လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်က ငြိမ်းချမ်းရေးဒေသနာတရားတော်
“ရွှေစော် ပြန်မေးလို့
မြတ်တဲ့ စံပယ်။
မေထုန်ဆို ရာသီကူး
ပွမူးဝတ်မှုန်နံ့ သင်းပျံ့ တော့တယ်။
ကောင်းကင်လယ် ဘုံက။
ဇေဋ္ဌခေါ် ရွှေကြယ်မင်းငယ်
လင်းတဲ့ချိန်ပ။ ။
(ဖိုးသူတော်ဦးမင်း)
မိမိတို့ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာ မြန်မာပြက္ခဒိန်အရ သနစ်လရှိသည့် အနက် နယုန်လသည် တတိယမြောက်လပေတည်း။ စာဆိုတော်များသည် မြန်မာ့ဆယ့်နှစ် လရာသီဘွဲ့ များကို အစဉ်အလာမပျက်ဖွဲ့ဆိုကြရာ တောတောင် ရေမြေသဘာဝပတ်ဝန်းကျင်ကို သာမက သာမန်လူများ မသိနိုင်သည့် ရောသီ၊ နက္ခတ်၊ ဗေဒင် အခေါ်အဝေါ်သီရုပ်၊ ရာသီပန်း၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း စသည်ဖြင့် စာဖတ်သူတို့ အကျိုးများသွယ် ထည့်သွင်းစပ်ဖော်ပြလေ့ရှိပါသည်။
ဤသည်မှာ ရှေးစာဆိုတို့၏ ပုံစံတကျဟု ဆိုရ လောက်အောင် လေ့လာတွေ့ရှိရသော အချက်ဖြစ် သည်။ ယင်းသို့သော အကြောင်းကြောင့်လည်း စာဖတ်သူများအဖို့ လစဉ်အလိုက်ရရာသီ နက္ခတ်၊ ကြယ်နှင့် တာရာ ဂြိုဟ်သနင်း အခေါ်အဝေါ်များကို တကူးတက လေ့လာစရာ မလိုဘဲကpကို ဖတ်ရှု လိုက်ရုံဖြင့် သိရှိသွားရသည်။ ကျေးဇူးလှပါ၏။ ရှေးစာဆိုတို့၏ မြော်မြင်မှု ကျိုးတရားဟု ဆိုရပါမည်။
သို့ဖြင့် ရှေးစာဆိုတို့တွင် တိုရင်း လိုရင်း စာတိုလေးများဖြင့် သံပေါက်ကဗျာရေးလေ့ရှိသော ကင်းဝန်မင်းကြီး၏ နယုန်လဘွဲ့ သံပေါက်ကို ကနဦးပြလိုပါသည်။
“နယုန်ဗာ၊ မေထုန်ကျ၊ ဇေဠရောင်စုံကျမ်း။
''စံပယ်မြတ်လေး၊ ရနံ့မွှေး၊ စာမေး သဘင်ခင်း" ဟုဆိုသည်။
'နယုန်” ဟူသောဝေါဟာရအရ" “န” သည် အချိန်ကာလကို ဆိုသည်။ “ယုန်” ဟူသည် ကား သက်ဆင်း၊ ကျကြွေ၊ ရွာကျ” စသည်ဖြင့် ဆရာသတိုး သောင်းကဆိုသဖြင့် "မိုးရွာခြင်း” ဟု လိုက်လျောညီထွေ ဆိုနိုင်ပါသည်။ ချုပ်၍ဆိုရပါက “မိုးရွာသောလ” ဟု အဖြောင့်အတိုင်း ဆိုရပါမည်။
သူရိန်နေမင်း ပူရှိန်ပြင်းကို လွင့်ပြယ် စေသော အကျိုးငှာ မိုးပန်း မိုးပွင့်တို့က ငြိမ်းအေးစေသော သရုပ်ပီပြင်လာစေသေသ ကို ဆိုသည်။ ကဆုန်လ အပူရုပ်သိမ်း၊ အငြိမ်းသွင့်တို့ဖြင့် အများ ပြည်သူ့ လုံးစိတ်ဝမ်း ကျေနပ် နှစ်သိမ့်မှုကိုပေး အခြေအနေဟု ဆိုရမည်လြစ်သည်။ ထိုနည်းတူ ဤ ကာလသည် နယုန်မိုးမြက် မွေး” ဆိုသည် နှင့်အညီ အပူကင်းပျောက် မိုးနံ့ကို ရှူရှိုက်သည်နှင့် ခြောက်သလောင်းနေသော မြက်ခင်းပြင်သည် ရွက်ညွှန့်ဂိုးကာ ရစ်ပျိုးလကြ ပြီလည်းဖြစ်သည်။ ဤလတွင် ရက်အားဖြင့် ၃၀ နာရီအားဖြင့် နေ့ ၃၄ နရီ၊ ည၌၂၆ နှာရီရာနေ့တာရှည်၍ ညတာသော အခါ ဖြစ်ပါ၏။ ဥသီအလိုအားဖြင့် ကင်းဝန် မင်းကြီး၏ သံပေါက်လင်္ကာ ပါအတိုင်း “နယုန်မာသ။ မေထုန်ကျ" ဟု ဆိုခဲ့ပြီးဖြစ်သည်။ စန်းပြည့်နက္ခတ် အလိုကမူ “ဌ” နတ်နှင့်ယှဉ်ကာ သောတာ ရာမှာ “မြင်းရာ " ဟူ၏။ အနောက်တိုင်း ရှေးဟောင်ဘရိတ် နက္ခတ်ပညာရှင်တို့က အင်္ဂါဂြိုဟ် ၏ ပြိုင်ဘက်ဟု အနက်အဓိပ္ပာယ်ရသော Antaries) ဟု ဌကို အမည်မှည့်ခေါ်ကြသည်။ ဒီရုပ် သည်ကား မေထုန်” ဖြစ်ရာ အဓိပ္ပါယ်က “အပျို၊ လူပျို” ဖြစ်ပါ၏။
ရာသီရုပ် "မေထုန” နှင့်ပတ်သက်၍ လေ့လာမိသမျှ ဆိုးရသော်..။ ဝေါဟာရလိနတ္ထဒီပနီကျမ်းတွင် နေရာသဒ္ဓါဖျက်၍ "နယုန်” ဖြစ်သည်ဟု ဆိုသည်။ နရယုဂ ၏ အဓိပ္ပါယ်မှာ ဒီမိန်းမ ဘ ” အစုံကိုဆို သည်။ မြန်မာအမည်များကျင်းကို ရေးသားပြုစုသည့် “ဦးဘိုးလတ်” ကမူနယူဂသည် ပါဠိအလို မဟုတ်။ ပါဠိအလို “မိန်းမ၊ ယောကျ်ား” ဟူသည်မှာ မေထုန့် သာ ဖြစ်ရာ”နှံပန်” သော နယုန်” သည် မြန်မာအောကာဟာသက်သက်သာ ဟုဆိုသည်။
ဤသို့သော သဘော ကြောင့် ကျောက်စာပါ နံယုန်ခေါ်သော နယုန်သည် “မိုးရွာချိန်၊ကျချိန်" ပာ လြစ်သည်။ ထိုနယုန်သည် မေထုန် သံဝါသ ဟုဆိုအပ်သော မင်္ဂလာမှု မပြုရသော၊ မပြုကောင်းသောသင်ဖြစ်သည်။
စာတော်ပြန်ပွဲသဘင်
အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် အဝါဒ ဗုဒ္ဓသာသနာဝင် စစ်ထွန်းကားသဖြင့် အများပြည်သူ တို့အဖို့ ကံကောင်းသည်ဟု ဆိုရမှာဖြစ်သည်။ ပုဂံ ခေတ် အနော်ရထာမင်းကြီး လက်ထက်တော်အခါ မှစ၍ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားလာသဖြင့် မြန်မာ နိုင်ငံ မြို့တိုင်း ရွတိုင်တွင် အနည်းဆုံး ထုံမွှေး ဖွေစေတီ တစ်ဆူ၊ ဘုန်းတော်ကြီးကျဝင်း တစ် ကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်း ရှိစမြဲပင်။
ရဟန်းသံဃာများနှင့် သီလရှင်တို့သည် ဘုရားရှင်၏ တရားတော်နှင့် ဒေသနာအဆုံးအမကို နာယူကြသည့် သာ့သနာ့ဝန်ထမ်းများဖြစ်သည့်အလျောက် သတ္ထိ၊ ပရိပတ္တိ၊ ပရိဒ သာသနာတော် သုံးရပ်ကို ထိန်းသိမ်းစောင့်ရှောက် လျက်ရှိကြသည်။ ပရိယတ္တိကို ကျင့်ကြံအားထုတ်ရင်း ပရိယတ္တိစာပေများကို သင်အံကျက်မှတ်ပြီး ပြန်ခဲ့ကြသည်မှ ရှေးယခင် မြန်မာမင်းဧကရာဇ်များ လက်ထက်တော် အခါကတည်းကပင်ဖြစ်၏။ ထိုစဉ် ယခုကဲ့သို့ နယုန်လသို့ ရောက်လေတိုင်း ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၌ စာတော်ပြန်ပွဲများ ကျင်းပကြသည်။
ရှေးက ရှင်လောင်း၊ ပဉ္စင်းလောင်းများ စာမေးပွဲမေးပုံကို ကုန်းဘောင်မင်းဆက် ရာဇဝင်တော်ကြီး တွင် “၁၂၃၆ ခု နယုန်လဆန်း ၈ ရက်နေ့ကစ၍ ဒါဆိုလဆန်း ၈ ရက်နေ့တိုင် မန္တလေးတောင်အနီး သုဓမ္မာဇရပ်တော်နှင့် စမုနိဘုရားပြင်ပံရှိ ဇရပ်တော်များတွင် ဝဲ၊ ယာခွဲ၍ တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်တို့ ကြပ်မတ်လျက် ပထမကျော်၊ ပထမကြီးက တစ်ကျိပ်ကိုး၊ ပထမလတ်၊ ပထမငယ် စသောအတန်းအဆင့်ရှိသည့် ပထမစာတော်ပြန် ပဉ္စင်းလောင်းတော်၊ ရှင်လောင်းတော်များ ဦးရေ တစ်ထောင်တို့ တစ်လတိုင်တိုင် ပထမစာတော် ပြန်ဆိုမြဲ ပြန်ဆိုကြရသည်ဟု ဆိုပါ၏။ ဤသို့သော ထုံးတမ်းအစဉ်အလာကို ယနေ့ခေတ် ယနေ့အချိန်တိုင်အောင် နိုင်ငံတော်အကြီး အကဲများဦးဆောင်ကာ ဝတ်မပျက် ကျင်းပလာခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ က ငြိမ်းချမ်းရေးတရား
ယင်းသို့သော နယုန်လပြည့်နေ့၌ ဗုဒ္ဓမြတ်စွာသည် မဟာဘုန်တောတွင် လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့အား မဟာသမယ သုတ်တော်ကို ဟောကြားတော်မူသော လည်းဖြစ်၏။ ဤသည်မှာ နယုန်လ၏ ထူးခြားသောအချက်ပင် ဖြစ်သည်။
ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလမှာ နယုန်လအခါသမယ၌ လောကလူတို့ရွာတွင် မိုးခေါင်ရေရှားဖြစ်ခိုက် ကြုံ၏။ ကပ္ပိလဝတ်နှင့် ကောလိယတိုင်းတို့ စိုက်ပျိုးရေးကိုး အားထားပြုရာ ရေဥဟဏီမြစ်မှ ရေကိုသွယ်ယူကြမှာ မညီ မညွတ်ဖြစ်ကာ စက်ပြင်သည့် အဆင့်သို့ ရောက်လေ၏။ အမှန်က ပယင်းနှစ်ပြည်ထောင်တို့သည် အိမ်နီးချင်းဖြစ်၍ နှစ်ပြည်ထောင်စလုံး ဗုဒ္ဓနွယ်တော် သာကီဝင် မင်းမျိုးတို့ချည်းသာ ဖြစ်၏။ ဂေါတမဘုရားရှင်၏ ဆွေတော်မျိုးတော်များသာ ဖြစ်၏။ နှစ်နိုင်ငံအကြား ရာသာဏီမြစ်ကို အမှီပြုလျက် (ရေသွင်း- ရေရှင်) လယ်ယာကိုင်းကျွန်းဖြင့် အသက်မွေးနေထိုင် ကြလျက်ရှိကြကုန်၏။
ယခုရာသီ အချိန်ကဲ့သို့ ကဆုန်၊ နယုန် ရေကုန် ချိန်ဖြစ်၍ မလုံလောက်ရှိသည်တွင် တောင်သူ ဦးကြီးများရေသာဏီမြစ်ရေလသွင်းလုကြရာမှ အရေးအခင်းတစ်ရပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ ပထမတွင် သံတမန်ရေးရာနည်းဖြင့် ဖြေရှင်းကြသေး၏။ သို့သော် နှစ်ပြည်ထောင်တို့သည် စစ်ပွဲကြီးတစ်ရပ်ကို ဆင်နွှဲကြရေးအသွင်ထိ ကြီးထွားရောက်လေ၏။
ဤအခြင်းအရာသည် နယုန်လပြည့်နေ့ နံနက် အရုဏ်မတက်မီ ဘုရားရှင်မှာ ထင်မြင်လာ၏။ အချိန်မီတားဆီးရန် ကိုယ်တော်တိုင် ဈာန်သမာ ဖတ်ဖြင့် ကြွသွားတော် မူ၏။ နှစ်ဖက်စိမှ ရန်ငြိုးအစွပ်အစွဲ ကင်းစေရန် နစ်ပြည်ထောင် နယ်ခြားအရပ်ဖြစ်သော ရောဟဏီ မြစ်ရေပြင်၏ အလဒ် တည့်တည့် ဧကဝင်းကင်ဆံပဒ် ထက်ဝယ်ဖွဲ့ခွေ တည်တော်မူ၍ ဆင်ခြည်တော် ခြောက်သွပ် အံ့ဖွယ်တို့ဖြင့် ဖြန့်ကြက်ထွန်လင်း စေတော်မူလိုက်၏။
စစ်ပွဲကြီးတစ်ရပ် ဆင်နွှဲတော့မည့်ဆဲဆဲ ရဲရဲတောက် နှစ်ပြည်ထောင် စစ်သည်ရဲမက်တို့သည် အံ့အားသင့်စွာတွေ့မြင် မောနေကြစဉ်အခိုက် ဇာတ်တော် (၆) ရပ်ဖြင့် ငြိမ်းချမ်းရေးမူ ၆ ချက်ကို တစ်ဆက်တည်း မနားတမ်ဟောကြာမိန့်မြွက်တော်မူလေ၏။ အကျဉ်းချုပ်သည်ကား-
၁။ ပန္ဒနဇာတ်-ဒေါသ မာန အဃာတရား သုံးပါး၏ မကောင်းကျိုးများကို သိကြသင့်ကြောင်း၊ အက်သို့ ရန်ငြိုးအဖွဲ့ မှားခြင်း၏ ရ၏အန္တရာယ်ကြီးမားလှယ်။ ဥပမာဝက်ဝံနှင့် ကြို့ပင် ထင့်နတ်တို့ အသေးအဖွဲ့ ရန်စငယ်မှစ၍ခိုက်ရန်ဖြစ်ရာ နှစ်ဦးစလုံး ပျက်စီးပြီး ၁၀အဆက်ဆက် ရန်ငြိုးထား အကျိုး နည်းခဲ့ကြကြောင်း၊ အရာမဟုတ် သည်၌ အငြင်အပွားကြရန် သင်ခန်းစာကိုထားသော သာဓကဇာတ်ဖြစ်သည်။
၂။ ပထဝီဥနြ္ဒ (=ဒုဒ္ဒုဘ ဇာတ်-တစ်ဆင့်ပြော ပယောဂ လှုံ့ဆော်စကားဖြင့် အငြင်းအခုံ မပြုသင့်ကြောင်း၊ ကြားသိရသော သတင်းစကားကို ချင့်ချိန်စူးစမ်း၍ ယုံသင့်မှ ယုံရန်၊ မချင့်ချိန် မစူးစမ်း ယုံလွယ်မှားက အများသတ္တဝါ၏ ဘေးရောက်ခဲ့ဖူးကြောင်း၊ ဥပမာ - ယုန်သူငယ်၏ မဆင်မခြင် သတင်းစကား ယုံမှားမိကြ၍ ဒုက္ခဖြစ်တော့မည့်ဆဲဆဲ ခြင်္သေ့မင်း၏ စူးစမ်းဆင်ခြင်တရားကြောင့် ဒေးကင်းကြပုံတော်ကို ပြဆိုထားသည်။
၃။ လဋုတိကဇာတ်- အင်အားကြီးကာမျှဖြင့် အင်အားနည်းသူအား အောင်နိုင်သည်မဟုတ်ကြောင်း၊ ရုပ်ပစ္စည်းပိုင်းထက် စိတ်ဓာတ်ပိုင်း စွမ်းရည်က အားသာကြောင်း။ ဥပမာကြီးနိုင်ငယ်ညှဉ်း မတရားပြုမူတတ်သော ဆင် ပြောင် ယုတ်မာကြီးပင်လျှင် သေးငယ်လှစွာသော ဘီလုံးငှက်ငယ်မကို ဆင်ကြံဖြင့် မတရားကြံခဲ့ရာ ဆင်ပြောင်ကြီးသာလျှင် ပျက်စီးခဲ့ဖူးကြောင်း ဟောကြားထားလေ၏။
၄။ ရုက္ခဓမ္မဇာတ်- စည်းလုံးညီညွတ်ခြင်းဖြင့် အောင်ကြောင်းကိုဖြာနိုင်ရာကြောင်း။ ဥပမာလွင်တီးခေါင်ရှိ သစ်ပင်ထီးတည်းကြီးသည် ပင်လျှင် လေမုန်တိုင်းဒဏ်ကို မခံနိုင်၊ ပြိုလဲခဲ့ရကြောင်း၊ စည်းလုံးညီညွတ်စွာသော သစ်ပင် ငယ်များ လေမိုးဒဏ်ကို စုပေါင်းအင်အားဖြင့် ကြံ့ခိုင်ရပ်တည်နိုင်စွမ်းကြောင်းကို မှတ်သား စေသောဇာတ်ဖြစ်သည်။
၅။ ဝဋက (သမ္မာဒမာန) ဇာတ်- မစည်းလုံးမညီညွတ်က ပျက်စီးတတ်ကြောင်း၊ စည်းလုံး ခြင်းသည် ခွန်အားဖြစ်ကြောင်း။ ဥပမာငုံးငှက်ငယ်တစ်စုတို့ စည်းလုံးညီညွတ်စွာ အုပ်မိနေသော ပိုက်ကွန်ကြီးကိုပင် စုပေါင်း ပျံသန်း သယ်ယူနိုင်သဖြင့် ဘေးကင်းခဲ့ ကြကြောင်း ဇာတ်ကို ဟောဖော်ညွှန်ပြသိမြင်စေသည်။
၆။ အတ္တဒဏ္ဍဇာတ်- အချုပ်အားဖြင့် မိမိကိုယ်ကို မိမိကသာလျှင် သောကကို ဝေးစေ၍ သုခ ရနိုင်စေရာကြောင်း၊ ကောင်းသော ကာယ ဝစီနှင့် မနောဟူသော ကံ (၃) ပါးကို ထူထောင် ခြင်းဖြင့် စိုးရိမ်သောကပူပန်မှုတို့မှလွတ်မြောက် စေပါကြောင်း။ နိဂုံး ဖုံးအုပ်ငြိမ်းအေးစေ တော်မူခဲ့လေ၏။
ဗုဒ္ဓဘုရားရှင်၏ "အိမ်နီးချင်း နိုင်ငံကောင်း ဖြစ်စေကြောင်းပြ မဟာသမယဒေသနာတော်" ကို ကြားနာ ပြီးသည်နှင့် နှစ်ပြည်ထောင်သားတို့သည် အိမ်နီးချင်း နိုင်ငံတို့ ငြိမ်းချမ်းကြည်ဖြူ၊ အတူယှဉ်တွဲ အဓွန့်ရှည် နေထိုင်နိုင်ရေးအတွက် အငြိမ်းဓာတ် ရင်မှာကိန်းကြ လျက် အောက်ပါရလဒ်များ ရရှိခံယူကြရလေသည်။
(၁) ပထမ သုံးဇာတ်ကို နာယူကြရ၍ အိမ်နီးချင်း နှစ်ပြည်ထောင်အကြား ပဋိပက္ခ ရန်သည် ငြိမ်းအေး၍ သွားလေ၏။
(၂) ဒုတိယ နှစ်ဇာတ်ကြောင့် အချင်းချင်းသည်စည်းလုံးညီညွတ်၍ သွားကြကုန်လေ၏။
(၃) နောက်ဆုံးဇာတ်တော်ကြောင့်နှစ်ပြည်ထောင်မှ (၂၅၀) စီမျှသော စစ်သည်တော် (၅၀၀) တို့ ရဟန်းဘောင်သို့ဝင်ကာ စိုးရိမ်သောကများ လွတ်ကင်းလျက် "ရဟန္တာ" အဖြစ်သို့ ရောက် ရှိ၍ သွားကြကုန်လေသည်။
နိဂုံး ငြိမ်းချမ်းရေးသုတ်တော်(၆)ရပ်
နယုန်လပြည့်နေ့သည် 'မဟာသမယ'မင်္ဂလာအခါတော် နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း (၂၆၀၀) ကျော်က ဖြစ်၏။ ဘုရားရှင် (၅) ဝါမြောက်(ဘီစီ ၅၈၅) ဖြစ်သည့်မဟာသက္ကရာဇ် (၁၀၇) ခုနှစ် နယုန်လပြည့်နေ့၌ သက္ကတိုင်း ကပ္ပိလ ဝတ်ပြည်အနီးဟိမဝန္တာတစ်နေရာမဟာဝုန်တောကြီးတွင် ဤ"မဟာသမယသုတ်" ဒေသနာတော်မြတ်ကို ဟောကြားတော်မူခဲ့လေ၏။
ထိုနေ့ညဉ့်ဦးယံတွင်ပင် ယင်းရဟန်း (၅၀၀) နှင့် စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်း တို့အား ကျွတ်ထိုက်သောသူတို့ စရိုက်များအလိုက် ငြိမ်းချမ်းရေးသုတ်တော် (၆)မျိုးကို ခွဲ၍မဟာဝုန်တော ၌ ထပ်မံပြီး ဟောကြားပြန်ခြင်းဖြစ်လေ၏။ ယင်းဒေသနာ၏ အနှစ်ချုပ်ကား….
(၁) လောဘ-စရိုက်များသူတို့အား ကိုယ်စီကိုယ်စီတို့သည် တပ်မက်ရာဂ၊ လောဘများ ကင်းစေရေး- "သမ္မာပရိဗ္ဗာဇနိယသုတ်"။
(၂) ဒေါသ-စရိုက်အားကြီးသူတို့အား အာဃာတရန်ငြိုး ထောင်လွှားမျိုးကင်း၍ အချင်းချင်း မေတ္တာပွားစေရေး- "ကလဟဝိဝါဒသုတ်"။
(၃) မောဟ-စရိုက်လွန်ကဲသူတို့အား ကိုယ်စီအမောဟပညာပွား၍ အသိဉာဏ်များပွားစေရေး- "မဟာဗျူဟသုတ်"။
(၄) တယူသန်ဝိတက် စရိုက်ပိုသူတို့အား တစ်ဦးနှင့်တစ်ဦး ပျော့ပျောင်းညင်သာစေ ရေး- "စူဠဗျူဟသုတ်"။
(၅) သဒ္ဓါစရိုက်ပြောသူတို့အား အသီးသီးတို့သည် ကြောင်းကျိုးမှန်တရားတို့၌ သက်ဝင်ယုံကြည်ရေး- "တုဝဋသုတ်"။
(၆) ပညာစရိုက်ပြောသူတို့အား အမှားအမှန်ဆင်ခြင်ပိုင်းခြားစေနိုင်ရေး-"ပုရာဗေဒသုတ်" တော်များ ဖြစ်လေ၏။
အထူးသဖြင့် (ဤမဟာသမယသုတ်တော်ကြီး နှင့် လျော်စွာ) အိမ်နီးချင်း နိုင်ငံအားလုံးတို့နှင့် လည်း ရင်းနှီးချစ်ကြည်မှု ခိုင်မြဲသည်ထက် ခိုင်မြဲစေခြင်းသာလျှင် ပြုမူပြောဆိုကြံတွေးခဲ့ကြပါ၏။ ထို့ကြောင့်လည်း မိမိတို့အမိနိုင်ငံတော်ကြီးသည် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာကြီးစွာဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်စေရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
ကိုးကား - ပြည်ထွန်းရွှေ၏မြန်မာလများနှင့် စပ်လျဉ်း၍။
- သတိုးသောင်း၏ မြန်မာ့ဆယ့်နှစ်လ၏အဓိပ္ပာယ်။
- မြန်မာ့စွယ်စုံကျမ်း အတွဲ ၅။ - ပန်းချီဦးဘကြည်၏ "ရုပ်စုံ ဗုဒ္ဓ
သာသနာဝင်"။
ရာမည- သေးမွန်