၊ မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း ၃၅၉၉ သင်း၊ လယ်ယာအထောက်အကူပြုသမဝါယမ အသင်း ၄၉ သင်းနှင့် မြို့နယ်စုလုပ်ငန်းခွဲ ၁၁၃ သင်း၊ မျိုးစေ့ထုတ်သမဝါယမအသင်း ၁၈၇ သင်း ပါဝင်ထား ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း များအနေဖြင့် အသင်းပိုင်/ အသင်းသားပိုင်လယ်ယာ မြေ ၁၇၄၈၂ ဒသမ ဝ၆၁ ဧကမှ သီးနှံများ စိုက်ပျိုး ထုတ်လုပ် လျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေကျပ် ၃၃၁ ဒသမ ၉၇၂ ဘီလီယံကိုလည်းကောင်း၊ ထို့အပြင် လက်မှု လယ်ယာမှ စက်မှုလယ်ယာစနစ် ပြောင်းလဲရေးအတွက် Daedong လယ်ယာသုံးစက်ကိရိယာ ၃၉၃၃ စီး အပါအဝင်လုပ်ငန်းသုံး/ လယ်ယာသုံးစက်ကိရိယာ အစီးရေ ၆၄၂၃၀ တန်ဖိုးအားဖြင့် ၁၁၀ ဒသမ ၀၃၅ ဘီလီယံကို လည်းကောင်း ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဒေသအလိုက် အင်အားစုစည်းမှု (Strengthening)ကောင်းသည့် မြို့နယ်အဆင့် သမဝါယမ အသင်းစုများသည်လည်း သွင်းအားစုထုတ်လုပ် ဖြန့်ဖြူးသည့် ကုမ္ပဏီပုဂ္ဂလိက အဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ လိုအပ်သည့်မျိုး၊ ဓာတ်မြေသြဇာများ အသင်းသားများသို့ ပံ့ပိုးပေးပြီး အသင်းမှ အသင်းသားများနှင့် စာချုပ်ချုပ်ဆိုကာ သီးနှံနှင့်သင့်တော်သော ငွေကြေးကို ကြိုတင်ပေးချေ၍ဈေးနှုန်းမြင့်တက်လာသည့်အခါမှသာ အသင်းသား လယ်သမား စိတ်ကြိုက် စုပေါင်း၍သော်လည်းကောင်း၊ အသင်းသားတစ်ဦးချင်းဖြင့် သော်လည်းကောင်း၊ အသင်း(သို့) ပြင်ပပေါက်ဈေးနှင့်အညီ ရောင်းချပြီး အသင်းသား လယ်သမားရယူထားသည့် ငွေကြေးနှင့် ဝန်ဆောင်စရိတ်ကို ပြန်လည်ပေးဆပ်ခြင်းဖြင့် သမဝါယမ အသင်းနှင့်အသင်းသား၊ သွင်းအားစု ထုတ်လုပ် ဖြန့်ဖြူးသည့် ကုမ္ပဏီ/အဖွဲ့အစည်း သုံးဦးသုံးဖလှယ် အကျိုးဖြစ်ထွန်းစေနိုင်မည့် Triple Type ပုံစံဖြင့် သမဝါယမကန်ထရိုက် လယ်ယာစနစ်(Co-operative Contract Farming)ကို ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမအသင်းများ၏ လယ်ယာမြေအဆင့် မြှင့်တင်ခြင်းအတွက်လည်း ပံ့ပိုးငွေကျပ်သန်း ၂၆၃၃၀ ဒသမ ၅၇၃ ဖြင့် လယ်မြေဧက ၈၉၆၃၃ ဒသမ ၆၀ ဧကကို ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ သွင်းအားစုပံ့ပိုးခြင်းအနေဖြင့်လည်း မြေဩဇာ ၁၄၃၆၈၅ အိတ်၊ မျိုး ၅၆၅ အိတ်၊ ပိုးသတ် ဆေး၂၉၅၁၂ အိတ်၊ တန်ဖိုးအားဖြင့် ၄၇၀၈ ဒသမ ၆၀၃ သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ။ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်း ၁၆၂ သင်းကလည်း ရိတ်သိမ်း ခြွေလေ့စက် ၁၁၄ စီး၊ ထွန်စက်ကြီး ၄၅၂ စီး၊ အခြားစက်ကိရိယာ ၆၄ စီးတို့ဖြင့် စိုက်ပျိုး ထုတ်လုပ် မှုလုပ်ငန်းများအတွက် လယ်ယာဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လုပ်ငန်းအတွက် လိုအပ်သော ပံ့ပိုးချေးငွေကျပ်သန်း ၂၆၆၁ ဒသမ ၃၄ သန်းကို ထုတ်ချေးပေးနိုင်ခဲ့ပါသည်။ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများအနေဖြင့် အသင်းသားများ စိုက်ပျိုးသော လယ်ယာမြေများအား စာရင်းမှတ်စနစ်ဖြင့် သီးနှံပေါ်ချိန်မှ ဝန်ဆောင်ခရယူသည့် စနစ်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းများ | အနေဖြင့် ငါးကန် ၁၇၉၃ ကန်၊ အင်း(၄)အင်းတွင် တီလားဗီးယား၊ ငါးမြစ်ချင်း၊ ရွှေဝါငါး၊ ငါးတန်နှင့် ငါးမုတ်များကို မွေးမြူထုတ်လုပ် လျက်ရှိပါသည်။ အသင်းသားများ စုပေါင်းထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပြီး ဈေးကွက်ချိတ် ဆက်မှုများ ရရှိလျက်ရှိပါသည်။ ထို့အပြင် အသင်း သားပိုင် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွား အကောင်ရေ ၁၃၂၅၇၈၈ ကောင် မွေးမြူထားရှိပြီး မွေးမြူရေး ချေးငွေကျပ် ၄၁၈၅၃ ဒသမ ၀၄၅ သန်း ထုတ်ချေး ပေးနိုင်ခဲ့ပါသည်။ မျိုးစေ့ထုတ်သမဝါယမအသင်းများအနေဖြင့် မြို့နယ် ၁၃၀ တွင် အသင်းပေါင်း ၁၈၇ သင်း ဖွဲ့စည်းနိုင်ပြီး မျိုးစေ့ထုတ်ဧက ၁၃၀၈၄ ဒသမ ၅၉ ဧကမှ မျိုးစေ့များ စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ထွက်ရှိသောမျိုးစေ့များကို ယင်းမြို့နယ်ရှိ အခြေခံ သမဝါယမအသင်းအရောင်း ဆိုင်များနှင့် မြို့နယ် သမဝါယမအသင်းစု အရောင်းဆိုင်များတွင် တင်၍လည်းကောင်း၊ မြို့နယ် သမဝါယမအသင်းစု အစီအစဉ်ဖြင့် အခြားလယ်ယာ ထွက်ကုန်အသင်းများနှင့် ချိတ်ဆက်ရောင်းချပေးခြင်း၊ အခြားတိုင်း ဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သွယ်မှု ကဏ္ဍအနေဖြင့် ကုန်သွယ်မှုသမဝါယမ အသင်းများဖြစ်သည့် အစိုးရဝန်ထမ်း ပေါင်းစုံသမဝါယမအသင်း၊ အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း၊ ရောင်းဝယ်ရေး သမဝါယမအသင်း၊ အမှတ်တရပစ္စည်းများ ရောင်းချသည့်သမဝါယမအသင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်း များက ပြည်တွင်း/ပြည်ပကုန်သွယ်မှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ ရောင်းဝယ်ရေး သမဝါယမအသင်းများက အရောင်းဆိုင် ၄၆၂ ဆိုင် ဖွင့်လှစ်ထားရှိပြီး ၎င်းအသင်းများက အများပြည်သူလိုအပ်သည့် အခြေခံ စားကုန်များအပြင် လူသုံး၊ အိမ်သုံးကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင် ၄၃ ဆိုင် ဒေသအလိုက် အမှတ်တရပစ္စည်းများ အဆင့်အတန်းမီ ထုတ်လုပ်နိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းချသူတို့က ၎င်းတို့၏ ဆန္ဒနှင့် အညီ သမဝါယမ အသင်းများဖွဲ့စည်းထားပြီး အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ် ငါးခုမှ အမှတ်တရ ပစ္စည်းအရောင်းဆိုင် ၄၃ ဆိုင် ဖွင့်လှစ်ရောင်းချ လျက်ရှိပါသည်။ အဆိုပါ အမှတ်တရပစ္စည်းများ သည် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသို့လည်း အမှတ်တရပစ္စည်းရောင်းချရာတွင် အဆင်ပြေချောမွေ့ နိုင်စေရေးနှင့် တစ်ပါတည်း သယ်ဆောင်သွားနိုင်ရန် ရည်ရွယ်၍ ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ဝန်ခံကုန်ရောင်းပြေစာ (Cash Memo)ဖြင့် ရောင်းချပေးနိုင်လျက်ရှိပါ သည်။ သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ၏သီးနှံများကို cojingos S&Ecos No Profit, No Loss sagos မယူ အရှုံးမရှိစေရေးနည်းလမ်းဖြင့် တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ အသင်းအချင်းချင်း ချိတ် ဆက်စေပြီး လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် ဂေါ်ဖီ၊ ကြက်သွန်၊ အာလူး၊ စပါးနှင့် ရေထွက်ကုန် ပစ္စည်းငါးအမျိုးမျိုးတို့ကို ပြည်သူများသို့ ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချဆောင်ရွက် လျက်ရှိပါသည်။ ပို့ကုန်သွင်းကုန် လက်မှတ်ရယူထားသော သမ ဝါယမအသင်းများ အနေဖြင့်လည်း ပြည်ပပို့ကုန် တင်ပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်မှ ယနေ့အထိ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ ၃၃၀ ဒသမ ၉၁၁ သန်း တင်ပို့ရောင်းချထားပြီး ဖြစ်ပါသည်။ ထို့ အပြင် ပို့ကုန်ပစ္စည်းများဈေးကွက်ပိုမိုရရှိရန်နှင့် ဖွံ့ဖြိုး တိုးတက်လာစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း၊ ကွမ်ရှီး၊ နန်နင်းတို့တွင် နှစ်စဉ် ကျင်းပသည့် ကုန်စည်ပြပွဲများသို့ သမဝါယမအသင်းများက မြန်မာ့ရိုးရာ လက်မှုပစ္စည်းများနှင့် ကျောက်မျက် ရတနာပစ္စည်းများကိုလည်း သွားရောက်ပြသလျက်ရှိပါသည်။ ။ သမဝါယမအသင်းပိုင် စက်ရုံ၊ အလုပ်ရုံ ၄၇ ရုံ စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများ ကလည်း ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ ရက်ကန်း၊ အထည်ချုပ်၊ ရေခဲစက် စသည်ဖြင့် သမဝါယမအသင်း ပိုင် စက်ရုံ၊ အလုပ်ရုံ ၄၇ ရုံ ထူထောင် ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိသည့်ပစ္စည်းများကို ပြည်တွင်း/ ပြည်ပဈေးကွက်အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။ ဒေသတစ်ခုချင်း၏ ဝိသေသလက္ခဏာပါသော ထုတ်ကုန် များကို အရည်အသွေးမြင့်မြင့် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း/ ပြည်ပ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village, One Product) အနေဖြင့် ကုန်ကြမ်းရရှိမှုနှင့် ငွေကြေးအရင်းအနှီးပေါ် မူတည်၍ ဝါးခမောက်၊ ရက်ကန်း၊ ဂျုံရိုးဦးထုပ်၊ ခြင်းတောင်း၊ တံမြက်စည်း၊ အိုး၊ သင်ဖြူးဖျာ၊ ပန်းပဲ၊ အိုးစည်နှင့် ယွန်းလုပ်ငန်းစသဖြင့် အိမ်တွင်းမှု လုပ်ငန်းများကို သမဝါယမ အသင်းများ ဖွဲ့စည်း၍ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းများသည် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ ။ ဝန်ဆောင်မှု သမဝါယမအသင်းများအနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအပြင် အခြားဝန် ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံဆေးခန်းများဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ငွေစုငွေချေး သမဝါယမအသင်းများသည် နိုင်ငံတစ်ဝန်း ရပ်ကွက်/ ကျေးရွာအထိ ရပ်ကွက်/ ကျေးရွာတိုက်များသဖွယ် ဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ ငွေစုငွေချေး သမဝါယမအသင်းပေါင်း ၃၀၀၄၁ သင်းမှ အသင်းပိုင်ငွေကျပ် ၃၃ ဒသမ ၁၈၄ ဘီလီယံ၊ အသင်းသားများ၏ အစု၊ စုဆောင်းငွေကျပ် ၃၇၃ ဒသမ ၃၈၈ ဘီလီယံအပါအဝင် Exim Bank မှ ပံ့ပိုးချေးငွေကျပ် ၁၃၅ ဒသမ ၉၅၈ ဘီလီယံ စုစုပေါင်းငွေကျပ် ၅၄၂ ဒသမ ၄၈၀ ဘီလီယံဖြင့် အသင်း သားများသို့ ချေးငွေများ ထုတ်ချေးဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ အသေးစားအရင်းအနှီးချေးငွေ (Micro Capital Loan) များကို အသင်းသားများအနေဖြင့် ၎င်းတို့၏ ပုံမှန်ဝင်ငွေရလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်လာနိုင်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ အသင်းမှရရှိသော အကျိုးအမြတ်များသည် အသင်းသားမိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများ ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ခြင်း ဖြင့် အသင်းအပေါ်၌ ယုံကြည်မှုရရှိစေပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများမှာလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးနိုင်သဖြင့် သမဝါယမအပေါ် ယုံကြည်မှုရရှိလာပြီဖြစ်ပါသည်။ နိုင်ငံအဝှမ်း အောင်မြင်လျက်ရှိသော သမဝါယမအသင်းများ၏ စုပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်ကောင်းများ ရရှိနေခြင်း အပေါ် အောင်မြင်မှုအားနည်းသော အသင်းများ၊ ပြည်သူများအား Exchange Visit ပြုလုပ်ပြီး အသင်းသားတစ်ဦးချင်းစီ၏အကျိုး၊ အသင်းအကျိုး မျက်ဝါးထင်ထင် တွေ့မြင်စေကာ မိမိတို့ နေထိုင်လုပ်ကိုင်ရာဒေသများတွင် ဖွဲ့စည်းပြီး အသင်းများအား ခိုင်မာအားကောင်းသော စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းများ ဖြစ်ပေါ်အောင်၊ မဖွဲ့ရသေးသော နေရာဒေသတွင်ရှိသည့် ပြည်သူများ အား အသင်းများဖွဲ့စည်းနိုင်ရေး ဆွေးနွေးဆောင်ရွက် ပြီး သမဝါယမအသင်းများ တိုးချဲ့ ဖွဲ့စည်းဆောင်ရွက် နိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ သမဝါယမအသင်းများကို ရပ်ကွက်/ကျေးရွာအဆင့်တွင် အခြေခံသမဝါယမအသင်း၊ မြို့နယ် အဆင့်တွင် မြို့နယ်သမဝါယမအသင်းစု၊ တိုင်းဒေသ ကြီး/ပြည်နယ်အဆင့်တွင် အသင်းစုချုပ်နှင့် ဗဟို အဆင့်တွင် ဗဟိုသမဝါယမ အသင်းကိုလည်းကောင်း ဖွဲ့စည်းထားရှိပြီး ဗဟိုသမဝါယမ အသင်း Upper Body သည် ၇-၉-၁၉၉၃ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day)အဖြစ် သတ်မှတ်ပေး ခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကလည်း နှစ်စဉ်(ICA Day) အတွက် ကမ္ဘာတစ်ဝန်းရှိ သမဝါယမအသင်း၊ အဖွဲ့အစည်းများအနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို ပိုမို၍လုပ်ဆောင်ကြရန်ဆောင်ပုဒ်များဖြင့် တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်မှာ “Rebuild better together" “လူမှုစီးပွားပိုမို တိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်စို့” ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနား ကို ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၂၇) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ အောင်မြင်နေသော ကမ္ဘာ့အကြီးဆုံး သမ ဝါယမလုပ်ငန်း ၃ဝဝ အနက် ထိပ်တန်းအဆင့် (၁၀)တွင် အဆင့်(၁)အနေဖြင့် ပြင်သစ်နိုင်ငံရှိ Group Credit Agricole ငွေကြေးဝန်ဆောင်မှု အသင်းက ရပ်တည်လျက်ရှိပြီး ငွေကြေးဝန်ဆောင် မှု (Financial Service) လုပ်ငန်းဖြင့် နှစ်စဉ်အမေ ရိကန်ဒေါ်လာ ၈၉ ဒသမ ၁၀ ဘီလီယံခန့် ဝင်ငွေရ ရှိလျက်ရှိပါသည်။ အဆင့်(၂) အနေဖြင့် လက်လီ လက်ကားကုန်သွယ်မှုလုပ်ငန်း (Whole Sale and Retail Trade)ဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၀၇ ဘီလီယံခန့် ဝင်ငွေရရှိသော ဂျာမနီ နိုင်ငံရှိREWE Group ကုန်သွယ်မှုသမဝါယမအသင်း ဖြစ်ပြီး အဆင့်(၃)အနေဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း (Financial Service) ဖြင့် နှစ်စဉ်အမေ ရိကန်ဒေါ်လာ ၆၃ ဒသမ ၀၁ ဘီလီယံခန့် ဝင်ငွေ ရရှိနေသော ပြင်သစ်နိုင်ငံရှိ Group BPCE ငွေကြေးဝန်ဆောင်မှု သမဝါယမအသင်းတို့မှာ အောင်မြင်ထင်ရှားလျက်ရှိပါသည်။ ကျေးရွာပေါင်း ၃၉ဝဝဝ ကျော်သို့ ဖြန့်ကြက်ရောက်ရှိ မြန်မာ့သမဝါယမဆိုလျှင်လည်း ရပ်ကွက်/ ကျေးရွာပေါင်း ၃၉၀၀၀ ကျော်သို့ ဖြန့်ကြက်ရောက် ရှိနေပြီး ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရရှိရေး အတွက်လည်း သမဝါယမအသင်းအချင်းချင်း အလျားလိုက်၊ ဒေါင်လိုက် ဆက်စပ်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာသမဝါယမအဖွဲ့ အစည်းများနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင် ရွက်ခြင်း စသည့် ကွန်ရက်ကောင်းများအပြင် အသင်းဘဏ္ဍာငွေများ၊ ခိုင်မာသောရင်းနှီးပစ္စည်း များကိုလည်း ပိုင်ဆိုင်ထားရှိကာ လူမှုစီးပွား တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက် ပေးလျက်ရှိနေပြီ ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းနှင့် အသင်းသားပြည်သူများက ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သော “Rebuild better together” “လူမှုစီးပွားပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်စို့” ဆောင်ပုဒ်နှင့်အညီ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါကြောင်း အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုရင်း ရေးသားတင်ပြလိုက်ရပါသည်။ ။ အောင်သူရ(သမဝါယမ)