Skip to main content

ရာသီမရွေးသွားလာနိုင်သည့် လမ်းများကြောင့် မြို့ပြနှင့်ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေမည်

 

 

ရှမ်းပြည်နယ်သည် ရေတံခွန်၊ စိမ့်စမ်းတောစခန်း၊ တောင်စခန်းတို့ဖြင့် သာယာလှပသည့် ပြည်နယ်တစ်ခုဖြစ်သလို တောင်စဉ်တောင်တန်းများကို တောင်ခိုးတဝေဝေဖြင့် မြင်တွေ့ရသူ အပေါင်း၏ စိတ်နှလုံးဘဝင်တွင် ငြိမ်းချမ်းမှုကို ခံစားကြရမည်ဖြစ်သည်။ ရှမ်းရိုးမတောင်တန်းဟု ခေါ်ဆိုကြသည့်အတိုင်း ပြည်နယ်တစ်ခုလုံးသည် ရှမ်းကုန်းပြင်မြင့်ပေါ်၌ တည်ရှိပါသည်။ ။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း ၌ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်နှင့် မက်မန်းခရိုင်ဟူ၍ ခရိုင်လေးခုပါဝင်ပြီး မြို့နယ် ၁၁ မြို့နယ်၊ ကျေးရွာပေါင်း ၉၃၆ ရွာ တည်ရှိသည်။ အဆိုပါကျေးရွာ ၉၃၆ ရွာအနက် ကျေးရွာ ၃၉၂ ရွာသည် ရာသီ မရွေးသွားလာနိုင်ပြီး ၅၄၄ ရွာသည် ပွင့်လင်းရာသီမှ သွားလာနိုင်သည့် လမ်းများဖြစ်သည်။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူ ၂၂၀၀၀၀ ကျော်အတွက် မြေသားလမ်း၊ ဆိုင်ကယ်လမ်းတို့ကို ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်းများအဖြစ် လည်းကောင်း၊ ကျေးလက်နေပြည်သူများ၏ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသော ဝါး တံတား၊ သစ်သားတံတားများကို သဘာဝဘေးဒဏ်ခံနိုင်သော သံကူ ကွန်ကရစ်တံတား များအဖြစ် လည်းကောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက အဆင့်မြှင့်တင် တည်ဆောက် ပေးလျက်ရှိသည်။ မူဝါဒနှင့် ရည်မှန်းချက်ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုး တိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်မှန်းချက်ဖြင့်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံး ရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စ ရပ်များအတွက် ကျေးလက်လမ်း ကွန်ရက်များအသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေး၊ အမျိုးသား ပို့ဆောင်ရေးပင်မစီမံကိန်းကို အထောက် အကူဖြစ်စေရေး စသည့်အချက်များကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ မဟာဗျူဟာရည်မှန်းချက်နှင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၏ မဟာဗျူဟာရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာ များအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံ တွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင် နှုန်း အပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ဖြစ်ပြီး စာရင်းကောက်ယူထားသည့် ကျေးရွာများ၌ လူဦးရေ ၁၀၀၀ နှင့် အထက်ရှိကျေးရွာများကို ၂၀၂၀ ပြည့်နှစ် တွင်လည်းကောင်း၊ လူဦးရေ ၅၀၀ နှင့် အထက်ရှိ ကျေးရွာများ၏ ၉၅ ရာခိုင် နှုန်းကို ၂၀၂၅ ခုနှစ်တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူဦးရေ ၂၅၀ နှင့်အထက်ရှိ ကျေးရွာများ၏ ၇၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ နှင့်အောက်ရှိ ကျေးရွာ ၅၀ ရာခိုင်နှုန်းတို့ကို ၂၀၃၀ ပြည့်နှစ်တွင်လည်းကောင်း ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆင့်မြှင့်တင်ဆောင်ရွက်နေ

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာ နှစ်တွင် ကတ္တရာလမ်း ၅၅/၁ ဒသမ ၅၄ မိုင်၊ ကွန်ကရစ်လမ်း ၀/၂ မိုင်၊ ကျောက် လမ်း ၁၁၈/၁ ဒသမ ၀၇ မိုင်၊ ဂဝံလမ်း ၅/ ၇ ဒသမ ၃ မိုင်၊ မြေသားလမ်း ၅၇၄/ ၆ ဒသမ ၀၇ မိုင်၊ ဆိုင်ကယ်လမ်း ၁၁၃၈/၀ မိုင် စုစုပေါင်း ၁၈၉၂/ ၁ ဒသမ ၉၈ မိုင် ရှိခဲ့ရာမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ကုန်ဆုံး ချိန်တွင် ကတ္တရာလမ်း ၇၃/၀ ဒသမ ၂၁ မိုင်၊ ကွန်ကရစ်လမ်း ၅/၄ ဒသမ ၂ မိုင်၊ကျောက်လမ်း ၁၆၄/၅ ဒသမ ၅၆ မိုင်၊ မြေသားလမ်း ၆၀၆/၁ ဒသမ ၅၃ မိုင်၊ ဆိုင်ကယ်လမ်း ၁၀၃၆/ ၇ ဒသမ ၁၈ မိုင် စုစုပေါင်း ၁၈၉၂/၁ ဒသမ ၉၈ မိုင်အထိ တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

 

ထို့အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကတာဝန်ယူဆောင်ရွက်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ကတ္တရာလမ်း၁၇/၆ ဒသမ၆၇ မိုင်၊ ကွန်ကရစ်လမ်း ၅/၂ ဒသမ၂ မိုင်၊ ကျောက်လမ်း ၄၆/၄ ဒသမ ၄၉ မိုင်၊ မြေသားလမ်း ၃၁/၂ ဒသမ ၄၆ မိုင် စုစုပေါင်း ၁၀၀/၇ ဒသမ ၈၂ မိုင်နှင့် ကွန်ကရစ်တံတား ၂၃ စင်း၊ ဘေလီတံတားနှစ်စင်း၊ Box Culvert ၁၄၁ စင်း စုစုပေါင်း ၁၆၆ စင်းကို ကျေးလက်နေပြည်သူများ အတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေး နိုင်ခဲ့သည်။

 

ဆောက်ရွက်လျက်ရှိသော လမ်း၊ တံတား လုပ်ငန်းများ ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျိုင်းတုံခရိုင်အတွင်း ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းခတ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ကွန်ကရစ်လမ်း ၃/၁ ဒသမ ၂ မိုင်၊ကျောက်ချောလမ်း ၁၅/၃ မိုင်၊ မြေသား လမ်း ၁၃/၂ မိုင် စုစုပေါင်း ၃၁/၆ ဒသမ ၂ မိုင်နှင့် ကွန်ကရစ်တံတား လေးစင်း၊ Box Culvert နှစ်စင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရွာပေါင်း ၁၉၂ ရွာ၊ လူဦးရေ ၉၃၉၆၈ ဦးကို အကျိုးပြုနိုင်မည် ဖြစ်သည်။ ။ အကျိုးပြုလျက်ရှိ အထူးသဖြင့် ကျိုင်းတုံမြို့နယ်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည့် နောင်ငင်းဝမ်ဆိုင်း (လွယ်) လမ်းသည် ကျိုင်းတုံ - မိုင်းမ- မိုင်းလားလမ်းမကြီးမှ လွယ် လူမျိုးများ အခြေချနေထိုင်ရာ ဝမ်ဆိုင်း (လွယ်) ရွာသို့ ချိတ်ဆက်ထားပြီး ကျေးရွာ ၁၇ ရွာရှိ လူဦးရေ ၅၀၇၅ ဦးကို အကျိုးပြု လျက်ရှိသည်။

 

 

ထို့အပြင် ဝမ်ဆိုင်းတောင်ပေါ်ကျေးရွာ တွင် စိုက်ပျိုးထားသည့် နှစ်ချို့ လက်ဖက်ပင်များသည် နှစ်ပေါင်း ၇၀၀ကျော် သက်တမ်းရှိပြီဖြစ်၍ ကမ္ဘာ့ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏အခြေပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တင်သွင်းရန် ကြိုးပမ်း လျက်ရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်စားသော ဒေသ တွင်း ခရီးသွားလုပ်ငန်း (Community Base Tourism - CBT) 320zos များစွာအကျိုး ဖြစ်ထွန်းနိုင်မည် ဖြစ်သည်။ အဆိုပါလမ်းသည် ၇/၆ မိုင် ရှည်လျားသော Class(A) အမျိုးအစားလမ်းဖြစ်ပြီး ယခင်မြေသားလမ်းအဖြစ် တည်ရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ် လမ်း ၂/၀ မိုင်၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ၂/၀ မိုင်ကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသော ၃/၆ မိုင် ကွန်ကရစ်လမ်းခင်းရန် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် လျာထားစီစဉ်ထားပြီး ဖြစ်သည်။

 

ဆောင်ရွက်လျက်ရှိ တာချီလိတ်ခရိုင်အတွင်း တာချီလိတ် မြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ်တို့တွင် ကတ္တရာလမ်း ၃/၇ မိုင်၊ကျောက်ချောလမ်း ၁၀/၄ ဒသမ ၃ မိုင်၊ မြေသားလမ်း ၂/၇ မိုင် စုစုပေါင်း ၁၇/ ၂ ဒသမ ၃ မိုင်နှင့် ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert ရှစ်စင်းတို့ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ရွာပေါင်း ၉၃ ရွာ၊ လူဦးရေ ၃၄၈၈၄ ဦးကို အကျိုးပြုနိုင်မည် ဖြစ်သည်။

 

တာချီလိတ်မြို့နယ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ယန်းကျောက် - ကော်မယ်လိတ် - မလိုပါကော် - ဖတ်ဟိ(အခါ) - လှေလု - လှေလေ လန်လမ်းသည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းမကြီးနှင့် မယ်ယန်း - ပါဆာ -စံဖူး လမ်းမကြီး နှစ်ခုကို ချိတ်ဆက်ထားသည့် ဖြတ်လမ်း ဖြစ်သည့်အပြင် တာချီလိတ်မြို့နယ် အတွင်း လူဦးရေအများဆုံး နေထိုင်လျက် ရှိသော မိုင်းကိုးကျေးရွာအုပ်စုနှင့် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု နှစ်ခုရှိကျေးရွာကိုရွာကို ဆက်စပ်ဖြတ်သန်း သွားလျက်ရှိပြီး လမ်းဘေးဝဲယာတွင် ရော်ဘာစိုက်ခင်းများ၊ လယ်ယာစိုက်ခင်း များ စိုက်ပျိုးထားသည့် လမ်းတစ်လမ်း လည်း ဖြစ်သည်။

အဆိုပါလမ်းသည် ၇၇ မိုင် အရှည်ရှိ class(A) အမျိုးအစားလမ်းဖြစ်ပြီး ယခင် မြေသားလမ်းအဆင့်သာ တည်ရှိခဲ့ရာမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅/၀ မိုင်၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂/၇ မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင် ခဲ့သဖြင့် အချက်အချာကျသည့်ကျေးလက် ဒေသတစ်ခုကိုအဘက်ဘက်မှ အထောက် အကူဖြစ်စေသည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ချမှတ်ထားသည့် မဟာ ဗျူဟာရည်မှန်းချက်နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

 

မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ကတ္တရာလမ်း ၂/၄ မိုင်၊ ကျောက်ချောလမ်း ၆/၂ ဒသမ ၃ မိုင်၊ မြေသားလမ်း ၁၈၁ မိုင် စုစုပေါင်း ၂၆/၇ ဒသမ ၃ မိုင်နှင့် Box Culvert ၁၀ စင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိပြီး ကျေးရွာပေါင်း ၃၆ရွာနှင့် လူဦးရေ ၈၇၂၀ ကို အကျိုးပြုနိုင်မည်ဖြစ်သည်။

 

ထို့အတူ မက်မန်းခရိုင် မက်မန်း မြို့နယ်တွင် ကျောက်ချောလမ်း ၂၆ ဒသမ ၅ မိုင်၊ မြေသားလမ်း ၆/၀ မိုင် စုစုပေါင်း ၈/၆ ဒသမ ၅ မိုင် အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ပေါင်း ၅၄ ရွာနှင့် လူဦးရေ ၉၅၈၂ ဦးကို အကျိုးပြုနိုင်မည်ဖြစ်သည်။

မဟာဗျူဟာ ရည်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အနေဖြင့် ဌာနကွပ်ကဲမှုအောက်ရှိကျေးရွာပေါင်း ၉၃၆ ရွာတွင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၌ ရာသီမရွေး သွားလာ နိုင်သော ကျေးရွာပေါင်း ၂၅၁ ရွာ (၂၆ ရာခိုင်နှုန်း) သာရှိခဲ့သည့် အခြေအနေ မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင်ရာသီမရွေးသွားလာနိုင်သောကျေးရွာ ပေါင်း ၃၉၂ ရွာ (၄၂ ရာခိုင်နှုန်း) ရှိလာမည် ဖြစ်သဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လေးနှစ်တာကာလအတွင်းကျေးရွာပေါင်း ၁၄၁ ရွာ (၁၆ ရာခိုင်နှုန်း) သို့တိုးတက် အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုသို့ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများအဖြစ် ဖော်ဆောင် ခြင်းဖြင့် လူဦးရေ ၇၉ ရာခိုင်နှုန်း နေထိုင် လျက်ရှိသည့် ကျေးလက်ဒေသသည် မြို့ပြနှင့် ကွာဟမှုနည်းပြီး တစ်ပြေးညီ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည်။

 

ဆက်လက်အဆင့်မြှင့်တင်မည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ချမှတ်ထားသည့် မဟာဗျူဟာ ရည်မှန်းချက်နှင့်အညီ ပြည်နယ်အတွင်းရှိ ကျေးရွာများကို ရာသီမရွေး သွားလာနိုင် လမ်းကွန်ရက်စနစ်ဖွံ့ဖြိုးတိုးတက် စေရန် ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင် အောင်ဆောင်ရွက် နိုင်သည်နှင့်အမျှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း နေထိုင်လျက်ရှိသော ပြည်သူများ ၏ လူမှုစီးပွားဘဝတို့သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက ်လာမည်မှာ မလွဲဧကန် ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။

 

ချမ်းမြေ့မောင်